Tashkent မြို့တွင် SCO အဖွဲ့၏ အစိုးရ အကြီးအကဲများကောင်စီ တွေ့ဆုံဆွေးနွေးပွဲ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အာရှအလယ်ပိုင်းနှင့် CIS ဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Athar Zafar ဝေဖန်ရေးသားပေးပို့ထားတဲ့ “Tashkent မြို့တွင် SCO အဖွဲ့၏ အစိုးရ အကြီးအကဲများကောင်စီ တွေ့ဆုံဆွေးနွေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
SCO ခေါ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်းရဲ့ အစိုးရ အကြီးအကဲများ ကောင်စီဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဥဇဘက်ကစ္စတန်နိုင်ငံ၊ Tashkent မြို့မှာ ၁၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဥရောပနှင့် အာရှတိုက် စပ်ကြားဒေသကို အာရုံပြုထားတဲ့ ဒီအဖွဲ့အစည်းကို ၂၀၁၇ ခုနှစ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ အစိုးရအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲမှာ အိန္ဒိယနိုင်ငံရဲ့ တတိယအကြိမ်မြောက် ပါဝင်တက်ရောက်မှု ဖြစ်ပါတယ်။ ပထမအကြိမ် ဆွေးနွေးပွဲကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့အတွင်း ရုရှားနိုင်ငံ၊ ဆိုချီမြို့မှာ ပြုလုပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် တွေ့ဆုံဆွေးနွေးပွဲကိုတော့ တာဂျီကစ္စတန်နိုင်ငံ၊ ဒူရှန်ဘီမြို့မှာ ပြုလုပ်ခဲ့ပါတယ်။
SCO အဖွဲ့အစည်းမှာ အိန္ဒိယ၊ ကာဇစ္စတန်၊ တရုပ်၊ ကာဂျက်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျီကစ္စတန်နှင့် ဥဇဘက်စ္စတန် စတဲ့ အဖွဲ့ဝင် ၈ နိုင်ငံရှိပြီး လေ့လာသူ ၄ နိုင်ငံနှင့် ဆွေးနွေးရေး မိတ်ဖက် ၆ နိုင်ငံတို့လည်း ရှိပါတယ်။ ဒီအဖွဲ့အစည်းရဲ့ အမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်ရေး အဖွဲ့အစည်းကတော့ နိုင်ငံတော် ခေါင်းဆောင်များကောင်စီဖြစ်ပြီး အစိုးရ အကြီးအကဲများ ကောင်စီကတော့ ဒုတိယမြောက် အရေးပါတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အစိုးရ အကြီးအကဲတွေဟာ နှစ်စဉ်အားဖြင့် တွေ့ဆုံဆွေးနွေးကြပြီး ဘဏ္ဍာရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး နည်းလမ်းနှင့် အဖွဲ့အစည်းရဲ့ ဦးစားပေးကဏ္ဍတွေအပေါ် ဆွေးနွေးကြတဲ့အပြင် အရေးပါတဲ့ စီးပွားရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ပြဿနာတွေကိုလည်း အာရုံပြုထားကြပါတယ်။
Tashkent မြို့ အစိုးရအကြီးအကဲများ တွေ့ဆုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် Mr. Narendra Modi ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကာကွယ်ရေးဝန်ကြီး Mr. Rajnath Singh က အိန္ဒိယနိုင်ငံကို ကိုယ်စားပြု တက်ရောက်ခဲ့ပါတယ်။ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒတို့ဟာ အဖွဲ့ဝင်နိုင်ငံ အားလုံးနှင့် ကမ္ဘာကြီးအတွက် စိုးရိမ်ဖွယ်ဖြစ်ပါတယ်။ Mr. Singh ဟာ အကြမ်းဖက်ဝါဒနှင့် အားပေးထောက်ပံ့မှုတွေ တိုက်ဖျက်ရေးအတွက် တည်ဆဲ လက်ရှိနိုင်ငံတကာ ဥပဒေအားလုံးနှင့် ယန္တရားတွေ အကောင်အထည်ဖော် တိုးတက်အားကောင်းစေဖို့ SCO အဖွဲ့အစည်းကို တောင်းဆိုခဲ့ပါတယ်။ အကြမ်းဖက်ဝါဒဟာ မိမိတို့ရဲ့ လူ့ဘောင်အဖွဲ့အစည်းကို ဆက်လက် နှောက်ယှက်နေပြီး ဒီအန္တရာယ်ကို အတူတကွ ဖြေရှင်းသွားဖို့ SCO နိုင်ငံတွေအတွက် အရေးကြီးကြောင်း ကာကွယ်ရေးဝန်ကြီးက ဖော်ပြခဲ့ပါတယ်။
SCO အဖွဲ့မှာ စီးပွားရေးစွမ်းရည် အများအပြားရှိထားပြီး ကမ္ဘာ့လူဦးရေရဲ့ ခန့်မှန်းခြေ ၄၂% ခန့်၊ စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု GDP တန်ဖိုး ၂၀% ခန့်နှင့် မြေနယ်နိမိတ် ဧရိယာ ၂၂% ခန့်တို့ ကိုယ်စားပြု ပိုင်ဆိုင်ထားပါတယ်။ အိန္ဒိယနိုင်ငံဟာ တရုပ်နိုင်ငံပြီးရင် SCO အဖွဲ့ နယ်ပယ်မှာ ဒုတိယအကြီးမားဆုံး စီးပွားရေးနိုင်ငံ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ရင်းမြစ်ဖော်ထုတ်ရေး၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ပညာရေး၊ ဂြိုဟ်တု လွှတ်တင်ရေး၊ ဆေးဝါး၊ ကြေးနန်းဆက်သွယ်ရေးဖြင့် ဆေးဝါးကုသရေး၊ ဆေးပညာဆိုင်ရာ ခရီးသွားလာရေး၊ တည်းခိုရိပ်သာနှင့် ဘဏ္ဍာရေး ဝန်ဆောင်ပေးမှုတို့အပါအဝင် စွမ်းရည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးကဏ္ဍတို့မှာ နိုင်ငံရဲ့ အတွေ့အကြုံတွေကို မျှဝေနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးက ဖော်ပြခဲ့ပါတယ်။
ကမ္ဘာ့ရွာ ဖြစ်တည်လာမှုဟာ SCO အဖွဲ့ဝင်နိုင်ငံတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ကြီးမားတဲ့ အခွင့်အလမ်းတွေ လမ်းဖွင့်ပေးခဲ့တယ်ဆိုပေမယ့် စိန်ခေါ်ချက်တွေကိုလည်း ပေါ်ပေါက်စေခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတွေ ပူးပေါင်းလုပ်ဆောင်သွားဖို့ လိုအပ်ကြောင်း ဝန်ကြီးက ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ တဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒတို့ဟာ ဘယ်သူ့အတွက်မှ အကျိုးမပြုကြောင်းနှင့် ဗဟိုချက်မှာ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းကြီး ထားရှိမှုနှင့်အတူ ပွင့်လင်းမြင်သာ၊ စည်းမျဉ်းအခြေခံ၊ ခွဲခြားမှုမရှိတဲ့ ဘက်စုံ နိုင်ငံပေါင်းစုံ ကုန်သွယ်ရေးစနစ်လိုအပ်ကြောင်း Mr. Rajnath Singh က ဖော်ပြခဲ့ပါတယ်။ “စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရာမှာ မိမိတို့ရဲ့ ပြည်သူလူထု ပြုစုစောင့်ရှောက်မှု ပါရှိရမှာဖြစ်ပြီး ဒါဟာ မိမိတို့ မူဝါဒတွေရဲ့ အလယ်ဗဟိုမှာ ရှိနေရမယ်” လို့ ၎င်းက ဖော်ပြခဲ့ပါတယ်။
SCO နိုင်ငံတွေဟာ သဘာဝ ကပ်ဘေးတွေနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုတွေ အန္တရာယ်များတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာပြုလုပ်ခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ လုပ်ဆောင်ရေး ညီလာခံအတွင်း ဝန်ကြီးချုပ် Mr. Modi ဟာ ကပ်ဘေးဒဏ်ခံ အခြေခံ အဆောက်အအုံအတွက် ကမ္ဘာလုံးဆိုင်ရာ ညွန့်ပေါင်းအဖွဲ့အစည်း ၁ ရပ်ကို ကြေညာခဲ့ပါတယ်။ ဒီမဟာမိတ်အဖွဲ့ဟာ ဒဏ်ခံအဆောက်အအုံတွေ တည်ဆောက်ကြဖို့အတွက် စွမ်းရည်တွေ အဆင့်မြှင့်တင်ရာမှာ နိုင်ငံတွေကို အကူအညီပေးဖို့ ရည်စူးထားတာ ဖြစ်ပါပြီး ရာသီဥတု ပြောင်းလဲလာမှု လိုက်လျောညီထွေရှိရေးအတွက် လုပ်ဆောင်မယ့်အပြင် Sendai လုပ်ငန်းဘောင်အောက်မှာ ဆုံးရှုံးမှု လျော့နည်းရေး မျှော်မှန်းချက်တွေကို အာရုံပြုသွားမှာ ဖြစ်ပါတယ်။
SCO ဆွေးနွေးပွဲမှာ ဥဇဘက်ကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Mr. Abdulla Nigmatovich Aripov၊ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တွေနှင့် အကြီးအကဲတွေ၊ SCO အဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Vladimir Norov နှင့် ဒေသပိုင်း အကြမ်းဖက်သမား အဖွဲ့အစည်း ဆန့်ကျင်တိုက်ဖျက်ရေးအဖွဲ့ အမှုဆောင် ဒါရိုက်တာ Mr. Jumakhon Giyosov တို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။
ကာကွယ်ရေးဝန်ကြီးဟာ Tashkent မြို့၊ Shastri လမ်းမမှာရှိတဲ့ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Lal Bahadur Shastri ရဲ့ ရုပ်တုကြီးကိုလည်း ဂါရဝပြုခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Shastri ဟာ ၁၉၆၅ ခုနှစ်စစ်ပွဲအပြီး အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့အကြား Tashkent သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး ၁ ရက်အကြာ ၁၉၆၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က Tashkent မြို့မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
SCO အဖွဲ့ရဲ့ အစိုးရအကြီးအကဲများကောင်စီ လာမယ့် တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၀ ခုနှစ်၊ အိန္ဒိယနိုင်ငံမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Athar Zafar ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment