“ပါကစ္စတန်နိုင်ငံက အဆင့်နိမ့်သစ်ဆီသို့ ထိုးကျသွားခြင်း”
သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ နိုင်ငံရေးဆန်းစစ်သူ ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံက အဆင့်နိမ့်သစ်ဆီသို့ ထိုးကျသွားခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
မကြုံဘူးတဲ့လှုပ်ရှားမှုတခုအဖြစ် ပါကစ္စတန်နိုင်ငံရဲ့အုပ်ချုပ်ရေးပိုင်းဟာ သမ္မတကအစ၊ နိုင်ငံခြားရေးဝန်ကြီးအထိ အိန္ဒိယနိုင်ငံရဲ့ လုံးဝပြည်တွင်းအရေးကိစ္စတခုဖြစ်တဲ့ အကြောင်းအချက်အပေါ် ဝေဖန်သုံးသပ်ခြင်းပြုခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် န်ိုဝင်ဘာလ (၉) ရက်နေ့မှာ တရားရုံးတော်ချုပ်ရဲ့ တရားသူကြီး (၅) ဦးတို့နဲ့ ဖွဲ့စည်းထားခဲ့တဲ့ တရားသူကြီးများအဖွဲ့ဟာ Uttar Pradesh ပြည်နယ်မှာ ရာမဘုရားရဲ့ ဘုရားကျောင်းတဆူ ဆောက်လုပ်ဘို့အတွက် နှစ်ပေါင်းရာပေါင်းများစွာ ကြာလာခဲ့တဲ့ Ayodhya မြေနေရာပိုင်ဆိုင်မှုနဲ့ပါတ်သက်တဲ့အမှုကို တညီတညွှတ်တည်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်အမိန့်ကို လူမှုအသိုင်းအဝိုင်းအားလုံးတို့က အလွန်အမင်းကြိုဆိုခဲ့ကြပါတယ်။ အဆိုပါတရားသူကြီးများအဖွဲ့က Ayodhya မြို့အတွင်း အစိုးရက အသိအမှတ်ပြုပြီး၊ ထင်ရှားတဲ့နေရာမှာ ဗလီကျောင်းတခု ဆောက်လုပ်ဘို့အတွက် မြေနေရာ (၅) ဧကကို ပေးကမ်းဘို့ အမိန့်ချခဲ့ပါတယ်။ အဲဒီအငြင်းအခုံဖြစ်တဲ့မြေနေရာဟာ ဂေါပကအဖွဲ့ရဲ့လက်အောက်မှာဘဲ ဆက်လက်ရှိနေမယ်ဖြစ်ပါတယ်။ အစိုးရက အဲဒီဂေါပကအဖွဲ့ကို အချိန်ကာလ (၃) လအတွင်း ဖွဲ့စည်းရမယ်လို့ အမိန့်ချမှတ်လိုက်ပါတယ်။
Ayodhya မြို့အတွင်းက မြေနေရာပြဿနာကို ဖြေရှင်းပေးချက်အား အဲဒီအငြင်းအခုံမှာပါဝင်ခဲ့ကြတဲ့ ပါတီအားလုံးတို့က ကြိုဆိုခဲ့ကြပါတယ်။ အဲဒီနေ့ညနေမှာဘဲ တရားစီရင်ဆုံးဖြတ်ချက်အပေါ် အလွန်အမင်ကျေနပ်နှစ်သိမ့်မိကြောင်းဖေါ်ပြလျှက် ဝန်ကြီးချုပ် Mr Narendra Modi ဟာ နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားရာမှာ အိန္ဒိယလူမှု့အသိုင်းအဝိုင်းအသီးသီး၊ လူမျိုးစုတိုင်းနဲ့ ယုံကြည်ကိုးကွယ်ရာ ဘာသာအားလုံးတို့မှ ပြည်သူတွေနဲ့ တနိုင်ငံလုံးကလက်ခံခဲ့ကြတဲ့ အပြုအမူတွေဟာ အိန္ဒိယနိုင်ငံရဲ့ ရှေးခေတ်ကာလအတော်ကြာကတည်းကတည်ရှိနေတဲ့ ယဉ်ကျေးမှုလက္ခဏာတွေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာနဲ့ ခေတ်အဆက်ဆက်က အမွေခံခဲ့တဲ့ ညီရင်းအကိုပမာ ချစ်ခင်လေးစားမှုနဲ့ သင့်မြတ်စွာနေထိုင်မှုတို့ဟာ အိန္ဒိယနိုင်ငံရဲ့ ထင်ရှားစွာပေါ်လွင်တဲ့ အသွင်သဏ္ဍာန် အရည်အသွေးတွေသာဖြစ်ပါတယ်။
ဒါပေမဲ့ မခံမရပ်ဖြစ်နေတဲ့ ပါကစ္စတန်နိုင်ငံက မလိုအပ်၊ မသက်ဆိုင်ဘဲ Ayodhya နယ်မြေပိုင်ဆိုင်မှုနဲ့ပါတ်သက်တဲ့ ဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေပြုလာပါတယ်။ New Delhi အစိုးကရ ပါကစ္စတန်နိုင်ငံကပြုလုပ်တဲ့ ဝေဖန်ချက်တွေကို ချက်ချင်းရှုတ်ချခဲ့ခြင်း ပြုလုပ်ခဲ့ရုံမက၊ Islamabad အစိုးရရဲ့ ကောက်ကျစ်ယုတ်မာတဲ့ ဒီဇိုင်းပုံစံတွေကိုလည်း ပြင်းထန်စွာ ထိုးနှက်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ကြေငြာချက်တခုမှာ ပါကစ္စတန်နိုင်ငံရဲ့ နားလည်သဘောပေါက်နိုင်စွမ်းကင်းမဲ့ခြင်းက အံ့အားသင့်စရာမဟုတ်ဘဲ၊ ဒီလိုအိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စတွေအပေါ် မုန်းတီးမှုတွေ ပေါက်ပွားဘို့ ဝေဖန်ချက်တွေက သူတို့ရဲ့သွေးထဲမှာပါဝင်တဲ့ ဇာတိအလေ့အကျင့်သာဖြစ်တယ်လို့ ဖေါ်ပြလိုက်ပါတယ်။ အဲဒီထုတ်ပြန်ချက်ကို တုန့်ပြန်လျှက် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Mr Shah Mahmood Qureshi က နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အရပ်သားအရေးကိစ္စအပေါ် တရားရုံးတော်ချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်တွင်းအရေးကိစ္စအပြည့်အဝဖြစ်ပြီး၊ တရားဥပဒေရဲ့ စည်းမျဉ်းအတိုင်းနဲ့ ယုံကြည်ကိုးကွယ်ရာ ဘာသာအားလုံးတို့ကို ရိုသေလေးစားစွာ သတိပြုဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ မူဝါဒတွေက ပါကစ္စတန်နိုင်ငံရဲ့ ယဉ်ကျေးမှုလက္ခဏာတွေရဲ့ တစိတ်တပိုင်းမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
ဒီလိုဝေဖန်ပုတ်ခတ်မှုတွေကြောင့် ဝမ်းနည်းစရာအကောင်းဆုံးဖြစ်ရဒါကတော့ ပါကစ္စတန်နိုင်ငံဟာ Kashmir အရပ်ဒေသအခြေအနေနဲ့ တရားရုံးတော်ချုပ်ရဲ့ Ayodhya မြေနေရာအပေါ် ဆုံးဖြတ်ချက်ချက်တွေကို အလွန်မွန်မြတ်သန့်စင်တဲ့ အခါသမယဖြစ်တဲ့ သမိုင်းဝင်ကျောင်းတော်ကြီးနှစ်ခုဖြစ်တဲ့ အိန္ဒိယနိုင်ငံအတွင်းက Punjab ပြည်နယ် Gurdaspur အရပ်မှာတည်ရှိတဲ့ မွန်မြတ်ပြီး ကျော်ကြားထင်ရှားတဲ့ Dera Baba Nanak Gurdwara နဲ့ ပါကစ္စတန်နိုင်ငံ Narowal ခရိုင်းအတွင်း Kartarpur အရပ်မှာတည်ရှိတဲ့ Gurdwara Darbar Sahib တို့ကိုဆက်သွယ်ပေးတဲ့ စင်္ကြန်ကြီး ဖွင့်လှစ်ပေးတဲ့အခမ်းအနားမှာ ထုတ်ပြန်ပြောကြားခဲ့ဒါဘဲဖြစ်ပါတယ်။ Kartarpur စင်္ကြန်ဖွင့်လှစ်ပွဲအခမ်းအနားမှာ အိန္ဒိယဝန်ကြီးချုပ် Mr Narendra Modi ဟာ ပါကစ္စတန်ဝန်ကြီးချုပ်အား အိန္ဒိယလူမျိုးတွေရဲ့ အယူအဆ ခံစားချက်တွေကို နားလည်သဘောပေါက်ပြီး၊ ရိုသေလေးစားတဲ့အတွက် ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ သို့သော်ပါကစ္စတန်ခေါင်းဆောင်တွေက သူတို့ဘက်မှာကျင်းပတဲ့ အခမ်းအနားမှာ Kashmir နဲ့ Ayodhya အရေးကိစ္စတွေကို အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့အကြား ဆက်ဆံရေးဟာ ၂၀၁၆ ခုနှစ်က Uri ကြည်းတပ်စခန်းတခုကို အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အချိန်ကစပြီး ပျက်ပြားလာခဲ့ပြီး Jammu နဲ့ Kashmir အရပ်ဒေသမှ ပုဒ်မ (၃၇၀) အား ဖျက်သိမ်းလိုက်တဲ့နောက်ပိုင်း ပါကစ္စတန်နိုင်ငံရဲ့ တုန့်ပြန်မှုတွေက ပိုမိုနက်ရှိုင်းသွားစေခဲ့ပါတယ်။
လောလောဆယ်အချိန်ကာလမှာ ပါကစ္စတန်နိုင်ငံဟာ Mr Imran Khan က သူ့ရဲ့ရာထူးအာဏာအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပြီး၊ သူ့ရဲ့နိုင်ငံအားလည်း ရှုပ်ထွေးပွေလီဖြစ်နေတဲ့ အခြေအနေမျိုးက ဆွဲထုတ်ယူဘို့ မတတ်နိုင်စွမ်းဘဲရှိနေပါတယ်။ Jamiat Ulema-e-Islam ရဲ့ဥက္ကဌ Fazlur Rehman ဦးဆောင်တဲ့ ပါတီလုပ်သားတွေဟာ Islamabad မြို့မှာစုရုံးခဲ့ကြပြီး ဝန်ကြီးချုပ်ရဲ့နုတ်ထွက်မှုကို တောင်းဆိုခဲ့ကြပါတယ်။ တခြားအတိုက်အခံပါတီတွေလည်း ပါကစ္စတန်အစိုးရအား ဆန့်ကျင်လျှက်ရှိကြပါတယ်။
ခွဲခြမ်းစိတ်ဖြာလေ့လာသူတွေရဲ့တွက်ချက်အရ ဝန်ကြီးချုပ် Mr Imran Khan က ပြည်သူတို့ရဲ့အာရုံကို ဆိုးဝါးတဲ့ပြည်တွင်းပြဿနာတွေမှ ပယ်ရှားဘို့အတွက် အိန္ဒိယဆန့်ကျင်ရေး လှုံ့ဆော်မှုတွေ ပြုလုပ်ကောင်းပြုလုပ်နေဒါဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ပါကစ္စတန်နိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံနဲ့ဆက်ဆံရေးဟာ အကြမ်းဖက်ဝါဒကို အားပေးအားမြောက်ပြုနေခြင်းကို မရပ်ဆိုင်းမချင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းအရေးကိစ္စတွေမှာ ဝင်ရောက်နှောင့်ယှက်ခြင်းတို့ကို မရပ်ဆိုင်းမချင်း မတိုးတက်နိုင်ဘူးဆိုဒါကို နားလည်သဘောပေါက်ရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Rattan Saldi ဝေဖန်ရေးသားထားဒါကို နိဂုံးချုပ်အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment