ပါကစ္စတန်နိုင်ငံတွင် နိုင်ငံရေးရာ အခြေအနေများ ဒုံရင်းအတိုင်း ရှိနေ

သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR ရေဒီယိုသတင်းဌာနမှ သတင်းသုတေသီ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံတွင် နိုင်ငံရေးရာ အခြေအနေများ ဒုံရင်းအတိုင်း ရှိနေ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ပါကစ္စတန်နိုင်ငံဟာ Kashmir အရေးကိစ္စအနေနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအတွက် ပြည်ဖုံးကား ချထားလိုက်ပြီဆိုတာကို လက်မခံနိုင် ဖြစ်နေပါတယ်။ အိန္ဒိယနိုင်ငံ၊ Jammu နှင့် Kashmir ဒေသရဲ့ တချိန်က အခွင့်ထူးပေးအပ်ထားမှု အခြေအနေ ပြန်လည်ရုပ်သိမ်းလိုက်ကတည်းက ပါကစ္စတန်နိုင်ငံဟာ ဒီအရေးကိစ္စကို အာရုံစိုက်စေဖို့အတွက် ကြိုးပမ်းနေခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံဟာ နယူးဒေလီအစိုးရက နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လုပ်ဆောင်ခဲ့ပြီး ပြောင်းလဲလုပ်ဆောင်မှုတွေဟာ အိန္ဒိယနိုင်ငံရဲ့ အချုပ်အခြာအာဏာ လုပ်ပိုင်ခွင့်အတွင်း ပြုလုပ်ခဲ့တယ်ဆိုတာကို ကမ္ဘာ့အသိုင်းအဝိုင်းသို့ အောင်မြင်မှုရှိစွာ ဖော်ပြနိုင်ခဲ့ပါတယ်။

ယခုအခါမှာတော့ အစ္စလာမာဘတ်အစိုးရဟာ ကိုယ်တိုင် ဝိုင်းပယ်ခံရမှုကို ရှာကြံနေတာကြောင့် Kashmir နှင့် အစိုးရတို့အပေါ် မဲဆွယ်နေကြတဲ့ ပါကစ္စတန် နိုင်ငံရေးသမားတွေက ရှောင်ရှားနေကြဟန်ရှိပါတယ်။ “Kashmir ဒေသနှင့် Gilgit & Baltistan ဒေသရေးရာ” ပါကစ္စတန်ဝန်ကြီး Ali Amin Gandapur ဟာ “Kashmir ဒေသနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံဘက်က ရပ်တည်နေတဲ့နိုင်ငံတွေကို ဒုံးကျည်တွေနှင့် ပစ်ခတ်သွားဖို့” ခြိမ်းခြောက်ဖော်ပြခဲ့ပါတယ်။

ဒေသခံ ပါကစ္စတန် ရုပ်မြင်သံကြားဌာနနှင့် တွေ့ဆုံမေးမြန်းခန်း ၁ ခုမှာ စကားကြီး စကားကျယ်ပြောတတ်တဲ့ Gandapur က “အိန္ဒိယနိုင်ငံနှင့် တင်းမာမှုတွေဟာ Kashmir အရေးကိစ္စနှင့်ပတ်သက်ပြီး ပေါ်ပေါက်လာတယ်ဆိုရင် ပါကစ္စတန်နိုင်ငံအနေနှင့် စစ်ပွဲဆင်နွှဲသွားဖို့ တွန်းအားပေးသွားမှာဖြစ်ပြီး Kashmir ကိစ္စနှင့်ပတ်သက်လို့ အိန္ဒိယနှင့် ရပ်တည်နေတဲ့နိုင်ငံတွေဟာ နောက်ဆက်တွဲအကျိုးဆက်တွေကို ရင်ဆိုင်သွားရလိမ့်မယ်” လို့ ဖော်ပြခဲ့ပါတယ်။ Kashmir ကိစ္စအပေါ် အိန္ဒိယနိုင်ငံကို ထောက်ခံတဲ့ ဘယ်နိုင်ငံကိုမဆို ပါကစ္စတန်နိုင်ငံရဲ့ ရန်သူအဖြစ် သတ်မှတ်သွားမှာ ဖြစ်ပြီး အဲဒီနိုင်ငံကိုလည်း ဒုံးကျည်တွေ ပစ်ခတ်သွားမှာဖြစ်ပါတယ်။ Gandapur ဟာ ကိုးရိုးကားရားနိုင်လှတဲ့ ဝေဖန်မှုတွေကြောင့် လူသိများတဲ့ ပါကစ္စတန်နိုင်ငံရဲ့ မီးရထားရေးဝန်ကြီး Sheikh Rashid ရဲ့ ပုံသွင်းထားတဲ့ နိုင်ငံရေးသမား ၁ ဦးဖြစ်ပါတယ်။

အောက်စ်ဖို့ တက္ကသိုလ်ကျောင်းဆင်း ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ်ဟာ ဒီလိုပုဂ္ဂိုလ်မျိုးတွေကို သူတို့ရရှိထားတဲ့ ရာထူးကြီးကြီးဌာနတွေမှာ သတ်မှတ်ပေးအပ်ထားတာကလည်း တကယ်တော့ လွဲမှားနေပါတယ်။ Gandapur နှင့် Rashid တို့လို မနားတမ်း ပြောဆိုမှုတွေကြောင့် ပါကစ္စတန် နိုင်ငံတော်သစ် အိပ်မက်တွေ အပိုင်းပိုင်း ပြတ်တောက်လျှက်ရှိနေပါတယ်။

ပါကစ္စတန်နိုင်ငံဟာ ပြည်တွင်းရေး အကျပ်အတည်းပြဿနာ အများအပြားတို့ကြောင့် ကသောင်းကနင်းနိုင်သော အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်နှင့်အမျှ Mr. Imran Khan အစိုးရက အိန္ဒိယဆန့်ကျင်ရေး စိတ်ဓာတ်များကို ရိုက်သွင်းရန် ကြိုးပမ်းနေပါတယ်။ ပြီးခဲ့သော ၃ လ ကာလအတွင်း ပါကစ္စတန်က သံတမန်ရေးရာတွင် ပါဝင်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

Kashmir အရေးကိစ္စနှင့်ပတ်သက်ပြီး Mr. Imran Khan သည် နောက်ကျောဘက်တွင် ရှိနေသောအချက် ရှင်းနေပါတယ်။ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းသည် Kashmir ကို ပါကစ္စတန်စနစ်ဖြင့် ရှုမြင်ခြင်းမရှိကြောင်း ပါကစ္စတန်မှ လေ့လာသုံးသပ်သူများက ရှင်းလင်းစွာ ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စု နယ်မြေသစ်များဖြစ်ကြသော Kashmir နှင့် Jammu ဒေသနှင့် Ladakh ဒေသတို့အတွက် ၎င်း၏ဖွံ့ဖြိုးတိုးတက်မှုပုံစံကို ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်များက ကြိုဆိုခဲ့ပါတယ်။ ယခုအချိန်တွင် Kashmir ချိုင့်ဝှမ်း၊ Jammu နှင့် Ladakh ဒေသများသို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာနိုင်ပါတယ်။ အဆိုပါ ပြည်ထောင်စု နယ်မြေ ၂ ခုစလုံးတို့အတွက် အိန္ဒိယနိုင်ငံထံ ဖွံ့ဖြိုးရေး စီမံကိန်းများစွာရှိခဲ့ရာ ဒီဒေသရှိ လူအများတို့ ၎င်းတို့၏ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်သူများ ဖြစ်ကြလိမ့်မယ် ဖြစ်ပါတယ်။

ပါကစ္စတန်သိမ်းပိုက်ထားသော Kashmir ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း မေးမြန်းသောအခါ ပါကစ္စတန် Kashmir ဆိုင်ရောဝန်ကြီး Mr. Gandapur အရ ၎င်းက ပြည်သူလူထုအတွက် တိုက်ပွဲဝင်ရန် ဝမ်းမြောက်မည်ဟုပြောကြားခဲ့ရာ ဤသို့သော တုံ့ပြန်မှုမျိုးသည် အမှန်ပင် ရှုပ်ထွေးခဲ့ပါတယ်။

ဤအတောအတွင်း ပါကစ္စတန်အစိုးရက Kashmir ကို အာရုံစိုက်ရန် ကြိုးပမ်းနေစဉ် နိုင်ငံတွင်း စီးပွားရေးအခြေအနေ ပိုမိုဆိုးရွားလာနေခြင်းအပေါ် ဝန်ကြီးချုပ် Mr. Imran Khan ရာထူးမှ နှုတ်ထွက်စေရန် လူထောင်ပေါင်းများစွာတို့ အစိုးရဆန့်ကျင်ဆန္ဒပြခဲ့ပြီး လက်ယာ ဘာသာရေးခေါင်းဆောင်နှင့် (JUI-F) ခေါ် Jamiat-Ulema- Islam-Fazl ပါတီဥက္ကဌ Mr. Maulana Fazal-ur-Rehman ရဲ့ ခေါ်ဆိုမှုဖြင့် အစ္စလာမာဘတ်မြို့တွင် စုရုံးရောက်ရှိခဲ့ပါတယ်။

Gujranwala မြို့၌ မိမိထောက်ခံသူများအား မိန့်ခွန်းပြောဆိုစဉ် Mr. Maulana Fazal-ur-Rehman အရ Mr. Imran Khan ၏ အစိုးရသည် နိုင်ငံစီးပွားရေးကို ဖျက်ဆီးပစ်ခဲ့၍ အစိုးရက ပြည်သူများအား အာဏာပြန်လည်အပ်နှင်းရန် ပြောဆိုခဲ့ပါတယ်။

Mr. Imran Khan ဦးဆောင်သော PTI ခေါ် ပါကစ္စတန် Tehreek-e-Insaaf ပါတီသည် ပြီးခဲ့သောနှစ်က ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ရာ နိုင်ငံရဲ့ အဓိက အတိုက်အခံပါတီများ ဖြစ်ကြသော PML-N ခေါ် ပါကစ္စတန် မူဆလင် League-Nawaz နှင့် PPP ခေါ် ပါကစ္စတန် ပြည်သူ့ပါတီတို့က JUI-F ပါတီ၏ Mr. Imran Khan အစိုးရအား ဆန္ဒပြသမှုကို ထောက်ခံခဲ့ကြပါတယ်။

ဒီအတောအတွင်း Mr. Khan အစိုးရသည် JUI-F ၏ လူငယ် စေတနာ့ဝန်ထမ်းအဖွဲ့ဖြစ်သော Ansar ul-Islam အဖွဲ့ကို ပိတ်ထားခဲ့ပါတယ်။ ဆန္ဒပြသူများ အစ္စလာမာဘတ်မြို့၌ စုရုံးရောက်ရှိခဲ့ရာ Mr. Khan အစိုးရသည် ချီတက်ပွဲကြောင့် စိတ်ပူသင့်သည်ဟု ပါကစ္စတန်နိုင်ငံက နိုင်ငံရေး လေ့လာသုံးသပ်သူ Cyril Almeida က စိတ်ပူသင့်ကြောင့် ပြောဆိုခဲ့ပါတယ်။ ဤသည် ကံမကောင်းပါက ပါကစ္စတန်၏ အဖြစ်ဆိုးဖြစ်ကြောင်း… စသဖြင့် ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။

Comments