“ကုန်ထုတ်လုပ်ရေးနယ်ပယ်ရဲ့ ကြီးထွားမှုနှုန်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Aditya Raj Das ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကုန်ထုတ်လုပ်ရေးနယ်ပယ်ရဲ့ ကြီးထွားမှုနှုန်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း အစီအရင်ခံ တင်ပြပါရစေ။
အိန္ဒိယစီးပွားရေးရဲ့ ကြီးထွားမှုအရှိန်ဟာ ဆက်လက်ဖြစ်ပေါ်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ နှေးကွေးမှုတွေရဲ့ အကျိုးသက်ရောက်မှုဖိအားအောက် ကျရောက်နေချိန်မှာ နိုင်ငံတော်ရဲ့ သော့ချက်ကျ ကုန်ထုတ်လုပ်ရေးနယ်ပယ်ဟာ ယခုနှစ် ဇန်နဝါရီလအတွင်း ထိုးထွက်လာခြင်းဟာ တိုးများလာနေတဲ့ လိုအပ်မှုတွေရဲ့နောက်မှာ ပေါ်ပေါက်ခြင်းဟာ တောင့်တင်းခိုင်မာပြီး အပြုသဘောဆောင်တဲ့ အိန္ဒိယစီးပွားရေးရဲ့ ပုံအသွင်တခုဖြစ်တယ်ဆိုဒါကို ယုံမှားသံသယဖြစ်စရာမရှိပါဘူး။ ဦးဆောင်ဈေးကွက်နဲ့ စီးပွားရေးသုတေသနအဖွဲ့ကြီးဖြစ်တဲ့ HIS Markit ရဲ့ လေ့လာကောက်ယူခဲ့တဲ့စာရင်းဇယားတွေအရ၊ India နိုင်ငံဟာ Manufacturing Purchasing Manager’s Index (PMI) မာတိကာမျာ ဒီဇင်ဘာလအတွင်း ၅၂.၇ မှတ်ရှိခဲ့ရာမှ ဇန်နဝါရီလအတွင်း ၅၅.၃ မှတ်သို့ ရောက်ရှိခဲ့ပြီး လွန်ခဲ့တဲ့ (၈) နှစ်မျှသောအချိန်ကာလမှာ အမြင့်ဆုံးဖြစ်ကာ အိန္ဒိယစီးပွားရေးမှာ တခါပြန်ပြီး တောက်ပြောင်တဲ့နေရာအကွက်တွေကို ဖေါ်ပြဘို့ စတင်လိုက်တာဒါဘဲဖြစ်ပါတယ်။ အဆိုပါ Purchasing Manager’s Index ကို HIS Markit အဖွဲ့ကြီးကနေ ကမ္ဘာတဝှမ်း စီးပွားရေးနိုင်ငံပေါင်း (၄၀) တို့အတွက် လေ့လာပြုစုတာဖြစ်ပါတယ်။ PMI ရဲ့ Dataset ဟာ ခေါင်းစဉ်ပိုင်းနံပါတ်ကိုဖေါ်ပြပြီး၊ အဲဒီနံပါတ်က စီးပွားရေးနိုင်ငံတနိုင်ငံရဲ့ ဘက်စုံကြံ့ခိုင်ရေးကို ညွှန်ပြပါတယ်။ PMI အမှတ် (၅၀) ထက်ကျော်ဒါက တိုးချဲ့ခြင်းကို ဖေါ်ပြပါတယ်။ လူသုံးပစ္စည်းနယ်ပယ်ခွဲဟာ တိုးတက်တောက်ပပြီး၊ အလတ်တန်းစားကုန်ပစ္စည်းတွေဟာ သူတို့ရဲ့အရှိန်ကို ထိန်းသိမ်းထားကြပါတယ်။ အဓိကကုန်ပစ္စည်းတွေက တိုးချဲ့ရေးအနေအထားသို့ ပြန်ရောက်လာကြပြီး၊ စီးပွားရေးမှာ ရင်းနှီးမြှပ်နှံမှုတွေကို ပြန်လည်အသစ်တဖန် ဖြစ်စေမဲ့ အလားအာတွေအား အကြံပြုလျှက်ရှိပါတယ်။
PMI ရဲ့ညွှန်ကြားချက်တွေဟာ ပြည်ပဈေးကွက်က ရောင်းဝယ်ဖေါက်ကားမှုတွေအား ပိုမိုကောင်းမွန်စေရာမှာ အထောက်အကူပြုပါတယ်။ ပြည်ပတင်ပို့ရောင်းချဘို့ လတ်လတ်ဆပ်ဆပ်မှာယူမှုတွေဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အမြန်ဆုံးဖြစ်ခဲ့ပြီး၊ ကုန်ထုတ်လုပ်မှုဟာ မြင့်မားတဲ့ရောင်းချမှုတွေကို အာရှ၊ ဥရောပနဲ့ မြောက်အမေရိကားနိုင်ငံတွေအထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ထည့်ဝင်ရမဲ့တန်ဘိုးတွေဟာ သက်သာလာပြီး၊ ဒီအချက်ဟာ အမြတ်အစွန်းကို တိုးတက်စေရာမှာ အထောက်အကူပြုနိုင်ပါတယ်။ တချို့သောကုမ္ပဏီတွေဟာ သတ္တုပစ္စည်း၊ အထည်အလိပ်နဲ့ စားသောက်ကုန်ပစ္စည်းတွေအတွက် မြင့်မားတဲ့ဈေးနှုန်းတွေကို ဖေါ်ပြကြသလို တခြားတဖက်က ကြေးနီး၊ ပစ္စည်းထုပ်ပိုးတဲ့အရာနဲ့ ရာဘာတွေအတွက် ဈေးနှုန်းနည်းပါးနေတယ်လို့ ဖေါ်ပြကြပါတယ်။
လိုအပ်မှုတွေမှာ အရှိန်ရလာဒါနဲ့အမျှ အိန္ဒိယကုန်ပစ္စည်းထုတ်လုပ်သူတွေဟာ ဇန်နဝါရီလအတွင်းမှာ ကုန်ထုတ်လုပ်မှုမြင့်တင်ခဲ့ကြပါတယ်။ PMI data စာရင်းမှာ ယခုတိုးမြှင့်လာခြင်းဟာ အချိန်ကာလ ၇ နှစ်ခွဲမှာ အခိုင်မာဆုံးဖြစ်ပြီး၊ တိုးချဲ့ခြင်းနှုန်းဟာ တာရှည်ပျှမ်းမျှနှုန်းထက် အလွန်မြင့်မားနေတယ်လို့ ဖေါ်ပြထားပါတယ်။
ယခုအချိန်အထိ ငှားယူမှုနှုန်းကလည်း အရှိန်ရနေပါတယ်။ ဒီအချက်ဟာ စီးပွားရေးတိုးချဲ့မှုကို ထပ်လောင်းအားဖြည့်ပေးပါလိမ့်မယ်။ ကုမ္ပဏီတွေဟာ အလုပ်ခန့်အပ်မှုတိုးမြှင့်စေနေဒါက အချိန်ကာလ ၇ နှစ်ခွဲမှာ အမြန်ဆုံးဖြစ်ပါတယ်။ ယခုလိုဖြစ်ရဒါရဲ့ အကြောင်းရင်းကတော့ ရောင်းဝယ်ဖောက်ကားမှုမှာ ကြီးထွားမှုသစ်တွေရှိနေပြီး၊ ပရိုဂျက်များစွာတို့ကို စီမံထားလို့ဘဲဖြစ်ပါတယ်။
အိန္ဒိယစီးပွားရေးစွမ်းအားနဲ့ပတ်သက်ပြီး ထောက်ခံမှုကို နိုင်ငံတကာရံပုံငွေအဖွဲ့ကြီး IMF ရဲ့ညွှန်ကြားရေးမှူးချုပ် Ms Kristalina Georgieva က ပေးကမ်းပြီးဖြစ်ကာ၊ သူမဟာ မကြာသေးမှီလေးကဘဲ အိန္ဒိယနိုင်ငံရဲ့စီးပွားရေးက ကျဆင်းနေဒါမဟုတ်ဘူးလို့ ဖေါ်ပြခဲ့ပါတယ်။ Ms Georgieva က အိန္ဒိယစီးပွားရေးဟာ လွန်ခဲ့တဲ့နှစ်အတွင်း ပြင်းထန်တဲ့နှေးကွေးမှုတွေနဲ့ ကြုံတွေ့ခဲ့ရဒါမှန်ကန်ပြီး၊ IMF အဖွဲ့ကြီးကလည်း ကြီးထွားမှုအတွက် အရင်းစိုက်မှုတွေအား ပြန်လည်သုံးသပ်ကာ နိမ့်ကျမှုအဖြစ် ဖော်ပြခဲ့ပါတယ်။ ယခုအခါမှာတော့ ကမ္ဘာလုံးဆိုင်ရာ နှေးကွေးမှုတွေရှိနေသည့်တိုင်၊ IMF က ၂၀၂၀ ခုနှစ်အတွင်း ကြီးထွားမှုနှုန်း ၅.၈% ကို မျှော်မှန်းထားပြီး၊ ၂၀၂၁ ခုနှစ်မှာ တိုးတက်ရေးလမ်းကြောင်းပေါ် ကြီးထွားမှုနှုန်း ၆.၅% နဲ့ ရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းထားကြောင်း ဖော်ပြခဲ့ပါတယ်။ IMF ဥက္ကဌက ဖော်ပြခဲ့သလို အိန္ဒိယနိုင်ငံဟာ အရေးပါတဲ့ပြုပြင်ပြောင်းလဲမှုများစွာတို့ကို ပြုလုပ်ခဲ့ပြီးဖြစ်ကာ၊ ဒီလှုပ်ရှားမှုက ရေရှည်ကာလမှာ နိုင်ငံအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေလိမ့်မယ်ဖြစ်ပါတယ်။ ယခုအခါ ကမ္ဘာကြီးဟာ အများအားဖြင့် အိန္ဒိယနိုင်ငံစီးပွားရေးရဲ့ စွဲမြဲတဲ့ ပြန်လည်ခုန်တက်နိုင်စွမ်းနဲ့ စွမ်းအားတို့ကို တဖြေးဖြေးပိုမိုသိရှိလာနေကြဒါဟာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအတွက် တည်တံ့တဲ့ အချက်အလက်တခုကို သက်သေထူလိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Aditya Raj Das ဝေဖန်ရေးသားပေးပို့ထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment