အကျပ်အတည်းကာလကို ဖြတ်သန်းနေရသော Imran Khan
သောတရှင်များခင်ဗျာ ဒီနေ့ သတင်းဝေဖန်ချက်အခန်းမှာ “အကျပ်အတည်းကာလကို ဖြတ်သန်းနေရသော Imran Khan” ဆိုတဲ့ခေါင်းစဉ်နှင့် ပါကစ္စတန်အရေးအပေါ် ခွဲခြမ်းစိတ်ဖြာ လေ့လာသူ Dr. Zainab Akhtar ရေးသားပေးပို့တဲ့ဆောင်းပါးကို ဖတ်ကြားအစီရင် ခံပါရစေ။
သောတရှင်များခင်ဗျာ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan အမေရိကန်ပြည်ထောင်စုမှာ ရောက်နေစဉ်အတွင်းပြုလုပ်တဲ့ သတင်းမီဒီယာနှင့် တွေ့ဆုံပွဲတစ်ခုမှာ Kashmir အရေးနှင့် ပတ်သက်လို့ ကမ္ဘာ့အသိုင်းအဝိုင်းရဲ့ တုံ့ပြန်ပုံအပေါ် မိမိ ကျေနပ်မှုမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်း ၂ ခုရှိပါတယ်။ ပထမအကြောင်းက သမ္မတ Trump ကိုယ်တိုင် တက်ရောက်ခဲ့လို့ ပိုပြီးဆွဲဆောင်မှုရှိခဲ့တဲ့ Howdy-Modi အခမ်းအနားအပေါ် ကမ္ဘာ့မီဒီယာ ပိုပြီးအာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအကြောင်းရင်းကတော့ Imran Khan ရဲ့ မိန့်ခွန်းနှင့် ပန်ကြားနှိုးဆော်မှုတွေအပေါ် မလေးရှားနှင့် တူရကီ ၂ နိုင်ငံသာ ဝတ်ကျေတန်းကျေ တုံ့ပြန်ခဲ့တာကလွဲလို့ တခြား ဘယ်မူဆလင်နိုင်ငံမှ တုံ့ပြန်ခြင်း မရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ၇၄ ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေညီလာခံမှာ ပြောကြားခဲ့သော Imran Khan ရဲ့ မိန့်ခွန်းကို ချေပဖို့အတွက် အိန္ဒိယက ငယ်ရွယ်သူ ပထမအတွင်းဝန် တစ်ဦးကို တာဝန်ပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပါကစ္စတန်ရဲ့အနေအထား ဆက်ပြီး အားပျော့သွားရပါတယ်။ Imran Khan ရဲ့ အဲဒီမိန့်ခွန်းကို အစောပိုင်းက ပါကစ္စတန်ပြည်တွင်းမှာ ကျယ်ကျယ်လောင်လောင်နှင့် အားပေးကြိုဆိုခဲ့ပြီးတဲ့နောက် အခု သူ ကုလသမဂ္ဂ ထွေထွေညီလာခံမှာ ပြောခဲ့တဲ့မိန့်ခွန်းနှင့် အိန္ဒိယနိုင်ငံအပေါ် အထူးသဖြင့် Kashmir အရေးအပေါ် ၎င်းရဲ့ မဟာဗျူဟာ ထိရောက်မှု ရှိမှရှိရဲ့လားလို့ ဝေဖန်သုံးသပ်နေကြပါပြီ။
ပြည်တွင်းနိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းတွေကြောင့်လည်းကောင်း၊ နိုင်ငံတကာ မျက်နှာစာမှာ ပြဿနာတွေ ကိုင်တွယ်ရာမှာ အရေးမလှဖြစ်ခဲ့ရတဲ့အတွက်ကြောင့်လည်းကောင်း၊ ပါကစ္စတန်မှာ ဝန်ကြီးချုပ် Imran Khan ကိုဝေဖန်တာတွေ တနေ့တခြား တိုးပွားလာနေပါတယ်။ အပြင်းထန်ဆုံး ဝေဖန်မှုကတော့ Kashmir ပြဿနာကို မိန့်ခွန်းတွေချွေနေရုံနှင့် ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ တကယ်လိုအပ်တာက ပြဿနာကို ဘက်ပေါင်းစုံကနေ ချည်းကပ်ပြီး ရေရှည်တည်တံ့မယ့် မူဝါဒသစ် ၁ ခု ချမှတ်ရေးပဲဖြစ်တယ်ဆိုတာပါပဲ။ ပါကစ္စတန် ပြည်သူ့ပါတီ ဥက္ကဌ Bilawal Bhutto Zardari က Khan ရဲ့ အထွေထွေညီလာခံ မိန့်ခွန်းအပေါ် ကျေနပ်အားရခြင်းမရှိကြောင်း ပြောပါတယ်။ Khan ရဲ့ အထွေထွေညီလာခံ မိန့်ခွန်းကို ဩဘာပေးဖို့ မီဒီယာသမား ၁ စုကိုရွေးပြီး တာဝန်ပေးခဲ့တယ်လို့ Mr. Zardari က စွပ်စွဲပါတယ်။ Kashmir နယ်သူနယ်သားတွေ ဒုက္ခခံစားနေကြရပုံကို Mr. Khan အခိုင်အမာ ရှင်းပြနိုင်ခြင်း မရှိဘူးလို့လည်း သူက ပြောပါတယ်။ ဒါအပြင် Trump-Imran ဆွေးနွေးပွဲနှင့် သမ္မတ Trump ရဲ့ ပေါ့ပေါ့တန်တန် သဘောထားပုံတို့ကြောင့် ပါစ္စတန်နိုင်ငံမှာ စိုးရိမ်စရာများ ဖြစ်နေမလားလို့ မယုံသင်္ကာ ဖြစ်နေကြပါတယ်။ အဲဒီ Trump-Imran ဆွေးနွေးပွဲဟာ ဓာတ်ပုံရိုက်ကောင်းစရာ ပြကွက်တစ်ခုအဖြစ် တဖက်မှာ ရှုမြင်နေကြသလို အခြားတဖက်မှာလည်း Kashmir မှာ ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနှင့်ပတ်သက်လို့ အမေရိကန်နိုင်ငံရဲ့ ထောက်ခံမှု ရယူနိုင်မယ့် အခွင့်အလမ်းတစ်ခုကို Imran Khan အသုံးမချနိုင်ခဲ့ဘူးလို့ ဝေဖန်ကြပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မှာရော ကုလသမဂ္ဂ အထွေထွေညီလာခံမှာပါ Kashmir ပြဿနာအပေါ် ဆုံးဖြတ်ချက်တခုတလေရရှိအောင် ပါကစ္စတန်နိုင်ငံ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့တာဟာ Imran Khan အစိုးရရဲ့ အကြီးမားဆုံး ရှုံးနိမ့်မှုကြီးတစ်ခုဖြစ်တယ်လို့ ပါကစ္စတန် ရုပ်မြင်သံကြား ဆွေးနွေးငြင်းခုံပွဲများနှင့် သတင်းစာများက ရှုမြင်ကြပါတယ်။ နိုင်ငံတကာစင်မြင့်မှာ ပါကစ္စတန်နိုင်ငံအတွက် စာနာထောက်ထားမှုရရှိပြီး အိန္ဒိယနိုင်ငံအပေါ် နိုင်ငံအများ မလိုမုန်းထားဖြစ်လာကြမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနှင့် လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတာကိုတင်ဖို့ Imran Khan ဆုံးဖြတ်ခဲ့ပါတယ်။ သို့သော် မျှော်လင့်သလို ဖြစ်မလာဘဲ အောက်တိုဘာလကုန်ပိုင်းကျရင် ဘဏ္ဍာရေးဆိုင်ရာ အရေးယူရေး အထူးအဖွဲ့ FATF ရဲ့ အနက်ရောင်စာရင်းအသွင်း ခံရမယ့်ကိန်း မဆိုက်ရလေအောင် မိမိနိုင်ငံမှာ အကြမ်းဖက်ဝါဒီ လှုပ်ရှားမှုတွေအပေါ် ထိန်းကွပ်ရမယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ သတိပေးတာကို ပါကစ္စတန် ခံလိုက်ရပါသေးတယ်။
အိန္ဒိယဝန်ကြီးချုပ် Narendra Modi အထွေထွေညီလာခံမှာ မိန့်ခွန်းပြောတဲ့အခါ Kashmir အကြောင်း လုံးဝဖော်ပြခြင်းမပြုဘဲ အကြမ်းဖက်ဝါဒအပေါ်သာ အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်တာကြောင့် Imran Khan ပြောကြားတဲ့မိန့်ခွန်း အဓိပ္ပါယ်မဲ့ ဖြစ်သွားရပါတယ်။ အဲဒါတွေကြောင့် Imran Khan ဟာ အကျိုးရလဒ်တွေဘယ်မှာလဲလို့ အမေးခံနေရပါတယ်။ အကျိုးရလဒ်ကောင်းတွေရဖို့ ခိုင်မာတဲ့ ဦးဆောင်ဦးရွက်ပြုခြင်းနှင့် ထိရောက်သော မဟာဗျူဟာများ ချမှတ်ဖို့လိုအပ်ကြောင်း၊ မိန့်ခွန်းအပြောကောင်းရုံနှင့် အလုပ်မဖြစ်ကြောင်း သုတေသီတွေက မှတ်ချက်ချကြပါတယ်။ Kashmir အရေးနှင့်ပတ်သက်ရင် ကမ္ဘာ့အသိုင်းအဝိုင်းက အိန္ဒိယနိုင်ငံကိုထောက်ခံဖို့ ဆုံးဖြတ်ထားကြောင်း ပါကစ္စတန်နိုင်ငံမှာ သိနေကြပေမယ့် ဒီအကြောင်းကို ဖွင့်မပြောကြပါဘူး။ OIC အစ္စလာမ် နိုင်ငံများအဖွဲ့ကြီးနှင့် ပါကစ္စတန်နိုင်ငံရဲ့ ရင်းနှီးသော မဟာမိတ်များဖြစ်ကြတဲ့ ဆော်ဒီအာရေးဗီးယားနှင့် အာရပ် စော်ဘွားနိုင်ငံများ ပြည်ထောင်စုတို့ကတောင် ပါကစ္စတန်နိုင်ငံဘက်က ရပ်တည်ဖို့ ဝန်လေးနေကြပါတယ်။ ပါကစ္စတန်ပြည်တွင်းမှာလည်း Pakistan Tehreek-e-Insaaf ပါတီ Kashmir ပြဿနာကိုကိုင်တွယ်ရာမှာ အရေးနိမ့်ခဲ့တဲ့အတွက်လည်းကောင်း၊ စီးပွားရေး အခြေအနေ ဆိုးရွားနေခြင်းအတွက်လည်းကောင်း အတိုက်အခံပါတီတွေလက်တွဲပြီး ပူးတွဲဆန့်ကျင်ရေး မဟာဗျူဟာ ချမှတ်ဖို့ ပြင်ဆင်နေကြတာနှင့် ရင်ဆိုင်နေရပါတယ်။ Jamait-Ulema-e-Islam (Fazal) ပါတီခေါင်းဆောင် Fazal-Ur-Rehman ဟာ ဒီလကုန်ပိုင်းမှာ အစိုးရဆန့်ကျင်ရေး ခရီးရှည်ချီတက် ဆန္ဒပြဖို့ ပြင်ဆင်နေပါတယ်။ အဲဒီလို ခရီးရှည်ချီတက် ဆန္ဒပြမယ့်အခြေအနေက PTI အစိုးရကို ခေါင်းခဲစေပါတယ်။ Bilawal Bhutto Zardari ကလည်း အစိုးရဆန့်ကျင်ရေး ပြည်သူ့လှုပ်ရှားမှုတစ်ခုစတင်ဖို့ ကြိုးစားတဲ့အနေနှင့် PTI အစိုးရရဲ့ ချို့ယွင်းချက်တွေ အသိပေးဖို့ဆိုပြီး နိုင်ငံအနှံ့ ခရီးလှည့်လည်ဟောပြောဖို့ ပြင်ဆင်နေပါတယ်။
Imran Khan အစိုးရဟာ ပြည်တွင်းမှာရော နိုင်ငံတကာ မျက်နှာစာမှာပါ အကျပ်တွေ့နေပါတယ်။ အကယ်၍ ပါကစ္စတန်က အကြမ်းဖက်ဝါဒီလှုပ်ရှားမှုတွေကို အားပေးလှုံ့ဆော်ဖို့ နောက်တကြိမ်ထပ်ပြီး ဆုံးဖြတ်မယ်ဆိုရင် အစ္စလာမာဘတ်ဟာ FATF ရဲ့ အနက်ရောင် စာရင်းသွင်းတာ ခံရနိုင်စရာရှိပါတယ်။ ပြည်တွင်းမှာ သာမန်ပြည်သူတွေ ခံစားနေကြရသော ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်လို ပြဿနာမျိုးစုံကို ပါကစ္စတန်အစိုးရ မဖြေရှင်းပေးနိုင်ဘူးဆိုရင် သာမန်ပြည်သူတွေနှင့် ညီညွတ်သော အတိုက်အခံပါတီတွေရဲ့ ဒဏ်ခတ်တာကို ခံရနိုင်ဖွယ်ရှိကြောင်း ဆောင်းပါးရှင် Dr. Zainab Akhtar ရဲ့ ဝေဖန်ရေးသားချက်ကို ဖတ်ကြား အစီရင်ခံလိုက်ရပါတယ်ခင်ဗျာ။

Comments
Post a Comment