သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်ရဲ့ အလည်အပတ်ခရီးစဉ်က နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးကို အားဖြည့်ရန်ဖြစ်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR မှ သတင်းဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်ရဲ့ အလည်အပတ်ခရီးစဉ်က နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံရေးကို အားဖြည့်ရန်ဖြစ်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ် Mr Mahinda Rajapaksa ဟာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နဲ့အတူ အိန္ဒိယနိုင်ငံကိုလာရောက်ခဲ့ပြီး၊ အိန္ဒိယခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ Mr Rajapaksa ဟာ သမ္မတ Mr Ram Nath Kovind အား သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူဟာ ဝန်ကြီးချုပ် Mr Narendra Modi နဲ့ အကျယ်တဝန်း ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ကလည်း သီရိလင်္ကာနိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဝန်ကြီးချုပ် Mr Modi က အိန္ဒိယနဲ့ သီရိလင်္ကာနိုင်ငံတို့ဟာ မတွေးခေါ်နိုင်တဲ့ အချိန်ကာလကတည်းက အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြပြီး၊ အလွန်နီးကပ်တဲ့ မိတ်ဆွေတွေလည်း ဖြစ်ကြတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆက်လက်ပြီး၊ ကျွန်ုပ်တို့နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးသမိုင်းဟာ ရောင်စုံချည်မျှင်တွေနဲ့ နှောင်းဖွဲ့ထားပြီး၊ ယဉ်ကျေးမှု၊ ဘာသာရေး၊ လောကုတ္တရာ၊ အနုပညာနဲ့ ဘာသာစကားတို့နဲ့ ချည်နှောင်ထားပါတယ်။ လုံခြုံရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ သို့မဟုတ် လူမှုတိုးတက်ရေးဖြစ်စေ၊ ဒေသတိုင်းမှာ ကျွန်ုပ်တို့ရဲ့ အတိတ်ကာလနဲ့ အနာဂါတ်တို့ဟာ တဦးနဲ့တဦး ဆက်နွယ်လျှက်ရှိပါတယ်။ သီရိလင်္ကာနိုင်ငံအတွင်း တည်တံ့ရေး၊ လုံခြုံရေးနဲ့ ကြွယ်ဝချမ်းသာရေးတို့ဟာ အိန္ဒိယနိုင်ငံရဲ့ စိတ်ဝင်စားမှုသာဖြစ်ရုံမက အိန္ဒိယသမုဒ္ဒရာဒေသပိုင်းတခုလုံးအတွက် အရေးပါဒါမို့၊ ကျွန်ုပ်တို့ရဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်းမှာတောင် ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝချမ်းသားရေးအတွက် အရေးပါလှပါတယ်လို့ ဖော်ပြခဲ့ပါတယ်။ အစိုးရရဲ့ “Neighbourhood First” အိမ်နီးချင်းပထမ ပေါ်လစီအရနဲ့ SAGAR အားလုံးတို့အတွက် လုံခြုံရေးနဲ့ ကြီးထွားရေးမူဝါဒအတိုင်း တည်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံဟာ သီရိလင်္ကာနိုင်ငံနဲ့ ဆက်ဆံရေးကို အထူးဦးစားပေးလျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ သီရိလင်္ကာအစိုးရရဲ့ ဒေသပိုင်းလုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ခံယူချက်တွေကိုလည်း ကြိုဆိုပါတယ်။
ခေါင်းဆောင်နှစ်ဦးတို့ဟာ သီရိလင်္ကာနိုင်ငံအတွင်းက ပူးတွဲစီးပွားရေးပရိုဂျက်တွေနဲ့ စီးပွားရေး၊ ရောင်းဝယ်ဖောက်ကားရေးနဲ့ ရင်းနှီးမြှပ်နှံမှု ဆက်ဆံရေးတွေ တိုးမြှင့်ဘို့ရာ ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ဟာ ပြည်သူတို့မှ ပြည်သူသို့ ဆက်နွယ်မှုတိုးမြှင့်ရေး၊ ခရီးလှည့်လည်သွားလာမှုမြှင့်တင်ရေးနဲ့ ဆက်နွယ်မှုများတိုးတက်ကောင်းမွန်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
မကြာသေးမှီက Chennai မှ Jaffna မြို့သို့ တိုက်ရိုက်လေကြောင်းပျံသန်းမှုဟာ ဖော်ပြပါဦးတည်ချက်အတွက် ကြိုးပမ်းမှုတွေရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ အဆိုပါတိုက်ရိုက်လေကြောင်းခရီးစဉ်ဟာ သီရိလင်္ကာနိုင်ငံမြောက်ပိုင်းက တမီးလ်လူမျိုးတွေအတွက် ဆက်နွယ်ရေးနည်းလမ်းကို တိုးများစေတဲ့အပြင် စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးမှုအတွက်လည်း အကျိုးဖြစ်ထွန်းစေမယ်ဖြစ်ပါတယ်။ ဒီလေကြောင်းခရီးစဉ်ရဲ့ ကောင်းမွန်တဲ့တုန့်ပြန်မှုတွေဟာ နှစ်နိုင်ငံစလုံးတို့အတွက် ဝမ်းသာစရာဘဲဖြစ်ပါတယ်။ ဝန်ကြီးချုပ်နှစ်ဦးတို့က ကျွန်ုပ်တို့ရဲ့ဆက်ဆံရေး တိုးတက်ကောင်းမွန်စေရေးအတွက် ကြိုးပမ်းမှုတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံဟာ သီရိလင်္ကာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးကြိုးပမ်းမှုတွေမှာ ယုံကြည်စိတ်ချရတဲ့ ဖက်စပ်လုပ်ကိုင်သူနိုင်ငံဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က ချေးမငွေတွေကို ကြေညာခဲ့ပါတယ်။ ဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ကိုင်မှုအတွက် ပိုမိုစွမ်းအားပေးဆောင်ခဲ့ပါတယ်။ New Delhi အစိုးရဟာ သီရိလင်္ကာမြောက်ပိုင်းနဲ့ အရှေ့ပိုင်းဒေသပိုင်းအတွင်းက ပြည်တွင်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရသူတွေအတွက် အိန္ဒိယလူမျိုးများ အိမ်ယာပရိုဂျက်မှာ နေအိမ်ပေါင်း ၄၈,၀၀၀ ဆောက်လုပ်ပြီးစီးခဲ့ဒါမို့ ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံအထက်ပိုင်းမှာ အိန္ဒိယအမျိုးအနွယ် တမီးလ်လူမျိုးတွေအတွက် ထောင်ပေါင်းများစွာသော နေအိမ်တွေ ဆောက်လုပ်ရေးကလည်း တိုးတက်လာနေပြီဖြစ်ပါတယ်။
သီရိလင်္ကာဝန်ကြီးချုပ်ဟာ ဝန်ဆောင်ဘို့အတွက် ပြည်တွင်းအတင်းအကြပ်ကိုင်မှုရဲ့ ဖိအားကလည်း နိုင်ငံခြားရေးပေါ်လစီ ဆုံးဖြတ်ချက်တွေအပေါ် တွန်းအားဖြစ်စေတယ်လို့ ဖော်ပြခဲ့ပါတယ်။ Mr Rajapaksa က “ကျွန်ုပ်တို့အတွက် ဖွံ့ဖြိုးမှုက ပထမလိုအပ်ပါတယ်။ ကျွန်ုပ်တို့မှာ အချိန်အကန့်အသတ်သာရှိပါတယ်။ ငါးနှစ်မျှသောကာလအတွင်းမှာ ကျွန်ုပ်တို့ဟာ ရလဒ်တွေရရှိစေရမယ်ဖြစ်ပါတယ်။ ဒီလိုဖြစ်မလာရင်တော့ ပြည်သူတို့က သင့်ကို မောင်းထုတ်ကြလိမ့်မယ် ဖြစ်ပါတယ်။ အဲဒီလိုဘဲ ကျွန်ုပ်တို့အတွက်ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်ုပ်တို့ဟာ သီရိလင်္ကာနိုင်ငံကို ဘယ်အရာကအကောင်းဆုံး အကျိုးဖြစ်ထွန်းစေမယ်ဆိုဒါကို ကြည့်ရှုလိမ့်မယ်ဖြစ်ပါတယ်” လို့ ပြောကြားခဲပါတယ်။ တရုတ်နိုင်ငံရဲ့ အကြွေးအမှီ ထောင်ချောက်နဲ့ပတ်သက်ပြီး ပြောဆိုရာမှာ Mr Rajapaksa က အကယ်၍သာ အဒီအချိန်က သူ့ရဲ့အစိုးရရှိနေခဲ့မယ်ဆိုရင်၊ ဘယ်တောအခါမျှ ဒီအချက်ကို ခွင့်ပြုခဲ့မယ်မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ခေါင်းဆောင်နှစ်ဦးစလုံးတို့ဟာ ပြန်လည်ပေါင်းစည်းရေးကိစ္စနဲ့ပတ်သက်ပြီး၊ ပွင့်လင်းစွာပြောဆိုခဲ့ကြပါတယ်။ အိန္ဒိယဝန်ကြီးချုပ်က သီရိလင်္ကာအစိုးရဟာ တမီးလ်လူမျိုးတွေရဲ့ မျှော်လင့်ချက်တွေဖြစ်ကြတဲ့ ညီတူညီမျှဖြစ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းရေးနဲ့ ညီညွှတ်သော သီရိလင်္ကာနိုင်ငံအတွင်း ရိုသေလေးစားမှု စသည်တို့ကို နားလည်သဘောပေါက်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒီလိုဖြစ်ဘို့ရာ သီရိလင်္ကာဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ (၁၃) ကြိမ်မြောက် ပြင်ဆင်သတ်မှတ်ချက်အရ ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”