RBI သည်ဘဏ်များကငွေကြေးပမာဏပိုမိုများပြားစွာဖြန့်ဝေပါဝင်နိုင်စေရန်Repo Rate ချေးငွေနှုန်းကိုချေးမငွေနှုန်းထားများနှင့်ဆက်သွယ်ပေးလိုက်ခြင်း



သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင်G.Srinivasan ဝေဖန်ရေးသားပေးပို့ထားတဲ့ “RBI သည် ဘဏ်များက ငွေကြေးပမာဏ ပိုမိုများပြားစွာ ဖြန့်ဝေပါဝင်နိုင်စေရန် Repo Rate ချေးငွေနှုန်းကို ချေးမငွေနှုန်းထားများနှင့်ဆက်သွယ်ပေးလိုက်ခြင်း ” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယဗဟိုဘဏ် RBI က တသီးပုဂ္ဂလ၊ လက်လီ၊ မိုက်ခရို၊ MSME ခေါ် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း အမျိုးအစားထဲမှာ floating rate ချေးငွေကို repo rate အပါအဝင်ပြင်ပမှချမှတ်ထားသော သတ်မှတ်ချက်နှင့် ဆက်သွယ်စေရန် ဆုံးဖြတ်ခဲ့မှုကြောင့် တရားဝင် ဘဏ်လုပ်ငန်း လမ်းကြောင်းမှ ငွေကြေး ချေးမသူများအတွက် သက်သာစေခဲ့ရာအောက်တိုဘာလ ၁ ရက်နေ့မှစပြီး repo rate စတင်လိမ့်မယ် ဖြစ်ပါတယ်။

စီးပွားရေး ဘဏ်များက RBI ထံမှ ငွေကို repo rate နှုန်းဖြင့် ငွေကြေး ချေးလေ့ရှိပါတယ်။RBI က ချေးငွေနှုန်းကို လျော့ချသောအခါတိုင်း ၎င်းအား repo rate နှုန်းဟု ခေါ်ဝေါ်ခဲ့ရာစီးပွားရေးဘဏ်က မိမိတို့ချေးငွေနှုန်း လျော့ချဖို့ ဆန္ဒမရှိမှုကြောင့် RBI က ယခုလိုဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

RBI က ချေးငွေအပေါ် ကောက်ခံသော အတိုးနှုန်း လျော့ချတိုင်း ဘဏ်တွေက မလျော့ချလိုမှုကြောင့် ယခုလိုအရေးယူမှုကိုပြုလုပ်ခဲ့ရာ ကုန်သွယ်ရေး စက်မှုလုပ်ငန်းနှင့် စားသုံးသူများအတွက် လျင်မြန်စွာ ငွေကြေးဆိုင်ရာ မူဝါဒနှုန်း ရရှိစေရန် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ်ဖေဖော်ဝါရီလမှ ဇွန်လအတွင်း ၂ လတကြိမ် အတိုးနှုန်းဆိုင်ရာ ဆုံးဖြတ်ချက်ဖြင့် RBI ကrepo rate နှုန်း ၇၅ bps ဖြင့် လျော့ချခဲ့ရာ အခြားဘဏ်များက အတိုးနှုန်းကို ၂၉ bps သာ လျော့ချခဲ့ပါတယ်။

ပြီးခဲ့သော အချိန်အနည်းငယ်အတွင်း စီးပွားရေး နှောင့်နှေးမှုနှင့် အိမ်ခြံမြေ အရောင်းအဝယ်ကဏ္ဍ၌ သက်ဆိုင်သူများထံမှ အကြွေးနိမ့်ကျမှုကြောင့် ဘဏ်များထံမှ ငွေချေးသူနှင့် ငွေထုတ်ယူမှုများ repo rate နှုန်းလျော့ချစေရန် RBI က ဆောင်ရွက်လျှက်ရှိပါတယ်။ဘဏ်များက repo rate နှင့် နောက်ဆက် ဆက်တိုက်နှင့် ငွေချေးနှုန်းဆိုင်ရာ အဓိကအရေးယူမှုကို ဆောင်ရွက်ခဲ့ပါတယ်။

ဒီနှစ် မေလမှစပြီး နိုင်ငံရဲ့ အကြီးမားဆုံးသော State Bank of India (SBI) ဘဏ်က အတိုးနှုန်းကိုငွေစုဘဏ်အကောင့်နှင့် ဆက်သွယ်ရန် ကြေညာခဲ့ပြီး ကာလတိုချေးငွေကိုလည်း RBI Repo နှုန်းနှင့် ဆက်သွယ်ခဲ့ပါတယ်။ အခြားသောဘဏ်များဖြစ်ကြသော Syndicate Bank၊Union Bank၊ Indian Bank၊ Bank of India နှင့် Allahabad Bank စတဲ့ ဘဏ် ၅ ခုတို့က မိမိတို့ရဲ့ Repo ဆက်သွယ်နှုန်းကို ဖျက်သိမ်းရန် စီစဉ်လျှက်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။

ဘဏ်များက RBI ရဲ့ Repo ကဏ္ဍမှတဆင့် ၁% သာ ငွေရရှိပြီး အများပြည်သူများရဲ့ ဘဏ်သို့အပ်နှံငွေကြေးအပေါ် မူတည်လျှက်ရှိရာ မိမိ အပ်နှံငွေ မများမချင်း ချေးငွေအပေါ် အတိုးနှုန်းကို မလျှော့ချနိုင်ဟု ပြောဆိုခဲ့ပါတယ်။ ဒါကြောင့် ငွေစုဘဏ်အကောင့် တိုးနှုန်းကို Repo နှုန်းနှင့် ဆက်သွယ်ခြင်းဖြင့် Repo လျှော့ချတိုင်း ဘဏ်များရဲ့ ချေးငွေနှုန်း ချက်ချင်းလျှော့ချလိမ့်မယ် ဖြစ်ပါတယ်။

Repo နှုန်းလို ပြင်ပအခြေခံနှုန်းကို အသုံးပြုခြင်းဖြင့် လက်လီငွေချေးခြင်းနှင့် ငွေထုတ်ဖို့ပွင့်လင်းလုပ်ငန်းစဉ် ဖြစ်စေနိုင်ပါတယ်။

ချေးငွေဈေးနှုန်း နည်းစနစ်တို့ပြောင်းခြင်းဖြင့် ပိုမိုလျင်မြန်သော ငွေကြေးဆိုင်ရာ ဂီယာအတွက်ကူလိမ့်မယ်ဖြစ်သော်လည်း တနိုင်ငံလုံးရှိ ဘဏ်များအတွက်လည်း အကူအညီဖြစ်စေနိုင်လိမ့်မယ် ဖြစ်ပါတယ်။ Repo နှုန်းလျော့ချချိန် ဘဏ်များက သွင်းငွေနှုန်း များလာမှုကို ပိုမိုလိုလားခဲ့ပြီး Repo နှုန်း မြင့်တက်လာချိန် ချေးငွေနှုန်းကို မြှင့်တင်လိုပါတယ်။

အိမ်နှင့် ယာဉ်များအတွက် ငွေချေးသူများ floating နှုန်းကြောင့် အစီအစဉ်သစ်ဖြင့်ချေးငွေနှုန်း လျော့ချနိုင်ပြီး စီးပွားရေးဘဏ်များအား မိမိတို့ အတိုးနှုန်းလျော့ချဖို့ တိုက်တွန်းနိုင်လိမ့်မယ်ဖြစ်ကြောင်း… စသဖြင့် ဆောင်းပါးရှင် G.Srinivasan ရေးသားပေးပို့ထားတာကိုနိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”