“Taliban နဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်လည်စတင်မယ်ဖြစ်သော်လည်း ရှေ့မှောက်မှာ ခက်ခဲတဲ့စိန်ခေါ်မှုတွေရှိနေခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ The Hindu နေ့စဉ်သတင်းစာမှ အထူးဆောင်းပါးရှင် Kallol Bhattacherjee ဝေဖန်ရေးသားပေးပို့ထားတဲ့ “Taliban နဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား တွေ့ဆုံဆွေးနွေးပွဲတွေ ပြန်လည်စတင်မယ်ဖြစ်သော်လည်း ရှေ့မှောက်မှာ ခက်ခဲတဲ့စိန်ခေါ်မှုတွေရှိနေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အမေရိကန်ပြည်ထောင်စုသမ္မတ Mr Donald Trump ဟာ Thanksgiving အခါသမယအဖြစ် လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အင်အားကြီးမားတဲ့ အသေခံဗုံးဖေါက်ခွဲခံခဲ့ရတဲ့ Bagram လေတပ်အခြေစိုက်စခန်းသို့ အလည်အပါတ်ခရီးမှာ Taliban တို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်မဲ့အကြောင်း ကြေငြာခဲ့ပါတယ်။ ဒီအခြေစိုက်စခန်းဟာ ဆေးဖက်ဆိုင်ရာ အထောက်အကူပေးရေးဌာနတခုဖြစ်ပါတယ်။ အဲဒီဗုံးဖေါက်ခွဲမှုဟာ တခါပြန်ပြီး၊ အမေရိကန်ပြည်ထောင်စုသမ္မတက သူပုန်တွေဟာ Kabul မြို့မှာရှိတဲ့ NATO အဖွဲ့ကြီးရဲ့ စစ်ဖက်ဆိုင်ရာရုံးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဒါကြောင့် ရပ်ဆိုင်းထားခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေ ပြန်လည်စတင်ရာမှာ တွေ့ကြုံရမဲ့ အခက်အခဲတွေကို ဖေါ်ပြနေပါတယ်။ အမှန်တကယ်တော့ အဲဒီအချိန်မှာ Taliban နိုင်ငံရေးအသင်းတသင်းဟာ အမေရိကန်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဘို့ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ဘို့ ပြင်ဆင်နေခဲ့ကြပါတယ်။ အဲဒီစက်တင်ဘာလအတွင်းက နောက်ဆုတ်မှုကတည်းက Taliban တို့ဟာ ဆွေးနွေးပွဲအတွက် အသင့်ရှိကြောင်း ဖေါ်ပြနေကြပြီး၊ အပစ်အခတ်ရပ်စဲရေးကို အပြီးအပြတ်ရေးဆွဲချမှတ်တဲ့အခါ စစ်ပွဲတွေလည်း ကုန်ဆုံးသွားလိမ့်မယ်လို့ ဖေါ်ပြကြပါတယ်။ အဆိုပါသတင်းပါးမှုနဲ့အတူ Taliban တို့ဟာ ပီကင်း၊ မော်စကိုနဲ့ Islamabad မြို့တွေကို သွားရောက်ခဲ့ကြပါတယ်။
Taliban တို့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Mr Suhali Shaheen ရဲ့ ဖေါ်ပြချက်အရ စိုးရိမ်ကြောင့်ကြမှုတွေရှိနေပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ Taliban တို့အကြား ဆွေးနွေးပွဲတွေဟာ အထစ်အငေါ့မရှိဘဲ ပြန်လည်စတင်ပြီးဖြစ်တယ်လို့ သိရှိရပါတယ်။ Taliban တို့ဟာ Afghanistan နိုင်ငံရဲ့ နာမည်ကို Islamic Republic မှ Islamic Emirate လို့ ပြောင်းဘို့ တင်းခံနေကြပါတယ်။ ဒီအချက်ဟာ သမ္မတ Mr Ashraf Ghani ဦးဆောင်တဲ့ Afghanistan အစိုးရရဲ့ တုန့်ပြန်ငြင်းဆိုမှုကို ခံရလိမ့်မယ်ဖြစ်ပြီး၊ သမ္မတက အကြိမ်ပေါင်းများစွာဘဲ Afghanistan အစိုးရရဲ့ အခြေခံအမှတ်အသားနဲ့ပါတ်သက်တဲ့ အကြံဥာဏ်တွေကို ညှိနှိုင်းလက်ခံလိမ့်မယ်မဟုတ်ဘူးလို့ ကြေငြာခဲ့ပါတယ်။
Taliban တွေက ဆွေးနွေးပွဲစားပွဲဝိုင်းမှာ တင်ပြနိုင်တဲ့ မလွယ်ကူတဲ့ အကြောင်းရင်းနောက်တခုကတော့ Kabul အစိုးရရဲ့ အဆင့်အတန်း အခြေအနေဘဲဖြစ်ပါတယ်။ Afghanistan သမ္မတရွေးချယ်ပွဲကို လွန်ခဲ့တဲ့ စက်တင်ဘာလ (၂၈) ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဒါပေမဲ့ ယခုအချိန်အထိ ရွေးကောက်ပွဲရလဒ်မထွက်လာဘဲ ရှိနေပါတယ်။ ဒီအတောအတွင်း Dr. Ghani ရဲ့ပြိုင်ဘက် Dr. Abdullah Abdullah က Afghanistan နိုင်ငံမှာ ဆန့်ကျင်ကန့်ကွက်ရေး အစည်းအဝေးပွဲတွေကျင်းပနေပြီး၊ မဲရေတွက်မှုမှာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိရေးရှိဘို့ တောင်းဆိုနေပါတယ်။ အဲဒီရွေးကောက်ပွဲဟာ အရင်ကတည်းက ပေါက်ကွဲလွယ်နေတဲ့ Taliban အမေရိကန်ပြည်ထောင်စု စေ့စပ်ဆွေးနွေးပွဲတွေအတွက် ပြဿနာသစ်တွေ ဖန်တီးနိုင်ပါတယ်။
အကယ်၍သာ ပြည်သူအများစုတို့ရဲ့ ထောက်ခံမှုမရရှိဘူးဆိုရင် Ghani ရဲ့ အစိုးရရဲ့စိုးမိုးခွင့်နဲ့ပါတ်သက်ပြီး၊ အငြင်းအခုံပြုနိုင်ပါတယ်။ ဒီလိုလုပ်ဆောင်မှုက မိမိကိုယ်ကို အဲဒီနိုင်ငံမှ ပြည်သူလူထုအများစုတို့ရဲ့ စစ်မှန်တဲ့ကိုယ်စားလှယ်တွေအဖြစ် ယူဆနေကြတဲ့ Taliban တို့အတွက် အကျိုးဖြစ်ထွန်းနိုင်ပါတယ်။ နိုင်ငံတကာခေါင်းဆောင်တွေကလည်း ဖြေရှင်းချက်တခုကို ရှာဖွေလိုမှုအား အချက်ပြနေကြပြီး၊ အဲဒီသဘောတူညီချက်မှာ Taliban တို့က Afghanistan ရဲ့အုပ်ချုပ်ရေးအဆောက်အအုံမှာ တစိတ်ပိုင်းအဖြစ် ပါဝင်ကြမယ်ဖြစ်ပါတယ်။
မကြာသေးမှီက ရုရှားအရင်းအမြစ်တခုဟာ Taliban တို့ဟာ အာဏာခွဲဝေရေးအစီအစဉ်မှာ ဝင်ရောက်လာခြင်းက Islamic နိုင်ငံတွေရဲ့ တပ်ဖွဲ့တွေဟာ Afghanistan နယ်နိမိတ်အပေါ် ရောက်ရှိနေကြဒါမို့၊ မလွှဲမရှောင်စွာဘဲ တိုးများလာမယ်ဖြစ်ပါတယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ရုရှားနိုင်ငံက စိုးရိမ်ကြောင့်ကြနေပြီး၊ တရုတ်နိုင်ငံကလည်း Afghan နယ်မြေပေါ်မှာ Islamic နိုင်ငံတပ်ဖွဲ့တွေရှိလာခြင်း တိုးများလာနေဒါမို့ မကြာမှီသောအချိန်ကာလမှာ ဆိုဗီယက်ပြည်ထောင်စုနောက်ပိုင်း ဗဟိုအာရုနိုင်ငံတွေရဲ့ လုံခြုံရေးကို အန္တရာယ်ကျရောက်စေနိုင်ပြီး၊ တရုတ်နိုင်ငံရဲ့ ထိန်းမရဖြစ်နေတဲ့ Xinjiang ပြည်နယ်အတွင်း အနှောင့်အယှက်တွေ ကူးခတ်ပြန့်ပွားနိုင်ပါတယ်။ အစ္စလမ်းမစ်နိုင်ငံများထံမှ တာရှည်ပြဿနာနဲ့တူတဲ့ အဲဒီပြဿနာကို ရှောင်ရှားဘို့အတွက် တရုတ်နဲ့ရုရှားနှစ်နိုင်ငံစလုံးတို့ဟာ Taliban တို့ကို အဆင့်ပေါင်းစုံပါဝင်တဲ့ အာဏာခွဲယူရေးအစီအစဉ်မှာ ပါဝင်စေလိုကြပါတယ်။ Talibna တို့ဟာ တခါက Afghanistan အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကြေငြာခဲ့ဒါကို သိရှိရပါတယ်။ တခြားပါဝင်ပါတ်သက်ကြတဲ့ နိုင်ငံတွေကလည်း Afghanistan နိုင်ငံက လူမှုအစိတ်အပိုင်းအားလုံးတို့နဲ့ ဘက်စုံစေ့စပ်မှုများလုပ်ငန်းစဉ်တခုကို စတင်ကြလိမ့်မယ်ဖြစ်ပါတယ်။
Afghanistan နိုင်ငံအတွင်း ဘက်စုံအခြေအနေဟာ ငြိမ်းချမ်းရေးအတွက် ကျိုးပမ်းလုပ်ကိုင်မှုတွေ ကင်းမဲ့နေဒါကြောင့် ခက်ခဲလာဖွယ်ရှိပါတယ်။ တချို့အုပ်စုတွေက အမေရိကန်ပြည်ထောင်စုအား ယုံကြည်မှုတိုးများလာစေမဲ့ နည်းလမ်းတွေ ကြေငြာဘို့ တောင်းဆိုနေကြပါတယ်။ Afghan သမ္မတဟောင်း Mr Hamid Karzai က Washington အစိုးရအားဆက်သွယ်ပြီး၊ Taliban တို့ရဲ့ ယုံကြည်စိတ်ချမှုရရှိရေးအတွက် တဖက်သတ်အပစ်အခတ်ရပ်စဲရေးကြေငြာရန် တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ Afghanistan နိုင်ငံအတွင်း ပေါ်ပေါက်လာနေတဲ့ အခင်းဖြစ်ပွားမှုတွေကို စောင့်ကြည့်ဘို့ လိုအပ်ပါတယ်။ New Delhi အစိုးရဟာ အဆိုပါစစ်ဘေးဒါဏ်ခံခဲ့ရတဲ့နိုင်ငံကို ပြန်လည်တည်ဆောက်ဘို့ နက်နဲစွာ ခံယူထားပြီးဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ Afghanistan နိုင်ငံအတွင်း ပရိုဂျက်အဖြာဖြာတို့ကို ရှေ့ရှုလျှက် အမေရိကန်ဒေါ်လာပေါင်း (၂) ဘီလီယံ ထောက်ပံ့ထားပြီးဖြစ်ပါတယ်။
ယခုအခါမှာတော့ အမေရိကန်ပြည်ထောင်စု၊ Taliban နဲ့ Afghan အစိုးရတို့ဟာ Afghanistan အတွင်း နေရာရရှိဘို့အတွက် ဘယ်လိုစေ့စပ်ညှိနှိုင်းကြမလဲဆိုဒါကို စောင့်ကြည့်ရမယ်ဖြစ်ပါတယ်။ ဒေသပိုင်းနဲပ ကမ္ဘာလုံးဆိုင်ရာ တာဝန်ရှိကြသူခေါင်းဆောင်တွေက ဒီဆွေးနွေးပွဲတွေထဲက တချို့သောတိုးတက်မှုကို စိတ်ဝင်စားစွာ စောင့်ကြည့်နေကြမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Kallol Bhattacherjee ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment