“အိန္ဒိယနိုင်ငံရဲ့ ရောင်းဝယ်ဖေါက်ကားမှုအား နိုင်ငံခြားပေါ်လစီနဲ့ စုပေါင်းညှိနှိုင်းပေါင်းစပ်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံရဲ့ ရောင်းဝယ်ဖေါက်ကားမှုအား နိုင်ငံခြားပေါ်လစီနဲ့ စုပေါင်းညှိနှိုင်းပေါင်းစပ်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

Mr Narendra Modi ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်အစိုးရ (NDA) ဟာ နိုင်ငံခြားရေးပေါ်လစီမူဝါဒမှာ B2B (Business to business) ခေါ် အလုပ်အကိုင်မှ အလုပ်အကိုင်သို့ ဖက်စပ်လုပ်ကိုင်မှုအပေါ် အာရုံပြုခဲ့ပါတယ်။ အဲဒီထဲမှာ မှတ်သားစရာကောင်းလှဒါကတော့ အိန္ဒိယနိုင်ငံရဲ့ ဖက်စပ်လုပ်ကိုင်သူ နိုင်ငံတွေကို အတိုးနှုန်းသက်သာစွာနဲ့ Lines of Credit (LoC) ခေါ် ငွေထုတ်ချေးမရေးလမ်းကြောင်းတွေအား တိုးချဲ့လိုက်တာဘဲဖြစ်ပါတယ်။ အရေအတွက်အားဖြင့် ရာပေါင်းများစွာရှိနေသလို ဒီလုပ်ငန်းစဉ်ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း တိုးတက်မြင့်မားလာခဲ့ပြီး၊ ဘက်စုံပါဝင်ကာ၊ လုပ်ငန်းများစွာတို့ကို လွှမ်းခြုံခဲ့ပါတယ်။ သူတို့ရဲ့မျှော်မှန်းထားတဲ့ အတိုင်းအတာဟာ နိုင်ငံခြားမှာ ပရိုဂျက်တွေ အကောင်အထည်ဖော်ရေးမှ လုပ်ငန်းဆောင်တာတွေ ကမ်းလှမ်းခြင်းနဲ့ ကုန်ပစ္စည်းတွေ ဖြန့်ဖြူးခြင်းအထိ ရှိနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ ရောင်းဝယ်ဖောက်ကားရေး ထိပ်သီးညီလာခံတခုမှာ အိန္ဒိယနိုင်ငံရဲ့ ကုန်သွယ်ရေးဆန်တဲ့ သံတမန်ရေးရာချဉ်းကပ်မှုအား မီးမောင်းထိုး ဖော်ပြခဲ့ပါတယ်။

LoC တွေထဲမှ ဘုံ နှောင်ဖွဲ့မှုကတော့ ဘယ်သို့သော် ငွေထုတ်ချေးမမှုမှာမဆို အိန္ဒိယနိုင်ငံရဲ့ ပါဝင်ပါတ်သက်မှုက ၆၅% မှ ၇၅% အထိရှိနေဒါဘဲဖြစ်ပါတယ်။ ထုတ်ချေးမှုလမ်းကြောင်းတိုင်းမှာ သူတို့ကိုယ်ပိုင်နည်းလမ်းအရ ကျွန်ုပ်တို့ရဲ့ကုမ္ပဏီတွေကို နိုင်ငံခြားမှာ ဈေးကွက်တွေထဲ ဝင်ရောက်ခွင့်ပေးဆောင်ပါတယ်။ Lines of Credit မှာ အစိုးရရဲ့ အာမခံရှိနေဒါမို့ အန္တရာယ်တွေရှိနေတဲ့ ဈေးကွက်တွေထဲ သဘာဝအားဖြင့် ဝင်ရောက်ခြင်းမပြုကြတဲ့ ဈေးကွက်တွေထဲ အိန္ဒိယကုမ္ပဏီတွေအား ဝင်ရောက်လုပ်ကိုင်ကြဘို့ ကူညီထောက်ပံ့လျှက်ရှိနေပါတယ်။

ယခုအချိန်အထိ အိန္ဒိယနိုင်ငံဟာ နိုင်ငံပေါင်း (၆၄) နိုင်ငံတွေအတွင်းက ပရိုဂျက်ပေါင်း (၅၃၉) ခုတို့အတွက် Lines of Credit ငွေထုတ်ချေးမရေးလမ်းကြောင်း (၃၀၀) ကျော် ပေးကမ်းထားပြီးဖြစ်ပါတယ်။ ဒီအပျိုးမှုတွေကို မကြာသေးမှီသောနှစ်များအတွင်း အရည်အသွေးပြည့်ဝစွာနဲ့ တိုးချဲ့ခဲ့တာဖြစ်ပြီး၊ အထူးသဖြင့် LoC ရဲ့ ကန့်သတ်ချက် စည်းမျဉ်းတွေနဲ့ ပရိုဂျက်တွေရဲ့ ပုံအသွင် အသေးစိတ်အရွယ်အစားနဲ့ကိုက်ညီစွာ တိုးချဲ့ခဲ့တာဖြစ်ပါတယ်။ အဆိုပါလမ်းကြောင်းတွေရဲ့ စီမံရေးနဲ့ အကောင်အထည်ဖော်ရေးတို့ကလည်း အစိုးရရဲ့ အပြည့်အဝချဉ်းကပ်မှုနဲ့ ခိုင်မာတဲ့ လေ့လာသုံးသပ်မှုတွေကြောင့် ပိုပြီး အကျိုးသက်ရောက်မှုရှိစေခဲ့ပါတယ်။ ဒီချေးမရေးလမ်းကြောင်းတိုင်းဟာ ဝန်ကြီးချုပ်ဆီသို့ ဦးတည်လျှက်ရှိနေပါတယ်။ ယခုလိုစီမံထားခြင်းကြောင့် ရလဒ်တခုအဖြစ် လွန်ခဲ့တဲ့နှစ်ပေါင်း အနည်းငယ်မှာ တလအတွင်း ကြီးမားတဲ့ ပရိုဂျက်နှစ်ခုထက်ပိုတဲ့နှုန်းနဲ့ ပရိုဂျက်တွေပြီးပြည့်စုံလာခဲ့ပါတယ်။ အကျိုးမြင့်မားတဲ့ ဖွံ့ဖြိုးရေးပရိုဂျက်တွေနဲ့ပါတ်သက်လာရင်၊ အဲဒီလိုပရိုဂျက်တွေက ကျွန်ုပ်တို့ရဲ့အိမ်နီးချင်းနိုင်ငံတွေမှာ အောက်ခြေအဆင့်အပေါ် အကျိုးသက်ရောက်မှုဖြစ်ပေါ်စေပြီး၊ အိန္ဒိယနိုင်ငံဟာ တပတ်မှာ ပရိုဂျက် (၄) ခုတို့ကို ပြီးပြည့်စုံစေလျှက်ရှိပါတယ်။ ဒီအချက်ဟာ မတိုင်းတာနိုင်တဲ့ အောင်မြင်မှုဖြစ်ပါတယ်။

LoC နဲ့ ပရိုဂျက်အများစုတို့ဟာ အာဖရိကဒေသပိုင်းမှာရှိနေပြီး၊ အစိုးရက အိန္ဒိယနိုင်ငံရဲ့ ဖွံ့ဖြိုးရေးဖက်စပ်လုပ်ကိုင်မှုအား အဲဒီတိုက်ကြီးနဲ့ လက်တွဲလုပ်ကိုင်နိုင်ဘို့အတွက် ကြီးမားတဲ့အာရုံပြုမှု ပေးဆောင်ခဲ့ပါတယ်။ အဲဒီပရိုဂျက်တွေထဲမှာ ငွေထုတ်ချေးမရေးလမ်းကြောင်း LoC (၂၀၅) ခုတို့နဲ့သက်ဆိုင်တဲ့ပရိုဂျက်ပေါင်း (၃၂၁) ခုတို့ ပါဝင်ပါတယ်။ ဒါ့အပြင် အာရှဒေသပိုင်းမှာ ပရိုဂျက်ပေါင်း (၁၈၁) ခု၊ လက်တင်အမေရိကားနဲ့ Caribbean ဒေသပိုင်းမှာ ပရိုဂျက်ပေါင်း (၃၂) ခုနဲ့ ဗဟိုအာရှနဲ့ Oceania ဒေသပိုင်းမှာ ပရိုဂျက် (၃) ခုစီ ရှိနေပါတယ်။ ကူညီထောက်ပံ့မှုတွေပေးကမ်းဒါက ငွေထုတ်ချေးမရေးလမ်းကြောင်းတွေထက် ပိုများပြီး၊ Cribbean အရပ်ဒေသမှ ပစိဖိတ်ကျွန်းတွေအထိ ရှိနေပါတယ်။ Dr. Jaishankar ဟာ အဲဒီဖွံ့ဖြိုးရေး ဖက်စပ်လုပ်ကိုင်မှုတွေက အိန္ဒိယနိုင်ငံရဲ့ သံတမန်ရေးရာခြေရာကို ကမ္ဘာတဝှမ်း ပိုမိုမြင်တွေ့စေတယ်လို့ ဖော်ပြခဲ့ပါတယ်။

ဖွံ့ဖြိုးရေးဖက်စပ်လုပ်ကိုင်မှုတွေက Bhutan နိုင်ငံနဲ့ဆက်ဆံရေးမှာ အများဆုံးထူးကဲထင်ရှားလှပါတယ်။ ဒီနိုင်ငံရဲ့ ဓါတ်အားနယ်ပယ်မှာ အလွန်ရှည်လျားပြီး အောင်မြင်တဲ့သမိုင်းအစဉ်အလာတွေ ရှိနေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ တခြားထင်ရှားတဲ့ LoC စီမံကိန်းအောက် သော့ချက်ကျ ပရိုဂျက်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မီးရထားတံတားဆောက်လုပ်ရေး၊ သီရိလင်္ကာနိုင်ငံမှာ ရထားလမ်းဖေါက်လုပ်ရေး၊ နီပေါနိုင်ငံမှာ ကုန်းလမ်းပရိုဂျက်တွေနဲ့ ဓါတ်အားပို့ဆောင်ရေးလိုင်းများဆက်သွယ်ရေးနဲ့ Mauritius နိုင်ငံမှာ Metro အမြန်ရထားပရိုဂျက်တွေ ဖြစ်ကြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟာ Africa ဒေသပိုင်းအတွင်းမှ ထင်ရှားတဲ့ LoC လမ်းကြောင်း အောက်ပရိုဂျက်တွေအား ဖော်ပြရာမှာ Sudan ၊ Rwanda ၊ Zimbabwe နဲ့ Malawi နိုင်ငံတွေထဲမှ ဓါတ်အားနယ်ပယ်အတွင်းက ပရိုဂျက်တွေ၊ Mozambique ၊ Tanzania နဲ့ Guinea နိုင်ငံတွေထဲက ရေပရိုဂျက်တွေ၊ Cote d’Ivoire ၊ Guinea နဲ့ Zambia နိုင်ငံတွေမှ ကျန်းမာရေးပရိုဂျက်တွေ၊ Ethiopia နဲ့ Ghana နိုင်ငံအတွင်းက သကြားစက်ရုံတွေ၊ Djibouti နဲ့ Congo သမ္မတနိုင်ငံအတွင်းမှ ဘိလပ်မြေနဲ့ Gambia နဲ့ Burundi နိုင်ငံတွေအတွင်းက အစိုးရအဆောက်အဦးများပရိုဂျက်တွေအား ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အမှန်တကယ်ဆိုရရင် အာဖရိကနိုင်ငံတွေမှာ ကုန်ထုတ်လုပ်ရေးစက်ရုံတွေအား အိန္ဒိယကုမ္ပဏီတွေက အမှန်စင်စစ်ထူးကဲထင်ရှားစွာ တည်ထောင်ခဲ့ကြပြီး သဘာဝနဲ့ကိုက်ညီအောင် ဖန်တီးပေးခဲ့ကြပါတယ်။ ဒီလိုပြုမူဆောင်ရွက်ချက်တွေဟာ လွန်ခဲ့တဲ့ (၅) နှစ်ကျော်ကာလမှာ အိန္ဒိယနိုင်ငံဟာ အာဖရိကနိုင်ငံတွေကို Buyers Credit စီမံကိန်းလမ်းကြောင်းအရ အမေရိကန်ဒေါ်လာပေါင်း ၁ ဘီလီယံခန့် ပေးကမ်းထားပြီးဖြစ်ပါတယ်။

Line of Credit အပြင် New Delhi အစိုးရဟာ အိန္ဒိယနိုင်ငံက တာဝန်ယူထားတဲ့ ပရိုဂျက်တွေအတွက် အမတော်ကြေးတွေလည်း ပေးကမ်းခဲ့ပါတယ်။ Mauritius နဲ့ Seychelles နိုင်ငံတွေကို ထည့်သွင်းမယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ ပရိုဂျက်ပေါင်း (၂၇၂) ခန့် ရှိနေပါတယ်။

Dr. Jaishankar က ထင်ရှားတဲ့ အမတော်ကြေး ပေးကမ်းတဲ့ပရိုဂျက်တွေထဲမှာ Afghan နိုင်ငံအတွင်း ပါလီမန်လွှတ်တော်နဲ့ Salma ရေကာတာ၊ သီရိလင်္ကာနိုင်ငံမှာ တမီလ်လူမျိုးတွေအတွက် အိမ်ယာဆောက်လုပ်ရေး၊ မြန်မာနိုင်ငံမှာ ကုလားတန်သယ်ယူပို့ဆောင်ရေးပရိုဂျက်၊ Mauritius နိုင်ငံမှာ တရားရုံးတော်ချုပ်ဆောက်လုပ်ရေး နဲ့ နီပေါနိုင်ငံနဲ့အတူ Biratnagar ပေါင်းစည်းထားတဲ့ ကင်းစခန်းဆောက်လုပ်ရေးတို့ပါဝင်ကြောင်း ဖော်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အမှတ်တံဆိပ်ဟာ ကမ္ဘာကြီးအတွက် ကျောက်မျက်ရတနာဖြစ်ပြီး၊ အိန္ဒိယနိုင်ငံရဲ့ ရောင်းဝယ်ဖောက်ကားရေးက အရေးပါဆုံးရတနာတခုဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”