အမေရိကန်ပြည်ထောင်စု-အာဖကန်နစ္စတန် ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ မျှော်လင့်ချက် အလင်းရောင်လား ဒါမှမဟုတ် စိုးရိမ်ဖွယ်ရာလား
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အာဖကန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. SMITA ဝေဖန်ရေးသားပေးပို့ထားတဲ့ “အမေရိကန်ပြည်ထောင်စု-အာဖကန်နစ္စတန် ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ မျှော်လင့်ချက် အလင်းရောင်လား ဒါမှမဟုတ် စိုးရိမ်ဖွယ်ရာလား” ဆိုတဲ့ခေါင်းစဉ်နှင့် သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အာဖကန်နစ္စတန်နိုင်ငံအတွင်း ငြိမ်းချမ်းတည်ငြိမ်မှုရှိစေဖို့ အမေရိကန်ပြည်ထောင်စုနှင့် တာလီဘန်တို့အကြား ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးလို့ ၂ ရက်အကြာမှာ အာဖကန် အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး တပ်ဖွဲ့ ANDSF အပေါ်ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ တာလီဘန်တို့က ကြေညာခဲ့ပါတယ်။ ဆွေးနွေးမှု ၉ ကြိမ်ပြုလုပ်ခဲ့ပြီးတဲ့နောက် များစွာစောင့်မျှော်နေခဲ့ရတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ အမေရိကန် အထူးကိုယ်စားလှယ် Zalmay Khalilzad နှင့် တာလီဘန်တို့ရဲ့ ဒုတိယခေါင်းဆောင် Mulla Abdul Ghani Biradar တို့အကြေား လက်မှတ်ရေးထိုးခဲ့ပါတယ်။ အဲဒီ ငြိမ်းချမ်းရေး သဘောတူစာချုပ်မှာ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံခြား တပ်ဖွဲ့တွေ ပြန်လည်ရုပ်သိမ်းရေး၊ အာဖကန်နိုင်ငံတွင်း စေ့စပ်ညှိနှိုင်းရေးနှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်မှု အာမခံရေး စတဲ့ အဓိက အချက် ၄ ချက်တို့ ပါဝင်ပါတယ်။ သဘောတူညီချက်အောက်မှာ အမေရိကန်ပြည်ထောင်စုဟာ ၎င်းတို့တပ်ဖွဲ့တွေတည်ရှိမှုကို ၁၃၅ ရက်အတွင်း တပ်သား ၈၆၀၀ လျှော့ချထားရှိရေး ရည်မှန်းချက်နှင့်အတူ ၁၀ ရက်အတွင်း တပ်တွေဆုတ်ခွာမှု စတင်သွားဖို့ သဘောတူညီခဲ့ပါတယ်။ အာဖကန်နစ္စတန်နိုင်ငံကနေ အမေရိကန်တပ်တွေအားလုံးဆုတ်ခွာဖို့ သဘောတူထားတဲ့အချိန်ကာလကတော့ ၁၄ လ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုဟာ မတ်လ ၂၀ ရက်နေ့မှာ တာလီဘန်အကျဉ်းသား ၅၀၀၀ တို့ လွှတ်ပေးဖို့တောင်းဆိုလျှက် တာလီဘန်တို့ကို ချက်ချင်းအားဖြင့် အခိုင်အမာ တပ်ကူပေးဖို့လည်း သဘောတူညီခဲ့ပါတယ်။ ဒီအပြင် လာမယ့် ၃ လ ကာလတလျှောက်မှာ ကျန်ရှိနေတဲ့ အကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဝါရှင်တန်အစိုးရက သဘောတူခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီသဘောတူညီချက်ဟာ ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်တို့မှာ စိုးရိမ်ချက်တွေနှင့် မျှော်လင့်ချက်တွေ နှစ်မျိုးစလုံး ပေါ်ပေါက်စေလျှက်ရှိပါတယ်။ စိုးရိမ်မကင်း ဖြစ်မှုတွေကတော့ တာလီဘန်တို့ရဲ့ အာဖကန် ပြည်သူလူထုအပေါ်၊ ကျန်ကမ္ဘာ့နိုင်ငံတွေအပေါ်နှင့် ၎င်းတို့ရဲ့ အဆွယ်အပွားတွေအပေါ် ချည်းကပ်လုပ်ဆောင်မှုတွေနေ တခြားသော အစွန်းရောက် အုပ်စုတွေအထိ စိုးရိမ်လျှက်ရှိပါတယ်။ အာဖကန်ကနေ အမေရိကန်တပ်တွေ ရုပ်သိမ်းမှုဟာ တောင်အာရှဒေသပိုင်းတခုလုံး လုံခြုံရေး ကင်းမဲ့မှုပေါ်ပေါက်နိုင်ပြီး ကပ်ဘေးဆိုး ကျရောက်နိုင်တယ်လို့ လူအများအပြားတို့က စိုးရိမ်နေကြပါတယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အာဖကန် အများစုတို့က ထောက်ခံနေကြပြီး အာဏာ မျှဝေရေး၊ တာလီဘန် တိုက်ခိုက်ရေးသမားတွေကို လက်နက်သိမ်းပြီး အာဖကန် အရပ်ဖက် အဖွဲ့အစည်းအတွင်း ပြန်လည်စုရုံးရေးတို့အပါအဝင် အာဖကန်ပြည်တွင်း စေ့စပ်ညှိနှိုင်းမှုကာလမှာ အရေးကိစ္စအများအပြား ဆောင်ရွက်သွားဖို့ ကျန်ရှိနေပါသေးတယ်။
စေ့စပ်ညှိနှိုင်းရာမှာ တာလီဘန်တို့ကို အထောက်အကူပေးခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို ကူညီခဲ့တဲ့ ပါကစ္စတန်နိုင်ငံဟာ ဒီစာချုပ်ကို လွန်စွာကြိုဆိုခဲ့ပေမယ့် အမေရိကန်ပြည်ထောင်စုက FATF ခေါ် တရားမဝင် ငွေကြေးစီးဆင်းမှု စောင့်ကြည့်ထိန်းချုပ်ရေးအဖွဲ့ရဲ့ ပဏာမ အမည်ပျက်စာရင်းကနေ အစ္စလာမာဘတ်အစိုးရ လွတ်ထွက်လာအောင် အကူအညီမပေးမချင်း အောင်မြင်ခွင့်ပြုသွားမှာတော့ မဟုတ်ပါဘူး။ ဂျာမဏီနှင့် နော်ဝေနိုင်ငံတို့က လက်ခံဆွေးနွေးပွဲ ကျင်းပသွားဖို့ကမ်းလှမ်းခဲ့ပေမယ့် အနာဂတ်ဆွေးနွေးမှုအခြေအနေကို ကြေညာထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် အောက်ခြေအဆင့်မှာတော့ ငြိမ်းချမ်းရေး သဘောတူညီချက်ဟာ လုံးဝသဘောတူထားတဲ့အရာ မဟုတ်သေးဘူးအဖြစ် ရှိနေဆဲဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ အာဖကန်နစ္စတန်နိုင်ငံအပေါ် များစွာ အားပေးထောက်ပံ့တဲ့နိုင်ငံဖြစ်ပြီး ဒီနိုင်ငံရဲ့ လူထုအခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာ ၃ ဘီလျံပေးဖို့ ကတိပြုထားသလို ၂၀၀၁ ခုနှစ်ကလည်းက စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ နယူးဒေလီအစိုးရရဲ့ အဓိက မျှော်မှန်းချက်ကတော့ အာဖကန်နစ္စတန်နိုင်ငံကို ပါကစ္စတန်နိုင်ငံရဲ့ လွှမ်းမိုးဩဇာသက်ရောက်မှု လျော့နည်းစေဖို့နှင့် အကြမ်းဖက်သမားတွေအတွက် လုံခြုံတဲ့ ခိုလှုံရာနေရာတခု မဖြစ်လာစေဖို့ပဲဖြစ်ပါတယ်။
တာလီဘန်တို့အပေါ် အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ကတော့ ရှင်းလင်းလှပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒီအုပ်စုကို နိုင်ငံရေးအုပ်စုအဖြစ် တရားဝင် အသိအမှတ်ပြုမှုအပေါ် သဘောတူညီမှု မရှိခဲ့ပါဘူး။ အိန္ဒိယနိုင်ငံဟာ တည်ငြိမ်မှုရှိတဲ့ ငြိမ်းချမ်းရေး ရလဒ်ထွက်ပေါ်မယ့် အာဖကန်တို့ဦးဆောင်ပြီး အာဖကန်တို့ပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေးနှင့် ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေကို အားပေးထောက်ခံလျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ စည်းလုံးညီညွတ်ပြီး အချုပ်အခြာအာဏာနှင့် ဒီမိုကရေစီနည်းကျ ဘက်စုံအေးချမ်းတည်ငြိမ်ပြီး သာယာဝပြောတဲ့ အာဖကန်နစ္စတန်နိုင်ငံပေါ်ပေါက်ရေးကို ယုံကြည်ချက်ထားရှိပါတယ်။ ၂၀၀၁ ခုနှစ်ကတည်းက အာဖကန်နစ္စတန်နိုင်ငံ ဖော်ဆောင်လုပ်ကိုင်မှုတွေကို ထိန်းသိမ်းကာကွယ်နိုင်စေဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အကူအညီပေးမှသာလျှင် အဓွန့်ရှည်မယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. SMITA ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment