အိန္ဒိယနိုင်ငံက Serbia နိုင်ငံနှင့် ဆက်ဆံရေးများ ပြန်လည်စီမံချမှတ်လိုက်ခြင်း

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Rajorshi Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက Serbia နိုင်ငံနှင့် ဆက်ဆံရေးများ ပြန်လည်စီမံချမှတ်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ Serbia နိုင်ငံသို့ အောင်မြင်သော ခရီးစဉ်တခု သွားရောက်ခဲ့ပါတယ်။ Dr. Jaishankar ဟာ Belgrade မြို့မှာ Serbia နိုင်ငံခြားရေးဝန်ကြီး Ivica Dacic နှင့် တွေ့ဆုံခဲ့တဲ့အပြင် Serbia နိုင်ငံသမ္မတ Mr. Aleksandar Vucic နှင့် အမျိုးသား လွှတ်တော် ဥက္ကဌတို့နှင့်လည်း တွေ့ဆုံခဲ့ပါတယ်။ အဆိုပါ ခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲတွေမှာ ၂ နိုင်ငံ အပြန်အလှန် ဖက်စပ်လုပ်ကိုင်မှုတွေကို ၂၁ ရာစုရဲ့ လိုအပ်ချက်တွေနှင့်အညီ အသွင်ပြောင်းရေးနှင့်ပတ်သက်ပြီး အာရုံပြုခဲ့ကြပါတယ်။ ယခုခရီးစဉ်ရဲ့ ထင်ရှားတဲ့ အရေးကိစ္စတခုကတော့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ဖြစ်ပြီး အနာဂတ်မှာ အပြန်အလှန် ဆက်ဆံရေးတွေကို ကျောက်ဆူးချ ခိုင်မြဲစေမယ့်ဟန် ဖော်ဆောင်နေပါတယ်။

အင်ဒို-Serbia ဆက်ဆံရေးတွေက သမိုင်းစဉ်မှာ အမြစ်တွယ်နေပြီးဖြစ်ပါတယ်။ တချိန်က ယူဂိုဆလားဗီးယားနိုင်ငံရဲ့ တစိတ်တပိုင်းဖြစ်ခဲ့တဲ့အလျောက် ဒီ ၂ နိုင်ငံတို့ဟာ ဘက်မလိုက် လှုပ်ရှားမှု NAM ရဲ့ အခြေခံတည်ထောင်ခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြပါတယ်။ အဲဒီလှုပ်ရှားမှုဟာ Pandit Nehru နှင့် Mr. Joseph Tito တို့ရဲ့နာမည်ကို ၎င်းတို့နိုင်ငံတော်ရဲ့ အတွေးအခေါ် မယူအဆတွေနှင့်အတူ ထင်ရှားစေခဲ့ပါတယ်။ အဲဒီခေါင်းဆောင်တွေရဲ့ အတိတ်က ရှုမြင်ချက်တွေဟာ Swami Vivekananda နှင့် Rabindranath Tagore တို့ရဲ့ Serbia နိုင်ငံ အသိပညာရှင် အတတ်ပညာရှင် အသိုင်းအဝိုင်းတို့နှင့် ဆက်ဆံမှုတွေကိုလည်း ရောင်ပြန်ဟပ်စေခဲ့ပါတယ်။

ဒါပေမယ့် ၂ နိုင်ငံတို့ရဲ့ဆက်ဆံမှုမှ နွေးထွေးမှုတွေဟာ စစ်အေးတိုက်ပွဲနောက်ပိုင်း ပိုမိုအရှန်အဟုန် မြင့်မားလာအောင် မပြုလုပ်နိုင်ဘဲ ရှိနေပါတယ်။ ၂ နိုင်ငံစလုံးတို့ဟာ နည်းဗျူဟာကျ လမ်းပြမြေပုံနယ်ပယ်ကို ဖွင့်လှစ်ဖို့အတွက် လမ်းညွှန်မှုတွေကို ရှာဖွေနေကြတဲ့အလျောက် ၎င်းတို့ရဲ့ နိုင်ငံခြားရေး ပေါ်လစီဦးစားပေးမှုတို့ဟာ အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံတွေနှင့် ကြီးမားတဲ့ စွမ်းအားဆိုင်ရာ ဆက်ဆံမှုများထိန်းချုပ်ရေးအပေါ် ပြောင်းရွှေ့လာခဲ့ပါတယ်။

လိပ်ခဲတည်းလည်းဖြစ်တည်မှု အချိန်ကာလဟာ ၂ နိုင်ငံအကြား အပြန်အလှန်ဆက်ဆံမှုရဲ့ လာမယ့် ၂၅ နှစ်မျှသောကာလအထိ တည်ရှိမယ်လို့ မှတ်သားထားခဲ့ကြပါတယ်။ ၂ နိုင်ငံစလုံးတို့ဟာ နိုင်ငံတော် ပြန်လည်ပြုပြင် တည်ထောင်ရေးကို လျင်မြန်စွာ လုပ်ကိုင်သွားဖို့ ကျိုးပမ်းနေကြပါတယ်။ အိန္ဒိယနိုင်ငံဟာ အလျင်မြန်ဆုံး ကြီးထွားလာနေတဲ့ စီးပွားရေးနိုင်ငံအဖြစ် ပေါ်ထွန်းလာပြီး ကမ္ဘာလုံးဆိုင်ရာ ရလဒ်တွေကိုပုံသွင်းဖို့ ကျိုးပမ်းနေပါတယ်။ အလားတူပဲ Serbia နိုင်ငံကလည်း ယူဂိုဆလားဗီးယား နိုင်ငံနှင့် ခွဲထွက်လာပြီးတဲ့နောက် ပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းအရှုပ်တော်ပုံတွေကို ကျော်လွှားနိုင်ငံပုံရပါတယ်။ Serbia နိုင်ငံမှာ နှေးကွေးနေတဲ့ ဥရောပတိုက်အတွင်း အားရလောက်တဲ့ စီးပွားရေးကြီးထွားမှုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး လာမယ့် သက္ကရာဇ် ၂၀၂၅ ခုနှစ်ခန့်မှာ ဥရောပ သမဂ္ဂထဲ ဝင်ရောက်မယ့်လမ်းကြောင်းပေါ် ရှိနေပါတယ်။

၂ နိုင်ငံအကြား အပြန်အလှန် ဖက်စပ်လုပ်ကိုင်မှုဟာ အိန္ဒိယနှင့် Serbia နိုင်ငံတို့က တဦးတယောက်ရဲ့ အဓိကဖြစ်တဲ့ နည်းဗျူဟာကျ စိုးရိမ်ကြောင့်ကြမှုတွေကို ထောက်ခံလေ့ရှိတဲ့ အပြန်အလှန် နည်းဗျူဟာကျ နားလည်ခံစားမှုကို ပေါ်လွင်စေပါတယ်။ Belgrade အစိုးရရဲ့ Jammu နှင့် Kashmir အရေးကိစ္စဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စဖြစ်တယ်လို့ ကြေညာခဲ့ခြင်းက အိန္ဒိယနိုင်ငံရဲ့ Serbia နိုင်ငံအားထောက်ခံပြီး Kosovo ရဲ့ တဖက်သတ် လွတ်လပ်ရေးကြေညာချက်ကို ဆန့်ကျင်ခဲ့တာနှင့် တပြေးတည်းရှိနေပါတယ်။ ၂ နိုင်ငံတို့ဟာ နိုင်ငံပေါင်းစုံ ဖိုရမ်တွေမှာလည်း တဦးကိုတဦး ထောက်ခံလျှက်ရှိပြီး အိန္ဒိယနိုင်ငံရဲ့ Nuclear Suppliers Group (NSG) မှာ အဖွဲ့ဝင်ဖြစ်ရေးနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တိုးချဲ့ရေး တောင်းဆိုချက်တွေကို ထောက်ခံခဲ့ပါတယ်။

Serbia နိုင်ငံရဲ့ ပထဝီအနေအထားကလည်း အိန္ဒိယနိုင်ငံအတွက် အထူးဆက်နွယ်လျှက် ရှိနေပါတယ်။ ဥရောပ အလယ်ဗဟိုနှင့် အရှေ့တောင် ဥရောပမှာတည်ရှိနေတဲ့ Belgrade မြို့ဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့ဥရောပနှင့် Balkans အရပ်ဒေသ မုခ်ဝဖြစ်လာဖို့ အရည်အသွေးတွေ ရှိနေပါတယ်။ Belgrade အစိုးရမှာ ဥရောပ သမဂ္ဂ၊ ရုရှားနှင့် တူရကီနိုင်ငံတို့နှင့် အလွန်ကောင်းမွန်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေ ရှိနေပါတယ်။

၂ နိုင်ငံတို့မှာ ကျေနပ်နှစ်သိမ့်မှုတွေ ရှိနေပေမယ့် အပြန်အလှန် ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာပေါင်း သန်း ၂၀၀ ခန့်သာရှိတာက အားနည်းတဲ့ ကွင်းဆက်တခု ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ Regional Comprehensive Economic Partnership (RCEP) မှ နှုတ်ထွက်လိုက်တဲ့အချိန်မှာ ကုန်သွယ်ရေး သဘောတူစာချုပ်သစ်တွေနှင့် ရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်တွေ စူးစမ်းရှာဖွေရေးကို မလွဲမသွေ ပြုလုပ်ရမယ်ဖြစ်ပါတယ်။ ဆေးဝါး၊ စိုက်ပျိုးရေး၊ IT ပြန်ကြားရေးနည်းပညာ၊ ရှေးဟောင်းသဘာဝ ကျန်းမာရေး ပြုစုစောင့်ရှောက်ရေး၊ အာယုဒေဝ တိုင်းရင်းဆေးပညာနှင့် Yoga ကာကွယ်ရေးနှင့် ခရီးလှည့်လည်သွားလာရေးနယ်ပယ်တို့မှာ စီးပွားရေး ဖက်စပ်လုပ်ကိုင်မှုတို့ကို အားသစ်လောင်းပေးနိုင်တဲ့ စွမ်းအားတွေ ရှိနေပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး လုပ်ကိုင်ဖို့လွယ်ကူတဲ့ နိုင်ငံများအဆင့်မှာ တိုးတက်မှုရရှိပြီး၊ အပြန်အလှန် ဗီဇာလိုအပ်မှု စည်းမျဉ်းတွေမှာ သက်သာချောင်ချိခွင့် ပေးအပ်ခြင်းတို့ဟာ အိန္ဒိယနှင့် Serbia နိုင်ငံ ကုမ္ပဏီတွေကို ဆက်လက်ပြုလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတို့မှာ အခွင့်ကောင်း ရရှိနိုင်ပါတယ်။ ဖက်စပ်လုပ်ကိုင်မှုတည်ဆောက်နိုင်တဲ့ အလားအလာ အလွန်ကြီးမားပါတယ်။ စိန်ခေါ်မှုက ဆက်လက်လှုပ်ရှားနေပြီး နိုင်ငံရေးချစ်ကြည်မှုကို အင်အားကြီးမားတဲ့ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအဖြစ် ပြောင်းလဲနိုင်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Rajorshi Roy ဝေဖန်ရေးသားထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ပြလိုက်ပါတယ်ခင်ဗျာ။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”