“Jugnauth ရဲ့ အလည်အပါတ်ခရီးစဉ်က India-Mauritius ဆက်ဆံရေးတွေအား တည်တံ့ခိုင်မြဲစေလိုက်ခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်ဆောင်းပါးရှင် Ranjit Kumar ဝေဖန်ရေးသားပေးပို့ထားတဲ့ “Jugnauth ရဲ့ အလည်အပါတ်ခရီးစဉ်က India-Mauritius ဆက်ဆံရေးတွေအား တည်တံ့ခိုင်မြဲစေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
လွန်ခဲ့တဲ့အပါတ်က အသစ်ရွေးချယ်တင်မြောက်ခံခဲ့ရတဲ့ Mauritius နိုင်ငံဝန်ကြီးချုပ် Mr Pravind Jugnauth ရဲ့ အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်ဘို့ဆုံးဖြတ်ချက်ဟာ ဒီနှစ်နိုင်ငံအချင်းချင်းတို့ရဲ့ အပြန်အလှန်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ဆက်ဆံမှုတွေရဲ့ ထူးကဲထင်ရှားမှုကို ပေါ်လွင်စေလိုက်ပါတယ်။ Mauritius နိုင်ငံ လူဦးရေ ၁.၃ သန်းမှ ၃ ပုံ ၂ ပုံတို့ဟာ အိန္ဒိယလူမျိုးနွယ်တွေဖြစ်ကြပြီး အိန္ဒိယသမုဒ္ဒရာထဲ Vanilla Island လို့ခေါ်တဲ့ နေရာမှာ နေထိုင်ကြပြီး၊ နှစ်နိုင်ငံစလုံးတို့မှာ မိမိတို့ရဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုအရေးကိစ္စတွေမှာ သဘာဝအရ မှီခိုအားထားလိုတဲ့ စိတ်ရင်းဆန္ဒတွေ ရှိနေပါတယ်။
ဝန်ကြီးချုပ် Mr Jugnauth ရဲ့ ခရီးစဉ်ကို တရားဝင် New Delhi အသိုင်းအဝိုင်းက သီးသန့်ပုဂ္ဂိုလ်ရေးရာခရီးစဉ်တခုအဖြစ် ဖေါ်ပြကြပေမဲ့ အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi က Mauritius ဝန်ကြီးချုပ်အား တရားဝင်ဂုဏ်ထူးဆောင်တွေကို ကြိုဆိုဧည့်ခံလေ့ရှိတဲ့ Hyderabad House ဂေဟာမှာ ဖိတ်ခေါ်ဧည့်ခံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲကာလမှာ ခေါင်းဆောင်နှစ်ဦးစလုံးတို့က မိမိတို့ရဲ့ဆက်ဆံရေးတွေအား ပိုမိုနက်ရှိုင်းစေလိုတဲ့ဆန္ဒကို ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။ ဝန်ကြီးချုပ် Mr Modi က Mauritius နိုင်ငံရဲ့ မျှော်မှန်းချက်ဖြစ်တဲ့ မြင့်မားစွာလုံခြုံပြီး၊ တည်တံ့မှုရှိကာ၊ ကြွယ်ဝချမ်းသာသောနိုင်ငံတနိုင်ငံဖြစ်လာရေးအတွက် အိန္ဒိယနိုင်ငံရဲ့ ထောက်ပံ့ကူညီမှုတွေကို ဖေါ်ပြခဲ့ပါတယ်။
ဝန်ကြီးချုပ်က အစိုးရနဲ့ Mauritius ပြည်သူတို့အနေနဲ့ အိန္ဒိယနိုင်ငံရဲ့ စိတ်အားထက်သန်သော အထောက်အပံ့နဲ့ သူတို့ရဲ့မျှော်မှန်းချက်ဖြစ်တဲ့ ခိုင်မာတောင့်တင်းသော Mauritius နိုင်ငံဖြစ်လာရေးအတွက် ဆောက်လုပ်မှု၌ စည်းလုံးစွာပါဝင်ဒါကို ယုံကြည်နိုင်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ် Mr Jugnauth က သူ့ရဲ့ အိန္ဒိယနိုင်ငံရဲ့နယ်ပယ်များစွာတို့မှာ ထောက်ပံ့ကူညီမှု အထူးသဖြင့် အဲဒီကျွန်းနိုင်ငံမှာ ပထမဦးဆုံးဖြစ်တဲ့ Metro အမြန်ရထားပရိုဂျက်၊ နား၊ နှာခေါင်းနဲ့ လည်ချောင်း အထူးကုဆေးရုံ၊ လူမှုအိမ်ယာဆောက်လုပ်ရေး စတဲ့ပရိုဂျက်တွေမှာ ပူးပေါင်းဆောင်ရွက်မှု လှိုက်လှိုက်လဲလဲကျေးဇူးတင်ရှိကြောင်း ဖေါ်ပြခဲ့ပါတယ်။ အဆိုပါပရိုဂျက်တွေဟာ Mauritius နိုင်ငံသားတွေအတွက် စစ်မှန်တဲ့အကျိုးအမြတ်တွေ ဖြစ်ထွန်းစေခဲ့ပါတယ်။ လွန်ခဲ့တဲ့အချိန်ကာလမှာ အိန္ဒိယနိုင်ငံဟာ သတိကြီးစွာနဲ့ အိန္ဒိယသမုဒ္ဒရာအတွင်းမှ Mauritius နိုင်ငံနဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆက်ဆံမှုတွေကို ခင်းကျင်းလှုပ်ရှားလျှက်ရှိပါတယ်။
ဝန်ကြီးချုပ် Mr Pravind Jugnauth ဟာ ကျော်ကြားထင်ရှားခဲ့တဲ့ Mauritius ဝန်ကြီးချုပ်ဟောင်း Mr Anirudh Jugnauth ရဲ့သားဖြစ်ပါတယ်။ Mr Pravind Jugnauth ဟာ သူ့ရဲ့နိုင်ငံတွေရဲ့ အကျိုးစီးပွားကို မြှင့်တင်တဲ့အစဉ်အလာကို ရင်ဝယ်ပိုက်ထားပါတယ်။ အမှန်တကယ်တော့ Mauritius နိုင်ငံသားအများစုတို့ဟာ အိန္ဒိယအမျိုးအနွယ်တွေဖြစ်ကြပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀) ကျော်က ဗြိတိသျှအင်ပိုင်ယာကြီးအား ထောက်ပံ့ကူညီဘို့အတွက် ကြံစိုက်ပျိုးရေးမှာ ကာယလုပ်သားတွေအဖြစ် ရောက်ရှိနေထိုင်ခဲ့ကြသူတွေဖြစ်ကြပါတယ်။ ယနေ့ခေတ်မှာ သူတို့တတွေဟာ နည်းဗျူဟာကျတည်ဆောက်ထားပြီး၊ အလွန်ရေးကြီးတဲ့ ကျွန်းနိုင်ငံမှာ ဂုဏ်ယူဝင့်ကြွားဖွယ် နိုင်ငံသားတွေအဖြစ် နေထိုင်လျှက်ရှိကြပါတယ်။
Mauritius နိုင်ငံကို ဥရောပစူးစမ်းလေ့လာသူတွေက အိန္ဒိယသမုဒ္ဒရာအတွင်းမှ “ကြယ်ပွင့်” နဲ့ “သော့” အဖြစ် ဖေါ်ပြကြပါတယ်။ နောက်ပြီး ဝန်ကြီးချုပ် Mr Modi ဟာ သူ့ရဲ့ ၂၀၁၅ ခုနှစ်က Mauritius နိုင်ငံသို့ အလည်အပါတ်ခရီးစဉ်အတွင်း Port Louis သို့ သွားရောက်ခဲ့တဲ့အခါ ပထမဦးဆုံးအကြိမ်အဖြစ် သူ့ရဲ့ အိန္ဒိယသမုဒ္ဒရာနည်းဗျူဟာဖြစ်တဲ့ အားလုံးတို့အတွက် ကြီးပွားရေးနဲ့ လုံခြုံရေးစီမံကိန်း SAGAR အား ကြေညာခဲ့ဒါကို မှတ်သားရမယ်ဖြစ်ပါတယ်။
Mauritius နိုင်ငံဟာ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုရှိတဲ့ ထိပ်ဆုံးအရင်းအမြစ်တခုဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုမှာ အရေးပါတဲ့အခန်းမှာ ပါဝင်နေပါတယ်။ အာဖရိကသမဂ္ဂ (AU) အိန္ဒိယသမုဒ္ဒရာစက်ဝန်းအသင်း (IORA) နဲ့ အိန္ဒိယ သမုဒ္ဒရာကော်မရှင် (IOC) တို့ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အလျောက် Mauritius နိုင်ငံမှာ အိန္ဒိယနိုင်ငံရဲ့ အာဖရိကတိုက်နဲ့ အိန္ဒိယသမုဒ္ဒရာစက်ဝန်းနိုင်ငံတွေမှာ နည်းဗျူဟာနဲ့ စီးပွားရေးအကျိုးအမြတ်ကို ထပ်လောင်းတိုးမြှင့်ပေးနိုင်တဲ့ အလားအလာတွေ ရှိနေပါတယ်။
နှစ်နိုင်ငံစလုံးတို့ရဲ့ တဦးတယောက်ရဲ့စီးပွားရေးနဲ့ လုံခြုံရေးအကျိုးသက်ရောက်မှု ပါဝင်လုပ်ကိုင်နိုင်တဲ့ အခန်းကဏ္ဍတွေအား တွေးတောစဉ်းစားလျှက် Mauritius နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ဟာ ဘက်စုံပါဝင်တဲ့ အပြန်အလှန်ဆက်ဆံမှုတွေနဲ့ စေ့စပ်ပါဝင်နိုင်တဲ့ နယ်ပယ်သစ်တွေကို စူးစမ်းရှာဖွေရာမှာ အပြန်အလှန်အကျိုးသက်ရောက်မှုနဲ့ ဦးစားပေးမှုတွေအပေါ် အခြေခံပြီး နီးကပ်စွာလုပ်ကိုင်ဆောက်တည်ဘို့ သဘောတူခဲ့ကြပါတယ်။
ဝန်ကြီးချုပ် Mr Pravind Jugnauth ရဲ့ အိန္ဒိယနိုင်ငံသို့ အလည်အပါတ်ခရီးစဉ်ဟာ မဟာဗျူဟာစီမံချက်ကျတဲ့ နှစ်နိုင်ငံအကြားဆက်ဆံရေးတွေဟာ ပြည်သူတွေရဲ့ ယဉ်ကျေးမှုရေးရာ နှောင်ဖွဲ့မှုတွေနဲ့ ကိုက်ညီတဲ့အလျှောက် ထပ်လောင်းပြီး ရှေ့သို့ခရီးရှည်ကြီးကို လျှောက်လှမ်းကြမယ်ဖြစ်ပါတယ် စသည်ဖြင့်ဆောင်းပါးရှင် Ranjit Kumar ဝေဖန်ရေးသားပေးပို့ထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။
Comments
Post a Comment