“အိန္ဒိယနိုင်ငံက အရှေ့တောင်အာရှနဲ့ တာရှည်ခံနိုင်သော ဖက်စပ်လုပ်ကိုင်မှုများ တည်ဆောက်နေခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းကကဏ္ဍမှာ အရှေ့နှင့် တောင်အာရှဆိုင်ရာ နည်းဗျူဟာကျ ဆန်းစစ်လေ့လာသူဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံက အရှေ့တောင်အာရှနဲ့ တာရှည်ခံနိုင်သော ဖက်စပ်လုပ်ကိုင်မှုများ တည်ဆောက်နေခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေးပေါ်လစီနဲ့ အင်ဒို-ပစိဖိတ်ဆိုင်ရာ ရှုမြင်သုံးသပ်ချက်တွေကို ရှေ့သို့ယူဆောင်လျှက် ဝန်ကြီးချုပ် Mr Narendra Modi ဟာ ASEAN အဖွဲ့ကြီးနဲ့ဆက်နွယ်တဲ့ ထိပ်သီးညီလာခံကို တက်ရောက်ဘို့အတွက် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Mr Modi ဟာ ၁၆ ကြိမ်မြောက် အိန္ဒိယ-အာဆီယံ ထိပ်သီးညီလာခံ၊ ၁၄ ကြိမ်မြောက် အရှေ့အာရှ ထိပ်သီးညီလာခံ (EAS) နဲ့ တတိယအကြိမ်မြောက် RCEP ထိပ်သီးညီလာခံတွေကို တက်ရောက်ခဲ့တဲ့အပြင် ကြားကာလမှာ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်တဲ့နိုင်ငံတွေနဲ့ အပြန်အလှန်ဆွေးနွေးပွဲတွေပြုလုပ်ခဲ့ပါတယ်။ စောစောပိုင်းက နိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar ဟာ ဩဂုတ်လအတွင်းက ဘန်ကောက်မြို့မှာ အာဆီယံနဲ့စေ့စပ်တဲ့ဝန်ကြီးများအဆင့် အစည်းအဝေးပွဲတွေကို တက်ရောက်ခဲ့ပါတယ်။
၁၆ ကြိမ်မြောက် အိန္ဒိယ-အာဆီယံ ထိပ်သီးညီလာခံမှာ ဝန်ကြီးချုပ် Mr Modi ဟာ လွတ်လပ်ပြီး၊ ပွင့်လင်းကာ၊ ဘက်စုံပါဝင်သော စည်းမျဉ်းဥပဒေအခြေခံ အင်ဒို-ပစိဖိတ်အစီအစဉ်တွေရဲ့ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုတွေကို ဖေါ်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ အိန္ဒိယနိုင်ငံမှာ အာဆီယံအဖွဲ့ကြီးက ဗဟိုအချက်ဖြစ်ပြီး၊ အာဆီယံအဖွဲ့ကြီးရဲ့ အင်ဒို-ပစိဖိတ်ဒေသပိုင်းနဲ့ပတ်သက်ပြီး ချဉ်းကပ်မှုတွေအပေါ် ဘုံမူဝါဒတွေအား ရိုသေလေးစားမှုကို မှတ်ချက်ချဖေါ်ပြခဲ့ကာ၊ ရေကြောင်းသွားလာမှုမှာ ပူးပေါင်းဆောင်ရွက်ရေး Digital ဆက်နွယ်မှု၊ ပင်လယ်ပြင်အရင်းအမြစ် ရောင်းဝယ်ဖောက်ကားရေးနဲ့ လူမှုရေးဆိုင်ရာ အထောက်အကူတွေမှာ အထောက်အကူပြုရေးအတွက် နိုးဆော်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ စိုက်ပျိုးရေး၊ သိပ္ပံ၊ သုတေသန၊ ICT နဲ့ အင်ဂျင်နီယာနယ်ပယ်တွေမှာ စွမ်းအားတည်ဆောက်ဘို့ အာရုံပြုလျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအတွင်း ဆက်နွယ်ရေးပရိုဂျက်တွေမှာ Line of Credit (LoC) ခေါ် ချေးမငွေအဖြစ် အမေရိကန်ဒေါ်လာပေါင်း (၁) ဘီလီယံခန့်ရှိနေပြီး၊ LoC ကိုအသုံးပြုနိုင်တဲ့ ပရိုဂျက်တွေကို စူးစမ်းလေ့လာပြီး၊ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။ အိန္ဒိယနဲ့ အာဆီယံအဖွဲ့ကြီးတို့ဟာ အပြန်အလှန်လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ် (FTA) ကို ကုန်သွယ်ရေးညီမျှမှုအတွက် သုံးသပ်လေ့လာမှုတခုပြုလုပ်ဘို့ သဘောတူခဲ့ကြပါတယ်။
အိန္ဒိယဝန်ကြီးချုပ်ဟာ အရှေ့အာရှထိပ်သီးညီလာခံကိုလည်း တက်ရောက်ခဲ့ပါတယ်။ ခေါင်းဆောင်တွေဟာ ‘Manila Plan of Action’ စီမံကိန်းရဲ့ တိုးတက်မှုတွေကို (၂၀၁၈-၂၀၂၂) ခုအတွက် EAS ဖွံ့ဖြိုးရေးအစပျိုးမှုဆိုင်ရာ ဖနွမ်းပင်ကြေငြာစာတမ်းကို ရှေ့သို့ချီဘို့အတွက် လုပ်ဆောင်ချက်တွေအား လေ့လာခဲ့ကြပါတယ်။ မူးယစ်ဆေးဝါး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုတွေကို တိုက်ခိုက်ချေမှုန်းရေးနဲ့ EAS အစပျိုးမှု လိုက်နာကျင့်သုံးမှုတွေ တာရှည်တည်တံ့ဘို့ရာ ဖက်စပ်လုပ်ကိုင်မှုတွေကို ဖွဲ့စည်းခဲ့ကြပါတယ်။
ယခုနှစ် အာဆီယံထိပ်သီးညီလာခံရဲ့ အဓိကအာရုံပြုမှုတခုကတော့ RCEP ခေါ် ဒေသပိုင်းဆိုင်ရာ ဘက်စုံပါဝင်သောစီးပွားရေးဖက်စပ်လုပ်ကိုင်ရေး စေ့စပ်ညှိနှိုင်းမှုဖြစ်ပြီး အဖွဲ့ဝင် (၁၆) နိုင်ငံပါဝင်တဲ့ မဟာ FTA ခေါ် လွတ်လပ်စွာကုန်သွယ်ရေး သဘောတူစာချုပ်က ကမ္ဘာလုံးဆိုင်ရာ GDP ရဲ့ ၃၂% ပေါက်ပွားစေရေးဘဲဖြစ်ပါတယ်။ သို့သော်ငြားလည်း အိန္ဒိယနိုင်ငံမပါဝင်ဘဲ သို့မဟုတ် အာဆီယံ+ ၃ နိုင်ငံတို့က RCEP ကို နောက်ဆုံး အဆုံးသတ်ခဲ့ကြပါတယ်။
RCEP ထိပ်သီးညီလာခံမှာ ကျန်အဖွဲ့ဝင် (၁၅) နိုင်ငံတို့က အကြောင်းအချက်တွေအပေါ် အခြေခံတဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို အပိုင်းအစု (၂၀) စလုံးနဲ့ ဈေးကွက်ဝင်ရေးပြဿနာတွေနဲ့ ပါတ်သက်ပြီး အတည်ပြုခဲ့ကြပေမဲ့၊ အိန္ဒိယနိုင်ငံက တချိုကသော ကျန်ရှိနေသေးတဲ့ အရေးကိစ္စတွေအား မဖြေရှင်းဘဲရှိနေတယ်လို့ အကြောင်းပြပြီး သဘောမတူဘဲရှိနေခဲ့ပါတယ်။ ပိုမိုပြီးဈေးကွက်ထဲ ဝင်ရောက်ရေး၊ အခွန်မပေးဆောင်ရမဲ့ နယ်နိမိတ်၊ မူရင်းစည်းမျဉ်းတွေအား မလိုက်နာဘို့ ဖြစ်လာနိုင်မှုနဲ့ အခြေခံစတင်မဲ့ နှစ်နဲ့ပါတ်သက်ပြီး သဘောထားကွဲလွှဲမှုတွေ ရှိနေပါတယ်။ အိန္ဒိယနိုင်ငံက တရားမျှတမှုနဲ့ ညီတူညီမှုဖြစ်မှုအပေါ်အခြေခံပြီး သဘောတူစာချုပ်အား ပါဝင်လက်မှတ်ရေးထိုးခြင်းမပြုဘို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ် Mr Modi က အိန္ဒိယနိုင်ငံရဲ့ နည်းဗျူဟာကျ စိတ်ပါဝင်စားမှုတွေအဖြစ် ဂျပန်၊ ဩစတြေးလျား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့နဲ့ နှစ်နိုင်ငံအပြန်အလှန် အစည်းအဝေးပွဲတွေ ကျင်းပခဲ့ပါတယ်။ နောက်ပြီး အိန္ဒိယနိုင်ငံဟာ အရှေ့တောင်နဲ့ အရှေ့အာရှအရပ်ဒေသတွေနဲ့ ရှုထောင့်ပေါင်းစုံပါဝင်တဲ့ ဆက်ဆံမှုတွေ ထပ်လောင်းခိုင်မြဲရေးအတွက် ကြိုးပမ်းခဲ့ပါတယ်။ အိန္ဒိယ-အမေရိကန်၊ ဂျပန်နဲ့ ဩစတြေးလျားနိုင်ငံတို့မှ အရာရှိတွေဟာ ညီလာခံကြီးရဲ့ ကြားကာလတွေမှာ ဆုံခဲ့ကြပြီး၊ ဆက်နွယ်ရေးနဲ့ အခြေခံလိုအပ်ချက် အဆောက်အအုံဖွံ့ဖြိုးမှု၊ လုံခြုံရေး အရေးကိစ္စတွေ၊ အကြမ်းဖက်ဝါဒဆန့်ကျင်တိုက်ဖျက်ရေး၊ Cyber နဲ့ ရေကြောင်းသွားလာမှု လုံခြုံရေးတို့မှာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းခဲ့ကြပါတယ်။
ရှေ့တောင်အာရှဒေသပိုင်းဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေး ပေါ်လစီမူဝါဒရဲ့ ဗဟိုအချက်အချာမှာတည်ရှိနေပါတယ်။ အာဆီယံအဖွဲ့ကြီးရဲ့ ဗဟိုအလယ်မှာ တည်ရှိနေခြင်းကို အိန္ဒိယနိုင်ငံ ၂၀၁၈ ခုနှစ်က ၆၉ ကြိမ်မြောက်သမ္မတနိုင်ငံတော်နေ့ အခမ်းအနားမှာ အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်တွေအား အထူးဂုဏ်ထူးဆောင်ဧည့်သည်တော်တွေအဖြစ် ဖိတ်ခေါ်ဧည့်ခံခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ အာဆီယံအဖွဲ့ကြီးနဲ့ ဘက်စုံပါဝင်တဲ့ ဖက်စပ်လုပ်ကိုင်ခြင်းရဲ့ (၂၅) နှစ်မျှရှိခဲ့တဲ့ အထိမ်းအမှတ်ကိုလည်း ကျင်းပခြင်းဖြင့် သရုပ်ဖော်ပြသခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့တောင်အာရှဒေသပိုင်းနဲ့ နည်းဗျူဟာကျ စေ့စပ်မှုတွေဟာ 3 C လို့ခေါ်တဲ့ Commerce ၊ Connectivity & Culture သို့မဟုတ် ကူးသန်းရောင်းဝယ်ရေး၊ ဆက်နွယ်မှုနဲ့ ယဉ်ကျေးမှုအပေါ် အခြေခံထားဒါဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ ရင်းနှီးမြှပ်နှံမှုတွေကို အာဆီယံ-အိန္ဒိယ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုအား အဆင့်မြင့်သစ်များဆီသို့ သယ်ဆောင်ရေးပန်းတိုင်နဲ့အတူ ဆက်လက်ပြုလုပ်သွားလိမ့်မယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားပေးပို့ထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment