“အိန္ဒိယနဲ့ Turkmenistan နိုင်ငံတို့အကြား စေ့စပ်မှု ပိုမိုနက်ရှိုင်းစေလိုက်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Athar Zafar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနဲ့ Turkmenistan နိုင်ငံတို့အကြား စေ့စပ်မှု ပိုမိုနက်ရှိုင်းစေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ဝန်ကြီးများကက်ဘိနက်အဖွဲ့ရဲ့ဒုဥက္ကဌနဲ့ Turkmenistan နိုင်ငံခြားရေးဝန်ကြီး Mr Rashid Meredov ဟာ ခရီးတိုနဲ့ အိန္ဒိယနိုင်ငံကို ရောက်ရှိလာခဲ့ပြီး၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ အပြန်အလှန်ဆက်ဆံရေးနဲ့ ဒေသပိုင်းဆိုင်ရာ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ ဒေသပိုင်းဆိုင်ရာ အရေးကိစ္စတွေနဲ့ပါတ်သက်ပြီး ခိုင်မာတဲ့ အယူအဆတွေကို မှတ်ချက်ချ ဖော်ပြခဲ့ပါတယ်။
Turkmenistan ဟာ ဗဟိုအာရှသမ္မတနိုင်ငံ (၅) နိုင်ငံအနက် တနိုင်ငံဖြစ်ပြီး လွတ်လပ်ရေးကို ဆိုဗီယက်သမဂ္ဂ USSR ထံမှ ၁၉၉၀ ခုနှစ်များ စောစောပိုင်းမှာ ရရှိခဲ့ဒါဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အာရှအလယ်ပိုင်းကို တိုးချဲ့ထားတဲ့ အိမ်နီးချင်းအဖြစ် ယူဆထားပါတယ်။ Turkmenistan နိုင်ငံရဲ့ ဒေသပိုင်းအတွင်း ထူးကဲလှတဲ့ ပထဝီရေးရာအနေအထားဟာ ဒေသပိုင်းအချင်းချင်း စေ့စပ်မှုတွေမှာ အရေးပါတဲ့နိုင်ငံတနိုင်ငံဖြစ်စေနေပါတယ်။ ဒီနိုင်ငံဟာ တောင်အာရှ၊ ဗဟိုအာရှနဲ့ အနောက်အာရှဒေသပိုင်းအားလုံးတို့နဲ့ ဆက်နွယ်လျှက်ရှိနေပြီး၊ တောင်ဘက်မှာ Afghanistan နိုင်ငံ၊ အနောက်ဘက်မှာ အီရန်နိုင်ငံနဲ့ သူ့ရဲ့အာရှအလယ်ပိုင်းဒေသက အိမ်နီးချင်းတို့ဟာ Kazakhstan နဲ့ Uzbekistan နိုင်ငံတို့ဖြစ်ကြပါတယ်။ Turkmenistan နိုင်ငံမှာ Caspian ပင်လယ်ကမ်းခြေရှိပြီး၊ အဲဒီနေရာက Eurasia နဲ့ ဥရောပနိုင်ငံတွေဆီသို့ တံခါးမုခ်တခု ပေးကမ်းလျှက်ရှိပါတယ်။ ဆက်နွယ်မှုတွေကို တိုးတက်ကောင်းမွန်စေခြင်းက Turkmenistan နိုင်ငံရဲ့ ဦးစားပေးမှုတခုဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဒီနိုင်ငံဟာ ဒေသပိုင်းအတွင်း အကြီးမားဆုံးလေဆိပ်တွေကို အမေရိကန်ဒေါ်လာပေါင်း (၂.၃) ဘီလီယံ အကုန်အကျခံတည်ဆောက်ခဲ့ပါတယ်။
အတိုင်းအတာအားဖြင့် Turkmenistan နိုင်ငံဟာ လူဦးရေ (၆) သန်းမျှနဲ့အတူ သေးငယ်တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနိုင်ငံဟာ စီးပွားရေးမှာ ထူးကဲထင်ရှားလှတဲ့ ပေါကြွယ်ဝမှုကို ရယူထားပါတယ်။ ဒီနိုင်ငံမှာ ကမ္ဘာ့စတုတ္ထမြောက် အကြီးမားဆုံးသဘာဝဓါတ်ငွေ့အရင်းအမြစ်ရှိပါတယ်။ နောက်ပြီး ဒီနိုင်ငံဟာ ရေနံ၊ Sulphur ကန့် ဓာတ်တုနဲ့ တခြားသယံဇာတပစ္စည်းတွေနဲ့ ကြွယ်ဝနေပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ခန့်မှန်းချက်အရ ဒီနိုင်ငံရဲ့ GDP ဟာ အမေရိကန်ဒေါ်လာပေါင်း (၄၀.၅) ဘီလီယံခန့်ရှိပါတယ်။ သမ္မတ Mr Gurbanguly Berdimuhamedov ရဲ့ အုပ်ချုပ်ရေးဟာ စီးပွားရေးကို အမျိုးမျိုးကွဲပြားစေဘို့ ကြိုးပမ်းနေပြီး၊ ထုံးတမ်းအစဉ် နယ်ပယ်တွေဖြစ်ကြတဲ့ ရေနံနဲ့ ဓာတ်ငွေ့၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးအပြင် ဓါတုဗေဒပစ္စည်းတွေ၊ ကြေးနန်းဆက်သွယ်ရေးနဲ့ တခြားအဆင့်မြင့်နယ်ပယ်တွေအပေါ် အာရုံပြုလျှက်ရှိပါတယ်။ Turkmenistan နိုင်ငံဟာ Digital စီးပွားရေးအစီအစဉ်ကိုလည်း ၂၀၁၉ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အကောင်အထည်ဖော်ဘို့ သတ်မှတ်ထားပါတယ်။
Turkmenistan နိုင်ငံဟာ “Permanent Neutrality” လို့ခေါ်တဲ့ ထာဝရကြားနေရေးဝါဒကို လက်ကိုင်ကျင့်သုံးပြီး တကမ္ဘာလုံးနဲ့ ဆက်ဆံလျှက်ရှိပါတယ်။ ဒီပေါ်လစီမူဝါဒကို ၁၉၉၅ ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံကြီးအတွင်း ထောက်ခံအတည်ပြုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ အဲဒီပြဋ္ဌာန်းချက်ရဲ့ တွဲဖက်တာဝန်ခံဖြစ်ပြီး လက်ရှိကာလမှာ Ashgabat ဟာ ၂၅ ကြိမ်မြောက် နှစ်ပါတ်လည်အထိမ်းအမှတ်ကို ကျင်းပလျှက်ရှိပါတယ်။ ဒီနှစ်နိုင်ငံစလုံးတို့မှာ ရာစုနှစ်ပေါင်းများစွာကတည်းက သမိုင်းဝင်ပြီး၊ ယဉ်ကျေးမှုဆိုင်ရာ နက်ရှိုင်းတဲ့ဆက်ဆံမှုတွေ ရှိပါတယ်။ အဲဒီဆက်နွယ်မှုက Medieval ကာလအတွင်း ဒီအရပ်ဒေသက ရဟန္တာတွေနဲ့ ပညာတော်သင်တွေ အိန္ဒိယနိုင်ငံကို လာရောက်လေ့ရှိခဲ့ပါတယ်။ သူတို့ထဲမှာ Shah Turkman Bayabani ဟာ ကျော်ကြားတဲ့ ရဟန္တာတပါးဖြစ်ခဲ့ပြီး၊ သူဟာ (၁၃) ရာစုမှာ အိန္ဒိယနိုင်ငံမှာ နေထိုင်ခဲ့ပါတယ်။ ၁၇ ရာစုနှစ်မှာ သူ့ကို ဂုဏ်ပြုသောအားဖြင့် Delhi မြို့အတွင်းက ထင်ရှားကျော်ကြားတဲ့သမိုင်းမှတ်တိုင်တခုဖြစ်တဲ့ “Turkman Gate” ကို တည်ဆောက်ခဲ့ဒါဖြစ်ပါတယ်။ မင်းဧကရာဇ် Akbar ရဲ့ ဆရာဖြစ်သူ Bairam Khan ဟာ Turkmen အမျိုးအနွယ်မှ ဆင်းသက်လာသူဖြစ်ပါတယ်။
သင့်မြတ်သောဆက်ဆံမှုများနဲ့ ပြည်သူမှ ပြည်သူတို့ သဘောပေါက်နားလည်မှုတွေရှိသော်ငြားလည်း၊ နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုတွေက သူတို့ရဲ့စွမ်းရည်နဲ့ မကိုက်ညီဘဲရှိပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈-၂၀၁၉ ခုနှစ်အကြား ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာပေါင်း (၆၆) သန်းခန့်သာရှိခဲ့ပါတယ်။ နှစ်ဖက်စလုံးအတွင်း ရရှိနိုင်တဲ့အခွင့်လမ်းတွေနဲ့ပါတ်သက်ပြီး သင့်တော်စွာ သတင်းပေးမှုလျော့နည်းခြင်း၊ အိန္ဒိယနဲ့ အာရှအလယ်ပိုင်းတို့အကြား တိုက်ရိုက်ကုန်းလမ်းသယ်ယူပို့ဆောင်မှုတွေမရှိခြင်းတို့က အဓိကအဟန့်အတားတွေဖြစ်တယ်လို့ ယူဆကြပါတယ်။ Afghan နိုင်ငံအတွင်း တည်တံ့မှုမရှိဒါကလည်း တောင်အာရှနဲ့ ဗဟိုအာရှတို့ရဲ့ ဆက်ဆံမှုတွေမှာ အဓိက အတားအဆီးတခုဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံးတို့ဟာ Afghanistan နိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တည်တံ့ရေး ယူဆောင်လာဘို့ ခံယူထားကြပါတယ်။
သို့သော်ငြားလည်း မကြာသေးမှီက ဖွံ့ဖြိုးမှုတွေဟာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံမှုတွေ တိုးချဲ့ဘို့ အလားအလာတွေ ပေးဆောင်နေပါတယ်။ အိန္ဒိယနိုင်ငံဟာ အီရန်နိုင်ငံရဲ့ Chabahar ဆိပ်ကမ်းပရိုဂျက်မှာ ရင်းနှီးမြှပ်နှံလျှက်ရှိပါတယ်။ Turkmenistan နဲ့ Kazakhstan တို့မှာ အီရန်နိုင်ငံနဲ့ ရထားလမ်းကြောင်း အဆက်အသွယ်ရှိနေပြီးဖြစ်ပါတယ်။ Chabahar ဆိပ်ကမ်းကို အီရန်ရထားကွန်ယက်နဲ့ ဆက်သွယ်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံရဲ့ Turkmenistan နဲ့ ဗဟိုအာရှအရပ်ဒေသတွေဆီသို့ ဆက်နွယ်မှုကို တိုးတက်စေမယ်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ Ashgabat သဘောတူစာချုပ်မှာ ပူးတွဲပါဝင်လိုက်ပါတယ်။ ဒီစာချုပ်ဟာ အနောက်အာရှမှ အီရန်နဲ့ အိုမန်နိုင်ငံတွေကို ဗဟိုအာရှမှ Turkmenistan နဲ့ Uzbekistan တို့အကြား နိုင်ငံတကာသယ်ယူပို့ဆောင်ရေးနဲ့ ကူးပြောင်းရေးစင်္ကြန် ဖန်တီးပေးပါတယ်။
အလားတူဘဲ မကြာသေးမှီက တိုးတက်မှုတွေဟာ ကာလရှည်ကြာစွာ ကြိုးပမ်းနေတဲ့ Turkmenistan ၊ Afghanistan ၊ Pakistan ၊ India (TAPI) သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေကို ပေါ်ပေါက်စေခဲ့ပါတယ်။ ရောင်းဝယ်ရေး သဘောတူစာချုပ်ကို လွန်ခဲ့တဲ့သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ Turkmenistan နိုင်ငံဟာ ၎င်းတို့ရဲ့ နယ်နိမိတ်အတွင်း TAPI ဆောက်လုပ်ရေးဟာ စီမံထားတဲ့အချိန်ဇယားအတိုင်းရှိနေပြီး၊ ၂၀၁၈ ခုနှစ် Afghanistan နိုင်ငံအတွင်း ဆောက်လုပ်ရေးကို စတင်လိုက်ကြောင်း တင်ပြခဲ့ပါတယ်။ အနာဂါတ်မှာ India -Turkmenistan အပြန်အလှန်ဆက်ဆံရေးဟာ တိုးများလာဘို့ ဟန်ပြင်နေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Athar Zafar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment