“သတ္တမအကြိမ်မြောက် အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေးနဲ့ ဘဏ္ဍာရေးဖက်စပ်လုပ်ကိုင်ရေး အစည်းအဝေးပွဲ”

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Lekha S. Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “သတ္တမအကြိမ်မြောက် အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေးနဲ့ ဘဏ္ဍာရေးဖက်စပ်လုပ်ကိုင်ရေး အစည်းအဝေးပွဲ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

မကြာသေးမှီက New Delhi မြို့မှာ သတ္တမအကြိမ်မြောက် စီးပွားရေးနဲ့ ဘဏ္ဍာရေးဖက်စပ်လုပ်ကိုင်မှု အစည်းအဝးပွဲကို အမေရိကန်ပြည်ထောင်စုနဲ့ အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေးဖက်စပ်လုပ်ကိုင်မှုကို နက်ရှိုင်းစေဘို့ရည်ရွယ်ချက်နဲ့ ကျင်းပခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဘဏ္ဍာရေးဝန်ကြီး Mrs. Nirmala Sitharaman က ဦးဆောင်ခဲ့ပြီး၊ အမေရိကန်ကိုယ်စားလှယ်အဖွဲ့အား ဘဏ္ဍာရေးဝန်ကြီး Mr Steven Mnuchin က ဦးဆောင်တက်ရောက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက လာမဲ့သက္ကရာဇ် ၂၀၂၀ ခုနှစ်မှာ G-20 အုပ်စုနဲ့ ဥက္ကဌနေရာကိုဆက်ခံဘို့ရာ ပြင်ဆင်နေဒါတွေအား နောက်ခံထားပြီး ဒီအစည်းအဝေးပွဲမှာ အမေရိကန်ပြည်ထောင်စုက အိန္ဒိယနိုင်ငံအား လိုအပ်တဲ့အထောက်အကူတွေ ပေးကမ်းဘို့ အာမခံပေးခဲ့ပါတယ်။ အဆိုပါအစည်းအဝေးပွဲမှာ ကမ္ဘာလုံးဆိုင်ရာ တာရှည်ချေးမငွေနဲ့ အပြန်အလှန်ငွေချေးမှုတွေမှာ ပွင့်လင်းမြင်သာမှုရှိခြင်းတို့ကို အလေးအနက်ဆွေးနွေးခဲ့ကြပါတယ်။ ဒီအချက်ဟာ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုနဲ့ စီးပွားရေးကြီးထွားမှုတွေအတွက် လမ်းညွှန်မှုတွေပေးဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီအစည်းအဝေးပွဲမှာ အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကို အားဖြည့်တောင့်တင်းစေရာမှာ ပြည်ပ Macro စီးပွားရေးအခြေအနေအား ဆန်းစစ်လေ့လာဘို့အတွက် ရည်မှန်းချက်တွေအား မီးမောင်းထိုးပြသခဲ့ပါတယ်။

EFP လို့ခေါ်တဲ့ စီးပွားရေးနဲ့ဘဏ္ဍာရေးဖက်စပ်လုပ်ကိုင်မှုဆိုင်ရာ အစည်းအဝေးပွဲဟာ Capital Account ခေါ် ပင်မငွေစာရင်းပေါ် ထူးကဲစွာဆက်နွယ်လျှက်ရှိပါတယ်။ ဥပမာအားဖြင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုရဲ့ အရှိန်အဟုန်တွေဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံဟာ ဒေသပိုင်းဆိုင်ရာ ဘက်စုံလွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ်ဖြစ်တဲ့ RCEP အဖွဲ့ဝင်နိုင်ငံတွေနဲ့လည်း ဆွေးနွေးလျှက်ရှိပါတယ်။ ဒီသဘောတူစာချုပ်ကို အာဆီယံအဖွဲ့ဝင် (၁၀) နိုင်ငံတို့နဲ့ အာဆီယံအဖွဲ့ကြီးရဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ်ရဲ့ ဖက်စပ်လုပ်ကိုင်သူနိုင်ငံတွေဖြစ်ကြတဲ့ Australia ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယားနဲ့ နယူဇီလန်နိုင်ငံတို့နဲ့ စေ့စပ်ညှိနှိုင်းထားဒါဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ နိုင်ငံတော်အကျိုးစီးပွားကို ရှေ့တန်းထားပြီး၊ ဒီစာချုပ်မှာ လက်မှတ်ရေးထိုးခြင်းမပြုခဲ့ပါဘူး။ RCEP ဟာ အခြေအနေကို ပြောင်းလဲနိုင်တဲ့ အပေးအယူလုပ်မှုတခုဖြစ်နိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အဓိကစိုးရိမ်မှုကတော့ မတည်မြဲတဲ့ ကုန်သွယ်ရေးကွာဟမှုဘဲဖြစ်ပါတယ်။ ဒါပေမဲ့ EFT နဲ့ပါတ်သက်လာရင် Mrs. Sitharaman နဲ့ Mr Mnuchin တို့ရဲ့ အပြန်အလှန်ဆွေးနွေးပွဲတွေမှာ ထည့်သွင်းစဉ်းစားခဲ့ပြီး၊ အရေးကိစ္စအမြောက်အများမှာ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးမှာ ပူးပေါင်းဆောင်ရွက်ရေးဒို့အပြင် ကမ်းလွန်အခွန်ချမှတ်မှု ရှောင်ရှားခြင်းနဲ့ တရားမဝင်ငွေလွှဲပြောင်းပေးမှုတို့လည်း ဆွေးနွေးခဲ့ကြပါတယ်။

EFT ဆွေးနွေးပွဲတွေမှာ နိုင်ငံအချင်းချင်း အလိုအလျောက် အဆင့်မြင့်လွှဲပြောင်းပေးမှုရဲ့ အန္တရာယ်ဖြစ်စေနိုင်ခြင်းအပေါ် အကဲခတ်ခြင်း အစီအရင်ခံချက်တွေကို ပေးပို့ခြင်းတို့ ပါဝင်ပါတယ်။ ဘဏ္ဍာရေးဝန်ကြီးတွေဟာ အိန္ဒိယနဲ့ အမေရိကန်ပြည်ထောင်စုတို့အကြား အပြန်အလှန်အခွန်ဆိုင်ရာ အငြင်းအခုံဖြစ်မှုတွေကို ဖြေရှင်းရာမှာ တိုးတက်မှုရှိလာဒါကိုလည်း အသိအမှတ်ပြုခဲ့ကြပါတယ်။ ယခုလိုဖြေရှင်းမှုတွေကို လက်ရှိ Mutual Agreement Procedure နဲ့ နှစ်နိုင်ငံအကြား Advance Pricing Agreement ဆက်ဆံမှုတွေအရ ကြိုးပမ်းခဲ့ကြဒါဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ စိတ်ဆန္ဒနဲ့ အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးအခြေခံလိုအပ်ချက်တွေမှာ နိုင်ငံခြားမှ ထည့်ဝင်လုပ်ကိုင်မှုကို ရယူဘို့အတွက် စည်ပင်သာယာရေးတွေကို မီးမောင်းထိုးပြဘို့ အလွန်အရေးကြီးလှပါတယ်။ ဥပမာအားဖြင့် Masala Bonds လို့ခေါ်တဲ့ ရှုပီးငွေနဲ့ ဖွဲ့စည်းထားတဲ့ ရင်းနှီးမြှပ်နှံမှုတွေကို Kerala ပြည်နယ်အစိုးရက နိုင်ငံခြားမှာ ဖွင့်လှစ်ထားပါတယ်။

Municipal bonds လို့ခေါ်တဲ့ ငွေစုစာချုပ်တွေကို ၂၀၁၇ ခုနှစ်က Pune မြို့မှာ ဖွင့်လှစ်ပေးခဲ့ပြီး၊ Smart Cities လို့ခေါ်တဲ့ စံပြမြို့များ အစပျိုးလုပ်ငန်းတွေကို အထောက်အကူပြုစေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အသစ်ဖန်တီးထားတဲ့ အမျိုးသားအခြေခံလိုအပ်ချက်အဆောက်အအုံနဲ့ ရင်းနှီးမြှပ်နှံမှုရံပုံငွေ (NIIF) ကို နောက်ခံထားပြီး၊ အိန္ဒိယနိုင်ငံမှာ ငွေကြေးအသုံးပြုမှုတွေကို ခိုင်မာတောင့်တင်းစေဘို့ရာ ပုဂ္ဂလိကဌာနတွေနဲ့ ရင်းနှီးမြှပ်နှံမှုတွေအား အခြေခံလိုအပ်ချက် အဆောက်အအုံတည်ဆောက်ဘို့အတွက် ကြိုးပမ်းလုပ်ကိုင်နေတဲ့အလျောက် အမေရိကန်ပြည်ထောင်စုဟာ နည်းပညာရေးရာ အထောက်အပံ့နဲ့ ကျယ်ပြန့်တဲ့အခြေခံနည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုတခု ပေးဆောင်ဘို့ ဆက်လက်ခံယူခဲ့ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Lekha S. Chakraborty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”