အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံတခုချင်းအပေါ်ပြုစုသော အစီရင်ခံစာက ပါကစ္စတန်နိုင်ငံအပေါ် အပြစ်ရှိကြောင်းဖေါ်ပြခြင်း
သောတရှင်များခင်ဗျား၊ ဒီနေ့သတင်းဝေဖန်ချက်အခန်းမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံတခုချင်းအပေါ်ပြုစုသော အစီရင်ခံစာက ပါကစ္စတန်နိုင်ငံအပေါ် အပြစ်ရှိကြောင်းဖေါ်ပြခြင်း ဆိုတဲ့ခေါင်းဆောင်နဲ့ နိုင်ငံရေးအကဲခတ်ပုဂ္ဂိုလ် Ashok Handoo ရေသားပေးပို့ထားတဲ့ဆောင်းပါးကို ဖတ်ကြားအစီရင်ခံပါရစေ။
သောတရှင်များခင်ဗျား၊ ၂၀၁၈ ခုနှစ်အတွက် ပါကစ္စတန်နိုင်ငံမှာတည်ရှိသော အကြမ်းဖက်ဝါဒအပေါ်ပြုစုထားတဲ့ အစီရင်ခံစာကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒအပေါ် လုံလောက်စွာအရေးယူခြင်းမရှိတာကို ဒီအစီရင်ခံစာက ဝေဖန်ထားပါတယ်။ ဒီအစီရင်ခံစာဟာ နိုင်ငံတခုချင်းအလိုက် အကြမ်းဖက်ဝါဒအခြေအနေအပေါ် ကွန်ဂရက်လွှတ်တော်ရဲ့ တရားဝင်အကဲဖြတ်ချက်ကို ကိုယ်စားပြုပါတယ်။
ဒီအစီရင်ခံစာက ပါကစ္စတန်နိုင်ငံကို ဝေဖန်ရတဲ့အကြောင်းများစွာရှိပါတယ်။ ဒီအစီရင်ခံစာက၊ Lashkar-e-Taiba ဂိုဏ်းနဲ့ Jaish-e-Mohammad ဂိုဏ်းတို့ အင်အားတိုးချဲ့တာ၊ လူသစ်စုဆောင်းတာနဲ့ လေ့ကျင့်သင်တန်းပေးတာတို့ကို Islamabad ထိန်းကွပ်ဖို့ ပျက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။ ပါကစ္စတန်အစိုးရဟာ LeT ပြောင်ပြောင်တင်းတင်း ဖွဲ့စည်းထားတဲ့ ဘန်းပြအဖွဲ့အစည်းများရဲ့ အဖွဲ့ဝင်များ ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တာကို ခွင့်ပြုခဲ့တယ်လို့လည်း ဖေါ်ပြကာ အပြစ်တင်ပါတယ်။ အဲဒီလိုခွင့်ပြုတာရဲ့ ရည်ရွယ်ချက်ကတော့ ထိပ်သီးအကြမ်းဖက်သမားကြီးတွေကို နိုင်ငံရေးပင်မရေစီးကြောင်းသို့ ဝင်ရောက်စေပြီး၊ အကြမ်းဖက်ဝါဒီဂိုဏ်းများလက်သို့ နိုင်ငံရေးအာဏာ လွှဲပြောင်းပေးနိုင်မဲ့လမ်းကြောင်း ဖွင့်ပေးဘို့ဘဲဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်သမားတွေ ရွေးကောက်ပွဲဝင်ကြတာကို ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်က ကံအားလျှော်စွာ ခွင့်ပြုချက်မပေးခဲ့ပါဘူး။ အဲဒီအစီရင်ခံစာဟာ ငွေမဲခဝါချမှုနဲ့ အကြမ်းဖက်ဝါဒီအုပ်စုများသို့ ရံပုံငွေထောက်ပံ့ခြင်းတို့နဲ့ပတ်သက်လို့ ဖေါ်ပြရာမှာ၊ ရာဇဝတ်မှုမြောက်တဲ့ ဒီလိုလုပ်ရပ်တွေကို တားမြစ်နှိမ်နှင်းဘို့ လိုနေသေးကြောင်း ထောက်ပြပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံနဲ့ပတ်သက်လို့ ဒီအစီရင်ခံစာက၊ ပါကစ္စတန်နိုင်ငံဟာ၊ အာဖဂန်နစ္စတန်အစိုးရနဲ့ အာဖဂန်နစ္စတန်တာလီဘန်တို့ နိုင်ငံရေးရင်ကြားစေ့ရေးသို့ ဦးတည်နိုင်မဲ့ စေ့စပ်ဆွေးနွေးရေးပြုလုပ်ရေးကို ထောက်ခံကြောင်း လေသံမြှင့်ပြီး ကြေငြာခဲ့ကြောင်း ဖေါ်ပြပါတယ်။ သို့သော် ပါကစ္စတန်အခြေစိုက် Afghan Taliban နဲ့ Haqqani ကွန်ယက်တို့ကို ပါကစ္စတန်မှာ ဆက်လက်အခြေစိုက်လှုပ်ရှားခွင့် ပြုထားကြောင်း၊ ဒီအကြမ်းဖက်ဝါဒီအဖွဲ့အစည်းတွေဟာ ပါကစ္စတန်ရှိ ခိုလှုံရာစခန်းတွေကနေ၊ အာဖဂန်နစ္စတန်နိုင်ငံရှိ အမေရိကန်နဲ့ အာဖဂန်တပ်ဖွဲ့များကို ခြိမ်းခြောက်နေကြဆဲဖြစ်ကြောင်း ထောက်ပြထားပါတယ်။
FATF လို့ခေါ်တဲ့ ဘဏ္ဍာရေးအရေးယူနှိမ်နှင်းရေးတပ်ဖွဲ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဒီအစီရင်ခံစာက၊ ဖေါ်ပြရာမှာ၊ ပါကစ္စတန်အာဏာပိုင်များဟာ၊ ကုလသမဂ္ဂကချမှတ်ထားတဲ့ LeT လိုအကြမ်းဖက်အဖွဲ့အစည်းများနဲ့ အကြမ်းဖက်သမားများအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေးဆုံးဖြတ်ချက်များကို တသမတ်တည်း လိုက်နာဘို့ ပျက်ကွက်ခဲ့ကြောင်း၊ အဲဒီလိုပျက်ကွက်လို့ပဲ၊ အဲဒီအကြမ်းဖက်ဝါဒီအုပ်စုများနဲ့ အကြမ်းဖက်သမားများ ဆက်ပြီးဘဏ္ဍာငွေအရင်းအမြစ်များကို သုံးစွဲနေနိုင်ကြပြီး၊ ရံပုံငွေလည်း ဆက်ပြီးစုဆောင်းနေနိုင်ကြတာဖြစ်ကြောင်း ထောက်ပြပါတယ်။ FATF ဟာ ပါကစ္စတန်ကို ယမန်နှစ်ဇွန်လမှာ မီးခိုးရောင်စာရင်းသွင်းထားခဲ့ပါတယ်။ နောက်ဆုံးကျင်းပခဲ့တဲ့ မျက်နှာစုံညီအစည်းအဝေးက၊ ပါကစ္စတန်ကို အဲဒီမီးခိုးရောင်စာရင်းမှဖယ်ရှားဘို့ ငြင်းဆန်ခဲ့ပါတယ်။ အဲဒီလိုငြင်းဆန်ကြောင်းဆုံးဖြတ်ချက်မှာ FATF က ပါကစ္စတန်ကို သက်သာခွင့်မပေးခင် ဆောင်ရွက်ဖို့ ချမှတ်ပေးထားတဲ့ အချက်ပေါင်း ၂၇ ချက်အနက် ၅ ချက်ကိုသာ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း၊ ဖေါ်ပြထားပါတယ်။ ပါကစ္စတန်တနိုင်ငံလုံးမှာ လိုင်စင်မရှိဘဲ ငွေလွှဲတဲ့စနစ်ကို ကျင့်သုံးလျှက်ရှိနေတာကြောင့် နယ်ခြားဖြတ်ကျော်ကာ အကြမ်းဖက်ဝါဒကို ဘဏ္ဍာငွေထောက်ပံ့သူများဟာ၊ အဲဒီတရားမဝင်ငွေလွှဲတဲ့စနစ်ကို အသုံးပြုနေကြကြောင်း ဒီအစီရင်ခံစာက သုံးသပ်ထားပါတယ်။
အခုနောက်ဆုံးပေးထားတဲ့အချိန်မကုန်ဆုံးမီ၊ ကျန်တဲ့အချက်အားလုံးကို လိုက်နာဆောင်ရွက်ပါ့မယ်လို့ ပါကစ္စတန်က FATF ကို ကတိပေးပါတယ်။ ၂၀၁၅ ခုနှစ် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး ပါကစ္စတန်နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အစီရင်ခံစာက ရည်ညွှန်းဖေါ်ပြရာမှာ၊ ဘဏ်များအနေနဲ့ မသင်္ကာဖွယ်ငွေသွင်း၊ ငွေထုတ်၊ ငွေလွှဲမှုများအပေါ် ဥပဒေအရ သတင်းပေးဘို့လိုအပ်ကြောင်း၊ အကြမ်းဖက်သမားများကို ကြိုတင်တားဆီးတဲ့အနေနဲ့ ထိန်းသိမ်းခြင်း၊ အကြမ်းဖက်ဝါဒကျူးလွန်သူများကို သေဒဏ်စီရင်ရေးနဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ အထူးတရားရုံးဖွင့်လျစ်ရေးတို့ကိုလည်း ဆောင်ရွက်ဖို့ အဆိုပြုထားပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ပါကစ္စတန်က၊ အကြမ်းဖက်ဝါဒနှိမ်နှင်းရေးစစ်ဆင်ရေးအချို့ ဆင်နွှဲခဲ့တာကို ဒီအစီရင်ခံစာက မှတ်တမ်းတင် ဖေါ်ပြပါတယ်။ သို့သော် ဒီစစ်ဆင်ရေးတွေရဲ့အခြေအနေ ကြေနပ်လောက်စရာရှိတယ်လို့တော့် မဖေါ်ပြပါဘူး။
အမေရိကန်အစီရင်ခံစာက အဲဒီလိုဝေဖန်တာကို ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက စိတ်ပျက်ကြောင်းဖေါ်ပြပါတယ်။ LeT နဲ့ Jaish-e-Mohammad တို့လို စစ်သွေးကြွအဖွဲ့တွေကို လုံလောက်စွာနှိမ်နှင်းခြင်းမရှိဘူးလို့ ပါကစ္စတန်ကို စွပ်စွဲတာဟာ စိတ်ပျက်စရာကောင်းကြောင်း ပြောပါတယ်။ အဲဒီအမေရိကန်အစီရင်ခံစာဟာ မြေပြင်က တကယ့်အဖြစ်မှန်တွေကို၎င်း၊ လွန်ခဲ့သောနှစ်ပေါင်း ၂၀ အတွင်း အကြမ်းဖက်ဝါဒနှိမ်နှင်းရေး ပါကစ္စတန်ရဲ့လုပ်ဆောင်ချက်များကို၎င်း၊ လုံးဝလစ်လျူရှုထားတယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အရေးယူဆောင်ရွက်မှုရဲ့ အကျိုးရလဒ်အဖြစ်၊ ဒီနယ်မြေဒေသကနေ Al Qaeda အကြမ်းဖက်အုပ်စုကို အပြီးအပိုင် ချုပ်ငြိမ်းစေခဲ့ကြောင်း၊ အဲဒါကြောင့် ကမ္ဘာကြီးအခုပိုပြီး လုံခြုံလာတာဖြစ်ကြောင်း ပါကစ္စတန်က ပြောပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ဟာ၊ Osama bin Laden ကို ၅ နှစ်လုံးလုံး မိမိနိုင်ငံမှာ ခိုလှုံခွင့်ပေးထားခဲ့တာကိုတော့ ထည့်မပြောပါဘူး။
Osama bin Laden ကို အမေရိကန်အထူးတပ်ဖွဲ့များ လာရောက်ချေမှုန်းတဲ့အချိန်အထိ Abbottabad မြို့တပ်နယ်မှာ ခိုလှုံခွင့်ပေးထားခဲ့တာပါ။ Osama bin Laden ကို ဘယ်မှာနေတယ်ဆိုတာ ဖေါ်ထုတ်ရာမှာ အကူအညီပေးခဲ့သူ ဒေါက်တာ Shakeel Afridi ဆိုတဲ့ဆရာဝန်တဦးကို အဲဒီလိုကူညီခဲ့တဲ့အတွက် နိုင်ငံတော်ရဲ့ အမြင့်ဆုံးဆုတံဆိပ်တွေနဲ့ ဂုဏ်ပြုသင့်ပါတယ်။ ဒါပေမဲ့ အဲဒီလိုဂုဏ်ပြုရမဲ့အစား ပါကစ္စတန်မှာထောင်သွင်း အကျဉ်းချခံနေရရှာတာ ၉ နှစ်တောင်ရှိသွားပါပြီ။
ပါကစ္စတန်ဘယ်လိုဘဲပြောပြော၊ အဲဒီနိုင်ငံရဲ့ လိုတမျိုးမလိုတမျိုး သဘောထားကို ကမ္ဘာက အပြည့်အဝနားလည်ပါတယ်။ ပါကစ္စတန်က အကြမ်းဖက်ဝါဒကို ကောင်းတဲ့အကြမ်းဖက်ဝါဒနဲ့ မကောင်းတဲ့အကြမ်းဖက်ဝါဒဆိုပြီး ၂ မျိုးခွဲခြားထားပါတယ်။ ကောင်းတယ်ဆိုတဲ့အကြမ်းဖက်ဝါဒမျိုးကို မိမိနိုင်ငံရဲ့ ဓနတခုဖြစ်တယ်လို့ ဆက်ပြီး သဘောထားပါတယ်။ ပါကစ္စတန်ရဲ့ မူဝါဒမှာ အကြမ်းဖက်ဝါဒဟာ လက်နက်ကိရိယာတခုဖြစ်ပါတယ်။ အသွင်အမျိုးမျိုးဆောင်သော အကြမ်းဖက်ဝါဒမှန်သမျှကို Islamabad သိသာခိုင်လုံစွာ အရေးယူနှိမ်နှင်းခြင်းမရှိသ၍၊ ပါကစ္စတန်ဟာ အကြမ်းဖက်ဝါဒအန္တရာယ်ကို ရိုးသားဖြောင့်မတ်စွာ နှိမ်နှင်းပါတယ်လို့ ကမ္ဘာကြီးယုံကြည်လက်ခံအောင် နားချနိုင်မှာမဟုတ်ကြောင်း၊ ဆောင်းပါးရှင် Ashok Handoo ရဲ့ ဝေဖန်သုံးသပ်ချက်ကို တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment