အိုင်အိုဝါမြို့ သီးသန့်ဆွေးနွေးပွဲ - အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲ တရားဝင် စတင်လိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့် သတင်းစာဆရာ ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိုင်အိုဝါမြို့ သီးသန့်ဆွေးနွေးပွဲ - အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲ တရားဝင် စတင်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ အဓိကကျတဲ့ ပါတီကြီးနှစ်ခုဖြစ်တဲ့ ပါတီ အသီးသီးတို့ရဲ့ ပါဝင်ယှဉ်ပြိုင်သူတွေအနေနှင့် ၎င်းတို့ပါတီတွေရဲ့ သမ္မတလောင်းတွေအဖြစ် အမည်စာရင်းပေးသွင်းခံရဖို့ စည်းရုံးလှုံ့ဆော်မှုတွေ စတင်မှုနှင့်အတူ ၁ နှစ်နီးပါး ကြာမြင့်တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုအတွင်း ဒီမိုကရက်တစ်ပါတီနှင့် ရီပဗ္ဗလစ်ကန် ပါတီတို့ဟာ အဓိက ပါတီကြီး ၂ ခု ဖြစ်ကြပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်ဆဲ သမ္မတ Mr. Donald Trump ဟာ ရီပဗ္ဗလစ်ကန် ပါတီရဲ့ သမ္မတလောင်းအဖြစ် တည်ရှိသွားမယ်ဆိုတာ ကျိန်းသေသလောက်ရှိနေတာကြောင့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလမှာပြုလုပ်မယ့် သမ္မတ ရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ် ပါတီအဖွဲ့ဝင် အများအပြားတို့ဟာ ပါတီထံကနေ အမည်စာရင်းသွင်းခံရဖို့ ပြိုင်ဆိုင်လျှက် ရှိနေကြပါတယ်။

သမ္မတလောင်း ပါဝင်ယှဉ်ပြိုင်ဖို့ အမည်စာရင်း ပေးသွင်းမှုတွေဟာ ပါတီက ကိုယ်စားလှယ် အကြိုရွေးကောက်ပွဲ အသီးသီး လုပ်ဆောင်မှုတွေ၊ သီးသန့် စုဝေးဆွေးနွေးမှုတွေနှင့် ဘယ်သူက ၎င်းတို့ပါတီရဲ့ အမည်စာရင်း တင်သွင်းသူ ဖြစ်လိမ့်မယ်ဆိုတာကိုဆုံးဖြတ်တဲ့ ပါတီဆိုင်ရာ အမျိုးသား ညီလာခံမှာ နောက်ဆုံးအားဖြင့် ပြီးဆုံးလေ့ရှိပါတယ်။

အမေရိကန်တို့ရဲ့ ရွေးကောက်ပွဲစနစ်မှာ ပြည်နယ်အဆင့် အကြိုရွေးကောက်ပွဲတွေနှင့် ဆွေးနွေးမဲခွဲမှုတွေ ပါဝင်ကြပါတယ်။ ပထမအဆင့်မှာဆိုရင် ပါတီအဖွဲ့ဝင်တွေဟာ ပြည်နယ် အသီးသီးတို့မှာ စုဝေးဆွေးနွေးကြပြီး အမျိုးသားညီလာခံအတွက် ကိုယ်စားလှယ်လောင်း အဖွဲ့ဝင်တွေကို ရွေးချယ်ကြပါတယ်။ ရွေးချယ်မှုတွေဟာ လျှို့ဝှက် မဲပေးစနစ်နှင့် ပြုလုပ်တာ ဖြစ်ပါတယ်။ ဒါပေမယ့် နှုတ်ဖြင့် မဲခွဲမှုတို့မှာတော့ ကိုယ်စားလှယ်တွေ ရွေးချယ်မှုကို မတ်တပ်ရပ် ထောက်ခံခြင်း ဒါမှမဟုတ် လက်မြှောက်ထောက်ခံခြင်းတို့ကတဆင့် ပြုလုပ်ပါတယ်။

သမ္မတ ရွေးကောက်ပွဲအတွင်း ပထမဆုံး ကိုယ်နှုတ်အမူအရာအားဖြင့် ရွေးချယ်မှုဟာ အိုင်အိုဝါမြို့မှာ ပြုလုပ်လေ့ရှိပြီး အကြိုရွေးကောက်ပွဲကိုတော့ New Hampshire ပြည်နယ်မှာ ပြုလုပ်ပါတယ်။ ဒီမိုကရက်တစ်ပါတီဟာ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့က အိုင်အိုဝါမြို့မှာ ၎င်းတို့ရဲ့ မဲပေးရွေးချယ်မှု ပြုလုပ်ခဲ့ပြီး အဲဒီသမ္မတ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူ သမ္မတလောင်း ၂၈ ဦး ရှိခဲ့ပါတယ်။ ရွေးချယ်မှုပြုလုပ်ချိန်မှာပဲ အရေအတွက်က ၁၂ ဦးအထိ လျော့နည်းသွားခဲ့ပါတယ်။ အိုင်အိုဝါမြို့မှ မဲပေးရွေးချယ်မှုဟာ ဒီမိုကရက်တစ်ပါတီရဲ့ အမျိုးသား ညီလာခံ တက်ရောက်ဖို့ ကိုယ်စားလှယ် ၄၁ ဦးတို့ကို ရွေးချယ်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ် အမေရိကန်ပြည်ထောင်စု သမ္မတ ရွေးကောက်ပွဲကို ကမ္ဘာတဝှမ်းလုံးက အားရနှစ်လိုစွာနှင့် စောင့်ကြည့်နေကြပါတယ်။ အဓိကအချက်ကတော့ အမေရိကန်သမ္မတ Mr. Donald Trump ဟာ ဒုတိယ သက်တမ်းကာလအတွက် ယှဉ်ပြိုင်နေတာကြောင့် ဖြစ်ပါတယ်။ သူဟာ အမေရိကန်တို့ရဲ့ နိုင်ငံရေး၊ လူမှုရေးနှင့် နိုင်ငံရပ်ခြားမှ အမေရိကန်တို့ရဲ့ မိတ်ဆွေတွေကိုတောင် အများအပြား သက်ရောက်စေနိုင်သူလို့ ဆိုရမှာဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှာ အမေရိကန်ပြည်သူလူထုတို့ဟာ ၎င်းတို့ရဲ့ လာမယ့်သမ္မတကို ရွေးချယ်ကြတဲ့အခါ Mr. Trump အနေနှင့် ဘာတွေ ကြုံတွေ့သွားရမလဲဆိုတာကတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံအဖြစ်နှင့် အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ရှေးအကျဆုံး ဒီမိုကရေစီနိုင်ငံလည်းဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနှင့်အတူ အနီးကပ်အားဖြင့် မဟာဗျူဟာ မိတ်ဖက်နိုင်ငံအဖြစ် လုပ်ဆောင်သွားဖို့ ရှုမျှော်လျှက်ရှိပါတယ်… စသဖြင့် ဆောင်းပါးရှင် Chintamani Mahapatra ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”