အိန္ဒိယနိုင်ငံသည် ဆော်ဒီ အာရေးဗီးယားနိုင်ငံနှင့် စေ့စပ်လုပ်ဆောင်မှုများ အရှိန်တိုးမြှင့်လိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ အနောက်အာရှ ဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Mohd. Muddassir Quamar ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယနိုင်ငံသည် ဆော်ဒီ အာရေးဗီးယားနိုင်ငံနှင့် စေ့စပ်လုပ်ဆောင်မှုများ အရှိန်တိုးမြှင့်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အိန္ဒိယနှင့် ဆော်ဒီ အာရေးဗီးယားနိုင်ငံတို့ဟာ အစဉ်အလာအားဖြင့် ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ထားရှိနေကြပြီး မဟာဗျူဟာရေး မိတ်ဖက် ၂ နိုင်ငံစလုံးတို့ဟာ နယ်ပယ်ကဏ္ဍ အသီးသီးတို့မှာ အတူတကွ ဆောင်ရွက်လုပ်ကိုင်နေကြပါတယ်။ ဒီရည်ရွယ်ချက်တွေနှင့် အိန္ဒိယနိုင်ငံရဲ့ NSA ခေါ် နိုင်ငံတော် လုံခြုံရေးအရာရှိ Mr. Ajit Doval ဟာ ဆော်ဒီ အာရေးဗီးယားနိုင်ငံကို ၂ ရက်ကြာ ခရီးစဉ်တစ်ရပ် သွားရောက်ခဲ့ပြီး ဆော်ဒီ အိမ်ရှေ့မင်းသားကြီး Muhammed Bin-Salman နှင့်အတူ တွေ့ဆုံဆွေးနွေးခဲ့သည့်အပြင် ဆော်ဒီနိုင်ငံ နိုင်ငံတော် လုံခြုံရေး အကြံပေးအရာရှိ Musaid Bin-Aiban နှင့်လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးကြရာမှာ အရေးပါတဲ့ ၂ နိုင်ငံအရေး၊ ဒေသပိုင်းအရေးနှင့် နိုင်ငံတကာ အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးဖို့ ပေါ်ပါက်လာတဲ့ အဓိကကိစ္စ ၁ ရပ်ကတော့ ဝန်ကြီးချုပ် Mr. Narendra Modi နှင့် အိမ်ရှေ့မင်းသား Muhammad Bin-Salman တို့ အတူတကွ ပူးတွဲပြီး ကြီးမှူးကျင်းပခဲ့ကြတဲ့ အိန္ဒိယ-ဆော်ဒီ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီအဖွဲ့ ဖွဲ့စည်းရေးအတွက် ပုံစံနည်းလမ်းတွေနှင့်ပတ်သက်ပြီး ဆွေးနွေးမှုတွေ ဖြစ်ပါတယ်။
ထူးခြားထင်ရှားစွာနှင့်ပဲ ပြီးခဲ့တဲ့လက ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Mr. Imran Khan ဟာ ကမ္ဘာ့ ကုလသမဂ္ဂရဲ့ ၇၄ ကြိမ်မြောက် အထွေထွေညီလာခံမှာ ပါဝင်တက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စုသို့ ၎င်းရဲ့ ခရီးစဉ်အတွင်း Riyadh အစိုးရကို ဖိတ်ကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ Jammu & Kashmir ပြည်နယ်ဒေသအတွက် အခွင့်ထူးပေးထားတဲ့ ပုဒ်မ ၃၇၀ ဖျက်သိမ်းဖို့ နိုင်ငံရဲ့ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ပါကစ္စတန်နိုင်ငံရဲ့ သံတမန်ရေး ထိုးစစ်ဆင်မှုတွေ ရှိနေတာကြောင့် Mr. Khan ရဲ့ ဆော်ဒီ အာရေးဗီးယားခရီးဟာ အရေးပါမှု ရှိနေပြီး ဒီခရီးစဉ်ရဲ့ အဓိက လုပ်ငန်းစဉ်ဟာ အိန္ဒိယရဲ့ ဆုံးဖြတ်ချက်အပေါ် ပါကစ္စတန်နိုင်ငံရဲ့ ရပ်တည်ချက်အတွက် ဆော်ဒီတို့ရဲ့ထောက်ခံမှု စာရင်းသွင်းနိုင်ဖို့ပဲ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် Mr. Doval ရဲ့ ခရီးစဉ်ဟာ အိန္ဒိယနိုင်ငံရဲ့ ရပ်တည်ချက်ကို ဆော်ဒီ ခေါင်းဆောင်ပိုင်းတွေ ခန့်မှန်းတွက်ဆနိုင်ဖို့ ရည်ရွယ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော် အကြမ်းဖက်ဝါဒကြောင့် အိန္ဒိယနိုင်ငံ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖော်ပြဖို့ဖြစ်ပါတယ်။ ဆော်ဒီ အာရေးဗီးယားနိုင်ငံဟာလည်း အကြမ်းဖက်ဝါဒရဲ့ ဓါးစာခံ နိုင်ငံဖြစ်ခဲ့ရပြီး စက်တင်ဘာလအတွင်းက Aramco ရေနံစိမ်း ကုမပ္ပဏီကြီးရဲ့ Abqaiq နှင့် Khurais ဒေသတို့မှ ရေနံချက်စက်ရုံလုပ်ကွက်တွေကို ယီမန်နိုင်ငံမှ Houthi စစ်သွေးကြွတွေရဲ့ လက်ချက်ဖြစ်ပုံရတဲ့ ဒရုန်းနှင့် တိုက်ခိုက်မှုတွေမှာ ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရပါတယ်။ အီရတ်နှင့် ဆီးရီးယား နိုင်ငံတို့မှ IS အုပ်စုကလည်း ဆော်ဒီ အာရေးဗီးယားနိုင်ငံကို ၎င်းတို့ရဲ့ ထိပ်ဆုံးပစ်မှတ်နေရာမှာ ထားရှိခဲ့ပါတယ်။
အိန္ဒိယနှင့် ဆော်ဒီ အာရေးဗီးယား ၂ နိုင်ငံစလုံးဟာ တောင်အာရှနှင့် အနောက်အာရှ ဒေသအတွင်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရာမှာ ထိပ်ဆုံးကနေ ပါဝင်နေကြပါတယ်။ Riyadh အစိုးရဟာ မူဆလင်ကမ္ဘာအတွင်း အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေး သဘောထား အယူအဆ ထားရှိရာမှာ ဦးဆောင်ကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ဖို့ အိန္ဒိယနိုင်ငံရဲ့ အခိုင်အမာ ရပ်တည်ချက်ကို ဆော်ဒီ ခေါင်းဆောင်ပိုင်းတွေက အသိအမှတ်ပြုထားပြီး လုံခြုံရေးရာ ပူးပေါင်းဆောင်ရွက်မှုတို့ဟာ ဝန်ကြီးချုပ် Mr. Modi ရဲ့ ဦးဆောက်မှုအောက်မှာ အရှိန်တိုးမြှင့်လာခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက အိမ်ရှေ့မင်းသားကြီး Bin-Salman ရဲ့ နယူးဒေလီမြို့ ခရီးစဉ်အပြီး ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ အကြမ်းဖက်မှု အဆောက်အအုံတွေ ဖျက်ဆီးရေးနှင့် အကြမ်းဖက်ဝါဒ အားပေးအားမြှောက်ပြုနေတဲ့ ငွေကြေးကွန်ယက်တွေ ဖြတ်တောက်ဖို့ လိုအပ်ချက်ကို ဖော်ပြထားပါတယ်။ လတ်တလော နှစ်ကာလတွေအတွင်း ဆော်ဒီနိုင်ငံဟာ အိန္ဒိယ တပ်သား ၄၀ ကျော်တို့ ကျဆုံးခဲ့ရတဲ့ ယခုနှစ် ဇန်နဝါရီလက Pulwama တိုက်ခိုက်မှုနှင့် ဒီမတိုင်မီ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီနှင့် စက်တင်ဘာလတို့မှာ Pathankot နှင့် Uri ဒေသအသီးသီးတို့အတွင်း တိုက်ခိုက်မှုတွေအပါအဝင် နိုင်ငံအတွင်း အကြမ်းဖက်သမား တိုက်ခိုက်မှုတွေကို ရှေ့ဆုံးကနေ ရှုတ်ချဖော်ပြခဲ့ပါတယ်။
Pulwama တိုက်ခိုက်မှုအပြီး အိန္ဒိယနိုင်ငံက Balakot တိုက်ခိုက်မှုတွေနှင့် တုံ့ပြန်လိုက်တဲ့အခါ ဆော်ဒီ အာရေးဗီးယားနိုင်ငံဟာ တောင်အာရှဒေသအတွင်း တင်မာမှုလျော့ပါးစေဖို့ သံတမန်ရေးနှင့် ဆောင်ရွက်ခဲ့ပါတယ်။ J&K ဒေသဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်တွင်းရေး ၁ ခုဖြစ်ပြီး ပုဒ်မ ၃၇၀ ဖျက်သိမ်းရေးဆုံးဖြတ်ချက်ဟာ နိုင်ငံရဲ့ ပင်မစီးပွားရေးနှင့် နိုင်ငံရေး စီးကြောင်းအတွင်း အဲဒီပြည်နယ်ဒေသ ပါဝင်စေဖို့ ဆောင်ကြဉ်းလိုက်တာဖြစ်ကြောင်း နယူးဒေလီအစိုးရက အခိုင်အနာ ဖော်ပြထားပါတယ်။
NSA အရာရှိ Mr. Doval ရဲ့ ဆော်ဒီ ခရီးစဉ်မှာ နောက်တချက် အရေးကြီးတာက ယခုလ နှောင်းပိုင်းမှာပြုလုပ်မယ့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေး အထူးတပ်ဖွဲ့ FATF ရဲ့ မျက်နှာစုံညီ အစည်းအဝေးမှာ ပါကစ္စတန်နိုင်ငံကို နာမည်ပျက်စာရင်းသွင်းဖို့ ဒီအထူးတပ်ဖွဲ့က အဆိုပြုလိုက်တာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်က FATF တပ်ဖွဲ့ဟာ အကြမ်းဖက်ဝါဒဆိုင်ရာ ဆက်လက်ပံ့ပိုးကူညီနေမှုအတွက် ပနာမ နာမည်ပျက် စာရင်းမှာ ပါကစ္စတန်နိုင်ငံကို စာရင်းသွင်းလိုက်ပါတယ်။ FATF ရဲ့ အာရှ-ပစိဖိတ်ဒေသပိုင်းအဖွဲ့ရဲ့ ဖော်ပြချက်အရ အစ္စလာမာဘတ်အစိုးရဟာ အကြမ်းဖက်သမား ငွေကြေးပံ့ပိုးနေတဲ့ ကွန်ယက်တွေအဆုံးသတ်ဖို့ ကတိပြုချက်အများစုကို မဖြည့်ဆည်းသေးကြောင်းနှင့် လာမယ့် FATF ဆွေးနွေးပွဲမှာ လုံးဝ အမည်ပျက်စာရင်းမှာ ထည့်သွင်းနိုင်ကြောင်း သိရှိရပါတယ်။ ဆော်ဒီ အာရေးဗီးယားနိုင်ငံကလည်း အကြမ်းဖက်ဝါဒ အားပေးမှုဆန့်ကျင်ရေးကို ထောက်ခံထားတာကြောင့် FATF ညီလာခံဟာ အင်ဒို-ဆော်ဒီ ဆက်ဆံရေးတွေအတွက် အရေးပါတဲ့ တိုးတက်မှု ဖြစ်သွားနိုင်ပါတယ်။
ဆော်ဒီနိုင်ငံနှင့် အိန္ဒိယနိုင်ငံရဲ့ ၂ နိုင်ငံ ဆက်ဆံရေးတွေဟာ လွန်ခဲ့တဲ့ နှည်အနည်းငယ်အတွင်း သိသိသာသာ တိုးတက်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလက Riyadh မြို့သို့ ဝန်ကြီးချုပ် Mr. Modi ရဲ့ ခရီးစဉ်မှာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းသစ်အတွက် အခြေခံ အုတ်မြစ် ချပေးခဲ့ပါတယ်။ ၂ ဖက်စလုံးတို့ဟာ ၂ နိုင်ငံ ဆက်ဆံရေးတွေအပေါ် အရေးပါမှုတွေနှင့် အလေးအနက်ထားလျှက် အပြန်အလှန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ လုံခြုံရေးနှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်အားကောင်းရေးတို့အတွက် အထူးအာရုံပြုလျှက် ရှိပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Mohd. Muddassir Quamar ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment