“စင်္ကာပူနိုင်ငံက အိန္ဒိယနိုင်ငံရဲ့ အခြေခံလိုအပ်ချက် အဆောက်အအုံအား တွန်းအားပေးရန်ရှိခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့တောင်နဲ့ အရှေ့အာရှအရေးကိစ္စများ ဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Dr. Rahul Mishra ဝေဖန်ရေးသားပေးပို့ထားတဲ့ “စင်္ကာပူနိုင်ငံက အိန္ဒိယနိုင်ငံရဲ့ အခြေခံလိုအပ်ချက် အဆောက်အအုံအား တွန်းအားပေးရန်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
Singapore နိုင်ငံ လူမှုရေးရာပေါ်လစီများဆိုင်ရာ ထိပ်တန်းဝန်ကြီးနဲ့ စေ့စပ်ညှိနှိုင်းရေးဝန်ကြီး Mr Tharman Shanmugaratnam ဟာ အလုပ်ခွင်ခရီးနဲ့ New Delhi နဲ့ Mumbai မြို့များကို လာရောက်လည်ပါတ်ခဲ့ပါတယ်။ သူ့ရဲ့အလည်အပါတ်ခရီးစဉ်မှာ Singapore နိုင်ငံဝန်ကြီးက ဝန်ကြီးချုပ် Mr Narendra Modi ၊ ဘဏ္ဍာရေးဝန်ကြီး ၊ Mrs Nirmala Sitharaman နဲ့ တခြားအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဝန်ကြီးချုပ်ရုံးမှအရာရှိတွေကိုခြံရံလျှက် Mr Shanmugaratnam ဟာ Maharashtra ပြည်နယ်ဝန်ကြီးချုပ် Mr Uddhav Thackeray နဲ့ စက်မှုလုပ်ငန်းနယ်ပယ်ဦးဆောင်ပုဂ္ဂိုလ်တွေအား တွေ့ဆုံခဲ့ပါတယ်။
Mr Shanmugaratnam ရဲ့ အိန္ဒိယနိုင်ငံသို့ခရီးစဉ်ရဲ့ အဓိကတွန်းအားကတော့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုဆက်ဆံရေးတွေအပေါ် ပိုမိုလေးနက်စွာ အာရုံပြုလုပ်ဆောင်ရေးဘဲဖြစ်ပါတယ်။ ဒီအချက်ဟာ အကြောင်းရင်းတွေဖြစ်ကြပြီး၊ digital စီးပွားရေးမှာ ပူးတွဲလုပ်ကိုင်ရေး၊ အခြေခံလိုအပ်ချက်အဆောက်အအုံ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးရေးနဲ့ India-Singapore Comprehensive Economic Cooperation Agreement (CECA) စသည်တို့နဲ့ပါတ်သက်တဲ့ အရေးကိစ္စတွေဟာ သူ့ရဲ့အိန္ဒိယပေါ်လစီရေးဆွဲကြသူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေမှာ ထင်ရှားစွာ ပေါ်ပေါက်လာခဲ့ဒါကို သက်သေထူလျှက်ရှိနေပါတယ်။ ဒီခရီးစဉ်အတွင်း Mr Shanmugaratnam ဟာ သက္ကရာဇ် ၂၀၂၂ ခုနှစ်မှာ G-20 အုပ်စုရဲ့ဥက္ကဌဖြစ်လာရေးအတွက် စင်္ကာပူနိုင်ငံရဲ့ထောက်ခံမှုကိုလည်း ကမ်းလှမ်းခဲ့ပါတယ်။
နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်ရေးဟာ တိုးတက်မှုလမ်းကြောင်းပေါ်ရှိနေပြီးဖြစ်ကာ၊ ၂၀၁၉ ခုနှစ်အတွင်းမှာ ကုန်သွယ်မှုတန်ဘိုး အမေရိကန်ဒေါ်လာပေါင်း (၂၆) ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ အိန္ဒိယနဲ့ စင်္ကာပူနှစ်နိုင်ငံစလုံးတို့ဟာ အပြန်အလှန်ကုန်သွယ်ရေးကို အဆင့်မြင့်သစ်တခုဆီသို့ ယခုတိုင်မြှင့်တင်နိုင်တဲ့အချက်တွေကို သတိပြုခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံရဲ့ Regional Comprehensive Economic Partnership (RCEP) မှ နှုတ်ထွက်ဘို့ မကြာသေးမှီကဆုံးဖြတ်ချက်နဲ့အတူ ယခုအခါ ရှင်းလင်းနေဒါကတော့ အိန္ဒိယနိုင်ငံရဲ့ စင်္ကာပူနိုင်ငံနဲ့ ကုန်သွယ်ရေးဆက်ဆံမှုတွေဟာ လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့ကြတဲ့ နှစ်နိုင်ငံအကြား CECA သဘောတူစာချုပ်အရဖြစ်လိမ့်မယ်ဆိုဒါဘဲဖြစ်ပါတယ်။ ဒီစာချုပ်နဲ့ပါတ်သက်တဲ့ ဒုတိယအကြိမ်ပြန်လည်သုံးသပ်ချက်ကို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့ပါတယ်။ ပိုမိုကြီးမားပြီး၊ ချောမွတ်စွာနဲ့ အိန္ဒိယ IT အတတ်ပညာရှင်တွေနဲ့ ဝန်ဆောင်မှုနယ်ပယ်မှ ကျွမ်းကျင်သူတွေ စင်္ကာပူနိုင်ငံထဲ ဝင်ရောက်ခွင့်ရရှိဒါက နှစ်နိုင်ငံအပြန်အလှန်ကုန်သွယ်ရေးကို အားဖြည့်တောင့်တင်းစေပါတယ်။
Mr Shanmugaratnam ရဲ့ အလည်အပတ်ခရီးစဉ်မှာ အိန္ဒိယနိုင်ငံဟာ စင်္ကာပူနိုင်ငံရဲ့ ထောက်ခံမှုတွေကို အခြေခံလိုအပ်ချက် အဆောက်အအုံအစည်းအဝေးပွဲတွေမှာ တောင်းခံခဲ့ပါတယ်။ မကြာသေးမှီကဖွင့်လှစ်ပေးခဲ့တဲ့ မျှော်မှန်းချက် မြှင့်မားတဲ့ “အမျိုးသားအခြေခံလိုအပ်ချက် အဆောက်အအုံပိုက်လိုင်း (NIP)” ပရိုဂျက်ကို လာမဲ့ (၅) နှစ်ကြာကာလအတွင်း အကောင်အထည်ဖော်သွားမှာဖြစ်ပြီး၊ အစိုးရရဲ့ အခြေခံလိုအပ်ချက်အဆောက်အအုံနယ်ပယ်မှာ အစပျိုးမှုအတွက် အသုံးချခြင်းရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ ဒီပရိုဂျက်ဟာ ရူပီးငွေကုဋပေါင်း (၁၀၂) သိန်းခန့် ကုန်ကျလိမ့်မယ်ဖြစ်ပါတယ်။ NIP မှာ နိုင်ငံတဝှမ်း အရည်အသွေးပြည့်ဝတဲ့ အခြေခံလိုအပ်ချက်တွေ ဖွံ့ဖြိုးစေရာမှာ ကြီးမားတဲ့ခြေလှမ်းတွေလှမ်းဘို့ အလားအလာတွေရှိနေပါတယ်။ သို့သော်ငြားလည်း ဒီပရိုဂျက်အတွက် အရင်းအမြစ်များစွာလိုအပ်ပြီး၊ အချိန်အတော်ကြာကတညးက မိတ်ဆွေအဖြစ်တည်ရှိနေတဲ့ Singapore နိုင်ငံကို ဖိတ်ခေါ်ခြင်းကလည်း ဒီလုပ်ငန်းစဉ်အတွက် ကြီးမားတဲ့ အခွင့်အလမ်းတခုဖြစ်ပါလိမ့်မယ်။
Mr Shanmugaratnam ကလည်း အိန္ဒိယဗဟိုဘဏ်တိုက်ကြီးမှာ တတိယအကြိမ်မြောက် Suresh Tendulkar အထိမ်းအမှတ် ဟောပြောပွဲမှာ ၊ “Broad-based Prosperity: Tackling the Fundamentals” အကြောင်း မိန့်ခွန်းပြောကြားခဲ့ပါတယ်။ RBI ရဲ့ဖော်ပြချက်အရ Mr Shanmugaratnam ရဲ့ မိန့်ခွန်းမှာ လူသားများ ရင်းနှီးမှုနဲ့ ပိုမိုသန့်ရှင်းပြီး၊ ပိုမိုခေတ်မှီစံပြဖြစ်တဲ့ မြို့တွေ ဖွံ့ဖြိုးစေရေးနယ်ပယ်တွေမှာ ဖွဲ့စည်းမှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဘို့ လိုအပ်တာကို မီးမောင်းထိုးဖော်ပြခဲ့ကြောင်း သိရှိရပါတယ်။ သူသားများရင်းနှီးလုပ်ကိုင်ရာမှာ Mr Shanmugaratnam က ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကျွမ်းကျင်မှုတန်းတူဖြစ်စေခြင်းနဲ့ လုပ်သားများဈေးကွက်တွေမှာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ဘို့ လိုအပ်ဒါကို မှတ်ချက်ချ ဖော်ပြခဲ့ပါတယ်။ နောက်ပြီး အဆိုပါဝန်ကြီးဟာ “ရှင်းရှင်းပြောရရင် အိန္ဒိယနိုင်ငံဟာ မြို့တွေကို ပိုမိုသန့်ရှင်းပြီး၊ ပိုမိုခေတ်မှီဆန်းပြားဘို့အတွက် Singapore နိုင်ငံမှ အတော်များများ သင်ယူနိုင်ပါတယ်” လို့လည်း ဖော်ပြခဲ့ပါတယ်။
Singapore နိုင်ငံဟာ နိုင်ငံရဲ့အရှေ့သို့ ဦးတည်တဲ့စေ့စပ်မှုတွေရဲ့ ဗဟိုအချက်အချာဖြစ်ဒါက ပြည်သူတို့ရဲ့ ဦးစားပေးမှုကို သရုပ်ပြလျှက်ရှိပါတယ်။ ၂၀၁၉ ခုနှစ်မှာ Singapore နိုင်ငံကို ကမ္ဘာလှည့်ခရီးသည်ပေါင်း (၁.၂) သန်း ရောက်ရှိခဲ့ဒါနဲ့အတူ အိန္ဒိယနိုင်ငံဟာ Singapore နိုင်ငံကို သွားရောက်ကြတဲ့ ခရီးသည်အရင်းအမြစ်မှာ တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေပြီးနောက် တတိယမြောက် အမြင့်မားဆုံးဖြစ်ပါတယ်။ Singapore နိုင်ငံမှ အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်တဲ့ခရီးသည်ဦးရေတိုးများဘို့အတွက်လည်း လုပ်ကိုင်ဘို့ လိုအပ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Rahul Mishra ဝေဖန်ရေးသားပေးပို့ထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment