“BBIN က အိန္ဒိယနိုင်ငံရဲ့ဒေသပိုင်းခွဲဆက်နွယ်ရေး စီမံကိန်းကို အားဖြည့်ပေးရန်ရှိခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Rahul Mishra ဝေဖန်ရေးသားပေးပို့ထားတဲ့ “BBIN က အိန္ဒိယနိုင်ငံရဲ့ဒေသပိုင်းခွဲဆက်နွယ်ရေး စီမံကိန်းကို အားဖြည့်ပေးရန်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
Neighbourhood First လို့ခေါ်တဲ့ အိမ်နီးချင်းပထမမူဝါဒဟာ ဝန်ကြီးချုပ် Mr Narendra Modi ဦးဆောင်တဲ့ NDA (အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်) အစိုးရရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ သော့ချက်ကျအစိတ်အပိုင်းတခုဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့အချိန်ကစပြီး၊ ဝန်ကြီးချုပ်ဟာ သူ့ရဲ့အာရုံကို အိမ်နီးချင်းနိုင်ငံတွေအပေါ်ထားရှိခဲ့ပြီး၊ အထူးသဖြင့် အိန္ဒိယနိုင်ငံရဲ့ နီးကပ်တဲ့အရှေ့ပိုင်း အိမ်နီးချင်းတွေအပေါ် ထားရှိခဲ့ပါတယ်။
ဝန်ကြီးချုပ် Mr Modi ရဲ့ အိမ်နီးချင်း သံတမန်ရေးရာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုမိုရင်းနှီးတဲ့ ဆက်ဆံမှုတွေတည်ဆောက်ရေးအတွက်သာမဟုတ်ဘဲ အမာခံအခြေခံလိုအပ်ချက် အဆောက်အအုံတွေဖြစ်ကြတဲ့ ကုန်းလမ်း၊ မီးရထား၊ လေကြောင်းတို့နဲ့ Soft Infrastructure လို့ခေါ်တဲ့ စီးပွားရေး၊ ပြည်သူတို့မှ ပြည်သူတို့နဲ့ Digital စသည်တို့မှာ ဆက်နွယ်မှုတွေကို ဒေသပိုင်းခွဲနဲ့ ဒေသပိုင်းအဆင့်တွေမှာ ယူဆောင်လာဘို့ ရည်မှန်းထားတာဖြစ်ပါတယ်။ The BBIN လို့ခေါ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယနဲ့ နီပေါဒေသပိုင်းခွဲရဲ့ ဆက်နွယ်မှုအတွက် အစပျိုးမှုက အစည်းအဝေးပွဲမှာ ထင်ရှားတဲ့ ရည်မှန်းချက်ဖြစ်ခဲ့ပါတယ်။ BBIN ကဖေါ်ပြထားတဲ့ ပန်းတိုင်ဟာ အဟန့်အတားမရှိတဲ့ဆက်နွယ်မှုကို ထိရောက်တဲ့စည်းမျဉ်းဥပဒေကန့်သတ်ချက် ယန္တယားကို လက်မှတ်ရေးထိုးထားကြတဲ့နိုင်ငံတွေမှာ ပုဂ္ဂိုလ်နဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးယာဉ်များအတွက် အကျိုးသက်ရောက်စေရေးဘဲဖြစ်ပါတယ်။
ဒီအကြောင်းကိစ္စနဲ့စပ်လျဉ်းလို့ဘဲ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ နီပေါနိုင်ငံတွေက သက်ဆိုင်သူတွေဟာ မကြာသေးမှီက အစည်းအဝေးပွဲတရပ်ဆင့်ခေါ်ခဲ့ပြီး၊ မော်တော်ယာဉ်ဆိုင်ရာ သဘောတူညီမှုစာချုပ် (MVA) ကို စောလျင်စွာ အပြီးသတ်ရေးဆွဲရေးကို ဆွေးနွေးခဲ့ကြပြီး၊ အဆိုပါသဘောတူစာချုပ်ဟာ မော်တော်ယာဉ်များ နယ်ခြားဖြတ်ကျော်သွားလာမှုအတွက် အခွင့်လမ်းပေးဆောင်လိမ့်မယ်ဖြစ်ပါတယ်။ Bhutan နိုင်ငံမှ ကိုယ်စားလှယ်တွေက အဲဒီအစည်းအဝေးပွဲမှာ လေ့လာသူများအဖြစ် တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးပွဲကာလမှာ ကုန်ပစ္စည်းနဲ့ ခရီးသည်များဆိုင်ရာ စည်းမျဉ်းတွေကို ဆွေးနွေးခဲ့ကြပြီး၊ အဲဒီကျင့်ဝတ်တွေက MVA ကို ခရီးသည်များ၊ ပုဂ္ဂိုလ်ရေးရာနဲ့ ကုန်ပစ္စည်းတင်မော်တော်ယာဉ်သွားလာမှုအတွက် စည်းမျဉ်းရေးဆွဲချမှတ်နိုင်စေမယ်ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးပွဲဟာ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက Bengaluru မြို့မှာ ကျင်းပပြီးတဲ့နောက် ပထမဦးဆုံးအစည်းအဝေးဖြစ်ပြီး၊ ထင်ရှားတဲ့အကြောင်းကိစ္စတွေအား ဆွေးနွေးခဲ့ကြဒါဖြစ်ပါတယ်။ အဲဒီအစည်းအဝေးပွဲမှာ တက်ရောက်ကြတဲ့ နိုင်ငံတွေက ၂၀၂၀ ခုနှစ် မေလမတိုင်မှီ အစည်းအဝေးပွဲအတွင်း ပြောဆိုချမှတ်ခဲ့ဒါတွေအပေါ်အခြေခံပြီး၊ ပြည်တွင်းဆွေးနွေးညှိနှိုင်းမှုတွေရဲ့ ရလဒ်ကို ပြန်လည်သုံးသပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲကာလမှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံတို့ဟာ MoU နားလည်မှုစာချွန်လွှာတခုရဲ့ မူကြမ်းရေးဆွဲရေးကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အဆိုပါနားလည်မှုစာချွန်လွှာဟာ BBIN ရဲ့ MVA ကို ဒီအဆင့်မှာ ဘူတန်နိုင်ငံအတွက် အဟန့်အတားမရှိဘဲ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါနဲ့ ဘူတန်နိုင်ငံတို့ဟာ ၂၀၁၅ ခုနှစ် Motor Vehicles Agreement (MVA) သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သို့သော် ယခုတိုင် Bhutan နိုင်ငံဟာ ပါလီမန်အထက်လွှတ်တော်မှ ပြင်ဆင်ထားတဲ့သဘောတူညီချက် မရရှိသေးဘဲ ရပ်တည်နေပါတယ်။
Bhutan နိုင်ငံအတွင်းက ပေါ်လစီရေးဆွဲကြသူတွေအကြား BBIN Motor Vehicle Agreement နဲ့စပ်လျဉ်းပြီး စိုးရိမ်ပူပန်မှုဖြစ်ပေါ်စေဒါက တည်မြဲတဲ့ ဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင်ရေးရာတွေနဲ့ သက်ဆိုင်နေပါတယ်။ သေးငယ်တဲ့ တောင်ထူထပ်ရာနိုင်ငံဖြစ်ပြီး၊ ထိပါးလွယ်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဘူတန်နိုင်ငံရဲ့ စိုးရိမ်ကြောင့်ကြမှုက အစစ်အမှန်ဘဲဖြစ်ပါတယ်။ အဲဒီအရေးကိစ္စတွေဟာ အဖွဲ့ဝင်နိုင်ငံအားလုံးတို့က နီးကပ်စွာစောင့်ကြည့်ရမဲ့ အချက်တွေဖြစ်ပြီး၊ ဘူတန်နိုင်ငံရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို သတိပြုကြရမယ်ဖြစ်ပါတယ်။ ဘူတန်နိုင်ငံကို ဒီစာချုပ်ထဲ အကျုံးဝင်လာဘို့ရာ၊ တခြားနိုင်ငံတွေဟာ ဘူတန်နိုင်ငံထဲဝင်ခွင့်ပြုနိုင်တဲ့ မော်တော်ယာဉ်အရေအတွက်တွေအပေါ် ကန့်သတ်ချက်ချမှတ်နိုင်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဘူတန်နိုင်ငံရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို အရေးစိုက်ပြီး၊ ပိုမိုကြီးမားတဲ့ သယ်ယူပို့ဆောင်ရေး ဆက်နွယ်မှုက တည်တံ့တဲ့ ဖွံ့ဖြိုးရေးနဲ့ ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးတို့အပေါ် နစ်နာမှုတွေ မဖြစ်စေရဘူးလို့ ယုံကြည်လျှက်ရှိပါတယ်။
မှတ်သားရမဲ့အချက်တချက်ကတော့ BBIN အုပ်စုဝင် (၄) နိုင်ငံတို့အနက် သော့ချက်ကျ နှစ်နိုင်ငံဖြစ်ကြတဲ့ ဘူတန်နဲ့ နီပေါနိုင်ငံတို့ဟာ မြေရာဝန်းပိုင်းထားတဲ့ နိုင်ငံတွေဖြစ်ကြပြီး၊ သူတို့မှာ ကန့်သတ်ထားတဲ့ ပြည်တွင်းနဲ့ နယ်ခြားဖြတ်ကျော် အခြေခံလိုအပ်ချက် အဆောက်အအုံသာ ရှိနေတယ်ဆိုဒါဘဲဖြစ်ပါတယ်။ နီပေါနဲ့ ဘူတန်နှစ်နိုင်ငံစလုံးတို့ဟာ အိန္ဒိယနိုင်ငံမှတဆင့် ပင်လယ်ရေကြောင်းထဲ ဝင်ရောက်ခွင့်ရရှိကြပါတယ်။ The BBIN ကို အကောင်အထည်ဖော်ပြီးတဲ့အခါ ဒေသပိုင်းခွဲဆက်နွယ်မှုတွေကိုသာ တိုးများစေမယ်မဟုတ်ဘဲ၊ ချောမောတဲ့ ပြည်သူတို့အချင်းချင်းဆက်နွယ်မှုတွေနဲ့ ယုတ်စွအဆုံး ကြီးမားတဲ့ ခရီးလှည့်လည်သွားလာမှုအတွက်လည်း အခွင့်လမ်းတွေ ရရှိစေမယ်ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဆုံးဖြတ်ချက်နဲ့အတူ နီပေါနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က Motor Vehicle Agreement (MVA) စာချုပ်ကို အကောင်အထည်ဖော်ဘို့ရှိနေပြီး၊ ဒီသုံးနိုင်ငံတို့ရဲ့ဆက်နွယ်ရေးစီမံကိန်းက အမှန်တကယ်ဘဲ ပေါ်ထွန်းလာဘို့ နီးကပ်နေသယောင်ရှိနေပါတယ်။ Bhutan နိုင်ငံကလည်း ၎င်း၏ ပါလီမန်အထက်လွှတ်တော်မှ ပြင်ဆင်ချက်နဲ့အတူ BBIN အုပ်စုထဲ ဝင်ရောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Rahul Mishra ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment