“အိန္ဒိယထိပ်သီးစီးပွားရေးညီလာခံကြီး ရှေ့ဆက်နည်းလမ်းအချက်ပြလိုက်ခြင်း”

သောတရှင်များရှင့်၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကကဏ္ဍမှာ ဝါရင့်စီးပွားရေးသတင်းထောက် Mr G. Srinivasan ဝေဖန်ရေးသားထားတဲ့ “အိန္ဒိယထိပ်သီးစီးပွားရေးညီလာခံကြီး ရှေ့ဆက်နည်းလမ်းအချက်ပြလိုက်ခြင်း” ဆိုသောခေါင်းစဉ်ဖြင့် ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယနိုင်ငံရဲ့ ရေရှည်တည်တံ့သည့် စီးပွားရေးမူဝါဒဖြင့် ကမ္ဘာ့ရေးရာ၌ အမေရိကန်ဒေါ်လာ (၁၀) ထရီလီယံ စီးပွားရေးရဲ့မှတ်တိုင်းသို့ ရောက်ဖို့ သေချာခဲ့ပါတယ်။ CII ခေါ် အိန္ဒိယ စက်မှုအသင်းချုပ်က WEF ခေါ် ကမ္ဘာ့စီးပွားရေးဖိုရမ်နှင့်ပူးတွဲပြီး အိန္ဒိယထိပ်သီးအစည်းအဝေးကို New Delhi မြို့၌ ပြုလုပ်ခဲ့ရာ WEF ရဲ့ဥက္ကဌ Ms Berge Brende သည် သူမ၏အမြင်ကို ကျယ်ပြန့်စွာ ပြောဆိုခဲ့ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အရေးပါသော စိန်ခေါ်မှုများကိုဖြေရှင်းစေရန် အိန္ဒိယနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်အဖြစ် ပေါ်ထွန်းလာခဲ့ကြောင်း တကမ္ဘာလုံးက တညီတညွှတ်တည်း တင်ပြကြပါတယ်။

ဘဏ်များ ပူးတွဲလုပ်ဆောင်ခြင်းနဲ့ ကော်ပိုရိတ်အခွန် ရော့နည်းခြင်း စသောပြုပြင်ပြောင်းလဲမှုသစ်များဖြင့် အိန္ဒိယနိုင်ငံသည် ရင်းနှီးမြှပ်နှံမှုပြုလုပ်သော ဒေသဖြင်လာနိုင်သည်ဟု WEF မန်နေးဂျင်းဒါရိုက်တာ Ms Sarita Nayyar က မှတ်ချက်ချခဲ့ပါတယ်။ ကော်ပိုရိတ်အခွန်ရော့နည်းခြင်းသည် စီးပွားရေးတိုးတက်မှုအတွက် အလွန်လိုအပ်ခဲ့ရာ ၎င်းဖြင့် အိန္ဒိယနိုင်ငံသည် တောင်နှင့်အရှေ့တောင်အာရှနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်ရုံမက ပြည်တွင်းဈေးကွက်အတွက်လဲ အကျိုးသက်ရောက်စေပါတယ်။

တောင်အာရှဒေသ၌ တိုင်းရင်းသားနဲ့ ဘာသာစကား မတူကွဲပြားမှုရှိနေသော်လဲ ဒေသရှိ ဘုံစိန်ခေါ်မှုဖြစ်သော ဆင်းရဲမွဲတေမှုပပျောက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းအားထုတ်စေရန် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Ms Sheikh Hasina က ပြောဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ကဏ္ဍအသီးသီးတို့၌ အိန္ဒိယစီးပွားရေးလုပ်ငန်းများအတွက် ကြီးမားသော အလားအလာရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ အိန္ဒိယ ရင်းနှီးမြှပ်နှံသူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှပ်နှံမှုပြုလုပ်ဖို့ လိုအပ်သလို နှစ်နိုင်ငံအကြား ဆက်သွယ်မှုကို တိုးချဲ့စေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အိန္ဒိယအရှေ့မြောက်ဖက်ပြည်နယ်များသို့ ပစ္စည်းတင်ပို့ရောင်းချမှုကို တိုးချဲ့စေနိုင်ပါတယ်။ ပါကစ္စတန်အစိုးရက စီးပွားရေးပူးတွဲဆောင်ရွက်မှုအစား နိုင်ငံရေးကို ပိုပြီးအရေးပေးမှုကြောင့် SAARC ဒေသအတွင်း စီးပွားရေးသဘောတူညီမှုကို ထိပါးစေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသည် မိမိအိမ်းနီးချင်းနိုင်ငံအားလုံးတို့နဲ့ ခိုင်မာစွာ ဆက်ဆံလျက်ရှိသော်လဲ ပါကစ္စတန်နိုင်ငံက Kashmir ပြဿနာကို ကမ္ဘာ့ရှေ့မှောက် ထားခဲ့သော်လဲ ဒီအချက်ဟာ အိန္ဒိယပြည်တွင်းရေးပြဿနာဖြစ်တယ်လို့ ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းက ပြောဆိုခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Dr. S. Jaishankar က ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနဲ့ အမေရိကန် နှစ်နိုင်ငံအကြားရှိ အပြန်အလှန်စီးပွားရေးဆိုင်ရာ အချက်များကို ဖြေရှင်းသင့်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Mr Wilbur Ross က ပြောဆိုခဲ့ရာ အိန္ဒိယရှိ e-commerce မှတဆင့် ဈေးနှုန်းချိုသာစွာထုတ်လုပ်ပြီး ပြည်တွင်းရှိ အသေးစားကုန်သည်များ၏ စားဝတ်နေရေးလုံခြုံမှုကို ကာကွယ်လိမ့်မည်ဟု အိန္ဒိယဘဏ္ဍာရေးဝန်ကြီး Mr Piyush Goyal က ပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၏ စီးပွားရေးတိုးတက်မြင့်တင်ရေးအတွက် ကော်ပိုရိတ်အခွန် ရော့နည်းရေး၊ အများပြည်သူပိုင်ကဏ္ဍ၌ ရင်းနှီးမြှပ်နှံမှုကို လျော့ချခြင်း စသောအချက်များဖြင့် ပြုပြင်ပြောင်းလဲမှုသို့ ဦးတည်နိုင်တယ်လို့ NITI Aayog CEO Mr Amitabh Kant က မီးမောင်းထိုးပြသခဲ့ပါတယ်။ ပြီးခဲ့သော (၅) နှစ်အတွင်း အိန္ဒိယစီးပွားရေး တိုးတက်မှုနှုန်းသည် ၇.၅% ရှိခဲ့သည်ဟု Mr Kant က အထူးသဖြင့် ဖေါ်ပြခဲ့ပါတယ်။

အဆိုပါ (၂) ရက်ကြာပြုလုပ်ခဲ့သည့် အိန္ဒိယဗဟိုပြု စီးပွားရေးအစည်းအဝေး၌ အိန္ဒိယနိုင်ငံသည် မိမိနိုင်ငံသားများ၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်သောအချက်ကို ပြသခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသည် နိုင်ငံတိုးတက်ရေးအတွက် အခြေခံပြုပြင်ပြောင်းလဲမှုများကို လိုက်နာလျက်ရှိတယ်လို့ ထိပ်သီးညီလာခံကြီး၌ အချက်ပေးခဲ့ကြောင်း စသဖြင့် ဆောင်းပါးရှင် Mr G. Srinivasan ရေးသားဖေါ်ပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ပြလိုက်ရပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”