“CAB အား အိမ်နီးချင်းနိုင်ငံတွေမှ လူနည်းစုဒုက္ခသည်တွေအတွက် နိုင်ငံသားဖြစ်ခွင့်ပေးအပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်”

သောတရှင်များခင်ဗျား။ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Smruti S. Pattanaik ဝေဖန်ရေးသားပေးပို့ထားတဲ့ “CAB အား အိမ်နီးချင်းနိုင်ငံတွေမှ လူနည်းစုဒုက္ခသည်တွေအတွက် နိုင်ငံသားဖြစ်ခွင့်ပေးအပ်ရန် ရည်ရွယ်ခြင်းဖြစ်သည်” ဟူသောသတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ပြင်ဆင်ထားသောနိုင်ငံသားဖြစ်လာခွင့်ဥပဒေမူကြမ်း CAB က အိမ်နီးချင်းနိုင်ငံတွေမှ ညှင်းပန်းနှိပ်စက်ခြင်းခံရသော လူနည်းစုတို့အတွက် နိုင်ငံသားဖြစ်ခွင့်ပေးဆောင်ရန် ဂတိပြုထားသည်ကို အိန္ဒိယပါလီမန်လွတ်တော်မှာ တင်သွင်းခဲ့ကာ အပြင်းအထန် ချေပပြောဆိုမှုတွေ ပေါ်ပေါက်နေချိန်မှာ ပါကစ္စတန်နိုင်ငံက အဲဒီဥပဒေမူကြမ်းအား ဆန့်ကျင်ဖော်ပြလျှက်ရှိနေပါတယ်။ သူတို့ရဲ့ လူနည်းစုအမျိုးအနွယ်တွေကိုရှင်းလင်းပြီး၊ နိုင်ငံကို ခွဲခြမ်းခဲ့တဲ့အခါ လူနည်းစုဦးရေ ၃.၅% သာရှိတဲ့နိုင်ငံမှာ လူနည်းစုဦးရေ ၂၃.၅% ရှိတဲ့နိုင်ငံရဲ့ အရေးကိစ္စအပေါ် ပြောဆိုပိုင်ခွင့်မရှိပါဘူး။

သို့သော် Nehru-Liaquat Ali သဘောတူစာချုပ်မှာ တဦးတယောက်ရဲ့နိုင်ငံအတွင်း လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ဘို့ ဂတိပြုထားပြီး အိန္ဒိယနိုင်ငံရဲ့ အနီးကပ်ဆုံးအိမ်နီးချင်းနိုင်ငံအတွင်း လူနည်းစုအသိုင်းအဝိုင်းက ပုံမှန်လျော့နည်းလာခဲ့ပြီး ဘာသာရေးဆိုင်ရာ လူနည်းစုတွေက အိန္ဒိယနိုင်ငံသို့ ထွက်ပြေးလာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူနည်းစုအသိုင်းအဝိုင်းဦးရေဟာ ၁၉၇၁ ခုနှစ်က ၂၁.၃% ရှိခဲ့ပြီး ယခုအခါ ၈.၅% သို့ ကျဆင်းလာခဲ့ပါတယ်။ ကိုးကွယ်ရာဘာသာရေးဆိုင်ရာ လူနည်းစုတွေဟာ မကြာခဏဆိုသလိုဘဲ ခွဲခြမ်းဆက်ဆံမှုကိုခံရပြီး၊ သူတို့ပိုင်ဆိုင်တဲ့ အိုးအိမ်ပစ္စည်းတွေအားလည်း အစိုးရပိုင်အဖြစ် အတန်းအစားခွဲကာ သိမ်းယူခံခဲ့ကြရပါတယ်။ မှတ်သားထိုက်တဲ့အချက်တချက်ကတော့ နိုင်ငံကို ခွဲခြမ်းပြီးတဲ့နောက်ပိုင်း အိန္ဒိယနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့လူနည်းစုအသိုင်းအဝိုင်းဦးရေဟာ ၉.၈% ရှိပြီး တဖြေးဖြေးတိုးများလာနေပါတယ်။ ဒီအချက်ဟာ အိန္ဒိယနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေရှိကြတဲ့ လူနည်းစုတွေကို ဆက်ဆံမှုအပေါ် ရောင်ပြန်ဟပ်စေပါတယ်။

အိန္ဒိယနိုင်ငံကို ခွဲခြမ်းပြီးတဲ့နောက် ပါကစ္စတန်နိုင်ငံမှာ လူနည်းစုဦးရေတွေကို တန်းတူအခွင့်အရေးမပေးဘို့ တရားဥပဒေအမျိုးမျိုးခွင့်ပြုခဲ့ပါတယ်။ သီးခြားရွေးကောက်ပွဲများပေါ်လစီမှာ လူနည်းစုအသိုင်းအဝိုင်းတို့ရဲ့ နိုင်ငံရေးဆိုင်ရာပါဝင်ပါတ်သက်မှု လျော့နည်းစေခဲ့ပါတယ်။ အဲဒီနိုင်ငံဟာ လူနည်းစုအသိုင်းအဝိုင်းတို့ကို ကွဲပြားစွာဆက်ဆံရေးကို ဖန်တီးခဲ့ပြီး၊ ပါကစ္စတန်နိုင်ငံရဲ့ သမ္မတနဲ့ ဝန်ကြီးချုပ်ရာထူးတို့အတွက် ပါဝင်ယှဉ်ပြိုင်အရွေးခံခြင်းကိုလည်း ပိတ်ပင်ထားလိုက်ပါတယ်။ ယခုနှစ် အောက်တိုဘာလအတွင်း Pakistan People’s Party ဝင် ခရစ်ယာန်လူနည်းစု အသိုင်းအဝိုင်းက ပါကစ္စတန်အမျိုးသားလွှတ်တော်မှာ နုတ်အားဖြင့် မဲပေးခြင်းဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မှားယွင်းခဲ့ဒါတွေကို ပြင်ဆင်ဘို့ တင်သွင်းခဲ့တဲ့လျှောက်ထားချက်ကို ပိတ်စို့ခဲ့ပါတယ်။ ဟင်ဒူ၊ ခရစ်ယာဉ်နဲ့ Sikh ဘာသာဝင်တို့အပြင် ဒုတိယအကြိမ် ပါကစ္စတန်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်မှာ Ahmediyas တို့အား မူစလင်ဘာသာဝင်မဟုတ်ကြောင်း ကြေငြာခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်ကစပြီး သီးခြားရွေးကောက်ပွဲစနစ်ကို စတင်ခဲ့ပြီး Ahmediyas တို့က မူစလင်ဘာသာဝင်မဟုတ်သူများအဖြစ် မဲပေးခဲ့ကြပါတယ်။ ဒီလိုပြုလုပ်ခြင်းရဲ့ရလဒ်အဖြစ် အဲဒီလူနည်းစုတွေက မဲဆန္ဒပေးဘို့ သပိတ်မှောက်ခဲ့ကြပါတယ်။ စိတ်ဝင်စားစရာကောင်းလှဒါကတော့ Islamabad တရားရုံးကြီးက Ahmediyas တို့ဟာ သူတို့ရဲ့နာမည်မှာ Qadiani သို့မဟုတ် Mirza ကို ထည့်သွင်းရမယ်လို့ အမိန့်ချလိုက်ဒါဘဲဖြစ်ပါတယ်။ အဲဒီလူနည်းစုအသိုင်းအဝိုင်းအားလုံးတို့ဟာ မကြာခဏဆိုသလိုဘဲ Blasphemy (သို့) မူစလင်ဘာသာကို ပုတ်ခတ်ပြောဆိုမှုနဲ့ စွတ်စွဲခံကြရပြီး ပါကစ္စတန်နိုင်ငံရဲ့ ပြင်းထန်တဲ့ ဘာသာရေးကို ပုတ်ခတ်ပြောဆိုမှုဥပဒေအရ အရေးယူခံကြရကာ များသောအားဖြင့် သေဒါဏ်ခတ်ခြင်းကို ခံရလျှက်ရှိနေကြပါတယ်။ 

Shia တို့ဟာ မူစလင်ဘာသာဝင်တွေဖြစ်ကြပေမဲ့ တခြားဂိုဏ်းဝင်တွေဖြစ်ကြဒါကြောင့် ခွဲခြားခံရပြီး၊ ပါကစ္စတန်နိုင်ငံအတွင်းက ဘာသာရေးအစွဲအလမ်းကြီးသူတွေက Shia တွေကို မူစလင်မဟုတ်ကြဘူးလို့ ကြေငြာထားကြပါတယ်။ ဘာသာရေးအရ လူနည်းစုတွေသာမဟုတ်ပါဘူး၊ ပါကစ္စတန်နိုင်ငံရဲ့ သူတို့နိုင်ငံသားတွေအပေါ် အရှေ့ပါကစ္စတန်က ပြည်သူတွေကို Bengali တွေလို့ ခွဲခြားပြီး၊ Baluchi လူမျိုးတွေ သို့မဟုတ် Mohajir တွေလို့ ခွဲခြားဆက်ဆံကြဒါမို့ ဒီအချက်တွေက အဲဒီနိုင်ငံရဲ့ ခွဲခြားဆက်ဆံမှုတွေအား သွန်သင်ပေးနေတဲ့ နိုင်ငံရဲ့သဘာဝကို ဖေါ်ပြလျှက်ရှိပါတယ်။

ဒါ့ကြောင့် သူတို့ရဲ့လူနည်းစုအသိုင်းအဝိုင်းတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ကျင်းသုံးနေတဲ့နိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ မိမိတို့နိုင်ငံသို့ ထွက်ပြေးလာခဲ့ကြတဲ့ မူစလင်မဟုတ်တဲ့ ဒုက္ခသည်တွေကို အိန္ဒိယနိုင်ငံသာဖြစ်ခွင့်ပေးဖို့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်သုံးသပ်ခွင့်မရှိပါဘူး။ ပါကစ္စတန်ဝန်ကြီးချုပ် Mr Imran Khan ဟာ တရားရုံးတော်ချုပ်က လူပေါင်း ၁၉ သိန်းခန့်တို့ဟာ ၎င်းတို့ရဲ့ အိန္ဒိယနိုင်ငံသားဖြစ်ကြောင်းကို သက်သေထူဘို့ ဘယ်လိုစာချုပ်စာတမ်းမျှ မတင်ပြနိုင်ခဲ့ကြဒါကို တွေ့ရှိခဲ့ခြင်းအပေါ် အခြေခံပြီး Nation Register of Citizens (NRC) ခေါ် အမျိုးသားနိုင်ငံသားများမှတ်တမ်းစာရင်း ပြုစုခဲ့ဒါကို အပြင်းအထန်ဝေဖန်သုံးသပ်တဲ့ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပြည်သူတို့မှာ သူတို့ရဲ့နာမည်တွေမပါရှိဒါကိုဆန့်ကျင်ပြီး အယူခံဝင်နိုင်ခဲ့ပါတယ်။

၁၉၄၇ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံထဲ ပါကစ္စတန်၊ အာဖဂန်နစ္စတန် နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေထဲကပြည်သူတွေ ဝင်ရောက်မှုတဖြေးဖြေးတိုးများလာခဲ့ပါတယ်။ ဒီဆင်းရဲကတဲ့ဒုက္ခသည်တွေဟာ သူတို့နိုင်ငံမှာ လုံခြုံမှုမရှိလို့ ထွက်ပြေးလာကြသူတွေဖြစ်ကြပါတယ်။ နောက်ပြီးအဲဒီဒုက္ခသည်တွေဟာ သူတို့မွေးဖွားရာမြေပေါ်မှာ တချို့သောမသမာသူတွေရဲ့ အမြတ်ထုတ်ယူမှုကို ခံခဲ့ကြရပါတယ်။ အဆိုပါကမ်းလှမ်းထားတဲ့ ပြင်ဆင်ထားတဲ့ နိုင်ငံသားဖြစ်ပိုင်ခွင့်ဥပဒေမူကြမ်းကို အဲဒီဘာသာရေးလူနည်းစုဒုက္ခသည်တွေအား အိန္ဒိယနိုင်ငံမှာ နေထိုင်နိုင်ဘို့ ဥပဒေရေးရာကို အခြေခံမူတခုနဲ့ သူတို့အား အိန္ဒိယနိုင်ငံသားတို့လိုဘဲ အကျိုးခံစားမှုအားလုံးတို့ကို ခံစားခွင့်ရရှိစေရန် ရေးစွဲချမှတ်ထားဒါဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Smruti S. Pattanaik ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”