“တောလက်ကျေးရွာဖွံ့ဖြိုးမှုများကို သိပ္ပံရေးရာနည်းလမ်းများအသုံးပြုခြင်းမှတဆင့် အာရုံပြုခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်သိပ္ပံရေးရာ ဆောင်းပါးရှင် Biman Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “တောလက်ကျေးရွာဖွံ့ဖြိုးမှုများကို သိပ္ပံရေးရာနည်းလမ်းများအသုံးပြုခြင်းမှတဆင့် အာရုံပြုခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

တောလက်ကျေးရွာဖွံ့ဖြိုးမှုကို သိပ္ပံနဲ့နည်းပညာမှတဆင့် ဖြစ်ထွန်းစေခြင်းက တောင်သူလယ်သမားတွေနဲ့ နည်းပညာရေးရာဖွံ့ဖြိုးသူတွေအကြား ကွာဟမှုကို ဆက်သွယ်ပေးရာမှာ လိုအပ်တဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ဟာ အစိုးရရဲ့ လယ်ယာလုပ်ကိုင်သူ လူမှုအသိုင်းအဝိုင်းတို့ရဲ့ ဝင်ငွေတိုးမြှင့်ရေးအတွက် အဓိကအာရုံပြုချက်ဖြစ်ပါတယ်။ များစွာသော ဆန်းစစ်တီထွင်မှုတွေက ကောက်ပဲသီးနှံထုတ်လုပ်ရေးကို တိုးတက်စေရာမှာ အထောက်အကူပေးနေပြီးဖြစ်ကာ ဈေးကွက်ရရှိရေးနဲ့ တောလက်ကျေးရွာ လူမှုနေထိုင်ရေးမှာလည်း ရောင်စုံကွဲပြားပြည့်စုံမှုတွေ ပေးနေပြီးဖြစ်ပါတယ်။ ဒါပေမဲ့ တောင်သူလယ်သမားတွေနဲ့ ဆန်းသစ်တီထွင်သူတွေအကြား ကွာဟချက်ဟာ တချို့သော စူးစမ်းလေ့လာမှုအကျိုးအမြတ်ကိုသာ ရရှိစေခြင်း၊ ဒီကွာဟချက်ကို ကူးဆက်ပေးဘို့ လိုအပ်ပါတယ်။

ဒီအချက်ကို အိန္ဒိယဒုသမ္မတ Mr Venkaiah Naidu က မီးမောင်းထိုး ပြသခဲ့ဒါဖြစ်ပါတယ်။ သူဟာ သိပ္ပံရေးရာအသိုင်းအဝိုင်းတွေကို တောင်သူလယ်သမားတွေ ကြုံတွေ့နေကြရတဲ့ ပြဿနာတွေအတွက် ရေရှည်ဖြေရှင်းချက်တွေကို ကောက်ပဲသီးနှံထုတ်လုပ်မှုနဲ့ တောင်သူလယ်သမားတွေရဲ့ဝင်ငွေ တိုးများလာဘို့အတွက် ရှာဖွေကြပါရန် တိုက်တွန်းခဲ့ပါတယ်။ Mr Naidu က တောင်သူလယ်သမားတို့ဟာ နိုင်ငံတော်ရဲ့ ကြီးပွားချမ်းသာရေးအတွက် အရေးပါလှသူတွေဖြစ်ကြပြီး၊ အိန္ဒိယနိုင်ငံအတွင်း ပြည်တွင်းစိုက်ပျိုးထုတ်လုပ်တဲ့ စားနပ်ရိက္ခာဖူလုံရေးမှာ ကြီးမားတဲ့အခန်းကဏ္ဍမှ ပါဝင်လုပ်ကိုင်နေကြတယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဒုသမ္မတဟာ သိပ္ပံပညာရှင်တွေကို ကောက်ပဲသီးနှံတွေအား ရာသီဥတုဒါဏ်ခံနိုင်ပြီး၊ အဟာရဓာတ်ပြည့်စုံကာ ရေလိုအပ်မှုနည်းပါးစေရေးတို့အတွက် နည်းလမ်းတွေ ရှာဖွေကြဘို့ တိုက်တွန်းလိုက်ပါတယ်။

ယခုခေတ်အခါမှာ ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှုနဲ့ ရာသီဥတုပြောင်းလဲမှုတွေက အဓိကစိုးရိမ်ကြောင့်ကြဖွယ်ရာတွေဖြစ်ပါတယ်။ ဒီအကြောင်းအချက်တွေဟာ ရာသီဥတု ပုံသဏ္ဍာန်ကို ကြိုတင်မခန့်မှန်းနိုင်တဲ့အပြုအမူနဲ့ ထိခိုက်စေပြီး၊ တခါတရံ ကြီးမားတဲ့အန္တရာယ်ကြီးတွေ ကျရောက်စေကာ၊ စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်ရဖွယ် ခြိမ်းခြောက်မှုတွေ ဖန်တီးလျှက်ရှိပါတယ်။ Mr Naidu ဟာ သိပ္ပံပညာရှင်တွေထံမှ သဘာဝရဲ့ ကြမ်းတမ်းမှုကြောင့် တောင်သူလယ်သမားတွေ ကြုံတွေ့နေကြရတဲ့ ပြဿနာတွေကို ဘယ်ပုံဘယ်နည်းနဲ့ သေးငယ်အောင် ပြုလုပ်နိုင်မယ်ဆိုဒါကို သိရှိဘို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအာရုံပြုမှုနဲ့အတူ တောင်သူလယ်သမားတွေကို ဗဟိုပြုထားတဲ့ တောင်သူလယ်သမားများသိပ္ပံကွန်ဂရက်စ်ကို Bengaluru မြို့ ၁၀၇ ကြိမ်မြောက် အိန္ဒိယသိပ္ပံကွန်ဂရက်စ်မျာ ပထမဦးဆုံးအကြိမ်အဖြစ် စီမံခဲ့ပါတယ်။ ဒီလိုပြုလုပ်ခဲ့ခြင်းက တောင်သူလယ်သမား အသိုင်းအဝိုင်းတွေအတွက် ကြီးမားတဲ့အားပေးမှုတခုဖြစ်ခဲ့ပါတယ်။ ဒီလိုစင်္ကြန်မျိုးကနေ တောင်သူလယ်သမားတွေဟာ အကျိုးခံစားနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် သိပ္ပံပညာရှင်တွေနဲ့ တောင်သူလယ်သမားတွေရဲ့ အပြန်အလှန်စေ့စပ်မှုဟာ ဆန်းသစ်တီထွင်မှုကို တခြားအဆင့်တခုဆီ သယ်ဆောင်နိုင်ပြီး၊ အထွေထွေအားဖြင့် ပြည်သူတို့အတွက် အကျိုးဖြစ်ထွန်းစေနိုင်ပါတယ်။ နိုင်ငံတဝှမ်းလုံးမှ ဆန်းစစ်တီထွင်လိုတဲ့ တောင်သူလယ်သမား (၁၂၀) ခန့်တို့ကို တောင်သူလယ်သမားများ သိပ္ပံကွန်ဂရက်စ်ကို တက်ရောက်ဘို့ ဖိတ်ကြားခဲ့ပါတယ်။ အဲဒီလယ်သမားတွေက သူတို့ရဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ ထွက်ကုန်တွေကို ပြသခဲ့ကြပါတယ်။

ဝန်ကြီးချုပ် Mr Narendra Modi ကလည်း အကြိမ်ပေါင်းများစွာဘဲ စိုက်ပျိုးရေး အလေ့အထတွေကို အထောက်အကူပြုနေတဲ့ နည်းပညာရေးရာတွေမှာ ပြောင်းလဲမှုတွေလိုအပ်ဒါကို အလေးအနက်ပြောကြားခဲ့ပါတယ်။ သိပ္ပံပညာရှင်တို့အား “ဆန်းသစ်တီထွင်မှု၊ ပုံအသွင်ဖန်တီးမှု၊ ကုန်ထုတ်လုပ်ရေးနဲ့ ကြွယ်ဝချမ်းသာရေး” တို့ကို အိန္ဒိယနိုင်ငံအား ပိုမိုလျင်မြန်တဲ့ ဖွံ့ဖြိုးမှုတွေဆီ ဦးတည်ရှေ့ဆောင်ရန် တိုက်တွန်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ကောက်ရိုးတွေမီးရှို့ခြင်း၊ ရေတလကြမ်းအသုံးပြုခြင်း၊ ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေး စတဲ့ ပြဿနာတွေကို ဖြေရှင်းဘို့အတွက် တောင်သူလယ်သမားများ ဗဟိုပြုဖြေရှင်းချက်တွေ ဖန်တီးကြဘို့ နိုးဆော်ခဲ့ပါတယ်။

စိုက်ပျိုးရေးဟာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမှာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်လုပ်ကိုင်နေပါတယ်။ ၂၀၁၇ ခုနှစ်ဆိုင်ရာ စိုက်ပျိုးရေးထုတ်ကုန်နှစ်မှာ ကောက်ပဲသီးနှံထုတ်လုပ်မှုက တန်ချိန်ပေါင်း ၂၈၄.၈၃ သန်း စံချိန်ကို တင်ခဲ့ပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ်တွေမှာ အစိုးရက ကောက်ပဲသီးနှံထုတ်လုပ်ရေးကို တန်ချိန်ပေါင်း ၂၈၅.၂ သန်း ရည်မှန်းထားခဲ့ပါတယ်။ နို့ထွက်ပစ္စည်းထုတ်လုပ်ရေးက ၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ တန်ချိန်ပေါင်း ၁၆၅.၄ သန်း ခန့်မှန်းခဲ့ပါတယ်။ Kharif သီးနှံများစိုက်ပျိုးတဲ့ စုစုပေါင်းနယ်မြေတို့ဟာ အိန္ဒိယနိုင်ငံမှာ ဟက်တာပေါင်း ၁၀၅.၇၈ သန်း သို့ရောက်ရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယအကြီးမားဆုံး သစ်သီးထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်။ သစ်သီးဝလံစိုက်ပျိုးရေးမှ ထုတ်ကုန်ဟာ သက္ကရာဇ် ၂၀၁၈-၂၀၁၉ ခုနှစ်များမှာ တန်ချိန်ပေါင်း ၃၁၄.၇ သန်းကို စံချိန်တင်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

အိန္ဒိယနိုင်ငံမှ စုစုပေါင်းစိုက်ပျိုးရေးထွက်ကုန်တင်ပို့ရောင်းချမှုဟာ ၁၆.၄၅% တိုးများလာခဲ့ပြီး ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာပေါင်း (၃၈.၂၁) ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်မှာ စိုက်ပျိုးရေးထွက်ကုန်တင်ပို့ရောင်းချမှုက ဒေါ်လာပေါင်း (၃၈.၅၄) ဘီလီယံကို ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဟင်းခတ်အမွှေးအကြိုင် အကြီးမားဆုံး ထုတ်လုပ်သူ၊ သုံးစွဲသူနဲ့ တင်ပို့ရောင်းချသူနိုင်ငံဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှ ဟင်းခတ်အမွှေးအကြိုင်တင်ပို့ရောင်းချမှုဟာ ၂၀၁၇-၂၀၁၈ ခုနှစ်များမှာ အမေရိကန်ဒေါ်လာပေါင်း ၃.၁ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ လ္ဘက်ခြောက်တင်ပို့ရောင်းချမှုကလည်း (၃၆) နှစ်အတွင်း အများဆုံး ကီလိုပေါင်း ၂၄၀.၆၈ သန်းကို သက္ကရာဇ် ၂၀၁၇ ခုနှစ်မှာ စံချိန်တင်ခဲ့ပါတယ်။ ကော်ဖီတင်ပို့ရောင်းချမှုကလည်း ၂၀၁၇-၂၀၁၈ ခုနှစ်များမှာ တန်ချိန်ပေါင်း (၃၉၅,၀၀၀) ကို စံချိန်တင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းက အစားအစာနဲ့ စားသောက်ကုန်ပစ္စည်း လက်လီဈေးကွက်ဟာ ၂၀၁၇ ခုနှစ်မှာ အမေရိကန်ဒေါ်လာပေါင်း (၃၈၀) ဘီလီယံခန့် ရှိခဲ့ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Biman Basu ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”