ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဂန္ဒီကြီး၏ လက်နက် - အကြမ်းမဖက်ရေးမူ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ မဟတ္တမဂန္ဒီကြီး၏ အတွေးအခေါ်များ လေ့လာရေးဆိုင်ရာ ဆောင်းပါးရှင် Dominic Thomas ဝေဖန်ရေးသားပေးပို့ထားတဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ဂန္ဒီကြီး၏ လက်နက် - အကြမ်းမဖက်ရေးမူ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
အကြမ်းမဖက်ရေးမူနှင့် ငြိမ်းချမ်းရေးယှဉ်တွဲလျှက် ကမ္ဘာ့အကျော်ကြားဆုံး အထင်ကရ ပုဂ္ဂိုလ်ကျော်တစ်ဦးဟာ Mohandas Karamchand Gandhi ပဲဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွင်းမှာတော့ နိုင်ငံဖခင်ကြီးအဖြစ် လေးစားကြည်ညိုကြပြီး ကမ္ဘာမှာတော့ မဟတ္တမ သို့မဟုတ် ထူးကဲကြီးမြတ်သည့် သူတော်စင်ကြီးအဖြစ် သိရှိကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးဟာ ကမ္ဘာတဝှမ်း အကြမ်းမဖက်ရေးမူနှင့် ငြိမ်းချမ်းရေး သတင်းစကားပျံ့နှံ့စေဖို့အတွက် ဂန္ဒီကြီးရဲ့ မွေးနေ့နှစ်ပတ်လည်ဖြစ်တဲ့ အောက်တိုဘာလ ၂ ရက်နေ့ကို နိုင်ငံတကာ အကြမ်းမဖက်ရေးနေ့အဖြစ် သတ်မှတ်ကျင်းပပါတယ်။ ဂန္ဒီကြီးဟာ သစ္စာတရားနှင့် အကြမ်းမဖက်ရေးမူတို့ကို သက်ဝင်ယုံကြည်မှုတို့ဖြင့် အိန္ဒိယနိုင်ငံရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကို ဦးဆောင်ခဲ့ပါတယ်။ အကြမ်းမဖက်ရေးမူဟာ လူသားတွေကိုဆန့်ကျင်ရာမှာ အကြီးမားဆုံး စွမ်းအားဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဝါဒဟာ လူသားတွေရဲ့ ဉာဏ်အစွမ်းအစနှင့် တီထွင်ထားတဲ့ အပြင်းထန်ဆုံး အဖျက်လက်နက်တွေထက် ပိုပြီးစွမ်းအားကြီးမားပါတယ်။
ကမ္ဘာတဝှမ်းမှ ခေါင်ဆောင်တွေ၊ နိုင်ငံတွေနှင့် လူမှုအသိုင်းအဝိုင်း များစွာတို့ကိုလည်း ဂန္ဒီကြီးရဲ့မူတွေက ဩဇာသက်ရောက်မှုရှိခဲ့ပါတယ်။ လူထုတွေကို စည်းရုံးလှုံ့ဆော်ရာမှာ ဂန္ဒီကြီးသုံးစွဲတဲ့ နည်းလမ်းတွေကို ကမ္ဘာတဝှမ်းမှ ဖိနှိပ်ချုပ်ချယ်တဲ့ လူ့ဘောင်အဖွဲ့အစည်း အများအပြားတို့က အောင်မြင်စွာ ကျင့်သုံးခဲ့ကြပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ မာတင် လူသာ ကိန်း၊ ဗီယက်နမ် တော်လှန်ရေးခေါင်းဆောင် ဟိုချီမင်းနှင့် မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဂန္ဒီကြီးရဲ့ လမ်းစဉ်တွေ ဒီကနေ့အချိန်ထိ ဆက်လက်ပြီး ပတ်သက်ဆက်နွယ်မှုရှိနေတဲ့ သက်သေသာဓကကောင်းတွေ ဖြစ်ပါတယ်။
ပိုလန်နိုင်ငံမှာ Lech Walesa ဦးဆောင်တဲ့ ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရေးတိုက်ပွဲဟာ အကြမ်းမဖက်ရေး လမ်းစဉ်အပေါ် အခြေခံခဲ့တာဖြစ်ပါတယ်။ ဘုန်းတော်ကြီး Jaime Sin ရဲ့ ဦးဆောင်မှုအောက်မှာ ဖီလစ်ပိုင်နိုင်ငံ ပြည်သူ့စွမ်းအား လှုပ်ရှားမှုဟာ သမ္မတ Marcos ရဲ့ အာဏာရှင်စနစ် ဖြုတ်ချရာမှာ အဓိက အခမ်းကဏ္ဍတစ်ရပ်မှာ ပါဝင်ခဲ့ပါတယ်။ အကြမ်းမဖက်ရေး ကြိုးပမ်းချက်တွေဟာ ချက်ကိုစလိုဗားကီးယားနိုင်ငံအတွင်း ဆိုဗီယက်တို့ရဲ့ အုပ်ချုပ်မှုကို ဖြုတ်ချနိုင်ခဲ့ပါတယ်။
အစောပိုင်း ၁၉၉၀ ပြည့်နှစ်ကာလအတွင်း တောင်အာဖရိကနိုင်ငံမှာ အသားအရောင် ခွဲခြားမှုအပေါ် အကြမ်းဖက်ဆန့်ကျင်မှုတော်လှန်မှုတွေဟာ Nelson Mandela ကို လွတ်မြောက်စေခဲ့ပြီး နိုင်ငံသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ဖို့ ဖြစ်ပွားစေခဲ့ပါတယ်။ ဂန္ဒီကြီးရဲ့ အကြမ်းမဖက်ရေးမူအပေါ် ယတိပြတ်ယုံကြည်ချက်နှင့်အခြေခံထားတဲ့ Mandela ရဲ့ ဦးဆောင်မှုဟာ အသားအရောင် ခွဲခြားဆက်ဆံမှုကို တောင်အာဖရိကနိုင်ငံကနေ အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့တာကို တွေ့ခဲ့ရပါတယ်။ ဂန္ဒီကြီးလမ်းစဉ်ဟာ မက္ကဆီကန်-အမေရိကန် အလုပ်သမား လှုပ်ရှားမှုနှင့် လူမှုအခွင့်အရေးခေါင်းဆောင် Cesar Chavez နှင့် ၎င်းရဲ့လက်တင်အမေရိက လယ်ယာ အလုပ်သမားတွေအတွက် ရှေ့နေတို့အပေါ် ကြီးမားစွာ သက်ရောက်မှုရှိခဲ့ပါတယ်။ လတ်တလောအကျဆုံးအနေနှင့် ၂၀၁၁ ခုနှစ်၊ အာရပ်ကမ္ဘာ အုံကြွမှုအဖြစ်လူသိများတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာလုပ်ဆောင်ရာမှာ အကြမ်းမဖက်ရေးဝါဒက အထင်အရှား ဝိသေသပြုခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသတို့အတွင်း ဆယ်စုနှစ်ချီ ကြာမြင့်နေတဲ့ အာဏာရှင်နှင့် ဖိနှိပ်ရေးစနစ်တွေ အဆုံးသတ်စေဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြသကြသူတွေ စုဝေးခဲ့ကြပြီး ပင်လယ်ကွေ့ဒေသနှင့် အနောက်အာရှဒေသတို့မှာ ပြုပြင်မွမ်းမံရေးနှင့် အပြောင်းအလဲတွေ ပြုလုပ်ခဲ့ကြပါတယ်။
“ဒီကနေ့ ကျွန်တော်တို့တွေဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့စစ်ပွဲတို့အကြား၊ စိတ်စွမ်းအားနှင့် ရုပ်ဝတ္ထုဝါဒ စွမ်းအားတို့အကြား၊ ဒီမိုကရေစီရေးနှင့် အကြွင်းမဲ့ အာဏာရှင်ဝါဒတို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကြီးတစ်ခု ရှိနေတယ်” လို့ ဘုန်းတော်ကြီး Dalai Lama က ဖော်ပြခဲ့ပါတယ်။ အဲဒီ စစ်ပွဲကြီးတွေကို တိုက်ခိုက်ဖို့အတွက် ဒီကနေ့ ခေတ်ပြိုင်ကာလမှာလည်း ဂန္ဒီကြီးရဲ့ အတွေးအခေါ်တွေ လိုအပ်ပါတယ်။
လူသားမျိုးနွယ် တည်ရှိသေသမျှ ဂန္ဒီကြီးရဲ့လမ်းစဉ်ကို ရှောင်လွှဲလို့မရဘူးလို့ Martin Luther King Jr က ဖော်ပြခဲ့ပါတယ်။ ဂန္ဒီကြီးဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လိုက်လျောညီထွေရေးအတွက် လူသားတွေ တိုးတက်ရေးအမြင်နှင့် ကျင့်ကြံအားထုတ် နေထိုင်တွေးခေါ်ခဲ့သူ ဖြစ်ပါတယ်။
မဟတ္တမ ဂန္ဒီကြီးကို အကြိမ်များစွာ အမည်စာရင်းသွင်းခဲ့ပေမယ့် နိုဗယ်ဆု မရရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့လမ်းစဉ်နောက်လိုက်ကြတဲ့ Martin Luther King Jr၊ Nelson Mandela၊ Dalai Lama၊ ဒေါ်အောင်ဆန်းစုကြည်၊ Barack Obama၊ Desmond Tutu နှင့် အာဂျင်တီးနားနိုင်ငံမှ Adolfo Pérez Esquivel တို့ဟာ နိုဗယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ကြပါတယ်။
ဂန္ဒီကြီး ခံယူနားလည်ထားတဲ့ အကြမ်းမဖက်ရေးမူဟာ ငြိမ်းချမ်းမှု ဒါမှမဟုတ် အကြမ်းဖက်မှု မရှိဘူးဆိုတဲ့ အဓိပ္ပါယ်ထက် များစွာသာလွန်ပြီး အမြင်အာရုံတိုင်းမှာ မေတ္တာတရား ထားဖို့ဖြစ်ပါတယ်။ ဂန္ဒီကြီးဟာ လူသားမျိုးနွယ်တွေနှင့် မိခင် သဘာဝတရားတို့အကြား ဆက်ဆံရေးအားကောင်းစေတဲ့ လူမှုဘဝ လက်စုံ အသွင်ပြောင်းလဲရေးအဖြစ် အကြမ်းမဖက်ရေးမူကို ပြောင်းလဲတန်ဆာဆင်ခဲ့ပါတယ်။
ဒီကနေ့ကမ္ဘာကြီးဟာ လူသားမျိုးနွယ် အမြစ်ပြတ်မျိုးတုံးသွားစေနိုင်တဲ့ အနုမြူလက်နက်တွေနှင့် ခြိမ်းခြောက်ခံနေရပြီး ဂန္ဒီကြီး သွန်သင်ခဲ့တဲ့ မေတ္တာတရား၊ သစ္စာတရားနှင့် တခြားသူများရဲ့ အခွင့်အရေးကို လေးစားမှုတို့ဟာ ယခင်အတိတ်တွေကထက် ပိုပြီး အဓိပ္ပါယ် ရှိလာခဲ့ပါတယ်။
Albert Einstein နှင့် ဂန္ဒီကြီးတို့ဟာ တဦးနှင့်တဦး များစွာ နှစ်သက်သဘောကျပြီး မကြာခဏဆိုသလို အပြန်အလှန် စာရေးသားပေးပို့ခဲ့ကြပါတယ်။ အိုင်းစတိုင်းက လာမယ့် မျိုးဆက်တွေအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ဂန္ဒီကြီးကို ခေါ်ဆိုခဲ့ပါတယ်။ ဒီကနေ့ ကမ္ဘာကြီးဟာ မဟတ္တမ ဂန္ဒီကြီးရဲ့ နှစ် ၁၅၀ ပြည့် မွေးနေ့နှစ်ပတ်လည် အခါသမယကို ကျင်းပနေတဲ့အလျောက် ကမ္ဘာပေါ်မှာ မဟတ္တမ ဂန္ဒီကြီးအတွက် လေးစားအားရမှုဟာ အကြွင်းမဲ့ ကိုယ်ကျင့်တရား ပျက်စီးဆုတ်ယုတ်လာနေချိန်တွေမှာ ဂန္ဒီကြီးက နိုင်ငံရေးစက်ဝန်းအတွင်း လူသားမျိုးနွယ် ဆက်ဆံရေး အဆင့်မြင့်မားဖို့အတွက် ရပ်တည်ဖို့အတွက်သာ ခေါင်းဆောင်ကြီးဖြစ်ခဲ့တယ်ဆိုတာကို အသိအမှတ်ပြုမှုအပေါ် ကိန်းဝပ်နေတယ်ဆိုတဲ့ အိုင်းစတိုင်းရဲ့ စကားလုံးတွေကို ပြန်ပြောင်း ဆင်ခြင်သွားရမှာဖြစ်ပါတယ်။ လူသားမျိုးနွယ်ရဲ့ အနာဂတ် တည်တံ့ခိုင်မာရေးဟာ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ ဆုံးဖြတ်ချက်တွေအနေနှင့် ကိုယ်တိုင်ဆုံးဖြတ်တဲ့ အင်အားအပေါ်မှာမဟုတ်ဘဲ ဥပဒေနှင့် တရားမျှတမှုအပေါ်အခြေခံမှသာလျှင် ဖြစ်နိုင်လိမ့်မယ်ဆိုတာ ကျွန်ုပ်တို့ သိရှိထားရမှာ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dominic Thomas ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment