ကော်ရိုနာဗိုင်းရပ်စ်ပိုး ထိတ်လန့်ဖွယ်အန္တရာယ်နှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ခေတ်မီတိုးတက်နေခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Manish Anand ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကော်ရိုနာဗိုင်းရပ်စ်ပိုး ထိတ်လန့်ဖွယ်အန္တရာယ်နှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ခေတ်မီတိုးတက်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကြီးဖြစ်တဲ့ WHO ဟာ နိုဗယ် ကော်ရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှုကို ကမ္ဘာတဝှမ်း ကူးစက်ပျံ့နှံ့မှုအဖြစ် ဖော်ပြလိုက်ပြီဖြစ်ပါတယ်။ ကမ္ဘာတဝှမ်း သေဆုံးမှု ၇၅၀၀ ကျော်သွားပြီဖြစ်ပြီး နိုင်ငံတွေဟာ ပိတ်ထားနေကြသလို အိန္ဒိယနိုင်ငံကလည်း အဲဒီအကျပ်အတည်း စီမံလုပ်ဆောင်ရာမှ ဦးဆောင်မှုအခြေအနေကို ထပ်မံ ပြသလိုက်ပြီး ဖြစ်ပါတယ်။ စုံစမ်းထောက်လှမ်းမှုနှင့်အတူ မြန်ဆန်မှုတို့ဟာ ဒီလိုသေစေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှုလျော့ပါးစေဖို့ အိန္ဒိယနိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ထင်ဟပ်စေလျှက်ရှိပါတယ်။

ဒီဗိုင်းရပ်စ်ပိုး ကူးစက်နေတဲ့နိုင်ငံတွေထံကနေ အိန္ဒိယနိုင်ငံသားတွေကို ခေါ်ယူကယ်ထုတ်ပြီး ဘက်စုံကုသရေးအဆောင်တွေမှာ သီးသန့်ထားရှိမှုတို့ဟာ တန်ပြန်လုပ်ဆောင်မှု ပုံသက်သေတွေ ဖြစ်ကြပါတယ်။ လူသားမျိုးနွယ်တို့ရဲ့အရေးကိစ္စကိုထမ်းဆောင်လျှက် အိန္ဒိယနိုင်ငံဟာ ဆိုးဆိုးရွားရွား ကူးစက်ပျံ့ပွားနေတဲ့ နိုင်ငံတွေထံမှ တခြားနိုင်ငံသားအများအပြားတို့ကိုလည်း ကယ်ထုတ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဒီဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုထိမ်းချုပ်ဖို့ အမြန်ဆုံးနှုန်းထားနှင့် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဝန်ကြီး Dr. Harsh Vardhan က ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ တရုပ်နိုင်ငံနှင့်ကပ်လျက်ရှိတဲ့ အိမ်နီးချင်းနိုင်ငံ ၁ နိုင်ငံနှင့် ပြည်သူလူထု သန်း ၁ ထောင့်၊ ၃ ရာ ရှိတဲ့နိုင်ငံဖြစ်ပေမယ့် ရောဂါကူးစက်မှု ၁၂၀ ကျော်မှသာရှိတယ်လို့အစီရင်ခံထားမှုဟာ အိန္ဒိယနိုင်ငံရဲ့ ဒီဗိုင်းရပ်စ်ပိုးအပေါ် တုံ့ပြန်လုပ်ဆောင်မှု အခြေအနေကို ဖော်ပြလျှက်ရှိပါတယ်။

ဝန်ကြီးချုပ် Mr. Narendra Modi ဟာ ဇန်နဝါရီ လလယ်ပိုင်းလောက်ကတည်းက ဒီဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုထိမ်းချုပ်ဖို့ ပြင်ဆင်မှုအခြေခံတရပ်ကို အိန္ဒိယနိုင်ငံက စတင်လုပ်ဆောင်ခဲ့တယ်လို့ SAARC အဖွဲ့ဝင် ခေါင်းဆောင်တွေကို ဖော်ပြခဲ့ပါတယ်။ တောင်အာရှဒေသဟာ ကမ္ဘာ့လူဦးရေရဲ့ ၅ ပုံ ၁ ပုံရှိတဲ့ ဒေသဖြစ်ပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်သွားကြရမည်ဖြစ်ကာ အိန္ဒိယနိုင်ငံမှ မတည်လှူဒါန်းထားတဲ့ ဒေါ်လာ ၁၀ သန်းကလည်း နယ်စည်းမခြားတဲ့ ရောဂါတွေကို ပူးပေါင်းတိုက်ခိုက်ရေး ဦးတည်ချက်အတွက် အကူအညီဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ ဒီလိုကူးစက်နိုင်တဲ့ရောဂါ ပျံ့ပွားမှုထိန်းချုပ်ဖို့အတွက် ဆက်သွယ်ရေးဟာ အဓိက ကျပါတယ်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးဟာ ဒီရောဂါပိုး ပျံ့ပွားမှုထိန်းချုပ်ဖို့ ကြိုးပမ်းမှုတွေ တိုးမြှင့်လုပ်ဆောင်နေတဲ့ အိန္ဒိယနိုင်ငံကို သတိပြုမိလျှက်ရှိပါတယ်။ ဝန်ကြီးချုပ်၊ ကတ်ဘိနက် အတွင်းဝန်နှင့် ဗဟိုနှင့်ပြည်နယ် ယန္တယားအဖွဲ့အစည်းတွေအားလုံးတို့ဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု ပေါ်ပေါက်လာတဲ့အခြေအနေထိန်းချုပ်ဖို့ ကြိုးပမ်းလုပ်ဆောင်နေကြတယ်လို့ အဲဒီကျန်းမာရေးအဖွဲ့ကြီးက သီးသန့်ဖော်ပြထားပါတယ်။

တကယ်တော့ အိန္ဒိယနိုင်ငံဟာ မတ်လ ၁၃ ရက်နေ့မှာ အကျုံးဝင်မှုနှင့်အတူ သံတမန်ရေး၊ ဌာနဆိုင်ရာ၊ ကုလသမဂ္ဂနှင့် အလုပ်အကို စီမံကိန်းတို့ကလွဲပြီး ကျန်တဲ့ ဗီဇာအားလုံးတို့ကို အမြန် ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအပြင် အိန္ဒိယနိုင်ငံဟာ တရုပ်၊ အီတလီ၊ အီရန်၊ တောင်ကိုရီးယား၊ ပြင်သစ်၊ စပိန်၊ ဂျာမဏီ၊ ဗြိတိန်၊ တူရကီနှင့် ပင်လယ်ကွေ့နိုင်ငံတို့အပါအဝင်နိုင်ငံတွေကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့နောက်ပိုင်းမှာ ၁၄ ရက်ကြာ သီးသန့်ထားရှိဖို့ မဖြစ်မနေလိုအပ်ချက်အဖြစ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှု ပေါ်ပေါက်မှုကြောင့် တရုပ်နိုင်ငံနှင့် ပျံသန်းပြေးဆွဲတဲ့ လေကြောင်းလိုင်းတွေကို အိန္ဒိယက ပိတ်လိုက်တာဟာလည်း ထင်ရှားပြတ်သားတဲ့ ဆုံးဖြတ်လုပ်ဆောင်ချက်ဖြစ်ပါတယ်။



အဲဒီ Covid-19 ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပျံ့နှံမှု ပမာဏ ဘယ်လောက်ရှိတယ်ဆိုတဲ့အပေါ် ဒီကမ္ဘာပေါ်မှာ အဖြေမရှိသေးတာကိုလည်း အိန္ဒိယနိုင်ငံက ကောင်းစွာ ဝန်ခံထားပြီးဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းမှာ ကျယ်ပြန့်လှတဲ့ ကမ်းရိုးတန်း ဒေသတွေနှင့် မတူကွဲပြားတဲ့ ရွေ့ပြောင်း ပျံ့နှံ့ နေထိုင်မှုတွေနှင့်အတူ အိန္ဒိယနိုင်ငံဟာ နိုင်ငံအတွင်း အဲဒီဗိုင်းရပ်စ်ရောဂါ အလွယ်တကူ ဝင်ရောက်ခွင့်ပြုဖို့ အခွင့်အရေး ပေးမထားပါဘူး။ အားလုံး ရှင်းရှင်းလင်းလင်း စစ်ဆေးပြီးသည်အထိ သင်္ဘောအားလုံးတို့ကိုလည်း နိုင်ငံတကာ ရေကြောင်းပိုင်နက်ထဲမှာ ရပ်တန့်ထားပြီးဖြစ်ပါတယ်။ ရောဂါတိုက်ဖျက်ရေး ချည်းကပ်လုပ်ဆောင်ချက်နှင့်အတူ အိန္ဒိယနိုင်ငံဟာ Covid 19 ဗိုင်းရပ်စ်ပိုး ဆန့်ကျင်တိုက်ပွဲကို အောင်မြင်နိုင်မယ်လို့ မျှော်လင့်လျှက်ရှိပါတယ်… စသဖြင့် ဆောင်းပါးရှင် Manish Anand ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”