“အိန္ဒိယနိုင်ငံက အိမ်နီးချင်းပထမပေါ်လစီအား ထပ်မံအတည်ပြုလိုက်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR သတင်းများဆန်းစစ်လေ့လာသူ ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက အိမ်နီးချင်းပထမပေါ်လစီအား ထပ်မံအတည်ပြုလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အိန္ဒိယနိုင်ငံဟာ အိမ်နီးချင်းပထမပေါ်လစီကို သန္နိဋ္ဌာန်ပြုထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် မေလအတွင်း အာဏာရယူခဲ့တဲ့အချိန်ကစပြီး ဝန်ကြီးချုပ် Mr Narendra Modi ဟာ ဒီပေါ်လစီမူဝါဒကို အကြိမ်ကြိမ်အဖန်ဖန် အတည်ပြုဖေါ်ပြခဲ့ပါတယ်။ သူဟာ SAARC အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေနဲ့ အစိုးရခေါင်းဆောင်တွေကို ၂၀၁၄ ခုနှစ် မေလ (၂၆) ရက်နေ့မှာကျင်းပခဲ့တဲ့ သူ့ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲသို့ ဖိတ်ခေါ်ခဲ့ပါတယ်။ သူဟာ အဲဒီနှစ်မှာဘဲ ပထမဦးဆုံးနိုင်ငံခြားသို့ခရီးစဉ်အဖြစ် ဘူတန်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။ Mr Modi ဟာ ဆင်းရဲနွမ်းပါးမှု၊ အဟာရဓာတ်ချို့ယွင်းမှုနဲ့ အားလုံးအတွက်ပညာရေး စတဲ့အရေးကိစ္စတွေမှာ ပူးပေါင်းကြိုးပမ်းကြဘို့ တောင်အာရှအိမ်နီးချင်းနိုင်ငံတွေအား နိုးဆော်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ မိမိရဲ့ကျွမ်းကျင်တတ်မြောက်မှုတွေကို အိမ်နီးချင်းတို့ရဲ့ ကောင်းကျိုးအတွက် မျှဝေဘို့ အသင့်ရှိနေပါတယ်။
သက္ကရာဇ် ၂၀၂၀ ခု နှစ်သစ်ကူးအခါသမယမှာ ဝန်ကြီးချုပ် Mr Narendra Modi ဟာ ဒီစိတ်ဓာတ်ကို ရှေ့သို့သယ်ဆောင်တဲ့အနေနဲ့ ဘူတန်ဘုရင် Jigme Khesar Namgyel Wangchuck ၊ ဝန်ကြီးချုပ် Dr. Lotay Tshering ၊ သီရိလင်္ကာနိုင်ငံသမ္မတ Mr Gotabaya Rajapaksa နဲ့ ဝန်ကြီးချုပ် Mr Mahinda Rajapaksa ၊ မော်လဒိုက်နိုင်ငံသမ္မတ Mr Ibrahim Mohamed Solih ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Ms Sheikh Hasina နဲ့ နီပေါနိုင်ငံဝန်ကြီးချုပ် Mr K.P. Sharma Oli တို့အား တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်ဟာ အိမ်နီးချင်းခေါင်းဆောင်တွေကို အိန္ဒိယနိုင်ငံသူနိုင်ငံသားများကိုယ်စား နဲ့ ၎င်းကိုယ်တိုင်ရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်မှုတွေနဲ့ ဆုမွန်ကောင်း တောင်းဆိုမှုတွေကို ပသခဲ့ပါတယ်။ သူဟာ တခါပြန်ပြီး အိန္ဒိယနိုင်ငံရဲ့ “အိမ်နီးချင်းပထမ” ပေါ်လစီအတွက် ခံယူချက်တွေကို အကျယ်တဝန့်ဖေါ်ပြခဲ့ပြီး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ ကြွယ်ဝချမ်းသာရေးနဲ့ တိုးတက်ရေးတွေအား ဒေသပိုင်းအတွင်းက အိန္ဒိယနိုင်ငံရဲ့ မိတ်ဆွေတွေနဲ့ ဖက်စပ်လုပ်ကိုင်သူတွေအကြား ရှုမြင်သုံးသပ်ချက်တွေ မျှဝေဆွေးနွေးရေးကို ဖေါ်ပြခဲ့ပါတယ်။
ဝန်ကြီးချုပ်ဟာ ဘူတန်နိုင်ငံဘုရင်နဲ့ ဆက်သွယ်ပြောဆိုရာမှာ အိန္ဒိယနဲ့ ဘူတန်နိုင်ငံတို့အကြား အထူးဆက်ဆံရေးတွေကို ထပ်လောင်းခိုင်မာစေခဲ့တဲ့ လွန်ခဲ့တဲ့နှစ်က အရေးပါလှသော အောင်မြင်မှုတွေအား မီးမောင်းထိုးပြသခဲ့ပါတယ်။ Mr Modi ဟာ သူ့ရဲ့ ဘူတန်နိုင်ငံသို့ နောက်ဆုံးခရီးစဉ်နဲ့ ပြည်သူတို့ထံမှရရှိခဲ့တဲ့ ချစ်ခင်လေးစားမှုတွေအား အထူးဝမ်းမြောက်စွာ သတိရဖေါ်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ်က လူငယ်များဖလှယ်ရေးအစီအစဉ်ကို တိုးချဲ့ဘို့လိုအပ်ကြောင်းလည်း အလေးအနက်ဖေါ်ပြခဲ့ပါတယ်။ Mr Modi ဟာ လာမဲ့ဘူတန်ဘုရင်ရဲ့ အိန္ဒိယနိုင်ငံသို့ အလည်အပါတ်ခရီးကို ရှေ့ရှုလျှက်ရှိကြောင်း ဖေါ်ပြခဲ့ပါတယ်။
သီရိလင်္ကာနိုင်ငံသမ္မတ Mr Gotabaya Rajapaksa က ဝန်ကြီးချုပ် Mr Modi ရဲ့ နှုတ်ဆက်ဆုတောင်းမှုကို နွေးထွေးစွာ တုန့်ပြန်ခဲ့ပြီး၊ သက္ကရာဇ် ၂၀၂၀ ခုနှစ်မှာ မိမိတို့ရဲ့ ချစ်ကြည်ရင်းနှီးတဲ့ဆက်ဆံမှုတွေကို ထပ်လောင်းတိုးမြှင့်စေလိမ့်မယ်လို့ ယုံကြည်ကြောင်း ဖေါ်ပြခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ အတူတကွလက်တွဲပြီး၊ နီးကပ်စွာလုပ်ကိုင်ကြဘို့ ခံယူခဲ့ကြပါတယ်။ သီရိလင်္ကာဝန်ကြီးချုပ် Mr Mahinda Rajapaksa ကလည်း နွေးထွေးစွာ တုန့်ပြန်နှုတ်ဆက်ခဲ့ပြီး၊ နှစ်နိုင်ငံအကြား ဆက်ဆံမှုတွေအား ထပ်လောင်းမြင့်တင်ဘို့ ဆန္ဒပြင်းပြလျှက်ရှိကြောင်း ဖေါ်ပြခဲ့ပါတယ်။
ဝန်ကြီးချုပ် Mr Modi ဟာ မော်လဒိုက်နိုင်ငံသမ္မတနဲ့ ပြည်သူတွေကို သူတို့ရဲ့ ဖွံ့ဖြိုးမှုအတွက် ကြိုးပမ်းမှုတွေမှာ အောင်မြင်မှုရရှိရေးအတွက် ဆုမွန်ကောင်း တောင်းဆိုခဲ့ပါတယ်။ သမ္မတ Mr Solih ဟာ Mr Modi ရဲ့ နှုတ်ခွန်းဆက်သမှုကို နွေးထွေးစွာတုန့်ပြန်ခဲ့ပြီး သူ့ရဲ့အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံမှုတွေအား ပိုမိုနက်ရှိုင်းစေပြီး တောင့်တင်းခိုင်မာစေလိုတဲ့ စိတ်ဆန္ဒကို ဖေါ်ပြခဲ့ကာ၊ လက်ရှိနှစ်နိုင်ငံအပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အတူတကွလက်တွဲလုပ်ကိုင်ဘို့ နယ်ပယ်သစ်များ စူးစမ်းရှာဖွေမှုတွေ တိုးမြှင့်စေလိုကြောင်း ဖေါ်ပြခဲ့ပါတယ်။
ဝန်ကြီးချုပ် Ms Sheikh Hasina နဲ့ ဆက်သွယ်ပြောဆိုခဲ့တဲ့အခါ အိန္ဒိယဝန်ကြီးချုပ်ဟာ Awami League ပါတီရဲ့ဥက္ကဌအဖြစ် နောက်ထပ်သက်တမ်း (၃) နှစ်အတွက် ပြန်လည်ရွေးချယ်ခံရခြင်းအတွက် ချီးကျူးဂုဏ်ပြုခဲ့ပြီး၊ အိန္ဒိယနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်မဟာမင်းကြီးဟောင်း Mr Syed Muazzem Ali ရုတ်တရက်ကွယ်လွန်သွားခဲ့တဲ့အတွက် ဝမ်းနည်းမိကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ Mr Modi ဟာ ၂၀၁၉ ခုနှစ်အတွင်း အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်ဆက်ဆံမှုတွေမှ အောင်မြင်မှုတွေကို မှတ်ချက်ချ ဖေါ်ပြခဲ့ပါတယ်။ နောက်ပြီးဝန်ကြီးချုပ်ဟာ Bangbandhu ရဲ့ နှစ် (၁၀၀) ပြည့် မွေးနေ့နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နှစ် (၅၀) ပြည့် လွတ်မြောက်မှုအပြင် နှစ်နိုင်ငံအကြား သံတမန်ရေးရာဆက်ဆံမှုများ တည်ထောင်ခဲ့ကာ အရေးကြီးလှတဲ့ သမိုင်းမှတ်တိုင်တွေ စိုက်ထူခဲ့ပြီး နီးကပ်တဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးတွေမှာ ထပ်လောင်းပြီး တိုးတက်ထွန်းကားမှုတွေ ပေးကမ်းခဲ့ဒါကို ဖေါ်ပြခဲ့ပါတယ်။
နီပေါနိုင်ငံဝန်ကြီးချုပ် Mr Oli နဲ့ ဆက်သွယ်ပြောဆိုခဲ့ရာမှာ အိန္ဒိယဝန်ကြီးချုပ်က သက္ကရာဇ် ၂၀၁၉ ခုနှစ်အတွင်း ပရိုဂျက်ပေါင်းများစွာ ပြီးမြောက်ခဲ့ခြင်းနဲ့အတူ အိန္ဒိယ-နီပေါဆက်ဆံမှုမှာ တိုးတက်မှုတွေကို ကျေနပ်မိကြောင်း ဖေါ်ပြခဲ့ပါတယ်။ အထူးသဖြင့် Mr Modi ဟာ အိန္ဒိယနိုင်ငံဘက် Mothihari နီပေါနိုင်ငံက Amlekhgunj အကြား ရေနံထွက်ပစ္စည်းထုတ်လုပ်မှု ပိုက်လိုင်းကို စံချိန်တင်လောက်တဲ့အချိန်အတွင်း ဆက်သွယ်နိုင်ခဲ့ခြင်းအား မှတ်ချက်ချဖေါ်ပြခဲ့ကြပါတယ်။ ခေါင်းဆောင်နှစ်ဦးတို့ဟာ Biratnagar အရင်ဒေသမှာ ပေါင်းစည်းထားတဲ့ ကင်းစခမ်းတခု ဖွင့်လှစ်ရေးနဲ့ နေအိမ်တည်ဆောက်ရေး ပရိုဂျက်တွေအား စောလျင်စွာ ဖွင့်လှစ်ဘို့ သဘောတူခဲ့ကြပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment