“အမေရိကန်ပြည်ထောင်စုက Taliban တို့ထံမှ ငြိမ်းချမ်းရေးစမ်းသပ်မှုတောင်းဆိုခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ The Hindu နေ့စဉ်သတင်းစာမှ အထူးဆောင်းပါးရှင် Kallol Bhattacherjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “အမေရိကန်ပြည်ထောင်စုက Taliban တို့ထံမှ ငြိမ်းချမ်းရေးစမ်းသပ်မှုတောင်းဆိုခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

Afghanistan ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာ အမေရိကန်ပြည်ထောင်စုနဲ့ Taliban တို့ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးသဘောတူစာချုပ်တခုမချုပ်မှီ ယာယီအပစ်အခတ်ရပ်စဲရေးအတွက် ကွဲပြားခြားနားတဲ့ အချိန်ကာလကို ဖော်ပြနေကြတဲ့အလျောက် အရေးပါဆုံးအပိုင်းကို ရောက်ရှိနေပြီးဖြစ်ပါတယ်။ အဆိုပါအပစ်အခတ်ရပ်စဲရေး နှစ်ဖက်စလုံးတို့အကြား ယုံကြည်စိတ်ချမှုအဆင့်ကို စမ်းသပ်မှာဖြစ်ပြီး၊ သမ္မတ Mr Donald Trump က ဒီသိမ်မွေ့နုညံ့တဲ့အလုပ်ဖြစ်တဲ့ Taliban တို့ကို စေ့စပ်ပါဝင်စေရေးအတွက် အထူးကိုယ်စားလှယ် Mr Zalmay Khalilzad အား ခန့်အပ်ပြီးတဲ့နောက် အတက်အကျများစွာတို့ကို ကြုံတွေ့ခဲ့ကြပါတယ်။ သို့သော်ငြားလည်း နှစ်ဖက်စလုံးတို့ဟာ Afghanistan အတွင်း မြေပြင်ပေါ်တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စုက အပစ်အခတ်ရပ်စဲရေးအတွက် အချိန်ကာလ (၁၀) ရက် သတ်မှတ်သင့်တယ်လို့ ဖေါ်ပြနေချိန်မှာ Taliban တို့က အချိန်ကာလ (၇) ရက်ကိုသာ ဆန့်ကျင်တောင်းဆိုနေကြပါတယ်။ ယခုလိုအတိုးအလျော့လုပ်တာက စေ့စပ်ဆွေးနွေးမှုလုပ်ငန်းစဉ်မှာ ခက်ခဲတဲ့အပိုင်းတပိုင်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေက လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလအတွင်းမှာ သမ္မတ Mr Trump က Taliban စေ့စပ်ဆွေးနွေးရေးအသင်းနဲ့ Afghanistan သမ္မတ Mr Ashraf Ghani တို့ နှစ်ဖက်စလုံးကို အမေရိကန်ပြည်ထောင်စုမှာ လက်ခံတွေ့ဆုံဘို့ သဘောတူလိုက်တဲ့နောက်ပိုင်း စိတ်ဝင်စားစရာ ပြောင်းလဲမှုတခုဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ Taliban တို့က Kabul မြို့အနီးမှာရှိတဲ့ စစ်အခြေစိုက်စခန်းတခုကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ အဆင့်အတန်းအား ရိုသေလေးစားခြင်းမပြုဘဲ တိုက်ခိုက်မှုတခုပြုလုပ်ခဲ့ဒါကြောင့် အစပျိုးမှုတွေ ပျက်ပြားသွားခဲ့ပါတယ်။ ဒါကြောင့် လပေါင်းများစွာကြာညောင်းခဲ့ပြီး၊ တရုတ်၊ ရုရှား၊ အီရန်နဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံတို့ပါဝင်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက အဆိုပါဆွေးနွေးပွဲတွေ ပြန်လည်စတင်ဘို့ ကြိုးပမ်းခဲ့ဒါကြောင့် ယခုလိုအရေးပါလှတဲ့ လမ်းဆုံတခုကို ရောက်ရှိခဲ့ပါတယ်။ Taliban အသိုင်းအဝိုင်းက လွန်ခဲ့တဲ့ စက်တင်ဘာလအတွင်းက ပြင်ဆင်ရေးဆွဲထားပြီးဖြစ်ဒါမို့ သဘောတူစာချုပ်မူကြမ်းတခု အသင့်ရှိနေတယ်လို့ နှစ်ဖက်စလုံးက အာမခံချက်တွေ ပေးထားဒါမို့ ပြောင်းလဲမှုတွေမလိုအပ်ဘူးလို့ ဖော်ပြကြပါတယ်။ သို့သော် နောက်ဆုံးအတည်ပြု လက်မှတ်ရေးထိုးခြင်းမပြုမှီ ပတ်ဝန်းကျင်းအနေအထားတခုတည်ဆောက်ဘို့ လိုအပ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mr Mike Pompeo က ယခုအခါ အမေရိကန်ပြည်ထောင်စုဟာ ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးပြီးတဲ့နောက်ပိုင်း အမှန်တကယ်ဘဲ တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းစေဒါနဲပတ်သက်ပြီး၊ သရုပ်ပြမှုအား မျှော်လင့်လျှက်ရှိကြောင်း ဖော်ပြခဲ့ပါတယ်။ “ကျွန်ုပ်တို့ဟာ အရင်တခါကလည်း သဘောတူချက်စာရွက်စာတမ်းတခု ရရှိလုနီးပါးရှိခဲ့ပါတယ်။ ဒီစာတမ်းကို နှစ်ဦးနှစ်ဖက်စလုံးက သဘောတူရေးဆွဲခဲ့ဒါဖြစ်ပါတယ်။ ဒါပေမဲ့ Taliban တို့ဟာ သူတို့ရဲ့စိတ်ရင်းဆန္ဒ သို့မဟုတ် စွမ်းရည် သို့မဟုတ် နှစ်ခစလုံးကို အကြမ်းဖက်မှုလျော့နည်းစေရေးအတွက် အသုံးပြုခြင်းအား သရုပ်ပြနိုင်စွမ်း မရှိခဲ့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အဲဒီသရုပ်ပြမှုဟာ သမ္မတ Mr Ghani ရဲ့ အစိုးရနဲပ ပိုမိုခက်ခဲတဲ့ စေ့စပ်ဆွေးနွေးမှုတွေစတင်ဘို့ရာ သူပုန်အုပ်စုရဲ့ နိုင်ငံရေးခံယူချက်ကိုလည်း အချက်ပြလိမ့်မယ်ဖြစ်ပါတယ်။ ဒီစေ့စပ်မှုတွေက ဆယ်စုနှစ်များစွာကြာညောင်းပြီးဖြစ်တဲ့ Afghan စစ်ပွဲကို နောက်ဆုံး၊ နိဂုံးချုပ်ဘို့ အသေအချာဖြစ်စေရေးအတွက် လိုအပ်တဲ့ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောက်လုပ်ဘို့ အရေးပါလှပါတယ်။

အမေရိကန်တို့ရဲ့တောင်းဆိုချက်ဖြစ်တဲ့ ငြိမ်းချမ်းရေးအတွက် သရုပ်ပြနိုင်တဲ့ခံယူချက်ဟာ တစိတ်တပိုင်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုရရင် အဆိုပါသဘောတူစာချုပ်ရဲ့ ကာလရှည်အကျိုးသက်ရောက်မှုက Afghanistan နဲ့ တောင်အာရှဒေသပိုင်းအပေါ် ကျရောက်လိမ့်မယ်ဖြစ်တာကြောင့်သာဖြစ်ပါတယ်။ Taliban တို့ကို လုံခြုံရေးပါရဂူတွေက ယခုတိုင် သူပုန်အုပ်စုအဖြစ် ယူဆကြပေမဲ့ အဆိုပါသဘောတူစာချုပ်ကို အမေရိကန်ပြည်ထောင်စုနဲ့ ကာတာနိုင်ငံ Doha မြို့မှာအခြေစိုက်ထားတဲ့ သူပုန်အုပ်စုတို့ရဲ့ နိုင်ငံရေးစေ့စပ်ညှိနှိုင်းရေးအသင်းတို့အကြား သဘောတူစာချုပ်တခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ရင် Taliban တို့က အဓိကနိုင်ငံရေး တရားဝင်အခွင့်အာဏာတွေ ရရှိလိမ့်မယ်ဖြစ်ပါတယ်။

အာဏာအလွှဲသုံးစားမှုနဲ့ စွတ်စွဲရုံးတင်စစ်ဆေးခံရမှုမှ လွတ်မြောက်လာခဲ့တဲ့ သမ္မတ Mr Trump ဟာ သူ့ရဲ့ပြည်တွင်းအကဲဖြတ်မှုမှာ Taliban တို့က တခါပြန်ပြီး သစ္စာဖောက်ကြမယ်ဆိုဒါတောင် သူ့ရဲ့ရာထူးနေရာမှာ လုံခြုံစွာရပ်တည်နေမယ်ဖြစ်ပါတယ်။ ဒါကြောင့် Mr Pompeo ဟာ ယုံကြည်ချက်ပြည့်ဝတဲ့ အမေရိကန်သမ္မတရဲ့လှုပ်ရှားမှုဟာ ရေရှည်ကြာပြီးဖြစ်တဲ့ စစ်ပွဲအတွက် ဖြေရှင်းချက်တခုရရှိစေမယ်ဖြစ်ပြီး၊ သည်နယ်မြေဟာ အီရန်နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့အတွက် လွန်ခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က အီရန်ဗိုလ်ချုပ်ကြီး Soleimani လုပ်ကြံခံခဲ့ရတဲ့နောက်ပိုင်း အထူးအရေးပါလာခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဒီစစ်ဘေးဒါဏ်ခံနေရတဲ့နိုင်ငံအတွင်း ဘယ်သို့သော ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်ကမဆို၊ Afghan တို့ဦးဆောင်ပြီး၊ Afghan တို့ကိုယ်ပိုင်ဖြစ်စေရမယ်ဆိုဒါကို ဆက်လက်ထောက်ခံလျှက်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံဟာ ငြိမ်းချမ်းပြီး၊ လုံခြုံတဲ့ Afghanistan နိုင်ငံကို မြင်တွေ့လိုပါတယ်။ သို့သော် New Delhi အစိုးရဟာ အကြမ်းဖက်သမားအုပ်စုတွေနဲ့ စေ့စပ်ညှိနှိုင်းမှုသို့မဟုတ် အကြမ်းဖက်သမားအဖွဲ့အစည်းတွေအပေါ် မှီခိုခြင်းနဲ့ပတ်သက်ပြီး၊ တွန့်ဆုတ်မှုတွေရှိနေပါတယ်။


ကျွန်ုပ်တို့အဖို့ကတော့ Taliban တို့နဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား စေ့စပ်ဆွေးနွေးမှုတွေအား စောင့်ကြည့်ဘို့သာရှိပါတော့တယ် စသည်ဖြင့် ဆောင်းပါးရှင် Kallol Bhattacherjee ဝေဖန်သုံးသပ်ထားတာကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”