Baghdad မြို့တွင် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့၏ အစားထိုး တိုက်ပွဲ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ JNU တက္ကသိုလ်မှ အနောက်အာရှဒေသရေးရာ လေ့လာရေးဌာနမှ ဆောင်းပါးရှင် P R Kumaraswamy ဝေဖန်ရေးသားပေးပို့ထားတဲ့ “Baghdad မြို့တွင် အမေရိကန်ပြည်ထောင်စုနှင့် အီရန်နိုင်ငံတို့၏ အစားထိုး တိုက်ပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အမေရိကန်ပြည်ထောင်စုဟာ ကျွန်တော်တို့ပြောနေတာကို သိရောသိရဲ့လား ဆိုတာကတော့ Baghdad မြို့အတွင်းမှ အခိုင်အမာ ခံစစ်ပြင်ထားတဲ့ မြစိမ်းရောင်နယ်မြေအတွင်း အမေရိကန် သံရုံးဝန်းကျင်မှာ ယခုနောက်ဆုံးပေါ်ပေါက်နေတဲ့ ထိပ်တိုက်တွေ့ဆုံမှုအပေါ် အီရန်နိုင်ငံမှ ထောက်ခံဆန္ဒပြသသူတွေရဲ့ ရှုမြင်သုံးသပ်ချက်ဖြစ်ပါတယ်။ Trump အုပ်ချုပ်ရေးအဖွဲ့နှင့် အီရန်နိုင်ငံတို့အကြား ကာလကြာမြင့်နေပြီဖြစ်တဲ့ အပြန်အလှန် ထိုးနှက်ပြောဆိုမှုတွေဟာ အီရန်နိုင်ငံရဲ့ စစ်သွေးကြွထောက်ခံသူတဦးပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတခုမှာ အမေရိကန် ကန်ထရိုက် အလုပ်သမား ၁ ဦးသေဆုံးခဲ့ပြီး အမေရိကန်တပ်သား အနည်းငယ်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးတဲ့နောက် အဆိုးရွားဆုံးအခြေအနေကို ပြောင်းလဲလာခဲ့ပါတယ်။
ဒါဟာ အရံတပ်ဖွဲ့ရဲ့ နေရာဒေသ ၅ နေရာတို့မှာ တိုက်ခိုက်မှုပြုလုပ်ဖို့ သမ္မတ Trump ကို ညွှန်ကြားချက်ပေးဖို့အတွက် အခြေအနေဖြစ်ပေါ်စေခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာတော့ လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး အဲဒီလူဦးရေ ၂ ဆကျော်တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါက Baghdad မြို့အတွင်းမှ အမေရိကန်သံရုံးကို တိုက်ခိုက်ခဲ့ကြတဲ့ အီရတ်နိုင်ငံမှ အီရန်နိုင်ငံ စစ်သွေးကြွ ထောက်ခံသူတွေကို ဒေသထွက်စေခဲ့ပြီး ၎င်းတို့ဟာ သံရုံးခြံဝန်းကို ကျော်ဝင်ဖို့ ကြိုးပမ်းခဲ့ကြကာ အဲဒီခြံဝန်းအတွင်းရှိနေခဲ့ကြတဲ့ အမေရိကန် မရိန်းတပ်သားတွေဟာ အခြေအနေကို ထိန်းသိမ်းနိုင်ရေးအတွက် ပစ်ခတ်မှုတွေပြုလုပ်ဖို့ ပေါ်ပေါက်စေခဲ့ပါတယ်။
အီရတ်-ဆီးရီးယား နယ်စပ်ဒေသတလျှောက် အမေရိကန်တို့ရဲ့ စခန်းအပေါ် ကနဦး တိုက်ခိုက်မှုကိုတော့ အီရန်နိုင်ငံကပံ့ပိုးထားတဲ့ PMF ခေါ် ထင်ရှားတဲ့ တပ်သားစုဆောင်းရေး တပ်ဖွဲ့ ၁ စိတ်တပိုင်းဖြစ်ပြီး ရှီးယား မူဆလင်ဘာသာဝင် အရံတပ်ဖွဲ့ဖြစ်တဲ့ ဘုရားရှင်ရဲ့ လမ်းကြောင်းဆိုင်ရာ တပ်ဖွဲ့ခေါ် Kataeb Hezbollah အဖွဲ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ Kataeb Hezbollah အုပ်စုဟာ အီရတ်နိုင်ငံအတွင်း ၂၀၀၃ ခုနှစ် မတ်လက အမေရိကန်ဦးဆောင်တဲ့ ကျူးကျော်ဝင်ရောက်မှုနောက်ပိုင်း အီရတ်နိုင်ငံ ပြည်တွင်းစစ်ပွဲကာလအတွင်း လှုပ်ရှားပေါ်ပေါက်လာခဲ့တာဖြစ်ပြီး သမ္မတ Bashar al-Assad ကို ဝန်းရံထောက်ခံရာမှာ ဆီးရီးယား ပြည်တွင်းစစ်အတွင်း ပါဝင်လုပ်ဆောင်နေခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့က အရံတပ်ဖွဲ့တွေရဲ့ နေရာဒေသ ၅ ခုတို့အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ တုံ့ပြန်တိုက်ခိုက်မှုတွေကို ရှင်းလင်းရာမှာ သမ္မတ Trump က မိမိတို့ဟာ အပြင်းအထန် တုံ့ပြန်ခဲ့ပြီး အမြဲတမ်းလည်း ဒီလိုလုပ်သွားမယ်။ ယခုအခါ အီရန်နိုင်ငံဟာ အီရတ်နိုင်ငံအတွင်းမှ အမေရိကန်သံရုံးအပေါ် တိုက်ခိုက်မှုတခု ကြံစည်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်သမ္မတဟာ အမေရိကန်တပ်သားတွေ ဘေးကင်းလုံခြုံစေရာမှာ အီရတ်နိုင်ငံအစိုးရရဲ့ အလျင်အမြန် တုံ့ပြန်လုပ်ဆောင်မှုကို ကျေးဇူးတင်စကား ပြောကြားခဲ့ပေမယ့် အီရန်နိုင်ငံဟာ ၎င်းတို့တပ်ဖွဲ့တွေမှာဖြစ်ပွားခဲ့တဲ့ အသက် ဆုံးရှုံးရမှု ဒါမှမဟုတ် ထိခိုက်ပျက်စီးမှုတခုခုတို့အတွက် အပြည့်အဝ တာဝန်ရှိလိမ့်မယ်လို့ နှစ်သစ်ကူး သတိပေးစကား ပြောကြားခဲ့ပါတယ်။ ဒါဟာ သတိပေးချက်တရပ် မဟုတ်ပဲ၊ ခြိမ်းခြောက်မှုဖြစ်ပြီး ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေလို့ ဖော်ပြခဲ့ပါတယ်။
Baghdad မြို့အတွင်း အမေရိကန်တို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတခုအတွင်း အီရန်နိုင်ငံ Quds တပ်ဖွဲ့ရဲ့ တပ်မှူး ဗိုလ်ချုပ် Qasem Soleimani နှင့် အီရတ်နိုင်ငံ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင် Abu Mahdi al-Muhandis တို့ သေဆုံးသွားခဲ့ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး Mark T Easper ကတော့ ပင်တဂွန် စစ်ဌာနချုပ်ဟာ နောက်ဆုံးမှာ ခံစစ်ယူပြီး လုပ်ဆောင်ခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။
အမေရိကန်-အီရန်တို့ရဲ့ ပေါ်ပေါက်နေတဲ့ တင်းမာမှုတွေဟာ ပြီးခဲ့တဲ့နှစ် မေလအတွင်း Trump အုပ်ချုပ်ရေးအဖွဲ့က အနုမြူရေး သဘောတူစာချုပ်ကနေ နှုတ်ထွက်မှုနှင့် အီရန်နိုင်ငံရဲ့ စွမ်းအင်ဆိုင်ရာ စက်မှုလုပ်ငန်းအပေါ်ထားရှိတဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်မံထားရှိမှုတို့အပေါ် ဆန့်ကျင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ လတ်တလော သီတင်းပတ်ကာလတွေအတွင်း အီရန်နိုင်ငံဟာ ပိတ်ဆို့အရေးယူမှုတွေနှင့် ပြည်တွင်းဘဏ္ဍာရေးရာ ညွှန်ကြားစီမံချက် လွဲမှားချက်တွေကြောင့် သာမန်အီရန်နိုင်ငံပြည်သူလူထု ရင်ဆိုင်နေရတဲ့ စီးပွားရေး အကျပ်အတည်းတွေအပေါ် နိုင်ငံတဝှမ်း ဆန့်ကျင်ဆန္ဒပြသမှုတွေ ပေါ်ပေါက်နေခဲ့ပါတယ်။
၂ ဖက်စလုံးတို့ဟာ လက်ရှိအချိန်အထိတော့ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ဖို့ ရှောင်ရှားနေခဲ့ကြတယ်ဆိုပေမယ့် အီရန်နိုင်ငံသား ဒါမှမဟုတ် ၎င်းတို့နှင့်ဆက်စပ်ရဲ့ အစုအဖွဲ့တွေဟာ အမေရိကန်တို့ရဲ့ဖိအားတွေအပေါ် Tehran အစိုးရရဲ့ ဆန့်ကျင်မှု ပြသဖို့အတွက် အမေရိကန်ပြည်ထောင်စု မဟာမိတ်တွေရဲ့ အရေးကြီးတဲ့ပစ်မှတ်တွေကို တိုက်ခိုက်သွားကြလိမ့်မယ်လို့ အစီရင်ခံချက်တွေက ညွှန်ပြလျှက်ရှိပါတယ်။ ဆန္ဒပြသမှုတွေ ရုပ်သိမ်းသွားပြီးနောက်မှာတောင် သမ္မတ Trump က အီရန်နိုင်ငံဟာ တန်ဖိုးကြီးကြီးမားမား ပေးဆပ်သွားရလိမ့်မယ်လို့ သတိပေးဖော်ပြခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ စွမ်းအင်ဖူလုံရေး၊ ကိုယ့်နိုင်ငံမှ စွန့်ခွာသွားရောက်မှု လူဦးရေ အများအပြားရှိနေခြင်းနှင့် ငွေကြေး လွှဲပြောင်းပေးအပ်မှုတွေရှိနေတာကြောင့် အဲဒီဒေသပိုင်းအတွင်း ဆက်စပ်မှုများစွာ တည်ရှိနေပါတယ်။ ၂၀၁၇-၁၈ ခုနှစ်ကတည်းက အီရတ်နိုင်ငံဟာ ဆော်ဒီအာရေးဗီးယားနိုင်ငံနေရာမှာ အစားထိုး ဝင်ရောက်လာခဲ့ပြီး အိန္ဒိယနိုင်ငံကို ရေနံစိမ်း အများဆုံး ပေးသွင်းတဲ့နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ အမေရိကန်တို့ရဲ့ ပိတ်ဆို့ အရေးယူမှုတွေဟာ အင်ဒို-အီရန်တို့ရဲ့ စွမ်းအင် ကုန်သွယ်ရေးအပေါ် အားနည်းချိနဲ့တဲ့ သက်ရောက်မှုတွေ ရှိနေပြီးဖြစ်ပါတယ်။ ဒါကြောင့် Baghdad မြို့အတွင်း လက်ရှိ အမေရိကန်-အီရန် ထိပ်တိုက်တွေဆုံမှု လျင်မြန်စွာ လျော့ပါးသက်သာစေရေးဟာ ပါရှန်းပင်လယ်ကွေ့ဒေသအတွင်း အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွားအရေး အရေးကြီးလှပါတယ်… စသဖြင့် ဆောင်းပါးရှင် ပါမောက္ခ P R Kumaraswamy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။
Comments
Post a Comment