“Kartarpur ရဲ့ ထူးခြားထင်ရှားမှု”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ “The Book of Nanak” ရဲ့ စာရေးဆရာရဲ့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း ဆောင်းပါးရှင် Navtej Sarna ဝေဖန်ရေးစားပေးပို့ထားတဲ့ “Kartarpur ရဲ့ ထူးခြားထင်ရှားမှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
နေ့စဉ်နေ့တိုင်းဆိုသလိုဘဲ Sikh လူမျိုးတွေဟာ အိန္ဒိယနိုင်ငံရဲ့ ခွဲခြမ်းမှုကြောင့် အလှမ်းကွာဝေးသွားခဲ့တဲ့ သူတို့ရဲ့ သန့်စင်မွန်မြတ်တဲ့ ဝတ်ပြုရာနေရာတွေဆီ လွတ်လပ်စွာသွားရောက်ဖူးမျှော်ခွင့် ရရှိဘို့ ဆုတောင်းလျှက်ရှိကြပါတယ်။ Karparpur Sahib ဟာ အများဆုံးတောင်းတကြတဲ့ဝတ်ပြုရာကျောင်းတော်တကျောင်းဖြစ်ပါတယ်။ ဒီကျောင်းတော်ကို Guru Nanak ကြီးက သူ့ရဲ့နောက်ဆုံးသက်တမ်း (၁၈) နှစ်မျှနေထိုင်ခဲ့ပြီး၊ နောက်ဆုံးကွယ်လွန်အနိစ္စရောက်ခဲ့တဲ့ Ravi မြစ်ကမ်းပေါ်တည်ဆောက်ထားပါတယ်။ ဒီကျောင်းတော်ဟာ နိုင်ငံတကာနယ်စပ်နဲ့ (၄) ကီလိုမီတာမျှသာကွာဝေးတဲ့နေရာမှာ တည်ရှိပြီး၊ အိန္ဒိယနိုင်ငံမှ တွေ့မြင်နိုင်ပါတယ်။ ဒီစင်္ကြန်ကြီးကိုဖွင့်လှစ်လိုက်တာနဲ့အတူ နေ့စဉ်ဘုရားဖူးထောင်ပေါင်းများစွာတို့အတွက် အသုံးပြုခွင့်ရရှိကြမယ်ဖြစ်ပါတယ်။ ဒီကျောင်းတော်ကြီးဟာ သန်းပေါင်းများစွာသော ပြည်သူတွေကို ကြီးမားသောစိတ်လှုပ်ရှားမှုနဲ့ လောကုတ္တရာရေးရာ ခံစားနှစ်သိမ့်မှုတွေအား ပေးဆောင်လိမ့်မယ်ဖြစ်ပါတယ်။
ဝန်ကြီးချုပ် Mr Narendra Modi ဟာ အိန္ဒိယနိုင်ငံဘက်မှ Gurdaspur မြို့မှာရှိတဲ့ Dera Baba Nanak အရပ်မှ Kartarpur Sahib စင်္ကြန်ကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဝန်ကြီးချုပ်က ယခုအခါ ဘုရားဖူးတွေအတွက် Darbar Sahib Gurudwara မှာ စည်းကပ်ပူးဇော်မှုတွေပြုလုပ်ဘို့ရာ လွယ်ကူလိမ့်မယ်ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Dr. Manmohan Singh ဗဟိုအစိုးရဝန်ကြီးများဖြစ်ကြတဲ့ Ms Harsimrat Kaur Badal နဲ့ Mr Hardeep Singh Puri တို့ပါဝင်တဲ့ အိန္ဒိယနိုင်ငံမှ ထိပ်တန်းအဆင့်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ဟာ Darbar Sahib ကို သွားရောက်တဲ့ပထမဦးဆုံး Jatha ခေါ် ဘုရားဖူးတွေဖြစ်ခဲ့ပါတယ်။
Guru Nanak ကြီးရဲ့ အကြိမ် (၅၅၀) မြောက် မွေးနေ့နှစ်ပါတ်လည်ဟာ ရောင်ပြန်ဟပ်ခြင်း၊ ပြန်လည်တွေ့ရှိခြင်းနဲ့ Guru ကြီးရဲ့ လိုအပ်တဲ့ဆုံးမစကားတွေကို တခါပြန်ပြီးအတည်ပြုတဲ့ အချိန်အခါတခုဖြစ်ပါတယ်။ အဲဒီဆုံးမစကားတွေရဲ့ အရေးပါတဲ့ရှုထောင့်အဖြာဖြာတို့ဟာ Guru Nanak ဟာ နှစ်ပေါင်း (၂၀) ကျော် လှည့်လည်သွားလာပြီး၊ သူ့ရဲ့အမှန်တရားနဲ့ အမှန်တရားနဲ့ပြည့်စုံတဲ့ဘဝ၊ ကြင်နာထောက်ထားမှု၊ လူသားအချင်းချင်း ညီတူညီမျှဖြစ်မှုနဲ့ ဖန်တီးခြင်းနဲ့ ရှစ်ခိုးဝတ်ပြုခြင်းတို့ရဲ့ မှန်ကန်တဲ့သဘာဝနဲ့ပါတ်သက်ပြီး သူ့ရဲ့ဆုံးမစကားနဲ့ ဩဝါဒတွေကို ပြန့်နှံ့စေကာ Kartarpur အရပ်မှာ အခြေစိုက်နေထိုင်စဉ်ဘဝကို ထင်ရှားစွာ ပေါ်လွင်စေခဲ့ပါတယ်။ Guru ကြီးဟာ ဘာသာပေါင်းစုံမှ ပညာရှိတွေနဲ့ ကျယ်ပြန့်စွာ ဆွေးနွေးမှုတွေပြုလုပ်ပြီး၊ လျစ်လျူပြုမှုတွေနဲ့ အမှောင်ထုတွေကို ပယ်ရှားကာ စွန့်လွတ်ခြင်းနဲ့ ဟောင်းလောင်းဖြစ်တဲ့ ဘာသာရေးအခမ်းအနားကျင်းပမှုတွေကို ကန့်ကွက်ခဲ့ပါတယ်။
Kartarpur အရပ်မှာ Guru Nanak ကြီးရဲ့ အရေးပါတဲ့ထုံးစံအစဉ်အလာအများအပြားကို တွေ့နိုင်ပါတယ်။ အဲဒီအထဲမှာ Dharmasal Sangat နဲ့ Pangat စတဲ့ မူဝါဒတွေနဲ့ဆက်နွယ်တဲ့ အလေ့အထတွေ ပါဝင်ပါတယ်။ Dharamsal ဆိုဒါက လူမှုအသိုင်းအဝိုင်းတွေစုရုံးပြီး၊ ရှစ်ခိုးဝတ်ပြုရာနေရာဖြစ်ကာ၊ Guru Nanak ရဲ့ ဖန်ဆင်းရှင်ဘုရားသခင်ကို တင်စားသီကျူးတဲ့ ဓမ္မသီချင်းတွေအား နားဆင်တဲ့နေရာဖြစ်ပါတယ်။ အဲဒီ Dharamsal ဟာ တဖြေးဖြေး Gurudwara ဖြစ်လာကာ၊ ဘာသာရေးကို ပြည်သူတို့အား တကိုယ်ကောင်းကြံကြတဲ့ဘုန်းကြီးဟန်ဆောင် အသိုင်းအဝိုင်းမှ ဝေးကွာရာသို့ ယူဆောင်လာတဲ့နေရာဖြစ်ပါတယ်။
ဓမ္မသီချင်းတွေစုပေါင်းနားဆင်ခြင်းသို့မဟုတ် Kirtan အား Sangat လို့ အသိအမှတ်ပြုလာကြပါတယ်။ Sangat ဟာ ညီရင်းအကိုပမာ ချစ်ခင်ရင်းနှီးမှုသို့မဟုတ် စည်းလုံးညီညွှတ်မှုကိုလည်း ဖန်တီးပေးပါတယ်။ Sangat မှာ အကြောင်းအချက်ပြည့်စုံတဲ့ လူစုလူဝေးမှုဖြစ်တဲ့အပြင် ညီတူညီမျှဖြစ်မှုနဲပ ညီရင်းအစ်ကိုပမာ ချစ်ခင်ခြင်းကို အခြေခံပြီး အရေးယူဆောင်ရွက်မှုအတွက်လည်းဖြစ်ကာ၊ လူမျိုး၊ ဇာတ်အနိမ့်အမြင့်မခွဲခြားဘဲ ရောနှောပေါင်းစည်းရာ အချက်အချာလည်းဖြစ်ပါတယ်။ Guru Nanak ကြီးရဲ့ အလားတူပြန်လည်အတည်ပြုတဲ့ ဩဝါဒကလည်း Pangat ရဲ့ ထုံးတမ်းအစဉ်အလာအရ သို့မဟုတ် ဆင်းရဲ့ချမ်းသာမရွေး အဆင့်အတန်းမရွေး Langar လို့ခေါ်တဲ့ လူမျိုးအသိုင်းအဝိုင်းပေါင်းတို့ ချက်ပြုတ်တဲ့မီးဖိုခန်းမှ အစားအစာကို အတူတကွထိုင်ပြီး စားသုံးကြတဲ့အလေ့အထလည်းပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါ Langar လူမျိုးစု ထမင်းစားမှုဟာ အပ်နှံအကျိုးဆောင်မှု သို့မဟုတ် မိမိသဘောအရ ဝန်ဆောင်မှုစိတ်ဓါတ်ကို ပေါက်ပွားရှင်သန်စေပါတယ်။ ယခုခေတ်ကာလမှာ Sikh လူမျိုးတို့ကို တကမ္ဘာလုံးက သိရှိကြပါတယ်။
Kartarpur စင်္ကြန်ကြီးအား ဖွင့်လှစ်လိုက်ခြင်းဟာ ကျွန်ုပ်တို့အားလုံးကို Guru Nanak ကြီးရဲ့ အစဉ်တည်ရှိသောလူသားတို့နဲ့ ညီတူညီမျှဖြစ်မှု၊ လူသားတို့ရဲ့ သနားကြင်နာမှုနဲ့ တဆူတည်းသောဘုရားသခင် စသည်တို့နဲ့ သက်ဆိုင်တဲ့ ဆုံးမဩဝါဒတွေကို ပြန်လည်သတိရကာ၊ စိတ်နှလုံးသွင်း ကျင့်သုံးကြဘို့ အခွင့်လမ်းတခုရရှိလိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Navtej Sarna ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment