ဗဟိုအစိုးရ ဘတ်ဂျက်ပြန်တမ်းသည် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အာရုံပြုထားခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့် သတင်းစာဆရာ ဆောင်းပါးရှင် G. Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဗဟိုအစိုးရ ဘတ်ဂျက်ပြန်တမ်းသည် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် အာရုံပြုထားခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

၂၀၂၀-၂၁ ခုနှစ် ဗဟိုအစိုးရ ဘတ်ဂျက်ပြန်တမ်းဟာ ရေရှည်ထိရောက်မယ့် စီမံချက် အသီးသီးတို့ကိုဖော်ထုတ်လျှက် အိန္ဒိယနိုင်ငံရဲ့ စီးပွားရေး ဆုတ်ယုတ်ကျဆင်းနေမှု ပြန်လည်ဦးမော့လာစေဖို့ တွန်းအားပေးထားတာဖြစ်ပါတယ်။ ဘတ်ဂျက်ပြန်တမ်းဟာ ပြည်သူလူထုအတွက် ငွေကြေးပိုမိုထားရှိမှုတွေ၊ တောင်သူလယ်သမားတွေရဲ့ ဝင်ငွေနှစ်ဆ တိုးတက်စေဖို့ စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် ပံ့ပိုးကူညီမှုတွေကနေ စီးပွားရေး အခြေခံအဆင့် တိုးတက်စေဖို့အတွက် ကုမ္ပဏီတွေအပေါ် အခွန်ကောက်ယူမှုအစုစုတို့ ဖယ်ရှားမှုတွေအထိ ပါဝင်ကြပါတယ်။

ငွေကြေးဆိုင်ရာ စိန်ခေါ်မှုရှိနေတဲ့ အချိန်ကာလမျိုးမှာ ဘတ်ဂျက်ပြန်တမ်းတရပ် ဖန်တီးရေးဆွဲမှုဟာ ကြီးမားခက်ခဲတဲ့ လုပ်ငန်းတာဝန်တရပ်ဖြစ်ပေမယ့် ဘဏ္ဍာရေးဝန်ကြီး မစ္စစ် Nirmala Sitaraman ဟာ ငွေကြေးအသုံးစရိတ်အတွက် လုံလောက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မျှဝေစီမံပြီး ကျွမ်းကျင်ပိုင်နိုင်စွာနှင့် ချိန်ညှိလုပ်ဆောင်ခဲ့တာကြောင့် အစိုးရပိုင်း ငွေကြေးချေးငှားမှု အများအပြားတို့ဟာ ဒီအရင်းအနှီးတွေကနေ လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘတ်ဂျက်ပြန်တမ်းမှာ ပြည့်ပြည်စုံစုံ ပြဋ္ဌာန်းထားတဲ့အတိုင်း အစိုးရဟာ ကျန်းမာရေး၊ သာယာဝပြောရေးနှင့် ချမ်းသာသုခ ရရှိရေးတို့လို အိန္ဒိယနိုင်ငံသား အားလုံးတို့အတွက် လူနေမှုဘဝ သက်သာချောင်ချိစေဖို့ အကြမ်းဖျင်း မျှော်မှန်းချက် တစိတ်တပိုင်းအဖြစ် သန့်ရှင်းစင်ကြယ်ရေးနှင့် ရေ ထိန်းသိမ်းစောင့်ရှောက်ရေးတို့မှာ ငွေကြေး ရင်းနှီးမတည်မှုတွေနှင့် လူထုအခြေခံ အဆောက်အဦး စီမံကိန်းတွေအပေါ် ဆက်လက် တွန်းအားပေးလျှင်ရှိတာကို ညွှန်းဆိုပြသလိုက်တာဖြစ်ပါတယ်။

၅ နှစ်တာကာလတလျှောက်မှာ ပမာဏအားဖြင့် ရူပီးငွေ ကုဋေပေါင်း ၁၀၂ သိန်းရှိတဲ့ နိုင်ငံတော် အခြေခံအဆောက်အဦး ပိုက်လိုင်းစီမံကိန်းအောက်မှာ အခြေခံအဆောက်အဦး တည်ဆောင်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေကို ငွေကြေးပေးအပ်ဖို့အတွက် ယခုဘဏ္ဍာရေးနှစ်မှာ စုစုပေါင်း ကုဋေ ၂၂၀၀၀ သတ်မှတ်ခွဲဝေပေးထားပါတယ်။ ဒါဟာ အခြေခံ အဆောက်အဦးဆိုင်ရာ စီမံကိန်းကဏ္ဍအတွက် များစွာလိုအပ်နေတဲ့ ရေရှည် ငွေကြေးပေးအပ်မှုတွေ တိုးချဲ့ပြီး အထောက်အကူပြုသွားမှာ ဖြစ်ပါတယ်။

ပကတိ စီးပွားရေးကဏ္ဍတွေအတွက် လိုအပ်နေတဲ့ သက်သာစေရေး အစီအစဉ်တွေဟာ ဘဏ္ဍာရေးရာ တာဝန်ရှိမှုနှင့် ဘတ်ဂျက် စီမံခန့်ခွဲရေး အက်ဥပဒေကနေ ဘောင်ကျော် အခွင့်ပေးထားတဲ့အလျောက် ၂၀၁၉-၂၀ ခုနှစ်အတွက် ငွေကြေးအလိုပြမှုဟာ စုစုပေါင်း ပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး GDP ၃.၈% အနက် ၃.၃% မျှော်မှန်းချက်ပန်းတိုင်ကို ကျော်လွန်စေနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ၀.၅% ပမာဏဟာ အိန္ဒိယနိုင်ငံလို အားကောင်းတဲ့ စီးပွားရေးနိုင်ငံ ၁ နိုင်ငံအနေနှင့် ဖွံ့ဖြိုးရေးလမ်းကြောင်းကို ဆုံးရှုံးနိုင်မှာမဟုတ်ဘူးဆိုတဲ့ အခြေအနေနှင့်ပတ်သက်ပြီး အထင်အရှား ပြသလျှက်ရှိပါတယ်။

စိုက်ပျိုးမွေးမြူရေး၊ ဆည်မြောင်းဖောက်လုပ်ရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်တွေမှာ စီးပွားရေးရာနှင့်သက်ဆိုင်ပြီး ကျယ်ပြန့်တဲ့ကဏ္ဍတွေအနက် လုံလောက်မှုရှိတဲ့ ကုန်လှောင်ရုံတွေ တည်ဆောက်ရေး၊ ပုပ်သိုးပျက်စီးလွယ်တဲ့ ကုန်ပစ္စည်းတွေအတွက် နိုင်ငံတဝှမ်း အအေးပေးစနစ်တွေ၊ လာမယ့် ဘဏ္ဍာရေးနှစ်အတွက် လယ်ယာကဏ္ဍ ငွေကြေးအသုံးပြုမှုမှာ ရူပီးငွေ ကုဋေပေါင်း ၁၅ သိန်းပမာဏနှင့် ငွေကြေးပိုမိုခွဲဝေ စီမံမှုတွေနှင့်အတူ ဘောင်ဝင်ခြုံငုံမိလျှက်ရှိပါတယ်။ ပညာရေးကဏ္ဍအတွက် ရူပီးငွေ ကုဋေ ၉၉၃၀၀ နှင့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုဋေ ၃၂၀၀ ရှိတဲ့ ငွေကြေးပမာဏ အများအပြားတို့ကို လာမယ့်ဘဏ္ဍာရေးနှစ်အတွက် သတ်မှတ်ထားပြီးဖြစ်ပါတယ်။

ပြည်သူလူထုတွေရဲ့ အခွန်ပေးဆောင်ရမှုတာဝန်တွေ ဖယ်ရှားလိုက်ပြီးတဲ့နောက် လုံလောက်တဲ့ ဝင်ငွေတွေ ရရှိစေဖို့အတွက် ဘတ်ဂျက်ပြန်တမ်းဟာ ရိုးရှင်းတဲ့ အခွန်ပြဋ္ဌာန်းစနစ်သစ် တရပ်နှင့်အတူ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှုကဏ္ဍမှာ ကုမ္ပဏီတွေရဲ့ စွမ်းရည်အပြည့်အဝဖွံ့ဖြိုးစေဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းကြေညာခဲ့တဲ့ ပြည်တွင်း ကုမ္ပဏီသစ်တွေအတွက် ဝင်ငွေစည်းကျပ်ခွန် ၁၅% လျော့ပေါ့မှုကို လျှပ်စစ်ဓာတ်အားကဏ္ဍအတွက် ဆက်လက်ပေးအပ်သွားမှာဖြစ်ပါတယ်။ ပြည်တွင်း ငွေကြေးချေးငှားမှုဈေးကွက် ပိုမိုတိုးတက်စေဖို့ နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍဆိုင်ရာ ငွေကြေးကန့်သတ်ချက်ကို ၉% ကနေ ၁၅% အထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။

အစိုးရဟာ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်မှာ ရူပီးငွေ ကုဋေ ၆၅၀၀၀ ရှိခဲ့ရာမှာ လာမယ့်ဘဏ္ဍရေးနှစ်အတွက် ရူပီးငွေ ကုဋေ ၂.၁ သိန်းရှိတဲ့ မြှုပ်နှံမှုလျော့ချရေး မျှော်မှန်းချက်နှင့်အတူ အများစုအားဖြင့် ပစ္စည်းဥစ္စာ ရောင်းချမှုမှတဆင့် ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ငွေကြေးဖြည့်ဆည်းဖို့အတွက် နောက်ထပ်ရင်းမြစ်တွေ တိုးမြှင့်သွားဖို့ မျှော်မှန်းလျှက်ရှိပါတယ်။ ဘတ်ဂျက်ပြန်တမ်းဟာ ဖွံ့ဖြိုးမှု ဦးမော့လာစေဖို့ ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် အခွန်လျော့ချမှုတွေနှင့် ရင်းနှီးမြှုပ်နှံတွေ ပေးအပ်ထားသလို လာမယ့်ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု GDP ခန့်မှန်းထားချက်ဟာ ၁၀% ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် G. Srinivasan ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”