ကြည်းတပ်မတော်ဦးစီးချုပ် ရာထူးသက်တမ်းတိုးပေးရေးကိစ္စကြောင့် ပါကစ္စတန်နိုင်ငံ ဘေးကြပ်နံကြပ်ဖြစ်နေခြင်း
သောတရှင်များခင်ဗျား၊ ဒီနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ကြည်းတပ်မတော်ဦးစီးချုပ် ရာထူးသက်တမ်းတိုးပေးရေးကိစ္စကြောင့် ပါကစ္စတန်နိုင်ငံ ဘေးကြပ်နံကြပ်ဖြစ်နေခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါကစ္စတန်နိုင်ငံအပေါ် မဟာဗျူဟာရှုဒေါင့်မှ ခွဲစိတ်လေ့လာသူ သုတေသီ ဒေါက်တာ Zainab Akhter ရေးသားပေးပို့တဲ့ဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
သောတရှင်များခင်ဗျား၊ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်မှာ ရာထူးမှ အငြိမ်းစားယူရတဲ့ ပါကစ္စတန်ကြည်းတပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး Qamar Bajwa ကို ဝန်ကြီးချုပ် Imran Khan က နောက်ထပ်သုံးနှစ် ရာထူးသက်တမ်းတိုးပေးလိုက်ပြီးလို့ ၂၀၁၉ ခုနှစ် ဩဂုတ်လမှာ အသိပေးကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ Pulwama မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာရဲ့ အကျိုးဆက်အနေနဲ့ Balakot လေကြောင်းမှ တိုက်ခိုက်ခြင်းခံခဲ့ရတဲ့နောက်ပိုင်း အခြေအနေကြောင့်၎င်း၊ Jammu နှင့် Kashmir ပြည်နယ်နဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ပြီး၊ ထိန်းချုပ်ရေးမျဉ်းတလျှောက်၊ တင်းမာမှုကြီးထွားနေတဲ့ အခြေအနေကြောင့်၎င်း၊ ပါကစ္စတန်နိုင်ငံရဲ့ ကိုယ်ပိုင်လုံခြုံရေးနဲ့ ဒေသတွင်းလုံခြုံရေးတို့အပေါ်၊ ငြိမ်းခြောက်မှုတွေ ပေါ်ပေါက်လာခဲ့တာဖြစ်လို့ လက်ရှိကြည်းတပ်မတော်ဦးစီးချုပ်ရဲ့ ရာထူးသက်တမ်းကို နောက်ထပ်သုံးနှစ်တိုးပေးဘို့ ဆုံးဖြတ်ရတာပါလို့ Khan အစိုးရ အကြောင်းပြပါတယ်။
သို့သော် မမျှော်လင့်ဘဲ၊ ပါကစ္စတန်တရားလွှတ်တော်ချုပ်က နိုဝင်ဘာလ ၂၆ ရက်နေ့မှာ အစိုးရရဲ့ အဲဒီအသိပေးကြေငြာချက်ကို ဆိုင်းငံ့ထားဘို့ အမိန့်ပေးခဲ့ပါတယ်။ ရာထူးခန့်ထားရေးဆိုင်ရာ ဥပဒေများကို၎င်း၊ လုပ်ထုံးလုပ်နည်းများကို၎င်း၊ ထောက်ပြပြီး၊ အဲဒီလိုဗိုလ်ချုပ်ကြီးရဲ့ ရာထူးသက်တမ်းတိုးမြှင့်ဘို့ ဆုံးဖြတ်တာဟာ၊ လျော်ကန်မှ လျော်ကန်ရဲ့လားလို့ ရုံးတော်က မေးခွန်းထုတ်ခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ တပ်မတော်ဥပဒေမှာ ဟာကွက်ပျော့ကွက်တွေရှိနေကြောင်း၊ အခန်း (၃) ပုဒ်မ ၂၄၃ မှာ ရာထူးသက်တမ်းတိုးပေးနိုင်တဲ့ကာလကို ဖေါ်ပြထားတာ မရှိပါဘူး။ ပါကစ္စတန် တရားလွတ်တော်ချုပ်က၊ ထိပ်တန်းစစ်အရာရှိတွေရဲ့ ရာထူးသက်တမ်း ဘယ်နှစ်နှစ်အထိ တိုးပေးနိုင်တယ် သို့မဟုတ် ရာထူးပြန်လည်ခန့်အပ်နိုင်တယ်ဆိုတာ တရားဝင်အောင်၊ ဥပဒေပြဋ္ဌာန်းရမယ်လို့ PTI အစိုးရကို ညွှန်ကြားပါတယ်။ အကယ်၍ ဒီလိုမလုပ်နိုင်ဘူးဆိုရင်၊ ဗိုလ်ချုပ်ကြီး Bajwa ကို ၆ လပြည့်တာနဲ့ အငြိမ်းစားပေးရမှာဖြစ်ကြောင်း ရုံးတော်က ညွှန်ကြားပါတယ်။
ပါကစ္စတန်တရားလွှတ်တော်ချုပ်ရဲ့ ဒီညွှန်ကြားချက်ကြောင့် ပါကစ္စတန်အစိုးရ၊ ခြေမကိုင်မိ လက်မကိုင်မိ အခြေအနေဆိုက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုရင်၊ ပါလီမန်လွှတ်တော်မှာ ဥပဒေတရပ်ပြဋ္ဌာန်းဘို့ တင်သွင်းတဲ့အခါ၊ အတိုက်အခံပါတီတွေရဲ့ထောက်ခံမှု လိုအပ်လို့ဖြစ်ပါတယ်။ တခါတည်းအပြီးအပိုင်ဖြေရှင်းချင်တယ်ဆိုရင်တော့၊ ပါလီမန်က ပြဋ္ဌာန်းတဲ့အက်ဥပဒေတခုရဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ချက်ကို တင်သွင်းရပါလိမ့်မယ်။ ဒီ့အတွက်လည်း အစိုးရအဖို့ အတိုက်အခံပါတီတွေရဲ့ ထောက်ခံမှု လိုအပ်ပါတယ်။ အတိတ်က၊ ပါကစ္စတန်မှာ ကြည်းတပ်မတော်ဦးစီးချုပ်အချို့ရဲ့ ရာထူးသက်တမ်းကို တိုးပေးချင်ရင် ဘယ်ဥပဒေမှ မပြဋ္ဌာန်းဘဲ တိုးပေးခဲ့ဘူးတဲ့ အစဉ်အလာတခုရှိခဲ့တာကို ဒီနေရာမှာ မှတ်သားသင့်ပါတယ်။
အခု PTI ပါတီအစိုးရဟာ၊ တပ်မတော်ခေါင်းဆောင်ပိုင်းရဲ့ အကြံပေးချက်အရ၊ အတိုက်အခံတွေနဲ့ ဆက်ဆံရာမှာစပြီး ပျော့ပြောင်းလာခဲ့ပါတယ်။ အမျိုးသားလွှတ်တော်မှာကော၊ ဆီးနိတ်လွှတ်တော်မှာပါ တပ်မတော်ရာထူးခန့်အပ်ရေးဥပဒေ အတည်ဖြစ်ရေးအတွက်၊ အတိုက်အခံတွေရဲ့ထောက်ခံမှုရဘို့ ရည်ရွယ်ချက်နဲ့၊ စေ့စပ်ဆွေးနွေးလိုပါတယ် ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ PML-N ပါတီရဲ့ ဝါရင့်ခေါင်းဆောင်တဦးဖြစ်သူ Rana Sanaullah ကို မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ ဖမ်းထားရာကနေ၊ အာမခံနဲ့ လွှတ်ပေးလိုက်တာ၊ နောက်ပြီး သမ္မတလောင်း Asif Ali Zardari ကိုလည်း ကျန်းမာရေးအခြေအနေကို အကြောင်းပြပြီး အာမခံပေးခဲ့တာတွေဟာ အစိုးရနဲ့ အတိုက်အခံပါတီတွေအကြား ကြိုတင်အချိတ်အဆက်လုပ်ထားသလို ဖြစ်နေပါတယ်။ Nawaz Sharif လန်ဒန်ကနေပါကစ္စတန်သို့ ပြန်လာရေးနဲ့ပတ်သက်လို့လည်း အစိုးရဘက်က၊ ဝေဖန်တာလုံးဝမရှိပါဘူး။ အစိုးရက အတိုက်အခံပါတီတွေနဲ့ ဒီလိုလိုက်လိုက်လျောလျောဆက်ဆံလာခဲ့ခြင်းက၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက်နေ့မှာ အဲဒီဥပဒေအတည်ပြုနိုင်ဘို့ လမ်းဖွင့်ပေးခဲ့ပါတယ်။ အဲဒီဥပဒေအရ၊ ကြည်းတပ်မတော်ဦးစီးချုပ်ရဲ့ ရာထူးသက်တမ်းကိုသာမကဘဲ ရေတပ်မတော်ဦးစီးချုပ်နဲ့ လေတပ်မတော်ဦးစီးချုပ်တို့ရဲ့ ရာထူးသက်တမ်းတွေကို တိုးပေးဘို့ ၂၀၂၀ ပြည့်နှစ် ပါကစ္စတန်ကြည်းတပ်မတော် ပြင်ဆင်ချက်ဥပဒေ၊ ၂၀၂၀ ပြည့်နှစ် ပါကစ္စတန် ရေတပ်မတော် ပြင်ဆင်ချက်ဥပဒေနဲ့ ၂၀၂၀ ပြည့်နှစ် ပါကစ္စတန် လေတပ်မတော် ပြင်ဆင်ချက်ဥပဒေမူကြမ်းသုံးခုစလုံးကို လွှတ်တော် ၂ ရပ်စလုံးမှာ တင်သွင်းပြီး ထောက်ခံအတည်ပြုချက် ရယူနိုင်ခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းသုံးခုစလုံးကို PML-N နဲ့ PPP , တို့လို အဓိကအတိုက်အခံပါတီတွေရဲ့ ဆန့်ကျင်မှုမရှိပဲ အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။ JUI-F , Jamiat-e-Islamic နဲ့ PTM တို့လို အတိုက်အခံပါတီငယ်အချို့သာ ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လွှတ်တော်အစည်းအဝေးကနေ ထွက်ခွာသွားကြပါတယ်။
သောတရှင်များခင်ဗျား၊ အဲဒီတပ်မတော်ဦးစီးချုပ်များ ရာထူးသက်တမ်းတိုးရေး ဥပဒေကြမ်းရေးဆွဲမှုအပေါ် အခုစတင်အပြင်းပွားနေကြပါပြီ။ တပ်မတော်ဦးစီးချုပ်တွေရဲ့ ရာထူးသက်တမ်းတိုးရေး မတိုးရေး၊ ရာထူးပြန်လည်ခန့်အပ်ရေး မခန့်အပ်ရေးတို့အပေါ် ဒီဥပဒေသုံးရပ်က သမ္မတကို သူသင့်တော်မယ်ထင်သလို ဆုံးဖြတ်နိုင်အောင် အာဏာလို့များ ပေးထားသလား၊ မေးခွန်းတွေ ထုတ်လာကြပါတယ်။ ဗိုလ်ချုပ်ကြီး Bajwa ကို ရာထူးသက်တမ်း တိုးပေးရေးနဲ့ပတ်သက်လို့ တရားလွှတ်တော်ချုပ် ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ပြန်လည်စဉ်းစားဘို့ အယူခံတင်ထားဆဲ အခြေအနေမှာ၊ ပါကစ္စတန်အစိုးရဘာကြောင့်များ၊ ပါလီမန်လွှတ်တော်မှာ ဥပဒေပြုတဲ့ နည်းလမ်းကို အသုံးပြုရတာဘဲလို့၊ ပုဂ္ဂိုလ်များစွာတို့ မေးခွန်းထုတ်နေကြပါပြီ။ ဒါက၊ Khan အစိုးရရဲ့ ဥပဒေရေးရာဌာန အကြံရခက်နေတာကို ပြနေပါတယ်။ အကယ်၍ တရားရုံးတော်က၊ ပါကစ္စတန်အစိုးရတင်ထားတဲ့ အယူခံမှုအပေါ်၊ လက်ခံဆုံးဖြတ်သည်ဖြစ်စေ၊ ပယ်ချဘို့ဆုံးဖြတ်သည်ဖြစ်စေ၊ ဘယ်လို့ အကျိုးဆက်ထွက်ပေါ်လာမလဲလို့ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။
ပါကစ္စတန်အစိုးရရဲ့ အဲဒီတပ်မတော်ဦးစီးချုပ်များရာထူးသက်တမ်းတိုးရေး ဥပဒေကြမ်းတွေမှာ ဒွိဟဖြစ်စရာအဓိပ္ပါယ်မသဲကွဲတာတွေ ရှိနေပါတယ်။ ရရှိတဲ့သတင်းတွေအဆိုအရ၊ တပ်မတော်ဦးစီးချုပ်တွေ အငြိမ်းစားယူရမဲ့အသက်ကို ၆၄ နှစ်သို့ တိုးပေးလိုက်ပါတယ်။ ဒါ့အပြင်၊ တပ်မတော်ဦးစီးချုပ်တဥိး အငြိမ်းစားယူဘို့ အသက်ပြည့်တဲ့အချိန်မှာ၊ ၎င်းအား နောက်ထပ်ဆက်ပြီး ရာထူးသက်တမ်းတိုးပေးပိုင်ခွင့်အာဏာလည်း ဝန်ကြီးချုပ်ကို အပ်နှင်းထားပါသေးတယ်။ ဝန်ကြီးချုပ်ရဲ့ အဲဒီအခွင့်အာဏာကို ဘယ်တော့မှ မစိန်ခေါ်နိုင်ပါဘူး။ တခါ၊ တပ်မတော်ဦးစီးချုပ်တဦးကို ရာထူးမှဖယ်ရှားပိုင်ခွင့် အာဏာလည်း ဝန်ကြီးချုပ်ကို အပ်နှင်းထားပါတယ်။ ဒါတကယ်တန်းဖြစ်နိုင်ပါ့မလား၊ မေးခွန်းထုတ်စရာရှိပါတယ်။ ရွေးကောက်တင်မြောက်ခြင်းခံခဲ့ရတဲ့ ဝန်ကြီးချုပ် Nawaz Sharif အဲဒီအခွင့်အာဏာကို အသုံးချဘို့ ကြိုးစားတာနဲ့ အဲဒီလိုကြိုးစားလို့ ဘယ်လိုအကျိုးဆက်အဖြစ် တပ်မတော်က အာဏာသိမ်းခဲ့တာကို သတိရသင့်ပါတယ်။ ပါကစ္စတန် ခိုင်မာတောင့်တင်းတဲ့ နိုင်ငံဖြစ်လာအောင်၊ မဏ္ဍိုင်အဖွဲ့အစည်းတွေတည်ဆောက်ရေးဟာ၊ အကောင်းဆုံးမဟာဗျူဟာဖြစ်ကြောင်း၊ ဆွေးနွေးတင်ပြမှုတွေကို အခုကာလအကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါပြီ။ ဒါ့အပြင်၊ အတိုက်အခံပါတီတွေဟာ၊ အများဆုံးအနေနဲ့ အဂတိလိုက်စားမှုများနဲ့ပတ်သက်လို့ အစိုးရထံမှ လိုက်လျောမှုတွေရဖို့ ပိုပြီးမျှော်လင့်လာနိုင်ပါတယ်။
အချုပ်အားဖြင့် အဂတိလိုက်စားမှုကင်းသော ပါကစ္စတန်နိုင်ငံတော်သစ်တည်ဆောက်ရေး မျှော်ကိုးချက်ကို အခုမျက်မှောက်အချိန်မှာ၊ စွန့်လွှတ်လိုက်ရပုံရကြောင်း ဆောင်းပါးရှင် ဒေါက်တာ Zainab Akhter ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြအစီရင်ခံလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment