အိန္ဒိယနိုင်ငံသို့ သမ္မတ Mr. Trump ခရီးစဉ်၏ အရေးပါရှိမှု

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Chintamani Mahapatra ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသို့ သမ္မတ Mr. Trump ခရီးစဉ်၏ အရေးပါရှိမှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ဒုတိယကမ္ဘာစစစ် ပြီးဆုံးခဲ့တဲ့ အချိန်ကတည်းက အမေရိကန်သမ္မတ တဦးဦးရဲ့ နိုင်ငံ တနိုင်ငံသို့ ခရီးစဉ်သွားရောက်မှုရဲ့ အရေးပါမှုကို လျှော့တွက်လို့မရနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့အထူးအင်အားကြီး စူပါ ပါဝါနိုင်ငံတနိုင်ငံ ဖြစ်နေတာကြောင့်သာ မဟုတ်ပါဘူး။ ကမ္ဘာ့ နိုင်ငံရေးရာ စီးပွားရေး အခြေအနေအတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ အခန်းကဏ္ဍအရေးပါမှုတည်ရှိနေပြီး ရှုပ်ထွေးလှတဲ့ အချိတ်အဆက် ကွန်ယက်တခုအတွင်းမှာလည်း တည်ရှိနေပါတယ်။

အမေရိကန် သမ္မတခရီးစဉ်တခုရဲ့ ရလဒ်နှင့်ပတ်သက်ပြီး မတူကွဲပြားတဲ့ ထင်မြင်ချက် အသီးသီး ရှိနိုင်ပေမယ့် အမေရိကန်တို့နှင့် စေ့စပ်လုပ်ဆောင်မှုရဲ့ အရေးပါမှုကိုတော့ ဘယ်အရာကမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံကို အမေရိကန်သမ္မတ Mr. Donal Trump ရဲ့ လာလတ္တံ့သော ခရီးစဉ်ဟာ ၂ နိုင်ငံစလုံးအတွက် ဘာကြောင့် အရေးပါနေတယ် ဆိုတာနှင့်ပတ်သက်ပြီး အရေးကြီးတဲ့ အကြောင်းအချက်တွေ များအပြား ရှိပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာပိုင်း ချိန်ခွင်လျှာဟာ အမေရိကန်ပြည်ထောင်စုကို ထောက်ခံတဲ့ဘက်ကို အလျင်အမြန် တိမ်းစောင့်လာနေလျှက်ရှိပါတယ်။ အမေရိကန်အကြောင်း ပြောဆိုမှု လျော့နည်းလာတာတွေနှင့် တရုပ်အကြောင်း ပြောဆိုမှု တိုးများလာတာတွေဟာ ရပ်တန့်သွားကြပြီဖြစ်ပါတယ်။ သမ္မတ Mr. Trump ဟာ သူ့ရဲ့ သမ္မတရာထူးနှင့်အတူ အငြင်းပွားဖွယ်တွေ အများအပြားရှိနေတယ်ဆိုပေမယ့် အမေရိကန်ပြည်ထောင်စုရဲ့ အနေအထားနှင့် အာဏာပါဝါတို့ကို ကမ္ဘာ့အလယ်မှာ ပြန်လည်ရယူနိုင်စွမ်းရှိသူဖြစ်ပြီး တရုပ်နိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာ့လုံးဆိုင်ရာ ဩဇာရှိမှုကိုတွန်းလှန်ဖို့ မစွမ်းနိုင်ဖြစ်နေတာကို တွေ့ရပါတယ်။ အမေရိကန်ပြည်ထောင်စုလို နိုင်ငံရေးရာ ဩဇာတက္ကမ ကြီးမားတဲ့နိုင်ငံကြီးတနိုင်ငံနှင့် စေ့စပ်လုပ်ဆောင်မှုဟာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဘယ်နိုင်ငံအတွက်မဆို လိုအပ်လှပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်ခန့်က တည်ဆောက်ခဲ့ကြတဲ့ အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့ရဲ့ မဟာဗျူဟာ ပူးပေါင်းလုပ်ဆောင်မှုဟာ အဆက်မပြတ် အဓွန့်ရှည် တည်တံ့စေဖို့ ပြုပြင်မွမ်းမံမှုတွေ လိုအပ်နေပါတယ်။ အမေရိကန်သမ္မတနှင့် အိန္ဒိယ ဝန်ကြီးချုပ်တို့အကြား ညီလာခံ ဆွေးနွေးမှုဟာ မဟာဗျူဟာ ပူးပေါင်းမှု သဘောသဘာဝဖြစ်သလို ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနတို့ပါဝင်တဲ့ ၂ ဦးစီ ဆွေးနွေးရေး ယန္တယားဟာ ၂ နိုင်ငံ ဆက်ဆံရေးတွေ တိုးတက်စေဖို့ ဖြည့်ဆည်းချက်တရပ် ဖြစ်လာခဲ့ပါတယ်။ သမ္မတ Mr. Trump ဟာ အပြန်အလှန် ခရီးစဉ် များများစားစား မသွားရောက်ခဲ့ပါဘူး။ အိန္ဒိယနိုင်ငံကို လာရောက်ဖို့ စိတ်ဝင်စားမယ်ဆိုရင်တော့ ဒါဟာ လက်ရှိ အိမ်ဖြူတော် အစိုးရအနေနှင့် အိန္ဒိယနိုင်ငံနှင့်အတူ အမေရိကန်ပြည်ထောင်စုရဲ့ ဆက်ဆံရေးတွေ ပါဝင်ပတ်သက်စေမှု ရှိစေလိုက်တယ်ဆိုတဲ့ အရေးပါမှုကို ထင်စပ်စေလိုက်တာပဲဖြစ်ပါတယ်။

ဝါရှင်တန် ဒီစီမြို့မှာ သမ္မတ Mr. Trump နှင့်အတူ ဝန်ကြီးချုပ် Mr. Modi ရဲ့ ညီလာခံ ဆွေးနွေးပွဲဟာ ဝန်ကြီးချုပ်ဆိုင်ရာ နိုင်ငံခြားမူဝါဒရဲ့ ထူးခြားတဲ့ လက္ခဏာတရပ် ဖြစ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွင်းက “Howdy Modi” အခမ်းအနားကြီးမှာ အိန္ဒိယဝန်ကြီးချုပ်ကို ထောက်ခံမှုပြုကြတာဟာ အမေရိကန်သမ္မတကို ၎င်းတို့နိုင်ငံအတွင်း အိန္ဒိယအနွယ်ဝင်တွေ ပါဝင်လုပ်ဆောင်နေကြတဲ့ ရင်းမြစ်တွေနှင့်ပတ်သက်လို့ ဖော်ပြလိုက်တာ ဖြစ်ခဲ့ပါတယ်။

နိုင်ငံတွေအကြား အခြေခံကြတဲ့ ဆက်ဆံရေးတွေ ဘယ်လိုပဲရှိသည်ဖြစ်စေ အဲဒီဆက်ဆံရေးတွေရဲ့ အမြင့်ဆုံးအဆင့်ကို အာရုံပြုမှုကတော့ ဒီလိုအခြေခံ အချက်အလက်တွေရဲ့ အကျိုးကျေးဇူးကို သဘောပေါက်နားလည်ဖို့က သော့ချက်ဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံသို့ သမ္မတ Trump ရဲ့ လာလတ္တံ့သော ခရီးစဉ်ဟာ အလွန် ထူးခြား အရေးပါလျှက် ရှိနေပါတယ်… စသဖြင့် ဆောင်းပါးရှင် Chintamani Mahapatra ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”