“အစိုးရက အိုးအိမ်တည်ဆောက်ရေးနယ်ပယ်အား တိုးတက်မြှင့်တင်စေရန် အပြုသဘောဆောင်သောခြေလှမ်းများစတင်ခြင်း”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေးဆောင်းပါးရှင် Aditya Raj Das ဝေဖန်ရေးသားပေးပို့ထားတဲ့ “အစိုးရက အိုးအိမ်တည်ဆောက်ရေးနယ်ပယ်အား တိုးတက်မြှင့်တင်စေရန် အပြုသဘောဆောင်သောခြေလှမ်းများစတင်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

ကမ္ဘာလုံးဆိုင်ရာနှေးကွေးမှုတွေကြောင့် စီးပွားရေးကြီးထွားမှုအရှိအဟုန်ကျဆင်းနေတဲ့ အချိန်အခါမျိုးမှာ Bharatiya Janata Party ဦးဆောင်တဲ့ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်များအစိုးရရဲ့ အိန္ဒိယစီးပွားရေးအလင်းရောင်စဉ်တလျောက် တောင်းဆိုမှုတွေအား၊ တောင့်တင်းခိုင်မြဲစေဘို့ရာ အရေးပါလှတဲ့ အိုးအိမ်တည်ဆောက်ရေးနယ်ပယ် ပြန်လည်ရှင်သန်စေရန် ရံပုံငွေတွေပေးကမ်းဘို့ ဆုံးဖြတ်ချက်ဟာ အလွန်လိုအပ်ပြီး၊ မှန်ကန်တဲ့ဦးတည်ချက်တခုဖြစ်ပါတယ်။

ကြီးထွားရေးအရှိန်ကို ထိန်းသိမ်းဘို့အတွက် စီးပွားရေးတိုးချဲ့မှုအား ဆက်လက်ထားရှိလျှက်၊ အစိုးရဟာ ဘဏ်တွေက အကျိုးမထွန်းကားတဲ့ ပိုင်ဆိုင်မှုသို့မဟုတ် အကြွေးပြန်မဆပ်နိုင်တဲ့အတွက် ဖြေရှင်းချက်အဖြစ် အရေးယူခံနေကြတဲ့လုပ်ငန်းတွေအပါအဝင် အိုးအိမ်တည်ဆောက်ရေးအတွက် ယာယီထောက်ပံ့မှုအဖြစ် ရူပီးငွေ (၂၅၀) ဘီလီယံကို ပရိုဂျက်ပေါင်း (၁၆၀၀) တို့မှ နေအိမ်ပေါင်း (၄၅၈,၀၀၀) တည်ဆောက်မှုအား ပြန်လည်ရှင်သန်စေရေးအတွက် ထောက်ပံ့ဘို့ အတည်ပြုလိုက်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး Mrs Nirmala Sitharaman ညွှန်ပြခဲ့သလို နိုင်ငံတဝှမ်းမှ အိမ်ဝယ်ယူရေးအတွက် ချေးယူခဲ့တဲ့အပေါ် လစဉ်ပြန်ဆပ်မှုငွေ EMI ပေးကမ်းဘို့ ပျက်ကွက်ခဲ့ကြသူတွေအတွက်လည်း သက်သာချောင်ချိမှုတချို့ ရရှိနိုင်တယ်လို့ သိရှိရပါတယ်။

အဆိုပါထောက်ပံ့မှုအစီအစဉ်ဟာ အစိုးရက ရပ်တံ့နေတဲ့ဈေးနှုန်းသက်သာပြီး အလယ်အလတ်တန်းစား ဝင်ငွေရှိကြသူတွေအတွက် အိမ်ယာတည်ဆောက်ရေးပရိုဂျက်တွေအား ပြီးပြည့်စုံစေရာတွင် ထောက်ပံ့ကူညီဘို့ ရူပီးငွေ ဘီလီယံ (၂၀၀) ရှိတဲ့ရံပုံငွေတခုတည်ထောင်ဘို့ ကြေငြာပြီးလို့ အချိန် (၂) လအကြာမှာ ပေါ်ပေါက်လာခဲ့ဒါဖြစ်ပါတယ်။

ကျွမ်းကျင်သူပါရဂူတွေက ယခုခြေလှမ်းတွေဟာ အိုးအိမ်တည်ဆောက်ရေးနယ်ပယ် ပြန်လည်ရှင်သန်လာစေရေးမှာ အတော်အတန် အထောက်အကူပြုသွားမှာဖြစ်ပြီး၊ အိမ်ယာတည်ဆောက်သူ လုပ်ငန်းရှင်အများအပြားတွေက အလွန်အမင်း ငွေကြေးရင်းနှီးထားကာ၊ ခေတ်မှီနေအိမ်တွေ ဆောက်လုပ်ထားပေမဲ့ မရောင်းနိုင်ဘဲဖြစ်နေရတဲ့ အခက်အခဲတွေမှာလည်း သက်သာမှုတွေရရှိနိုင်လိမ့်မယ်လို့ ဖေါ်ပြကြပါတယ်။ အိုးအိမ်တည်ဆောက်ရေးနယ်ပယ်ဟာ တကမ္ဘာလုံးက အသိအမှတ်ပြုတဲ့လုပ်ငန်းဖြစ်ပြီး၊ စီးပွားရေးကြီးထွားမှု အရှိန်အဟုန်မှာ အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်တဲ့လုပ်ငန်းနယ်ပယ်ဖြစ်ပါတယ်။

အိန္ဒိယဆောက်လုပ်ရေးလုပ်ငန်းဟာ အဓိကနယ်ပယ် (၁၄) ခုတို့အနက် တတိယနယ်ပယ်ဖြစ်ပြီး၊ အိန္ဒိယစီးပွားရေးနယ်ပယ်အားလုံးတို့မှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍၎င်း အကျိုးသက်ရောက်မှုတွေ ဖြစ်ထွန်းစေပါတယ်။ အိုးအိမ်တည်ဆောက်ရေးနယ်ပယ် ကြီးထွားမှုအတွက် ကြိုးပမ်းတဲ့နည်းလမ်းအသွယ်သွယ်တို့အားလုံးဟာ နောက်ဆုံးမှာ GDP ကြီးထွားမှုအရှိန်အဟုန် မြင့်တင်ရေးမှာ အထောက်အကူပြုစေပါတယ်။

လုပ်ငန်းနယ်ပယ် ပေါ်လစီနဲ့ တိုးမြှင့်ရေးဌာနရဲ့ဖေါ်ပြချက်အရ အိန္ဒိယနိုင်ငံမှာ ဆောက်လုပ်ရေးဖွံ့ဖြိုးမှုနယ်ပယ်ဟာ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမှုတွေကို လွန်ခဲ့တဲ့သက္ကရာဇ်၂၀၀၀ ပြည့်နှစ် ဧပြီလမှ ၂၀၁၉ ခုနှစ် မတ်လအထိ အမေရိကန်ဒေါ်လာပေါင်း ၂၅.၀၄ ဘီလီယံရှိခဲ့တယ်လို့ သိရှိရပါတယ်။ ထူးကဲစွာဘဲ The Securities and Exchange Board of India (SEBI) အာဏာပိုင်အဖွဲ့က The Real Estate Investment Trust (REIT) အား အိန္ဒိယအိုးအိမ်တည်ဆောက်ရေးဈေးကွက်မှာ ရင်းနှီးမြှပ်နှံသူတို့အား အကူအညီပေးကမ်းဘို့ ခွင့်ပြုထားပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် လာမဲ့နှစ်အနည်းငယ်အတွင်း တန်ဘိုးအားဖြင့် အမေရိကန်ဒေါ်လာပေါင်း ၁၉.၆၅ ဘီလီယံရှိတဲ့ အခွင့်အရေးတခု ဖန်တီးပေးလိမ့်မယ်ဖြစ်ပါတယ်။

အိုးအိမ်တည်ဆောက်ရေးလုပ်ငန်းရှင်တွေဟာ မြို့တွေမှာ ပရိုဂျက်အမြောက်အများတို့ကို ထိန်းချုပ်ရာမှာ လိုအပ်မှုတွေကြီးထွားလာနေဒါကို ရင်ဆိုင်ရာမှာ ပစ္စည်းကိရိယာတွေနဲ့ လူအင်အားရှာဖွေစုဆောင်းဘို့အတွက် ဗဟိုကျတဲ့ လုပ်ငန်းစဉ်တွေမှာ ရင်းနှီးမြှပ်နှံမှုတွေပြုလုပ်လျှက်ရှိကြပါတယ်။

ကောင်းစွာသတင်းရရှိထားကြတဲ့ ဝယ်ယူသုံးစွဲသူတွေ အခြေခံနဲ့ ကမ္ဘာ့ရွာတည်ဆောက်ခြင်းတို့ကို သတိထားလျှက် တုံ့ပြန်ရာမှာ အိန္ဒိယအိုးအိမ်တည်ဆောက်ရေးလုပ်ငန်းရှင်တွေဟာ မိမိတို့ရဲ့စွမ်းအားမြှင့်တင်ထားပြီး စိန်ခေါ်မှုသစ်တွေကို လက်ခံဘို့ အသင့်ရှိနေကြပါတယ်။ အိန္ဒိယအိုးအိမ်တည်ဆောက်ရေးနယ်ပယ်မှာ နိုင်ငံခြားမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှု တိုးများလာနေဒါကလည်း ပွင့်လင်းမြင်သာမှုတိုးများလာဒါကို အားပေးလျှက်ရှိနေပါတယ်။

ဒီအကြောင်းအချက်အလုံးစုံတို့က ထည့်သွင်းစဉ်စားလျှက် အိန္ဒိယနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကို အဖက်ဖက်မှ အားသစ်လောင်းပေးဘို့ရာ အရေးပါတဲ့အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေတဲ့ အိုးအိမ်တည်ဆောက်ရေးအဓိကနယ်ပယ်အား လျစ်လျူထားဘို့ကတော့ မလွယ်ကူပါဘူး။ ဒါကြောင့် အစိုးရက လှမ်းလိုက်တဲ့အပြုသဘောဆောင် ခြေလှမ်းတွေဖြစ်တယ်ဆိုဒါ အမှန်တကယ်ဖြစ်ပြီး၊ အိုးအိမ်တည်ဆောက်ရေးလုပ်ငန်းနယ်ပယ် ပြန်လည်ခေါင်းထောင်ရှင်သန်လာဘို့အတွက် အလွန်အရေးကြီးလှပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Aditya Raj Das ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”