ရေနံစိမ်းဈေးနှုန်း ယှဉ်ပြိုင်မှုစစ်ပွဲ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Lekha S Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “ရေနံစိမ်းဈေးနှုန်း ယှဉ်ပြိုင်မှုစစ်ပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ရေနံစိမ်းဈေးနှုန်း ယှဉ်ပြိုင်မှုစစ်ပွဲဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံက ‘Brent’ ရေနံစိမ်းဈေးနှုန်းကို ၃၀% ကျော် လျှော့ချလိုက်ခြင်းနှင့်အတူ စတင်ခဲ့ပါတယ်။ ဈေးနှုန်းတွေမှာ ဒီလောက် ပမာဏအထိ လျှော့ချမှုဟာ ၁၉၉၁ ပင်လယ်ကွေ့ဒေသ အကျပ်အတည်းကာလ ကတည်းက ဒါ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဒါဟာ ရေနံထုတ်လုပ်မှုလျှော့ချဖို့ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဆော်ဒီအာရေးဗီးယားနှင့် ရုရှားနိုင်ငံတို့အကြား ကွဲလွဲမှုတခုကြောင့် ဖြစ်ခဲ့တာဖြစ်ပါတယ်။
ဆော်ဒီအာရေးဗီးယားနိုင်ငံဦးဆောင်တဲ့ OPEC ခေါ် ရေနံစိမ်း ပြည်ပတင်ပို့ရေးနိုင်ငံများအဖွဲ့ဟာ ယခုလက်ရှိ ကော်ရိုနာဗိုင်းရပ်စ် ကူးစက်နေမှုကြောင့် ဝယ်လိုအား ကျဆင်းနေမှုကို ထိန်းသိမ်းဖို့အတွက် ရေနံစိမ်းထုတ်လုပ်မှုကို ၁ ရက်မှာ စည်ပေါင်း ၁.၅ သန်း လျှော့ချလိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ရုရှားနိုင်ငံဟာ ၎င်းတို့ရဲ့ ရေနံစိမ်း ထုတ်လုပ်မှုတွေလျှော့ချဖို့ သဘောမတူတာကြောင့် ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ Brent ရေနံစိမ်းကုမ္ပဏီဟာ လက်ရှိ ရာစုနှစ်အတွင်းမှာ အနိမ့်ဆုံးဈေးကိုကြေညာပြီး ဈေးနှုန်းယှဉ်ပြိုင်မှုစစ်ပွဲတရပ်ကို ကြေညာလိုက်တာဖြစ်ပါတယ်။
ရုရှားနိုင်ငံရဲ့ ဈေးနှုန်းဟာ ရေနံစိမ်း ၁ စည်ကို ၄၂ ဒေါ်လာဖြစ်ပြီး ဆောင်ဒီနိုင်ငံမှ Aramco ကုမ္ပဏီရဲ့ဈေးနှုန်းက ၁ စည်မှာ ၈၃.၆၀ ဒေါ်လာဖြစ်ပါတယ်။ ဒါကြောင့်လဲ ဆော်ဒီတို့ Brent ကုမ္ပဏီက ၃၁% အထိ ရေနံစိမ်းဈေးနှုန်း လျှော့ချမှုဟာ ထိရောက်ပြီး ကြန့်ကြာမယ့် ဈေးနှုန်းယှဉ်ပြိုင်မှု စစ်ပွဲတရပ်ကို ပေါ်ပေါက်စေခဲ့တာဖြစ်ပါတယ်။
ကော်ရိုနာ ဗိုင်းရပ်စ်ပိုးကူးစက်မှု ပေါ်ပေါက်လာတာကြောင့် စွမ်းအင်ကဏ္ဍအတွင်း ရေနံစိမ်း တူးဖော်မှု လျော့ပါးသွားနိုင်ပြီး ဝယ်လိုအား ကျဆင်းမှုလည်း ဖြစ်လာနိုင်ပါတယ်။
အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ ဒုတိယ အများဆုံး ရေနံစိမ်း သုံးစွဲတဲ့နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ နံပါတ် ၁ ရေနံစိမ်းထုတ်လုပ်တဲ့ အမေရိကန်ပြည်ထောင်စုရဲ့ Shale ကုမ္ပဏီကို ကိုင်ကွယ်ဖြေရှင်းဖို့ ရုရှားနိုင်ငံနှင့် ရေနံစိမ်းဈေးနှုန်းကိုလျှော့ချဖို့ Riyadh အစိုးရရဲ့လုပ်ဆောင်ချက်ဟာ ငွေကြေးအမြတ်ထွက်လာနိုင်တာကြောင့် အိန္ဒိယနိုင်ငံအပေါ် ကောင်းကျိုး သက်ရောက်လာနိုင်ပါတယ်။ Brent ရေနံစိမ်းဈေးနှုန်းမှာ ဒေါ်လာ ၂၀ လျှော့ချမှုဟာ အိန္ဒိယနိုင်ငံရဲ့ လက်ရှိစာရင်းအလိုပြမှုကို ဒေါ်ဘာ ၃၀ ဘီလျံဝန်းကျင်အထိ လျော့ပါးစေနိုင်မှာဖြစ်ပါတယ်။
ရုရှားနှင့် ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ဟာ ၎င်းတို့ရဲ့ ရေနံစိမ်း ထုတ်လုပ်မှုတွေလျှော့ချခြင်းဖြင့် လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ရေနံစိမ်းဈေးနှုန်းတွေမြင့်တက်စေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုမှ Shale ကုမ္ပဏီဟာ ၎င်းရဲ့ဈေးကွက်ရှယ်ယာဝေစု တိုးချဲ့ခဲ့ပြီး အမြတ်အစွန်းတွေ ရရှိလျှက်ရှိပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စုက ရုရှားနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍအပေါ် ပိတ်ဆို့အရေးယူမှုတွေပြုလိုက်တဲ့အခါမှာ ပထဝီ နိုင်ငံရေး စိုးရိမ်ချက်တွေ ပေါ်ထွက်လာခဲ့ပါတယ်။ ဒီလို ဈေးနှုန်းစစ်ပွဲနှင့်အတူ ရုရှားနိုင်ငံဟာ ရေနံထုတ်လုပ်မှုတိုးမြှင့်လျှက် နည်းဗျူဟာတမျိုးချမှတ်ပြီး ရေနံဈေးတွေ လျော့ကျစေဖို့ တဖက်သတ် ဆုံးဖြတ်ချက်ချမှတ်လိုက်ပါတယ်။ ဒီအချက်ရဲ့ ခြုံငုံသက်ရောက်မှုကတော့ ဆော်ဒီ အာရေးဗီးယားနိုင်ငံဦးဆောင်တဲ့ OPEC အဖွဲ့အစည်းအတွက် စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Lekha S Chakraborty ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment