“ပါကစ္စတန်နိုင်ငံအတွင်း နိမ့်ကျမှုသစ်တခု”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အိန္ဒိယသံအမှုထမ်းဟောင်းနဲ့ ကမ္ဘာ့အရေးကိစ္စများ လေ့လာရေးဌာန၊ ဥက္ကဌ၊ ဆောင်းပါးရှင် သံအမတ် Ashok Sajjanhar ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံအတွင်း နိမ့်ကျမှုသစ်တခု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

လွန်ခဲ့တဲ့သောကြာနေ့က အနည်းဆုံး လူပေါင်း (၄၀၀) ခန့်ရှိတဲ့ လူအုပ်ကြီးတခုဟာ ကမ္ဘာပေါ်ကျော်ကြားထင်ရှားပြီး၊ မွန်မြတ်မှုထဲမှ အမွန်မြတ်သန့်စင်ဆုံး Sikh လူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ ဘုရားကျောင်းဖြစ်တဲ့ Gurdwara Nankana Sahib ထဲ ၊ Sikh ဆန့်ကျင်ရေး ကြွေးကြော်သံတွေဟစ်ကြွေးပြီး အတင်းအဓမ္မ ဝင်ရောက်ခဲ့ကြပါတယ်။ သူတို့တွေဟာ Gurdwara ကို ဝိုင်းရံထားပြီး ခဲလုံးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အဲဒီအုပ်စုကို Gurdwara မှ ဘုန်းကြီးတပါးရဲ့သမီးဖြစ်သူ Jagjit Kaur ကို အတင်းအဓမ္မဆွဲခေါ်သွားပြီး၊ ဘာသာပြောင်းလဲစေကာ၊ လက်ထပ်ထိမ်းမြှားခဲ့တဲ့ လူရွယ် Mohammad Hassan ရဲ့ မိသားစုဝင်တွေက ဦးဆောင်ခဲ့ဒါဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုဟာ Sikh လူမျိုး အသိုင်းအဝိုင်းတို့ရဲ့ Mohd Hassan ရဲ့ အပြုအမူကို ဆန့်ကျင်မှုအား တုန့်ပြန်ဒါဘဲဖြစ်ပါတယ်။

ဗီဒီယိုမှတ်တမ်းတခုမှာ အဲဒီဆန့်ကျင်ကြသူတွေက အဲဒီနေရာမှာ Gurdwara ကြီး တည်ရှိနေရာကို ဆန့်ကျင်ပြီး၊ မကြာမှီ ဒီ Gurdwara ရဲ့ နာမည်ကို Nankara Sahib မှ Ghulaman-e-Mustafa အမည် ပြောင်းလဲမယ်လို့ ကြေငြာကြဒါကို တွေ့ရှိရပါတယ်။

အဲဒီအခြေအနေဟာ သမိုင်းဝင် Gurdwara ထဲ သောင်တင်နေခဲ့ကြတဲ့ Sikh ဘာသာဝင်တွေအများအပြားတို့အတွက် အထူးဘဲ ကြောက်မက်ဖွယ်ရာဖြစ်ခဲ့ပါတယ်။ ပါကစ္စတန်အစိုးရရဲ့ လျစ်လျူမှုနဲ့ ထိုက်တန်တဲ့တုန့်ပြန်မှုမရှိခြင်းက ပါကစ္စတန်နိုင်ငံအတွင်း နေထိုင်လျှက်ရှိကြတဲ့ Sikh လူမျိုးနွယ်တို့ရဲ့ လုံခြုံရေးနဲ့ပါတ်သက်ပြီး စိုးရိမ်ကြောင့်ကြမှုတွေ ဖန်တီးခဲ့ပါတယ်။

Nankana Sahib ဟာ ပါကစ္စတန်နိုင်ငံအတွင်းက ပြည်နယ်တခုဖြစ်ပြီး၊ အဲဒီနာမည်နဲ့ဘဲ တည်ရှိတဲ့ Gurdwara ဟာ Sikh ဘာသာဝင်တွေရဲ့ ပထမဦးဆုံးဆရာတော် Guru Nanak Devji က ၁၄၆၉ ခုနှစ်မှာ မွေးဖွားခဲ့ရာနေရာဖြစ်ဒါမို့ သူတို့အတွက် မွန်မြတ်သန့်စင်ဆုံး ဘုရားကျောင်းကြီးဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က ကမ္ဘာတဝှမ်းလုံးမှ Sikh ဘာသာဝင်တွေဟာ Guru Nanak Devji ရဲ့ ၅၅၀ အကြိမ်မြောက် မွေးနေ့နှစ်ပါတ်လည်အထိမ်းအမှတ်ကို ကျင်းပခဲ့ကြပါတယ်။ ယခုအခင်းဖြစ်ပွားမှုဟာ Sikh ဘာသာဝင်တွေရဲ့ ဒဿမမြောက်ဆရာတော် Guru Gobind Singh ရဲ့မွေးနေ့အထိမ်းအမှတ်ကိုကျင်းပပြီးနောက်တနေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ အချိန်မဖြုန်းဘဲ ကြိုတင်စီမံထားခဲ့တဲ့အဲဒီအဓိကရုဏ်းနဲ့ ရှေးဟောင်းလက္ခဏာများ ဖျက်စီးရေးဝါဒကို ပြင်းထန်စွာ ရှုတ်ချခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ လွန်ခဲ့တဲ့ဩဂုတ်လအတွင်းက Nanmara Sahib ရှိ နေအိမ်မှ ပြန်ပေးဆွဲသွားပြီး၊ အတင်းအဓမ္မ ဘာသာပြောင်းစေခဲ့တဲ့ Jagjit Kaur ရဲ့ဖြစ်ရပ်နဲ့ ယခုလိုအကြမ်းဖက်မှုတွေကို အလေးအနက်ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ယခုလိုမွန်မြတ်တဲ့နေရာကို ပျက်စီးစေခြင်းနဲ့ ဂုဏ်သရေပျက်ပြားအောင်ပြုလုပ်မှုတွေကို ပြင်းထန်စွာ နိမ့်ချဖေါ်ပြခဲ့ပါတယ်။ New Delhi အစိုးရဟာ ပါကစ္စတန်နိုင်ငံအား Sikh ဘာသာဝင်တွေရဲ့ ဘေးကင်းရေး၊ လုံခြုံရေးနဲ့ ပြုစုစောင့်ရှောက်ရေးတို့အတွက် ချက်ချင်းအရေးယူဆောင်ရွက်ဘို့ တောင်းဆိုခဲ့ပါတယ်။

Gurdwara Nankana Sahib အပေါ် တိုက်ခိုက်ကြတဲ့သတင်းကို ရရှိဒါနဲ့ အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် Capt. Amarinder Singh ဟာ ပါကစ္စတန်ဝန်ကြီးချုပ် Mr Imran Khan အား Gurdwara အတွင်း သောင်တင်နေကြတဲ့ Sikh ဘာသာဝင်အားလုံးကို ကယ်တင်ဘို့နဲ့ Gurdwara အား ဝိုင်းရံထားတဲ့လူအုပ်မှကယ်တင်ဘို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ဗဟိုအစိုးရဝန်ကြီး Ms Harsimrat Kaur Badal ကလည်း ယခုလိုလူအုပ်ကြီးရဲ့တိုက်ခိုက်မှုကို ရှုတ်ချခဲ့ပြီး၊ ဒီအပြုအမူဟာ ပါကစ္စတန်နိုင်ငံရဲ့ စစ်မှန်တဲ့အသွင်ကို ဖေါ်ပြနေတယ်လို့ ကြေငြာခဲ့ပါတယ်။ နောက်ပြီး ပါကစ္စတန်နိုင်ငံမှာ လူနည်းစုတွေအပေါ် ဖိနှိပ်မှုဟာ အမှန်တရားဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ Shromani Akali Dal ဥက္ကဌနဲ့ တခြားနိုင်ငံရေးခေါင်းဆောင်တွေအပြင် နိုင်ငံခြားမှ Sikh ဘာသာဝင် အသိုင်းအဝိုင်းတို့ကလည်း ဒီအခင်းဖြစ်ပွားမှုကို ရှုတ်ချခဲ့ပါတယ်။ New Delhi မှာရှိတဲ့ ပါကစ္စတန်မဟာမင်းကြီးရုံးရှေ့မှာ လူအမြောက်အများတို့ဟာ ဒီအရေးအခင်းဖြစ်ပွားမှုကို ဆန့်ကျင်ကန့်ကွက်ဘို့ စုရုံးခဲ့ကြပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ် Mr Imran Khan ဟာ နှစ်ရက်ကြာမျှ တိတ်ဆိတ်စွာနေပြီးတဲ့နောက် အဆိုပါအရေးအခင်းကို ရှုတ်ချခဲ့ပါတယ်။ ယခုအဖြစ်အပျက်ဟာ ၎င်း၏ ရှုမြင်ခဲ့ဒါနဲ့ ဆန့်ကျင်ပြီးဖြစ်ပွားခဲ့ကာ၊ အစိုးရက ဒီကိစ္စမှာ အကျုံးဝင်သူတွေကို လုံးဝ သီးခံလိမ့်မယ်မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံကိုတုန့်ပြန်ဘို့ရာ ရှုတ်ချဖွယ်ရာ Nankana အရေးအခင်းနဲ့ အိန္ဒိယလူနည်းစုတို့ရဲ့အခြေအနေမှာ ကြီးမားတဲ့ကွာခြားမှုတွေရှိနေတယ်လို့ ချေပလိုက်ပါတယ်။ ဒီအချက်ဟာ ပါကစ္စတန်ခေါင်းဆောင်ပိုင်းက အေးချမ်းမှုနဲ့ သင့်မြတ်မှုကို နှောက်ယှက်လိုတဲ့ လူစုလူဝေးတို့ကို မထိန်းသိမ်းနိုင်ကြဘဲရှိနေဒါကို ဖေါ်ပြလိုက်ပါတယ်။

Mr Imran Khan ရဲ့မှတ်ချက်မတိုင်မှီ ပါကစ္စတန်နိုင်ငံခြားရေးရုံးက Nankana Sahib အခင်းဖြစ်ပွားမှု သတင်းတွေဟာ မှားယွင်းပြီး၊ အဲဒီအဓိကရုဏ်းက လ္ဘက်ရည်ဆိုင်တဆိုင်မှ ဖြစ်ပွားခဲ့တဲ့ ပြဿနာအသေးအဖွဲတခုမှ အုပ်စုနှစ်ခုတို့အကြား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။

အဆိုပါအခင်းဖြစ်ပွားမှုက လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း Kartarpur စင်္ကြန် ဖွင့်လှစ်ပေးခြင်းနဲ့ ပါကစ္စတန်နိုင်ငံရဲ့ သူတော်ကောင်းဟန်ဆောင်ခဲ့ဒါကို ပေါ်လွင်စေပါတယ်။



အိန္ဒိယနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့အနေနဲ့ ပါကစ္စတန်နိုင်ငံအား ပြည်တွင်းကလူနည်းစုတွေ ဘေးကင်းပြီး၊ လုံခြုံစွာရှိစေဘို့ရာ အဆက်မပြတ်ဖိအားတွေ ပေးရလိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Ashok Sajjanhar ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”