ကမ္ဘာကြီးသည် ကော်ရိုနာဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့မှု ချောက်ကမ်းပါးတွင်ရှိနေခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့် သတင်းစာဆရာ ဆောင်းပါးရှင် K V Venkatasubramanian ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကမ္ဘာကြီးသည် ကော်ရိုနာဗိုင်းရပ်စ်ရောဂါပိုး ပျံ့နှံ့မှု ချောက်ကမ်းပါးတွင်ရှိနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ယခင်က လူသားတွေမှာ မတွေ့ရှိရတဲ့ ကော်ရိုနာဗိုင်းရပ် ရောဂါပိုးတမျိုးဟာ ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားလျှက်ရှိပါတယ်။ လူပေါင်း ၈၁၀၀၀ ကျော်တို့ဟာ အသက်ရှူလမ်းကြောင်းရောဂါ Covid-19 ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရ ပါတယ်။ လူ ၃၀၀၀ နီးပါးလောက်လည်း သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ ဒီလို အန္တရာယ်ကြီးလှတဲ့ ဗိုင်းရပ်စ် စတင်ကူးစက်ခဲ့တဲ့ တရုပ်နိုင်ငံဟာ အထက်ပါ သေဆုံးသူဦးရေအနက် လူဦးရေ ၂၈၀၀ တို့နှင့်အတူ ၉၆.၅% လူသေဆုံးမှု ရှိခဲ့ပါတယ်။
တရုပ်နိုင်ငံပြင်ပမှာ ကော်ရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုအရေအတွက်ဟာ နိုင်ငံတွင်းမှာ ကူးစက်တာထက် ပိုမိုများပြားလျှက်ရှိပါတယ်။ ဥရောပ၊ အရှေ့အလယ်ပိုင်း၊ အမေရိကန် ပြည်ထောင်စုနှင့် အာရှဒေသအတွင်းများ အများအပြား ရှိနေပါတယ်။ ၅၁ နိုင်ငံတို့အတွင်း ပိုး ထပ်မံတွေ့ရှိမှု အများအပြားတို့ဟာ တရုပ်နိုင်ငံကို ခရီးသွားလာခဲ့တာမျိုး ဒါမှမဟုတ် ကူးစက်ခံရသူနှင့် ထိတွေ့ဆက်ဆံတာမျိုးတို့လို ရောဂါကူးစက်ပျံ့နှံ့ဖို့ ကွင်းဆက်တွေ မရှိခဲ့ကြပါဘူး။ ဘရာဇီးနိုင်းနိုင်ငံဟာ လက်တင် အမေရိကတိုက်အတွင်း ပထမဆုံး ဖြစ်ပွားမှုကို အတည်ပြုဖော်ပြထားပါတယ်။ တရုပ်နိုင်ငံပြင်ပမှာ အဖြစ်များတဲ့ ၃ နေရာအနက်တခုဖြစ်တဲ့ အီရန်နိုင်ငံဟာ ၂၆ ဦး သေဆုံးမှုရှိခဲ့ပြီး ၂၄၅ ဦး ရောဂါဖြစ်ပွားနေတယ်လို့ အစီရင်ခံ ဖော်ပြထားပါတယ်။ အီရန် ဒုသမ္မတ Masoumeh Ebtekar နှင့် ကျန်းမာရေး ဒုဝန်ကြီး Iraj Harirchi တို့ဟာ ရောဂါကူးစစ်ခံထားရပြီး လက်ရှိမှာ သီးသန့်ခွဲထားပြီးဖြစ်ပါတယ်။ အီတလီနိုင်ငံတဝှမ်းမှာ လူ ၄၀၀ ဝန်းကျင်တို့မှာ ရောဂါပိုးတွေ့ရှိထားပြီး အဲဒီအနက် ၁၂ ဦးတို့ သေဆုံးခဲ့တယ်လို့ သိရှိရပါတယ်။ ဒါဟာ ဥရောပဒေသအတွင်း ယနေ့အချိန်အထိ တွေ့ရှိရတဲ့ အဆိုးဝါးဆုံး စံချိန်ပဲဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံဟာ Covid-19 ရောဂါပိုးနှင့် နောက်ဆုံးကျောင်းသား ၃ ဦးတို့ကို ရောဂါပိုး ကင်းရှင်းကြောင်း လတ်တလောက ကြေညာလိုက်ခြင်းနှင့်အတူ ဗိုင်းရပ်စ်ပိုး ဆက်လက် ကင်းစင်နေလျှက်ရှိပါတယ်။ ဒါပေမယ့်လည်း ဇိမ်ခံသင်္ဘော ခရီးစဉ်တခုအတွင်း ကူးစက်ခံခဲ့ရပြီး အစောပိုင်းက ဂျပန်နိုင်ငံမှာ သီးသန့်ခွဲခြားထားတဲ့ သင်္ဘောသားတချို့ကိုတော့ ယခုအခါ နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပြီး ဆေးဝါးကုသ စောင့်ကြည့်မှုအောက်မှာ ထားရှိနေပါတယ်။ အိန္ဒိယနိုင်ငံဟာ လေကြောင်းကနေ ဝူဟန်မြို့ကို ဆေးဝါး ၁၅ တန် ထောက်ပံ့မှုကိုလည်း ပေးအပ်ခဲ့ပါတယ်။ နယူးဒေလီအစိုးရဟာ တရုပ်နိုင်ငံမြို့တော်တွေမှ အိန္ဒိယနိုင်ငံသားနှင့် တခြားနိုင်ငံသားတွေကို ကယ်ထုတ်ထားပြီး တရုပ်၊ ဟောင်ကောင်နှင့် အီရန်နိုင်ငံသို့နှင့် ၎င်းနိုင်ငံများမှ လေကြောင်းခရီးစဉ်အားလုံးကို ဖျက်သိမ်းလိုက်ပါတယ်။
ဒီဗိုင်းရပ်စ် ရောဂါပိုးဟာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက ဝူဟန်မြို့ ဈေးတခုမှာ တရားမဝင်ရောင်းချတဲ့ သားရိုင်းကောင်တွေကနေ လူသားတွေထံကို ကူးစက်ခဲ့တယ်လို့ ယူဆရပါတယ်။ ကျန်းမာရေး ပါရဂူတွေကတော့ ဒီပိုးဟာ လင်းနို့တွေမှာ မူယင်းဖြစ်တည်ခဲ့တာဖြစ်ပြီး တခြား သတ္တဝါ မျိုးစိတ်တချို့ကတဆင့် လူသားတွေဆီကို ကူးစက်ခဲ့တာဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း ဒီဇင်ဘာလကုန်ပိုင်းက ဝူဟန်မြို့မှာ အအေးမိတဲ့ရောဂါ ဖြစ်ပွားမှု အများအပြားတို့ကို သတိပြုမိခဲ့ပြီး သီတင်းပတ် ၁ ပတ်အကြာမှာတော့ တရုပ်အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ပိုး အသစ်တမျိုးကို တွေ့ရှိထားတယ်လို့ အတည်ပြုဖော်ပြခဲ့ကြပါတယ်။
ကော်ရိုနာဗိုင်းရပ်စ်ပိုးတွေဟာ သာမန် အအေးမိမှုကနေ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းရောဂါဖြစ်တဲ့ ဆားစ်ရောဂါလိုမျိုး အလွန်ဆိုးရွားတဲ့ ရောဂါတွေ ဖြစ်ပေါ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေ ဖြစ်ပါတယ်။ ရောဂါပိုးကူးစက်မှုဆိုင်ရာ တူညီတဲ့ လက္ခဏာတွေမှာဆိုရင် အသက်ရှူလမ်းကြောင်း လက္ခဏာတွေ၊ ဖျားနာမှု၊ ချောင်းဆိုးမှု၊ မောဟိုက်မှုနှင့် အသက်ရှူရ ခက်ခဲမှုတို့ ပါဝင်ကြပါတယ်။ ဒီရောဂါဆိုင်ရာ စိုးရိမ်ချက်တွေကြောင့် ဂျပန်နိုင်ငံမှာဆိုရင် စာသင်ကျောင်းအားလုံး ပိတ်ထားပြီး ဆော်ဒီ အာရေးဗီးယားနိုင်ငံကလည်း မက္ကာမြို့အတွက် ဘုရားဖူး ဗီဇာထုတ်ပေးမှု ရပ်နားထားပါတယ်။
ရောဂါကူးစက်ပျံ့နှံမှုစိုးရိမ်ချက်တွေ များပြားလာနေပြီး ကမ္ဘာလုံးဆိုင်ရာ စတော့ရှယ်ယာ ဈေးကွက်တွေလည်း ထိုးကျလျှက်ရှိပါတယ်။ ဒီရောဂါကြောင့် စီးပွားရေးရာ ဂယက်ရိုက်မှု ပမာဏအတိအကျကို မသိရှိရသေးပါဘူး။ တရုပ်နိုင်ငံဟာ အဓိက စီးပွားရေးနိုင်ငံ ၁ နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ တနှစ်တည်းကတင် ကမ္ဘာ့စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု GDP တန်ဖိုးရဲ့ ၃ ပုံ ၁ ပုံခန့် ပါဝင်နေကာ ဒီရောဂါဖြစ်ပွားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကဏ္ဍဟာ အမေရိကန်ဒေါ်လာ ၁.၁ ထရီလျံခန့် ထိခိုက်နိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။
ဒီလိုအန္တရာယ်ကြီးတဲ့ ရောဂါပိုး ပျံ့နှံ့မှုဟာ ကမ္ဘာ့ထောပ်ပံ့ရေး ကွင်းဆက်လမ်းကြောင်းမှာ အဟန့်အတားတွေ ပေါ်ပေါက်စေခဲ့ပြီး တရုပ်နိုင်ငံဟာ ကြားခံ ထုတ်လုပ်တဲ့နိုင်ငံဖြစ်တဲ့အပြင် ထောက်ပံ့ရေးကွင်းဆက်လမ်းကြောင်းပေးလျှက် နောက်ဆုံးထုတ်လုပ်ရာမှာအသုံးပြုတဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့နိုင်ငံ ၁ နိုင်ငံလည်း ဖြစ်နေပါတယ်။ တရုပ်နိုင်ငံကထုတ်လုပ်တဲ့ အဓိက ပါဝင်ပစ္စည်းတွေကို ပဋိဇီဝဆေး၊ သွေးချို၊ အကိုက်အခဲပျောက်ဆေးနှင့် ဗိုင်းရပ်စ်ပိုး ကာကွယ်ဟန်တားဆေးတွေအတွက် ဆေးဝါးကဏ္ဍမှာ ကမ္ဘာတဝှမ်းက အသုံးပြုလျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာ ရောဂါပိုးမရှိဘူးဆိုပေမယ့် တရုပ်နိုင်ငံနှင့် ကွင်းဆက်မရှိဘဲ ရောဂါပိုးတွေ့ရှိမှုက ကမ္ဘာတဝှမ်းမှာ မြင့်မားနေမှုနှင့်အတူ ကြီးမားတဲ့အန္တရာယ် ရှိနေဆဲ ဖြစ်ပါတယ်။
ကမ္ဘာ့လူဦးရေ ဒုတိယအများဆုံးရှိတဲ့ အိန္ဒိယနိုင်ငံဟာ အပူချိန်တိုင်း ကိရိယာတွေထားရှိပြီး အစီအစဉ်တွေထားရှိကာ ဗိုင်းရပ်ကူးစက်ခံရမှု ရပ်တန့်စေဖို့အတွက် ဆိပ်ကမ်းအဝင်တွေအားလုံးမှာ သင်တန်းပေးထားတဲ့ ဆေးအမှုထန်းတွေ တိုးမြှင့်ထားပြီး ဖြစ်ပါတယ်။ သန့်ရှင်းရေးနှင့်ပတ်သက်ပြီး ဗိုင်းရပ်စ်ပိုး သတိပြုရေးလုပ်ဆောင်ချက်တွေ ဆက်လက်ပြုလုပ်နေပြီး ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ဟန့်ထားစေဖို့အရေး အများအပြား သက်ရောက်မှုရှိသွားမှသဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် K V Venkatasubramanian ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment