“OECD စီးပွားရေးလေ့လာတိုင်းတာမှုမှာ အိန္ဒိယနိုင်ငံရဲ့ကြီးထွားမှု ရှေ့ဆက်ရန်ရှိခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ပါမောက္ခ Dr. Lekha S. Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “OECD စီးပွားရေးလေ့လာတိုင်းတာမှုမှာ အိန္ဒိယနိုင်ငံရဲ့ကြီးထွားမှု ရှေ့ဆက်ရန်ရှိခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

လွန်ခဲ့တဲ့အပါတ်အတွင်း New Delhi မှာ ထုတ်ပြန်ခဲ့တဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးမှုအဖွဲ့ကြီး OECD ရဲ့ အိန္ဒိယနိုင်ငံရဲ့စီးပွားရေး လေ့လာတိုင်းတာမှုမှာ အိန္ဒိယနိုင်ငံရဲ့ ကြီးထွားမှုဇါတ်လမ်းကို ခိုင်မာတောင့်တင်းပြီး၊ တာရှည်ခံမဲ့ ကြီးထွားမှုလမ်းကြောင်းပေါ် ချမှတ်ထားဒါကို တွေ့ရှိရပါတယ်။ ဒါပေမယ့် ဒီစာရင်းဇယားမှာ ကုမ္ပဏီတွေရဲ့ ရင်းနှီးမြှပ်နှံမှု စက်မှုလုပ်ငန်းဆိုင်ရာ ထုတ်လုပ်မှုနဲ့ပါတ်သက်ပြီး စိုးရိမ်ကြောင့်ကြဖြစ်ရမှုတွေကို ဖေါ်ပြထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကြီးထွားမှုအခြေအနေဟာ အဓိကအားဖြင့် သုံးစွဲမှုက မောင်းနှင်လျှက်ရှိပါတယ်။ အခွန်ကောက်ယူမှုကို လွယ်ကူစေခြင်း၊ ရောင်းဝယ်ဖေါက်ကားရန်လွယ်ကူမှုကို တောင့်တင်းစေခြင်းနဲ့ အခြေခံလိုအပ်ချက်အဆောက်အအုံအား မြင့်တင်စေတဲ့ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုတွေဟာ အရှိန်အဟုန်ကျဆင်းလာခဲ့ဒါကို မြင်တွေ့ရပြီးတဲ့နောက် သင့်တော်တဲ့ ကြီးထွားမှုကို ပြန်လည်ရယူနိုင်တယ်လို့ အစီအရင်ခံချက်မှာ ဖေါ်ပြထားပါတယ်။ သို့သော် အရည်အသွေးမြင့်မားတဲ့ အလုပ်နေရာတွေဖန်တီးခြင်းနဲ့ တောလက်ကျေးရွာဝင်ငွေကို လိပ်ခဲတင်းလင်းဖြစ်စေခြင်းတို့က ဆက်လက်ပြီး အရေးပါတဲ့စိန်ခေါ်မှုတွေအဖြစ် တည်ရှိနေပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်တွေအကြား အထူးသဖြင့် ဆင်းရဲတဲ့ပြည်နယ်တွေရဲ့ အယူအဆတွေဟာ ချမ်းသာတဲ့ပြည်နယ်တွေကို မမှီနိုင်ဖြစ်နေဒါမို့ နိုင်ငံအတွင်း မညီမမျှဖြစ်မှုတွေကို ကျယ်ပြန့်မသွားစေဘို့ရာ အရေးတကြီး အာရုံစိုက်ဖို့ လိုအပ်နေပါတယ်။ အဲဒီအစီအရင်ခံချက်ကို ထုတ်ပြန်တဲ့အခါ OECD ရဲ့ စီးပွားရေးပညာရှင်ချုပ် Mr Laurence Boone က “ယခုအခါ အိန္ဒိယနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမှာ ကြီးထွားမှုချိန်ပီယံအဖြစ် ကောင်းစွာနေရာယူထားနေပြီးဖြစ်တယ်” လို့ ဖေါ်ပြခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ စီးပွားရေးကြီးထွားမှုကို ပြန်လည်ရရှိဘို့အတွက် လည်ပါတ်မှုအရရော၊ ဖွဲ့စည်းတည်ထောင်မှုအရပါ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဘို့ လိုအပ်နေပါတယ်။

OECD ရဲ့ အစီအရင်ခံချက်မှာ ကိုယ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ အခြေခံလိုအပ်ချက် အဆောက်အအုံတွေအတွက် ဘဏ္ဍာရေးနယ်ပယ်တွေ ဖန်တီးပေးခြင်း၊ အလုပ်သမားဥပဒေများကို ခေတ်မှီစေခြင်း၊ စီးပွားရေးမှာ အမျိုးသမီးတွေကို ပိုမိုအလုပ်နေရာ ခန့်အပ်ခြင်း ဘဏ္ဍာရေးနယ်ပယ်တွေကို တိုးတက်စေခြင်း၊ အိမ်ငှားမှုစည်းမျဉ်းတွေကို ခိုင်မာစေခြင်း၊ လူတိုင်းအတွက် တတ်နိုင်စွမ်းဖြစ်စေသော အိုးအိမ်ပိုင်ခွင့်များရရှိစေခြင်း စတဲ့ပြုပြင်ပြောင်းလဲမှုတွေက ကြီးထွားရေးလမ်းကြောင်းကို ပြန်လည်ရှင်သန်စေနိုင်ကြောင်း မီးမောင်းထိုးပြသထားပါတယ်။

အဲဒီအစီအရင်ခံချက်မှာ ဝင်ငွေမညီမမျှဖြစ်မှုနဲ့ လူသားဦးရေမှာ အမျိုးသမီးအင်အားစုကို တောင့်တင်းစေရေး စတဲ့လူမှုရေးစိန်ခေါ်မှုတွေကို အထူးအာရုံပြုထားပါတယ်။ နောက်ပြီး ဒီအစီအရင်ခံချက်မှာ အစိုးရက လေဟာပြင်မှာ ကျင်ကြီး၊ ကျင်ငယ်စွန့်ခြင်းကို ပယ်ရှားရေးအတွက် လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး ရေအိမ်ပေါင်း သန်း (၁၀၀) ဆောက်လုပ်ပေးထားခြင်း စတဲ့လူမှုရေးအကျိုးစီးပွားပေါ်လစီအဖြာဖြာတို့ကို ဖွင့်လှစ်ထားဒါကြောင့် ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် အဆိုပါအစီအရင်ခံချက်မှာ အမျိုးသမီးတွေကို အခွင့်အာဏာပေးဖို့အတွက် မိန်းကလေးငယ်တွေကို ပယ်ရှားခြင်းလျော့နည်းပြီး၊ မိန်းကလေးတွေကို ပညာသင်ကြားပေးခြင်းတို့အတွက် အစီအစဉ်ကို ဖွင့်လှစ်ထားဒါကို မှတ်ချက်ချ ဖော်ပြထားပါတယ်။ သို့သော်ငြားလည်း စီးပွားရေးကြီးထွားမှုနဲ့အတူ ထပ်လောင်းပြီး ညီတူညီမျှဖြစ်စေမှုမှာ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

OECD ရဲ့ အစီအရင်ခံချက်မှာ သက်သာချောင်ချိစွာနေထိုင်ရေးနဲ့ ရာသီဥတုပြောင်းလဲမှုကို ကန့်သတ်ရေးအတွက် “Greening Growth” ခေါ် သစ်ပင်ပန်းမန်များ များပြားကြီးထွားမှုလိုအပ်ဒါကို အလေးအနက်ဖေါ်ပြထားပါတယ်။ နောက်ပြီး လေထုညစ်ညမ်းမှုက မြင့်မားနေခြင်းဟာ ရဲရင့်စွာအရေးယူဆောင်ရွက်မှုတွေ ပျက်ကွက်နေချိန်မှာ တိုးများလာလိမ့်မယ်လို့ မှတ်ချက်ချထားပါတယ်။ အိမ်တွင်းလေထုညစ်ညမ်းမှုက အိန္ဒိယနိုင်ငံမှာ အသက်အရွယ်မရောက်မှီ သေဆုံးရခြင်းနဲ့ အဓိကအကြောင်းရင်းတခုဖြစ်ပါတယ်။ အစိုးရက ဆင်းရဲသူတွေအတွက် သန့်စင်တဲ့ဓါတ်ငွေ့တွေကို ဈေးနှုန်းသက်သာစွာနဲ့ ထောက်ပံ့ပေးနေသော်ငြားလည်း ဒီစီမံကိန်းကို လုံးဝအကောင်အထည်ဖော် အောင်မြင်ဘို့ရာ အတော်များများလုပ်ကိုင်ဘို့ရှိနေပါသေးတယ်။ ကမ္ဘာပေါ် လေထုအညစ်ညမ်းဆုံးမြို့ပေါင်း (၁၀) မြို့မှာ အိန္ဒိယနိုင်ငံက မြို့ပေါင်း (၉) မြို့ပါဝင်ပါတယ်။

အဆိုပါ OECD ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ စီးပွားရေးလေ့လာတိုင်းတာချက်ကို အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးအကြံပေးအရာရှိချုပ် Mr K. Subramanian နဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထိပ်တန်းအရာရှိတွေရှေ့မှောက် တင်ဆက်ခဲ့ပါတယ်။

အဲဒီ OECD ရဲ့အစီအရင်ခံချက်မှာ အိန္ဒိယနိုင်ငံရဲ့ဖေါင်းပွမှုကို ငွေကြေားဆိုင်ရာပေါ်လစီလုပ်ငန်း ဘောင်အတွင်း ပစ်မှတ်ထားလုပ်ကိုင်ထိန်းချုပ်နိုင်ခြင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမှာ ပါဝင်ပတ်သက်လာမှု တိုးများလာဒါတွေကို ချီးကျူးထားပါတယ်။

OECD ရဲ့ အစီအရင်ခံချက်မှာ အဓိကသော့ချက်ကျ ထောက်ခံချက်တွေမှာ Macro စီးပွားရေးပေါ်လစီတွေကို တိုးတက်ကောင်းမွန်စေခြင်းနဲ့ အုပ်ချုပ်မှု၊ ရင်းနှီးမြှပ်နှံမှုတွေကို အားပေးအားမြောက်ပြုခြင်း၊ လူမှုရေးမညီမမျှဖြစ်မှုတွေကို အာရုံပြုခြင်း၊ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးမှာ ပါဝင်ပါတ်သက်မှုတိုးတက်စေခြင်း၊ အိုးအိမ်ပိုင်ဆိုင်ခွင့် တိုးမြှင့်ခြင်း၊ ဈေးနှုန်းသက်သာသော အိမ်ယာတွေနဲ့ သစ်ပင်စိုက်ပျိုးမှုကို အားပေးမြင့်တင်ပေးမှုတွေအား ဖေါ်ပြထားပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Lekha S. Chakraborty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”