ပါကစ္စတန်နိုင်ငံသည် ထပ်မံ ငြင်းပယ်လိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR ရေဒီယိုဌာနမှ သတင်းသုတေသီ ဆောင်းပါးရှင် Kaushik Roy ဝေဖန်ရေးသားပေးပို့ထားတဲ့ “ပါကစ္စတန်နိုင်ငံသည် ထပ်မံ ငြင်းပယ်လိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ပါကစ္စတန်နိုင်ငံဟာ Kashmir အရေးကိစ္စနှင့်ပတ်သက်ပြီး ပတ်သက်မှုရှိတယ်လို့ ထင်မြင်ယူဆထားပြီး အစ္စလာမာဘတ်အစိုးရဟာ Jammu နှင့် Kashmir ပြည်နယ်ဒေသရဲ့ အခွင့်ထူးပေးအပ်မှု အခြေအနေ ပြန်လည်ရုပ်သိမ်းဖို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံတကာ အာရုံပြုမှုရရှိဖို့အတွက် အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်နေခဲ့ပါတယ်။ နယူးဒေလီအစိုးရကတော့ ဒီဆုံးဖြတ်ချက်ဟာ ပြည်တွင်းရေးကိစ္စတစ်ရပ်သာဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားတဲ့အလျောက် နိုင်ငံရဲ့ သဘောထားကို အောင်မြင်စွာ တင်ပြထားပြီး ဒါကိုလည်း ကမ္ဘာ့နိုင်ငံအများစုတို့က လက်ခံထားကြပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ပါကစ္စတန်နိုင်ငံဟာ ကျေနပ်အားရခြင်းမရှိသေးတာကြောင့် ယခုအခါမှာတော့ ၎င်းတို့ရဲ့ အနီးကပ် မဟာမိတ်နိုင်ငံတွေကတောင် ဝိုင်းပယ်ထားကြဖို့ လုပ်ဆောင်နေကြပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်က ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ်နှင့် တပ်မတော် ဦးစီးချုပ်တို့ဟာ ဆော်ဒီ အာရေးဗီးယားနှင့် အာရပ်စော်ဘွားများနိုင်ငံတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ကြားခဲ့ပါတယ်။ သမားရိုးကျ သံတမန်ရေး တာဝန်သဘောနှင့် ခရီးစဉ်ရောက်ရှိလာကြခဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ဘာလုပ်ခဲ့ကြသလဲဆိုရင် ၎င်းတို့ဟာ ပါကစ္စတန်နိုင်ငံရဲ့ ဖော်ပြချက်တွေကို သည်းခံ နားထောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
အဲဒီနောက် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Mr. Shah Mahmood Qureshi က “၂ နိုင်ငံစလုံးတို့ကို မိမိတို့အပေါ် စိတ်ပျက်သွားမှာမဟုတ်ဘူးလို့ မျှော်လင့်ကြောင်း နှင့် ၂ နိုင်ငံတို့ရဲ့ ဝန်ကြီးတွေဟာ မိမိတို့ရဲ့ သဘောထားကို နားဆင်ခဲ့ကြတယ်” လို့ ဖော်ပြခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံဟာ ဆော်ဒီ အာရေးဗီးယားနှင့် အာရပ်စော်ဘွားများနိုင်ငံတို့ကို သာတမန်ရေးရာ ထိုးစစ်ဆင်မှုတွေမှာ အောင်မြင်မှုရှိတယ်လို့ ဖော်ပြနေပေမယ့် အာရပ်ကမ္ဘာမှ အရေးပါတဲ့ အဲဒီ ၂ နိုင်ငံတို့ကတော့ ခန့်မှန်းရခက်နေကြဆဲ ဖြစ်တာကြောင့် ဒါဟာ အစ္စလာမာဘတ်အစိုးရရဲ့ ညှိနှိုင်းချက်တွေက ကျဆင်းနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ အဲဒီဆွေးနွေးပွဲဟာ ပါကစ္စတန်နိုင်ငံ သတင်းမီဒီယာလောကအတွင်း ဂုဏ်သိက္ခာကျဆင်းမှုတွေ ပေါ်ပေါက်စေခဲ့ပေမယ့် စောင့်ကြည့်သူတွေက ဒီကိစ္စကို ထိန်းသိမ်းနိုင်ခဲ့ကြပါတယ်။
ပါကစ္စတန်နိုင်ငံဟာ ချမ်းသာကြွယ်ဝတဲ့ အာရပ်နိုင်ငံတွေထံကနေ မကြာခဏဆိုသလို ချေးငွေတွေ ရရှိနေပါတယ်။ ပြီခဲ့တဲ့နှစ်က အစ္စလာမာဘတ်အစိုးရဟာ Riyadh နှင့် Abu Dhabi အစိုးရတို့ထံကနေ ဒေါ်ဘာ ၆ ဘီလျံခန့် ရရှိခဲ့ပါတယ်။ ဆော်ဒီနိုင်ငံဟာ ၎င်းတို့နိုင်ငံအတွင်း နေထိုင်နေကြတဲ့ ပါကစ္စတန်နိုင်ငံသားတွေကို ဆင်းရဲသူတွေအဖြစ် ဖော်ပြထားပါတယ်။ ဒါကြောင့် ပင်လယ်ကွေ့နိုင်ငံအများစုအတွင်း တွင်ကျယ်စွာလုပ်ဆောင်နေကြတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ ၎င်းတို့ရဲ့ စွမ်းရည်၊ ပညာရေး၊ တွေးခေါ်မျော်မြင်နိုင်စွမ်းနှင့် နည်းပညာ သုတတွေကြောင့် လူသိထင်ရှားနေတယ်ဆိုတဲ့အချက်နှင့် ၎င်းတို့နေထိုင်တဲ့ နိုင်ငံတွေရဲ့ စီးပွားရေး အခြေအနေတွေမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေတယ်ဆိုတာကို ချန်ထားခဲ့လို့မရပါဘူး။
၂၀၁၆ ခုနှစ်နှာ ဆော်ဒီအာရေးဗီးယား ဘုရင်ကြီး Salman ဟာ ၎င်းတို့နိုင်ငံရဲ့ အမြင့်ဆုံး အရပ်သားဆုဖြစ်တဲ့ ဘုရင်ကြီး Abdulaziz Sash ဆုနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် Mr. Narendra Modi ကို ချီးမြှင့်ခဲ့ပါတယ်။ ယခုနှစ်အစောပိုင်းက ဆော်ဒီ အိမ်ရှေ့မင်းသား Mohammad Bin Salma ဟာ ပါကစ္စတန်နိုင်ငံမှာ ၂၀ ဘီလျံ မြှုပ်နှံသွားမယ်လို့ ဖော်ပြခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အိန္ဒိယနိုင်ငံအတွင်း ဒေါ်လာ ၁၀၀ ဘီလျံ ရင်းနှီးမြှုပ်နှံသွားမယ်လို့ ကတိပြုခဲ့တာကြောင့် ဒါဟာ အာရပ်နိုင်ငံတွေအနေနှင့် ဆက်ဆံရေးကောင်းမွန်စွ ထားရှိလိုကြတယ်ဆိုတာကို ပြသလျှက်ရှိပါတယ်။ ပါကစ္စတန်နှင့် ဆော်ဒီတို့အကြား ကုန်သွယ်ရေးရာ ဆက်ဆံရေးဟာ ၂၀၁၇-၁၈ ခုနှစ်မှာ ဒေါ်လာ ၇.၅ ဘီလျံသာ ရှိနေပြီး အိန္ဒိယ-ဆော်ဒီ ကုန်သွယ်ရေးကတော့ အလားတူနှစ်မှာ ၂၇.၅ ဘီလျံ ရှိခဲ့ပါတယ်။
UAE နိုင်ငံဟာ ပါကစ္စတန်နိုင်ငံကို သိပ်ပြီးအရေးစိုက်ဟန် မရှိပါဘူး။ အိန္ဒိယနိုင်ငံဆိုင်ရာ UAE သံအမတ် Ahmad Al Banna ဟာ အိန္ဒိယနိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ပြည်တွင်း အုပ်ချုပ်ရေး ပြဿနာတစ်ခုဖြစ်ပြီး အေးချမ်းတည်ငြိမ်ရေးအတွက် လုပ်ဆောင်ချက်အဖြစ် ကာကွယ်ဖော်ပြခဲ့ပါတယ်။ သီတင်းပတ်အနည်းငယ်အကြာမှာတော့ UAE နိုင်ငံဟာ ဝန်ကြီးချုပ် Mr. Modi ကို ၎င်းတို့ရဲ့ အမြင့်ဆုံး အရပ်ဖက်ဆုဖြစ်တဲ့ ‘the Order of Zayed’ ဆု ချီးမြှင့်ခဲ့ပါတယ်။ ဒါကြောင့် တုန်လှုပ်ခဲ့ရတာက ပါကစ္စတန်နိုင်ငံဖြစ်ပြီး ၎င်းတို့ရဲ့ အထက်လွှတ်တော် ဥက္ကဌ Sadiq Sanjrani ဟာ ၎င်းရဲ့ UAE နိုင်ငံခရီးစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံမှ ဝေဖန်သုံးသပ်သူတွေဟာ အိန္ဒိယနိုင်ငံကို ထောက်ခံမှုနှင့်ပတ်သက်လို့ ရေနံစိမ်း ကြွယ်ဝတဲ့ အာရပ်နိုင်ငံတွေရဲ့လုပ်ဆောင်ချက်ကို ဝေဖန်ဖော်ပြနေကြပြီး ပါကစ္စတန်နိုင်ငံ လမ်းမတွေပေါ်မှ ပြည်သူထုကတော့ Uighur မူဆလင်တွေကို တရုတ်နိုင်ငံရှိ ထပ်မံပညာသင်ကြားရေး စခန်းတွေကို ဖိအားသုံး ပို့ဆောင်ခဲ့မှုနှင့်ပတ်သက်ပြီး ဘာကြောင့် နှုတ်ဆိတ်နေကြတာလဲလို့ ၎င်းတို့ရဲ့ခေါင်းဆောင်တွေနှင့် တပ်မတော်ကို တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံလမ်းဟာ နိုင်ငံအတွက် အသက်သွေးကြောဖြစ်တယ်ဆိုတာကို လူထုက ကောင်းစွာသိရှိထားကြပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့ တပ်မတော်နှင့် အရပ်ဖက် အကူအညီဆိုင်ရာ လောဘဟာ ဆယ်စုနှစ် များစွာကြာအောင် တခြားသူတွေရဲ့ အကျိုးစီးပွားကိုထမ်းဆောင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။
ပြင်းထန်တဲ့ သံတမန်ရေးဟာ ပါကစ္စတန်နိုင်ငံအတွက် အကျိုးအမြတ် ဖြစ်စေမှာမဟုတ်ဘူးလို့ လေ့လာသုံးသပ်သူတွေက ထင်မြင်နေကြပါတယ်။ အစ္စလာမ္မစ် နိုင်ငံတွေဟာ ပါကစ္စတန်နိုင်ငံအနေနှင့် အလားတူဖြစ်ဖို့ပဲ စိတ်ဝင်စားတယ်ဆိုတာ သိရှိသဘောပေါက် ထားကြတာကြောင့် မူဆလင်နိုင်ငံတွေထံကနေ ထောက်ပံ့မှု များစွာမျှော်လင့်ဖို့ကလည်း ရူးသွပ်မှုသာ ဖြစ်ပါလိမ့်မယ်။ ၇၂ နှစ်ကြာ နိုင်ငံဖြစ်တည်မှုမှာ ရွှံ့နွံထဲကရုန်းထွက်ဖို့ ဘာမှ မလုပ်ဆောင်ခဲ့ပါဘူး။ အိမ်နီးချင်းနိုင်ငံတွေ တိုးတက်ကြီးပွားနေစဉ်မှာ အစ္စလာမာဘတ် အစိုးရကတော့ နိုင်ငံခြားအကူအညီနှင့် အသက်ရှင်နေပြီး အကြမ်းဖက်မှု တင်ပို့ပေးနေတဲ့နိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ တကယ်တော့ ဒါဟာ ၎င်းတို့ရဲ့ ကမ္ဘာ့အခင်းအကျင်း ရပ်တည်ချက်ကို အကျည်းတန်စေတာကြောင့် ပါကစ္စတန်နိုင်ငံအနေနှင့် ဒါကို သိရှိနားလည်ပြီး ကုစားမှုတွေလုပ်ဆောင်ဖို့ အရေးကြီးနေချိန်ပဲ ဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Kaushik Roy ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment