Imran ၏ ပူပင်သောကများ

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ IDSA တောင်အာရှဌာနမှ ဝါရင့်သုတေသီ ဆောင်းပါးရှင် Dr. Ashok Behuria ဝေဖန်ရေးသားပေးပို့ထားတဲ့ “Imran ၏ ပူပင်သောကများ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Mr. Imran Khan ဟာ တရုတ်နိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်တစ်ရပ် သွားရောက်ခဲ့ပါတယ်။ Mr. Khan ရဲ့ ခရီးစဉ်မတိုင်မီ ၁ ရက်အလိုတုန်းကလည်း ပါကစ္စတန်နိုင်ငံ တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Qamar Javed Bajwa ဟာ တရုတ်နိုင်ငံ တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Zhang Youxia နှင့် ပြည်သူ့လွတ်မြောက်ရေးတည်မတော်မှ ထိပ်တန်းအရာရှိတွေနှင့် တွေ့ဆုံဖို့အတွက် ပီကျင်းမြို့သို့ သွားရောက်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Bajwa ဟာ တရုတ်နိုင်ငံ သမ္မတ Mr. Xi Jinping နှင့် ဝန်ကြီးချုပ် Mr. Li Keqiang တို့နှင့်အတူ ဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် Mr. Imran Khan နှင့် ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ထူးခြားတာကတော့ ဒါဟာ အချိန်ကာလ ၁ နှစ်အတွင်း တရုတ်နိုင်ငံသို့သွားရောက်ခဲ့တဲ့ Mr. Imran Khan ရဲ့ တတိယအကြိမ် ခရီး ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ခရီးစဉ်ရဲ့ ပူးတွဲထုတ်ပြန်ချက်ဟာ ခေတ်သစ်ကာလအတွင်း အနာဂတ်ရေး မျှဝေထားတဲ့ အသိုင်းအဝိုင်းတစ်ရပ် ထူထောင်ရေးမျှော်မှန်းလျှက် ဘယ်အခြေအနေမျိုးမှာမဆို ပါကစ္စတန်-တရုတ် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်အားကောင်းစေဖို့ ၂ နိုင်ငံတို့ရဲ့ အခိုင်အမာ လုပ်ဆောင်ချက်တို့ကို ထပ်မံခိုင်မာစေခဲ့ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ ထုတ်ပြန်ကြေညာချက်မှာ Jammu နှင့် Kashmir ပြည်နယ်တွင်း အခြေအနေတွေနှင့်ပတ်သက်လို့ စာပိုဒ် ၁ ပိုဒ် ပါဝင်ခဲ့ပါတယ်။ တရုတ်နိုင်ငံက သိရှိထားပြီးဖြစ်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေကို ညွှန်းဆိုမှုနှင့်အတူ ပါကစ္စတန်နိုင်ငံရဲ့ ကျေနပ်ဖွယ်ရာတွေဟာ ရုပ်လုံးမဖော်နိုင်တာတွေ ဖြစ်သလို ပီကင်းအစိုးရဟာ ဒီအရေးကိစ္စကို အိန္ဒိယနိုင်ငံနှင့်အတူ ၂ နိုင်ငံအားဖြင့် ဖြေရှင်းသွားဖို့ ပါကစ္စတန်နိုင်ငံအပေါ် ရှင်းလင်းစွာ ဖော်ပြခဲ့ပါတယ်။

ပိုအရေးကြီးတာက Imran ရဲ့ ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံသို့ တရုတ်နိုင်ငံ သမ္မတရဲ့ ခရီးစဉ်နှင့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေး အထူးတပ်ဖွဲ့ FATF တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ ရက်ပိုင်းအလိုမှာ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး FATF ဆွေးနွေးပွဲမှာ ပါကစ္စတန်နိုင်ငံရဲ့ ကိုယ်ပိုင် ကတိပေးချက်တွေနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးတွက်ချက်ပြီး ဒီနိုင်ငံကို ပနာမ နာမည်ပျက်စာရင်းကနေ လုံးဝ အမည်ပျက်စာရင်းမှာ သွင်းသင့် မသွင်းသင့် ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ Mr. Khan နှင့် ဗိုလ်ချုပ်ကြီး Bajwa တို့ ၂ ဦးစလုံးနှင့်အတူ တရုတ်နိုင်ငံ ခေါင်းဆောင်ပိုင်းတွေနှင့် ဆွေးနွေးမှုတွေမှာ Kashmir အရေးကိစ္စကို ထည့်သွင်းဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပေမယ့် Mamallapuram မြို့မှာ သမ္မတ Mr. Xi ကတော့ ဝန်ကြီးချုပ် Mr. Modi နှင့် အလွတ်သဘော ညီလာခံဆွေးနွေးပွဲအတွင်း Kashmir အရေးကိစ္စကို တခွန်းတပါဒမျှ မဟခဲ့ပါဘူး။

ဒါပေမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ Mr. Khan ရဲ့ မိန့်ခွန်းပြောကြားမှုနှင့် တရုတ်နိုင်ငံသို့ ၎င်းရဲ့ ခရီးစဉ်တို့ဟာ ပြည်တွင်းမှာလည်း တုံ့ပြန်မှုပေါင်းစုံ တွေ့ကြုံခဲ့ရပါတယ်။ ပါကစ္စတန်နိုင်ငံအတွင်းမှ ဝေဖန်သုံးသပ်သူအများစုတို့ဟာ ၎င်းတို့ရဲ့ အကဲဖြတ်ချက်တွေမှာ လက်တွေ့ကျခဲ့ကြပါတယ်။ ၎င်းတို့က ပါကစ္စတန်နိုင်ငံအတွင်း နိုင်ငံရေး အခြေအနေထိန်းသိမ်းဖို့ Imran ဘယ်လောက်ပဲ ကြိုးပမ်းလုပ်ဆောင်သည်ဖြစ်စေ အိန္ဒိယ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပုဒ်မ ၃၇၀ နှင့် ၃၅(က) ဖျက်သိမ်းဖို့နှင့် Jammu နှင့် Kashmir ပြည်နယ်ဒေသကို ပြန်လည်ဖွဲ့စည်းထားရှိဖို့ အိန္ဒိယနိုင်ငံရဲ့ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ၎င်းရဲ့ကြိုးပမ်းမှုအားလုံး ဘာမှထူးခြားလာမှာမဟုတ်ဘူးလို့ ဖော်ပြခဲ့ကြပါတယ်။

ယခင်အတိတ်ကလည်း Zulfiqar Ali Bhutto၊ Benazir Bhutto နှင့် Nawaz Sharif တို့ဟာ Kashmir ဒေသဆိုင်ရာ အိန္ဒိယနိုင်ငံရဲ့ ချည်းကပ်မှုအပေါ် သက်ရောက်မှုသိပ်မရှိခဲ့တဲ့ အလားတူ ပြောဆိုမှုမျိုးတွေ ပြုလုပ်ခဲ့ကြဖူးတယ်လို့ တချို့ဝေဖန်သူတွေက ဖော်ပြနေကြပါတယ်။

Imran Khan နှင့် သူ့လူတွေဟာ အိန္ဒိယနိုင်ငံရဲ့လုပ်ဆောင်မှုက ၎င်းတို့ကို ပါကစ္စတန် နိုင်ငံရေးရာတွေမှာ အကျိုးယုတ်စေခဲ့တယ်ဆိုတဲ့အချက်ကြောင့် လန့်နိုးလာလျှက်ရှိပါတယ်။ ဒါဟာ သူ့ကိုထိုးနှက်ဖို့အတွက် အတိုက်အခံတွေကို အခြေအနေပေးသွားခဲ့ပါတယ်။ Khan အစိုးရဟာ ဖောင်းပွမှု မြင့်မားတာတွေ၊ အလုပ်အကိုင်မဲ့မှုတွေ၊ အခွန်ဘဏ္ဍာငွေ ကောက်ယူမှုနှုန်းနှင့် ရင်းနှီးမြှုပ်နှံမှု လျော့နည်းမှုတွေကြောင့် အကျပ်တွေ့နေရပါတယ်။ ကမ္ဘာ့ဈေးကွက် သုတေသနနှင့် ဆွေးနွေးတိုင်ပင်ရေး ကုမ္ပဏီတစ်ခုရဲ့ လတ်တလော စစ်တမ်းတစ်ခုအရ ပါကစ္စတန် စီးပွားရေးကဏ္ဍအတွင်း ပြည်သူတွေရဲ့ ယုံကြည်မှု ဆုတ်ယုတ်နေတယ်လို့ ဖော်ပြထားပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ အမှတ်ဟာ ၃၃.၈ ရှိပြီး အိန္ဒိယနိုင်ငံက ၆၂.၉ ရှိပါတယ်။ လာမယ့် ၆ လအတွက် ရေတိုကြိုတင်ခန့်မှန်းချက်ဟာ ပါကစ္စတန်နိုင်ငံက လမ်းလွဲကိုဦးတည်နေတယ်လို့ ဖော်ပြနေတဲ့ ပြည်သူလူထု ၇၉% ရှိမှုနှင့်အတူ အတော် ကင်းမဲ့လျှက်ရှိပါတယ်။

Imran ရဲ့ လူကြိုက်များမှု ကျဆင်းလာရာမှာ ပါကစ္စတန် အတိုက်အခံတို့ဟာ ၎င်းတို့ရဲ့ နိုင်ငံရေး ကံအကြောင်း ပြန်လည်ရှင်သန်ဖို့ အနံ့ခံလျှက်ရှိပါတယ်။ Bilawal နှင့် Nawaz Sharif တို့ ၂ ဦးစလုံးဟာ Imran Khan ကို ထပ်မံ အကျပ်တွေ့စေဖို့နှင့် တပ်မတော်နှင့် ၎င်းရဲ့ဆက်ဆံရေး အတိမ်အနက်ကို စမ်းသပ်ဖို့တို့အတွက် Fazalur Rahman ရဲ့ ချီတက်လုပ်ဆောင်မှုကို များစွာ ထောက်ခံနေကြပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Ashok Behuria ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။



Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”