အာဖကန်နစ္စတန်နိုင်ငံတွင်း သမ္မတရွေးကောက်ပွဲ - ငြိမ်းချမ်းရေးဆိုင်ရာ အခွင့်အရေး ရသွားမလား

သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခမ်းကဏ္ဍမှာ တောင်အာရှဒေသရေးရာ မဟာဗျူဟာ လေ့လာသုံးသပ်သူ ဆောင်းပါးရှင် Dr. Smruti S Pattanaik ဝေဖန်ရေးသားပေးပို့ထားတဲ့ “အာဖကန်နစ္စတန်နိုင်ငံတွင်း သမ္မတရွေးကောက်ပွဲ - ငြိမ်းချမ်းရေးဆိုင်ရာ အခွင့်အရေး ရသွားမလား” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

တာလီဘန်တို့ တည်ရှိလာကတည်းက အာဖကန်နစ္စတန်နိုင်ငံအတွင်း ၂ ကြိမ် ရွှေ့ဆိုင်းခဲ့ရတဲ့ စတုတ္ထအကြိမ် သမ္မတ ရွေးကောက်ပွဲဟာ အကြမ်းဖက်မှု အများအပြားတို့ အရိပ်ကျရောက်မှုနှင့် တင်းကျပ်တဲ့ လုံခြုံရေးချမှတ်မှုတွေနှင့်အတူ စက်တင်ဘာလ ၂၈ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ သမ္မတ ရွေးကောက်ပွဲတွေမှာ သမ္မတလောင်း ၁၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မှတ်ပုံတင်ထားတဲ့ အဆင့်မီသူ မဲဆန္ဒရှင် ၉.၆ သန်းတို့အတွက် နိုင်ငံတဝှမ်းမှာ မဲရုံပေါင်း ၄၉၀၀ တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မဲဆန္ဒရှင်တွေ လာရောက်မဲပေးမှုဟာ လွန်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ၆၀% နှင့် နှိုင်းယှဉ်ကြည့်ရင် ၂၀% မျှနှင့် အလွန် နည်းပါးခဲ့ပါတယ်။ ငြိမ်းချမ်းရေး မတည်ငြိမ်မှုနှင့်အတူ ရွေးချယ်တင်မြှောက်တဲ့ အစိုးရတရပ်ဟာ တကယ်လို့ ဖြစ်လာခဲ့မယ်ဆိုရင်တော့ အဓိကအားဖြင့် တာလီဘန်တို့နှင့်အတူ ဆွေးနွေးမှုတွေပြုလုပ်ဖို့ တရားဝင်မှု ရှိသွားမှာဖြစ်ပါတယ်။

နိုင်ငံတဝှမ်း ရွေးကောက်ပွဲနေ့မှာ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်ဖို့ဖြစ်နိုင်တဲ့ ရောကတ် ဒုံးကျည်နှင့် ပစ်ခတ်တိုက်ခိုက်မှုတွေနှင့် ဗုံးခွဲမှုတွေ အပါအဝင် တိုက်ခိုက်မှု ၄၀၀ ဝန်းကျင် ရှိခဲ့ပါတယ်။ အချို့သော မဲဆန္ဒရှင်တွေဟာ ၎င်းတို့အမည်တွေ မဲဆန္ဒရှင်စာရင်းမှာ မပါရှိတာတွေ့ရတယ်လို့ ဆိုထားတာကြောင့် ရွေးကောက်ပွဲပြုလုပ်ရာမှာ အမှားအယွင်းရှိတာတွေရဲ့ သက်သေဖြစ်ပါတယ်။ သမ္မတဖြစ်ဖို့ အဓိက အလားအလာရှိသူတွေကတော့ လက်ရှိသမ္မတ Mr. Ashraf Ghani နှင့် သမ္မတ Mr. Ghani နှင့် အာဏာမျှဝေတည်ရှိတဲ့ လက်ရှိ အမှုဆောင်အရာရှိချုပ် Dr. Abdullah Abdullah တို့ ဖြစ်ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ အငြင်းပွားဖွယ်တွေ ရှိခဲ့ပြီး မဲပေးမှုတွေရဲ့ ရာနှုန်းပြည့်စာရင်းကို ဦးတည်ဖြစ်ပွားစေခဲ့ပါတယ်။ Dr. Abdullah Abdullah အတွက် ထည့်သွင်းစဉ်းစားဖို့ ညှိနှိုင်းရေးပုံစံကို တီထွင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်ကတည်းက အာဖကန်နစ္စတန်နိုင်ငံဟာ ရွေးချယ်တင်မြှောက်ထားတဲ့ ပါလီမန် လွှတ်တော်တရပ်နှင့်အတူ သမ္မတ အစိုးရအဖွဲ့အစည်းကို ထူထောင်ခဲ့ပါတယ်။ Kabul မြို့မှ အစိုးရကို ‘အမေရိကန် ပြည်ထောင်စုရဲ့ ရုပ်သေးအစိုးရ’ အဖြစ် ဖော်ပြလျှက် အဲဒီ အနောက်တိုင်း ဒီမိုကရေစီ စနစ်ကို တာလီဘန်တို့က ကန့်ကွက်ယှဉ်ပြိုင်နေခဲ့ပြီး ဒီအစိုးရနှင့် ဘယ်လို ဆွေးနွေးမှုကိုမဆို ပြုလုပ်ဖို့ ငြင်းဆိုနေကြပါတယ်။ တာလီဘန်တို့နှင့် အမေရိကန် ပြည်ထောင်စုတို့အကြား ဆွေးနွေးမှုတွေကို ဒိုဟာမြို့မှ တာလီဘန်တို့ရဲ့ရုံးမှတဆင့် ညွှန်ကြား ထိန်းချုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနှင့် ဆွေးနွေးမှုတွေအပြင် တာလီဘန် ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ခဲ့တဲ့ အခြား ဆွေးနွေးပွဲတွေလည်း အများအပြား ရှိပါတယ်။ ဒေသတွင်း နိုင်ငံတွေအနက် ရုရှားနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်က နိုင်ငံများစွာပါဝင်တဲ့ ညီလာခံ တစ်ရပ် ကျင်းပခဲ့ပြီး အဲဒီညီလာခံမှာ သမ္မတ Mr. Ghani ဟာ ‘အဆင့်မြင့် ငြိမ်းချမ်းရေးကောင်စီ’ အဖွဲ့ဝင် ၄ ဦးတို့ကို ပါဝင်တက်ရောက်စေဖို့ စေလွှတ်ခဲ့ပါတယ်။

တာလီဘန်တို့ဟာ တရုတ်၊ ပါကစ္စတန်တို့နှင့်လည်း ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲတွေမှာ တာလီဘန် ကိုယ်စားလှယ်တွေဟာ အာဖကန် အစိုးရ ကိုယ်စားလှယ်တွေနှင့် စေ့စပ်ဆွေးနွေးဖို့ ဝန်မလေးခဲ့ကြပါဘူး။ ကာတာနှင့် ဂျာမဏီနိုင်ငံတို့ ဆောင်ရွက်ပေးခဲ့တဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲ ၁ ခုကို ဇူလိုင်လက ဒိုဟာမြို့မှာ ပြုလုပ်ခဲ့ပြီး အဲဒီပွဲမှာ ပထမဆုံးအကြိမ်အဖြစ် တာလီဘန် ကိုယ်စားလှယ်တွေဟာ အာဖန် ဒေသတွင်း ငြိမ်းချမ်းရေး ညီလာခံ တစိတ်တပိုင်းအဖြစ် အာဖကန်နစ္စတန်နိုင်ငံမှ အဖွဲ့ဝင် ၅၀ ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါဟာ တာလီဘန်တို့နှင့် အာဖကန် အစိုးရမှ အရာရှိများအကြား အရေးပါတဲ့ ဆက်သွယ်တွေ့ဆုံမှု ဖြစ်ခဲ့ပါတယ်။

ယခင်က တာလီဘန်တို့ဟာ ဘယ်ဆွေးနွေးမှုမျှ မပြုလုပ်မီ အာဖကန်နစ္စတန်နိုင်ငံအတွင်း နိုင်ငံခြားတပ်တွေ ထွက်ခွာသွားစေလိုခဲ့ပေမယ့်လည်း နိုင်ငံတကာဖိအားကြောင့် ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ Kabul မြို့အတွင်း နေတိုးတပ်ဖွဲ့ရဲ့ ယတိပြတ် ထောက်ခံရေး မစ်ရှင်အဖွဲ့ ဌာနချုပ်ကို ကားဗုံးတိုက်ခိုက်မှုတစ်ခု ပေါ်ပေါက်ပြီး အမေရိကန် ပြည်ထောင်စုဟာ တာလီဘန်တို့နှင့် ဆွေးနွေးမှုတွေကို ရုပ်သိမ်းလိုက်ပြီးတဲ့နောက် အာဖကန်နစ္စတန်နိုင်ငံအတွင်း ငြိမ်းချမ်းရေး အနာဂတ်နှင့်ပတ်သက်လို့ မသေချာမှုတွေ အများအပြား လွှမ်းမိုးလျှက်ရှိနေပါတယ်။ ဒါကြောင့် ဘေးဒဏ်ခံနေရတဲ့ နိုင်ငံအတွင်း အားလုံး ငြိမ်းချမ်းရေးအတွက် အဓိကအချက်အဖြစ် ယခုကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲက အရေးကြီးပါတယ်။

ဒါပေမယ့်လည်း မဲဆန္ဒရှင် လာရောက်မဲပေးမှု နည်းပါးတာဟာ အစိုးရ ဖွဲ့စည်းရေးအပေါ် အရိပ်ကျရောက်သွားနိုင်ဖွယ် ရှိပါတယ်။ ဒီလို မဲဆန္ဒရှင် လာရောက်မဲပေးမှု နည်းပါးခြင်းနျင့်အတူ ရွေးကောက်ပွဲရဲ့ တရားဝင်မှုအပေါ် မေးခွန်းထုတ်ဖို့အတွက် တာလီဘန်တို့က အစွမ်းကုန် လုပ်ဆောင်သွားကြမှာဖြစ်ပါတယ်။ Dr. Abdullah Abdullah ဟာ ၎င်းရဲ့ ထောက်ခံသူတွေအနေနှင့် ယခုရွေးကောက်ပွဲကို ပြီးခဲ့တဲ့အကြိမ်ကလို အခိုးခံရစေဖို့ ခွင့်ပြုသွားမှာ မဟုတ်ကြောင်း ဖော်ပြထားပြီးဖြစ်ပါတယ်။

အောက်တိုဘာလ တတိယအပတ်မှာ ကြေညာသွားဖို့ရှိတဲ့ ရွေးကောက်ပွဲရလဒ်တွေကို ပါတီအားလုံးက လက်ခံသွားမှာလားဆိုတဲ့ မေးခွန်းတခု ရှိနေပါတယ်။ အသင်းအဖွဲ့ လုပ်ငန်းဘောင် ဆက်လက်ဖြစ်ပေါ်ရေးဟာ အလွန်အရေးကြီးတာကြောင့် ရွေးကောက်ပွဲရလဒ်တွေဟာ အာဖကန်နစ္စတန်နိုင်ငံအတွက် လမ်းခရီးသစ်အဖြစ် အမှတ်အသားပြုရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ် ဆက်လက်တည်ရှိရေးကို ရွေးကောက်ပွဲတွေကလွဲလို့ တခြားနည်းလမ်းနှင့် ဖော်ဆောင်လို့ မရနိုင်ပါဘူး။ SIGAR လို့ခေါ်တဲ့ အာဖကန်နစ္စတန်နိုင်ငံ ပြန်လည်တည်ဆောက်ရေးဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးအရာရှိရဲ့ အစီရင်ခံချက်တစ်ရပ်အရ မြေနယ်နိမိတ် ၅၆% တို့ဟာ တာလီဘန်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ သိရပါတယ်။ အစိုးရသစ်ဟာ နိုင်ငံတော်ကို ဥပဒေဖော်ဆောင်သွားဖို့ တာဝန်စိန်ခေါ်ချက်တစ်ရပ်က ကြိုဆိုသွားမှာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Dr. Smruti S Pattanaik ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments