“အိန္ဒိယနိုင်ငံက ပင်လယ်ကွေ့ဒေသအတွင်း ငြိမ်းသက်မှုအတွက် နိုးဆော်လိုက်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အနောက်အာရှဒေသပိုင်းလေ့လာရေးဌာနမှ ဆောင်းပါးရှင် ပါမောက္ခ P R Kumaraswamy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက ပင်လယ်ကွေ့ဒေသအတွင်း ငြိမ်းသက်မှုအတွက် နိုးဆော်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အီရန်နိုင်ငံ Al-Quds တပ်ဖွဲ့ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Qasem Saleimani ဟာ လွန်ခဲ့တဲ့သောကြာနေ့က အမေရိကန်တို့ရဲ့တိုက်ခိုက်မှုမှာကျဆုံးခဲ့တဲ့နောက်ပိုင်း ပါရှန်ပင်လယ်ကွေ့ဒေသပိုင်းအတွင်း ပေါ်ပေါက်နေတဲ့ တင်းမားမှုတွေအကြား အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ အီရန်နိုင်ငံခြားရေးဝန်ကြီး Mr Mohd. Javid Zarif အား ဆက်သွယ်ပြောဆိုခဲ့ပြီး၊ အခြေအနေတွေဟာ အလွန်ဆိုးဝါးတဲ့အနေအထားကို ရောက်ရှိနေခြင်းအား မှတ်ချက်ချ ဖေါ်ပြခဲ့ကာ အိန္ဒိယနိုင်ငံရဲ့ ယခုလိုအသင့်ရှိတဲ့ တင်းမာမှုတွေကြောင့် ကြောက်မက်ဖွယ်ရာ စိုးရိမ်ကြောင့်ကြမှုတွေကို ဖေါ်ပြခဲ့ပါတယ်။ နှစ်ဖက်စလုံးတို့ဟာ အဆက်မပြတ်ဆက်သွယ်ဘို့ သဘောတူခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဟာ လွန်ခဲ့တဲ့ရက်သတ္တပါတ်အနည်းငယ်ကတညးက Tehran မြို့ကို ၁၉ ကြိမ်မြောက် ပူးတွဲကော်မရှင်အစည်းအဝေးပွဲသို့ တက်ရောက်ဘို့ ရောက်ရှိနေခဲ့ပါတယ်။ Dr. Jaishankar ဟာ အီရန်နိုင်ငံသမ္မတ Mr Hasan Rouhani နဲ့ နိုင်ငံခြားရေးဝန်ကြီး Mr Zarif တို့အပါအဝင် အီရန်ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ Mr Zarif ဟာ ယခုလ (၁၄) ရက်နေ့မှာကျင်းပဘို့ရှိတဲ့ ‘Raisina Dialogue’ အစည်းအဝေးပွဲအတွက် အိန္ဒိယနိုင်ငံကို ရောက်ရှိလာဘို့ရှိပါတယ်။
ဗိုလ်ချုပ်ကြီး Soleimani ကို သတ်ဖြတ်ပြီးတဲ့နောက်ပိုင်း သမ္မတ Mr Donald Trump နဲ့ အီရန်ခေါင်းဆောင်တွေအကြား စကားစစ်ထိုးနေကြတဲ့အခြေအနေတွေအားဆန့်ကျင်ပြီး ဒေသပိုင်းအတွင်း Tehran အစိုးရနဲ့ အီရန်နိုင်ငံ၊ ဆီးရီယား၊ လက်ဘနွန် နဲ့ ယီမင် နိုင်ငံတွေနဲ့ စေ့စပ်မှုတွေအား ကိုင်တွယ်ခဲ့တဲ့ ကျော်ကြားထင်ရှားဆုံးပုဂ္ဂိုလ်တဦးထံမှ တယ်လီဖုန်းဆက်သွယ်မှုတခု ရောက်ရှိလာခဲ့ပါတယ်။ အမှန်တကယ်တော့ ဗိုလ်ချုပ်ကြီး Soleimani အား အီရန်အထွတ်အထိပ်ခေါင်းဆောင် Ali Khamenei ပြီးနောက် အရေးပါဆုံးပုဂ္ဂိုလ်တဦးအဖြစ် မြင်တွေ့ခဲ့ကြပါတယ်။ အီရန်ခေါင်းဆောင်တွေဟာ ရုတ်တရက်ချက်ချင်းဆိုသလိုဘဲ အမေရိကန်ပြည်ထောင်စုအတွက် ပြင်းထန်တဲ့ တုန့်ပြန်ဂလဲ့စားချေမှုတခု စောင့်မျှော်နေတယ်လို့ ဖေါ်ပြခဲ့ကြပါတယ်။
ကျော်ကြားတဲ့ အမျက်ဒေါသထွက်မှုခံစားချက်တွေကို ဖော်ပြလျှက် တော်လှန်ရေးအစောင့်တပ်များ တပ်ဖွဲ့ထိပ်တန်းဦးစီးတဦးက “အီရန်နိုင်ငံက အချိန်အတော်ကြာကတည်းကပင် ဒေသပိုင်းအတွင်းမှ အမေရိကန်တို့ရဲ့ အရေးပါတဲ့ပစ်မှတ်တွေကို တွေ့ရှိထားပြီးဖြစ်တယ်” လို့ ဖော်ပြလိုက်ပြီး၊ ဒေသပိုင်းအတွင်း အမေရိကန်ပစ်မှတ်ပေါင်း (၃၅) တို့မှာ လက်တလှမ်းအမှီမှာ တည်ရှိနေကြတယ်လို့ ဖေါ်ပြခဲ့ပါတယ်။ နိုးကြားထားတဲ့ သမ္မတ Mr Trump ဟာ အမေရိကန်ပြည်ထောင်စုက အလွန်အဆင့်အတန်းမြင့်မားပြီး၊ အရေးပါလှတဲ့ အီရန်နိုင်ငံ ယဉ်ကျေးမှုဌာနတွေအပါအဝင် အနည်းဆုံးပစ်မှတ် (၅၂) ခုတို့ကို တွေ့ရှိထားတယ်လို့ ဖော်ပြလိုက်ပြီး၊ အကယ်၍သာ Tehran အစိုးရက ဘယ်အမေရိကန်ဌာန သို့မဟုတ် အကျိုးစီးပွားကိုမဆို တိုက်ခိုက်မှုတွေပြုလုပ်လာမယ်ဆိုရင် “HIT VERY FAST AND HARD” စစ်ဆင်ရေးနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ သတင်းပေးလိုက်ပါတယ်။ ဆက်လက်ပြီး အမေရိကန်သမ္မတဟာ သူ့ရဲ့တုန့်ပြန်မှုက အီရန်နိုင်ငံက အရင်ကြုံတွေ့ခဲ့ရတဲ့ တိုက်ခိုက်မှုတွေထက် ပိုမိုပြင်းထန်တဲ့ ထိုးစစ်ဆင်မှုကို ကြုံတွေ့ရလိမ့်မယ်လို့ ဖေါ်ပြလိုက်ပါတယ်။ အီရန်နိုင်ငံကလည်း နောက်ကျန်မနေဘဲ သူတို့ရဲ့ယဉ်ကျေးမှုတည်ရှိနေတဲ့ကမ္ဘာကြီးဟာ ကျူးကျော်ဝင်ရောက်တိုက်ခိုက်မှု၊ ဝင်ရောက်သတ်ဖြတ်မှုနဲ့၊ အမျက်ဒေါသကြီးမှုများစွာတို့ကို ကြုံတွေ့ခံစားခဲ့ကြရပြီးဖြစ်တယ်လို့ ဖေါ်ပြလိုက်ပါတယ်။
နိုင်ငံတကာလူမှုအသိုင်းအဝိုင်းများစွာတို့လိုဘဲ အိန္ဒိယနိုင်ငံကလည်း အခြေအနေရဲ့ နက်ရှိုင်းမှုကို သိရှိနားလည်ထားပါတယ်။ အဆိုပါသတ်ဖြတ်မှုဖြစ်ပွားပြီး မကြာခင်လေးမှာဘဲ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်စာတမ်းတခုမှာ New Delhi အစိုးရက ပါရှန်ပင်လယ်ကွေ့အတွင်း ငြိမ်းချမ်းရေး၊ တည်တံ့ရေးနဲ့ လုံခြုံရေးတို့ရဲ့ အရေးကြီးပုံကို သတိရစေခဲ့ပြီး၊ အခြေအနေက ပိုမိုမြင့်မားလာလိမ့်မယ်မဟုတ်ဘူးလို့ မျှော်လင့်ကာ သီးခံချုပ်တည်းစွာ ရှိနေကြဘို့ တိုက်တွန်းလိုက်ပါတယ်။ Dr. Zarif နဲ့ ဆက်သွယ်ပြောဆိုပြီးနောက် Dr. Jaishankar ဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mr Mike Pompeo အပြင် UAE နှင့် Oman နိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း ဆက်သွယ်ပြောဆိုခဲ့ပါတယ်။
အဖြေရရှိဘို့ခက်ခဲလှတဲ့မေးခွန်းတခုကတော့ အီရန်နိုင်ငံက ဘယ်နေရာမှာ တုံ့ပြန်လိမ့်မလဲဆိုဒါနဲ့၊ တုံ့ပြန်မှုကဘာဖြစ်မလဲဆိုဒါဘဲဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဒေသပိုင်းအတွင်းက အကျိုးဖြစ်ထွန်းမှုတွေအပေါ် တိုက်ရိုက် တိုက်ခိုက်ခြင်းဟာ အီရန်နိုင်ငံအတွက် အကုန်အကျအလွန်ကြီးမားလိမ့်မယ်ဖြစ်ပြီး၊ အမေရိကန်တို့ရဲ့ ဧရာမတုန့်ပြန်မှုကိုလည်း ထကြွစေလိမ့်မယ်ဖြစ်ပါတယ်။ ဒါကြောင့် အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းမှ အမေရိကန်တို့ရဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ အစ္စရေးလ်၊ အီရန်၊ ဒါမှမဟုတ် Saudi Arabia မင်းနိုင်ငံတို့အပေါ် အာရုံပြုနိုင်ပါတယ်။
New Delhi အစိုးရက အီရန်နိုင်ငံအပေါ် အထူးအရေးပါတဲ့ စိတ်ဝင်စားမှုတွေရှိပြီး၊ စွမ်းအင်ဖူလုံရေး၊ Chabahar ဆိပ်ကမ်းနဲ့ အာရှဗဟိုအရပ်ဒေသသို့ ကူးပြောင်းရေးလမ်းကြောင်းတို့ဟာ အလွန်အရေးပါလှပါတယ်။ တချိန်တည်းမှာဘဲ၊ အိန္ဒိယနိုင်ငံဟာ အားပေးတဲ့ သဝဏ်လွှာတွေပေးကမ်းနေပြီး၊ ယခုလိုအရေးပါလှတဲ့အချိန်အခါမျိုးမှာ Tehran အစိုးရက အထီးကျန်မဟုတ်ဘဲ အိန္ဒိယနိုင်ငံရဲ့ နားနဲ့ နားလည်မှုတွေ အီရန်နိုင်ငံနဲ့အတူရှိနေတယ်လို့ ဖေါ်ပြနေပါတယ်။ အိန္ဒိယနိုင်ငံလိုနိုင်ငံတွေရဲ့ မတင်မကျမရေမရာဖြစ်မှုတွေဟာ အီရန်နိုင်ငံကို Soleimani အား သတ်ဖြတ်မှုအတွက် သူတို့ရဲ့တုန့်ပြန်မှုတွေကို ပိုပြီး ယုတ္တိကျကျတိုးမြှင့်နိုင်မယ်ဖြစ်ပါတယ်။ အီရန်နိုင်ငံအတွက် ပိုမိုကြီးမားတဲ့ နိုင်ငံတကာရဲ့ ထောက်ပံ့မှုရရှိနေဒါကို တွေ့မြင်ပြီးတဲ့နောက် အိန္ဒိယနိုင်ငံရဲ့ ချဉ်းကပ်မှုဟာ အီရန်နိုင်ငံအား သူ့ရဲ့အရေးယူဆောင်ရွက်မှုတွေကို ဦးစားပေးသတ်မှတ်နိုင်လိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် ပါမောက္ခ P R Kumaraswamy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment