“တူရကီနိုင်ငံ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုသည် အတုအယောင်”
Turkey’s “Operation Peace Spring” is a Shamသောတရှင်များရှင့်၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ကုလသမဂ္ဂသို့ အိန္ဒိယနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်ဟောင်း Amb. Asoke Mukerji ဝေဖန်ရေးသားထားတဲ့ “တူရကီနိုင်ငံ၏ ငြိမ်းချမ်းရေးလှုပ်ရှားမှုသည် အတုအယောင်” ဖြစ်သောအကြောင်းကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။
Syria နိုင်ငံနဲ့ နယ်စပ်နီးကပ်နေသော တူရကီနိုင်ငံရဲ့ နယ်နိမိတ်လုံခြုံကာကွယ်ရန်၊ ဒေသအတွင်း၌ဖြစ်ပွားနေသော အကြမ်းဖက်သမားများအား အရှိန်လျှော့ချရန်နှင့် ဒေသအတွင်းနေ Syria လူမျိုးများကာကွယ်စောင့်ရှောက်ရန် စသောရည်မှန်းချက် (၃) ချက်ဖြင့် တူရကီစစ်တပ်က ဗုဒ္ဓဟူးနေ့တွင် စစ်ဆင်ရေးကို စတင်လုပ်ဆောင်ခဲ့ပါတယ်။
Syria နိုင်ငံအရှေ့မြောက်ဖက်ဒေသ၌ တူရကီနိုင်ငံ တဖက်သတ်စစ်ရေးထိုးစစ်ဆင်မှုအပေါ် အိန္ဒိယနိုင်ငံက အလွန်စိုးရိမ်ပူပန်ခဲ့တယ်လို့ နယူးဒေလီအစိုးရက တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ တူရကီနိုင်ငံ၏လုပ်ရပ်များသည် ဒေသတွင်းငြိမ်းချမ်းမှုနဲ့ အကြမ်းဖက်ဆန့်ကျင်တိုက်ဖျက်ရေးကို ထိခိုက်စေနိုင်သည်ဟု အိန္ဒိယနိုင်ငံက ထင်ခဲ့ပါတယ်။ အဆိုပါအချက်ဖြင့် လူသားချင်းစာနာထောက်ထားမှုနှင့် အရပ်သားများကို ဒုက္ခရောက်စေဖို့ အလားအလာရှိခဲ့ပါတယ်။ ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ထိန်းသိမ်းလေးစားစေရန် အိန္ဒိယနိုင်ငံက တူရကီနိုင်ငံအား ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့သောလက ကုလသမဂ္ဂ အထွေထွေညီလာခံကြီး၌ တူရကီသမ္မတ Mr Erdogan က ဆီးရီးယားအရှေ့မြောက်ပိုင်းဒေသရှိ အခြေအနေများအကြောင်း ၎င်း၏မိန့်ခွန်း၌ ကျယ်ပြန့်စွာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ တူရကီနိုင်ငံ၌ လက်ရှိဆီးရီးယားလူမျိုး (၂) သန်းနေထိုင်သူများကို ပြန်လည်နေရာချထားပြီး ဤဒေသအား လုံခြုံစိတ်ချရသောနေရာတခုဖန်တီးစေရန် ပြောဆိုခဲ့ပါတယ်။ တူရကီသမ္မတ၏ အဆိုပြုချက်သည် ဆီးရီးယားနိုင်ငံ၏ နယ်မြေတည်တံ့ခိုင်မြဲမှုဇုံဖန်တီးရေးအား ချိုးဖေါက်ခြင်းမဟုတ်ပါ၊ သို့သော် တူရကီနိုင်ငံ၏ တဖက်သတ်အရေးယူမှုသည် ကုလသမဂ္ဂတည်ထောင်ရေးတွင် အဖွဲ့ဝင်တဦးဖြစ်သည့် ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးကို ချိုးဖေါက်နိုင်လိမ့်မည်ဖြစ်သည်။
ကုလသမဂ္ဂ၏ အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သော နယ်မြေတွင် တူရကီလက်နက်ကိုင်တပ်ဖွဲ့များသည် တဖက်သတ်အနေဖြင့် ဤသို့ပြုခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပါ။ ၁၉၇၄ ခုနှစ် ဇူလိုင်လက တူရကီလက်နက်ကိုင်စစ်တပ်တို့ Cyprus ကို ကျူးကျော်ခဲ့သည်။ ၁၉၇၄ ခုနှစ် နိုဝင်ဘာလက ကုလသမဂ္ဂ အထွေထွေညီလာခံကြီး၌ ၃၂၁၂ ဆုံးဖြတ်ချက်တခုကို တညီတညွှတ်တည်းလက်ခံခဲ့ပြီး Cyprus မှ လက်နက်ကိုင်တပ်ဖွဲ့များ ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။ သို့သော် တူရကီနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် ၃၆၅ အား ယခုထိ အကောင်အထည်မဖေါ်သေးပေ။
Syria နိုင်ငံတွင် လက်ရှိပဋိပက္ခသည် ၂၀၁၁ ခုနှစ်တွင် စတင်ခဲ့၍ ISIL ခေါ် Islamic State တို့ Iraq နှင့် The Levant (သို့မဟုတ်) Da’esh လို ထင်ရှားကျော်ကြားသော အကြမ်းဖက်အုပ်စုများ ဖျက်ဆီးရေးလှုပ်ရှားမှု ပြုလုပ်လေ့ရှိပါတယ်။
တူရကီနိုင်ငံရဲ့ ဆီးရီးယားအရှေ့မြောက်ပိုင်းဒေသတွင်ပြုလုပ်ခဲ့သောလှုပ်ရှားမှု၏ ရည်မှန်းချက်တခုမှာ PYD ခေါ် နိုင်ငံရေးဒီမိုကရက်တစ် ပူးပေါင်းပါတီနဲ့ YPG ခေါ် ၎င်းရဲ့ ပြည်သူ့ကာကွယ်ရေးယူနစ်များကို ဖယ်ရှားပစ်ရန်ဖြစ်ပါတယ်။ ၁၉၈၄ ခုနှစ်ကတည်းက PKK (သို့မဟုတ်) Kurdish အလုပ်သမားပါတီက Kurd လူမျိုးများ တန်းတူအခွင့်အရေးရဖို့ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ပါတယ်။ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ တူရကီနိုင်ငံတို့က PKK ပါတီအား အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်လိုက်ပါတယ်။
တူရကီနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဌအား မိမိ၏လှုပ်ရှားမှုအကြောင်း ပြောကြားခဲ့သည်ဟု ထောက်ပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ကပြုလုပ်ခဲ့သော အစည်းအဝေ၌ အမေရိကန်၊ ရုရှား၊ ပြင်သစ်နှင့် ဂျာမဏီနိုင်ငံများက Syria အရှေ့မြောက်ဖက်နိုင်ငံဒေသတွင် တဖက်သတ် စစ်ရေးလှုပ်ရှားမှုမပြုလုပ်ဘဲ ဆွေးနွေးမှုများဖြင့် ပြဿနာဖြေရှင်းစေရန် တူရကီနိုင်ငံအား ပြောဆိုခဲ့သော်လဲ မအောင်မြင်ခဲ့ပေ။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းစေရန်အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တူရကီနိုင်ငံအား တားဆီးမှု၌ မအောင်မြင်ခဲ့ကြောင်း စသဖြင့် ဆောင်းပါးရှင် Mr Asoke Mukerji ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ရှင်။

Comments
Post a Comment