ဂျပန်နိုင်ငံသို့သွားရောက်ခဲ့သည့် ကာကွယ်ရေးဝန်ကြီး၏ခရီးစဉ်သည် ဆက်ဆံရေးများ တိုးတက်အားကောင်းစေလိုက်ခြင်း
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အိန္ဒိယ ပါလီမန် အောက်လွှတ်တော်၏ သုတေသီ ဆောင်းပါးရှင် Pro.f Rajaram Panda ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဂျပန်နိုင်ငံသို့သွားရောက်ခဲ့သည့် ကာကွယ်ရေးဝန်ကြီး၏ ခရီးစဉ်သည် ဆက်ဆံရေးများ တိုးတက်အားကောင်းစေလိုက်ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ကာကွယ်ရေးဝန်ကြီး Mr. Rajnath Singh ဟာ စက်တင်ဘာလ ၂ ရက်နေ့ကနေ ၃ ရက်နေ့အထိ ဂျပန်နိုင်ငံသို့ ခရီးစဉ်သွားရောက်ခဲ့ပြီး အဲဒီနောက် စက်တင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့မှာ ကိုရီးယားနိုင်ငံသို့ သွားရောက်ဖို့ စီစဉ်ခဲ့ပါတယ်။ ခရီးစဉ် ၂ ခုစလုံးတို့ဟာ အင်ဒို-ပစိဖိတ် ဒေသပိုင်းအတွင်း ပထဝီ မဟာဗျူဟာရေး ဂယက်ရိုက် ပေါ်ပေါက်နေရာမှာ အလွန်အရေးပါမှု ရှိနေကြပါတယ်။ ဝန်ကြီးဟာ အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်း ငြိမ်းချမ်းတည်ငြိမ်စေဖို့အတွက် ၂ နိုင်ငံဆိုင်ရာနှင့် ဒေသတွင်း အရေးကိစ္စတွေနှင့်ပတ်သက်လို့ အလားတူ ဝန်ကြီးတွေနှင့်အတူ အဓိပ္ပါယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး ထင်မြင်ချက် သဘောထားတွေ နှီးနှောဖလှယ်ခဲ့ပါတယ်။
အိန္ဒိယ-ဂျပန် အထူး မဟာဗျူဟာရေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နောက်ထပ် တိုးတက်အားကောင်းစေဖို့ ရည်ရွယ်ချက်ဖြင့် Mr. Singh ဟာ ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီး Takeshi Iwaya နှင့်အတူ ကာကွယ်ရေးဝန်ကြီးများအဆင့် နှစ်ပတ်လည် ဆွေးနွေးပွဲကို ပူးတွဲကြီးမှူးပြုလုပ်ခဲ့ပါတယ်။ ခေါင်းဆောင် ၂ ဦးတို့ဟာ ၂ နိုင်ငံကြား ကာကွယ်ရေးနှင့် လုံခြုံရေးရာ လုပ်ဆောင်ချက်တွေတိုးမြှင့်ရေးအတွက်လည်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီးဟာ ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Abe Shinzo ကိုလည်း တွေ့ဆုံခဲ့ပါတယ်။
Mr. Singh ခရီးစဉ်ရဲ့ အဓိကအချက်ကဘာလဲဆိုရင် အချိန်ကာလ ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရပြီး ဂျပန်နိုင်ငံက ကုန်းရေ ၂ သွယ် အဆင်းအတက်လုပ်နိုင်တဲ့ US-2 လေယာဉ်ပျံတွေ အိန္ဒိယနိုင်ငံသို့ ပေးသွင်းရေးကိစ္စနှင့်ပတ်သက်ပြီး ဂျပန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးရာ ပူးပေါင်းလုပ်ဆောင်မှု ကဏ္ဍတစ်ခုလုံးကိုလည်း ပြန်လည်သုံးသပ်ခဲ့ကြပြီး တရုတ်နိုင်ငံရဲ့ စစ်ရေးအပြင်အဆင် တိုးများလာနေတဲ့ အင်ဒို-ပစိဖိတ် ဒေသပိုင်းအတွင်းမှ အခြေအနေ အလုံးစုံတို့ကိုလည်း ခြုံငုံဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုတို့ဟာ ၃ နိုင်ငံတို့ရဲ့ ရေတပ်မတော်တွေအကြား ပူးတွဲစွမ်းဆောင်ရည် ပိုမိုထက်မြက်စေဖို့ရည်စူးလျှက် နှစ်စဉ် Malabar ရေတပ်မတော် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့ပြီး ဒီနှစ်မှာလည်း စက်တင်ဘာလ နှောင်းပိုင်းကနေ အောက်တိုဘာလအစောပိုင်းအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ဝန်ကြီးရဲ့ခရီးစဉ်ဟာ Kashmir အရေးကိစ္စနှင့်ပတ်သက်ပြီး အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့အကြား တင်းမာမှုတွေ တိုးများလာချိန်မှာ ပေါ်ပေါက်ခဲ့တာကြောင့် ပါကစ္စတန်နိုင်ငံက ဒီအရေးကိစ္စကို နိုင်ငံတကာအဆင့်ရောက်ဖို့ ဆုံးဖြတ်လိုက်ချိန်တဲ့အခါ Mr. Singh ဟာ အစ္စလာမာဘတ်အစိုးရရဲ့ ဆိုးသွမ်းယုတ်မာပုံနှင့်ပတ်သက်လို့ ဂျပန်နိုင်ငံ ခေါင်းဆောင်တွေကို အသိပေးခဲ့ပါတယ်။ ဂျပန်နိုင်ငံဝန်ကြီးချုပ် Mr. Abe နှင့် ဆွေးနွေးရာမှာလည်း Jammu နှင့် Kashmir ပြည်နယ်ဒေသဟာ အိန္ဒိယနိုင်ငံရဲ့ ပြည်မအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပုဒ်မ ၃၇၀ ဖျက်သိမ်းမှုအနေနှင့် ဒီပြည်နယ် ပြည်သူလူထုကို အကျိုးရှိစေခဲ့တယ်လို့ Mr. Singh က ရှင်းလင်းဖော်ပြခဲ့ပါတယ်။ Jammu နှင့် Kashmir ဒေသအတွင်း ပါကစ္စတန်နိုင်ငံမှာ ရပ်တည်ချက်မရှိကြောင်း ရှင်းလင်းချက်ဟာ Mr. Abe အနေနှင့် ယခုလနှောင်းပိုင်းအတွင်း ကုလသမဂ္ဂ အထွေထွေညီလာခံ ကြားကာလတွေမှာ Mr. Modi ကို တွေ့ဆုံသွားမယ်လို့ မျှော်လင့်ရတာကြောင့် အရေးပါမှု ရှိခဲ့ပါတယ်။
Jammu နှင့် Kashmir ပြည်နယ်ဒေသရဲ့ အခွင့်ထူးထားရှိမှု အခြေအနေရုပ်သိမ်းဖို့ ဗဟိုအစိုးရရဲ့ ဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံက ပါကစ္စတန်နိုင်ငံကို ကူညီလှုံ့ဆော်နေတဲ့ကိစ္စကို Mr. Singh နှင့် ဂျပန်နိုင်ငံကာကွယ်ရေးဝန်ကြီးတို့ ဖော်ပြချက်ဟာ အိန္ဒိယနိုင်ငံနှင့် မိတ်ဆွေနိုင်ငံတွေအပေါ် Kashmir ကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံရဲ့သဘောထား ရပ်တည်ချက်ကိုရှင်းလင်းဖော်ပြဖို့ အိန္ဒိယနိုင်ငံရဲ့ သံတမန်ရေး ပေါက်ရောက်မှုနှင့်လည်း ထပ်တူညီလျှက်ရှိပါတယ်။ အိန္ဒိယနိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသအတွင်း လွတ်လပ်စွာ ကူးသန်းသွားလာနိုင်ရေးကိစ္စအပေါ် တရုတ်နိုင်ငံကို သံတမန်ရေးရာဖိအားတွေ ဆက်လက်အသုံးပြုလျှက်ရှိပါတယ်။
Narendra Modi အစိုးရကချမှတ်ခဲ့တဲ့ ပုဒ်မ ၃၇၀ ဆိုင်ရာ ဆုံးဖြတ်ချက်ကို ဆန့်ကျင်လှုံဆော်နေမှု တိုက်ဖျက်ဖို့အတွင် အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်ဒေသအတွင်း ပီကင်းအစိုးရရဲ့ ဟန်ရေးပြနေမှုကို နယူးဒေလီအစိုးရက ကန့်ကွက်ဖော်ပြလိုက်ပြီးတဲ့နောက် ၁ ရက်အကြာမှာ အင်ဒို-ဂျပန် ထုတ်ပြန်ကြေညာချက် ပေါ်ပေါက်လာတာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီး Iwaya နှင့်အတူ ၂ နိုင်ငံဆွေးနွေးပွဲအပြီးထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ “အိန္ဒိယနှင့် ပစိဖိတ် သမုဒ္ဒရာဒေသ အေးချမ်းတည်ငြိမ်ရေးဟာ အင်ဒို-ပစိဖိတ်ဒေသနှင့် တစ်ကမ္ဘာလုံး သာယာဝပြောရေးအတွက် အလွန်အရေးကြီးတယ်လို့ ဝန်ကြီးတွေက အသိအမှတ်ပြုခဲ့ကြပြီး ကိုရီးယား ကျွန်းဆွယ်ဒေသနှင့် တောင်တရုတ်ပင်လယ်အတွင်းတို့မှ အခြေအနေတွေအပါအဝင် အင်ဒို-ပစိဖိတ်ဒေသတွင်းမှ လက်ရှိလုံခြုံရေးရတွေအပေါ် သဘောထားပွင့်လင်းစွာ နှီးနှောဖလှယ်ခဲ့ကြောင်း” ဖော်ပြထားပါတယ်။
ပူးတွဲထုတ်ပြန်ချက်ဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဖြစ်ပေါ်ရေးအတွက် အတူတကွ လက်တွဲကြိုးပမ်းကြဖို့ သန္နိဋ္ဌာန်ပြုချက်တွေကို ထပ်မံဖော်ပြခဲ့ကြတဲ့ Mr. Modi နှင့် Mr. Abe တို့ရဲ့ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ထုတ်ပြန်ချက်ကိုလည်း ရည်ညွှန်းဖော်ပြထားပါတယ်။ အိန္ဒိယနှင့် ဂျပန်နိုင်ငံတို့ဟာ အင်ဒို-ပစိဖိတ်ဒေသ အေးချမ်းသာယာ ဝပြောရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားကြဖို့ ယခုနှစ်နှောင်းပိုင်းမှာပြုလုပ်မယ့် ဂျပန်-အိန္ဒိယ နှစ်ပတ်လည် ညီလာခံဆွေးနွေးပွဲမတိုင်မီ ပထမဆုံးအကြိမ် နိုင်ငံခြားရေးနှင့် ကာကွယ်ရေး ဝန်ကြီးများအဆင့် (၂ ဦးစီ) ဆွေးနွေးပွဲပြုလုပ်သွားဖို့လည်း သတ်မှတ်ထားပါတယ်။ ၂ နိုင်ငံတို့ဟာ ဂျပန်-အိန္ဒိယ-အမေရိကန် ပြည်ထောင်စုစတဲ့ ၃ နိုင်ငံ မိုင်းဗုံးရှာဖွေရေး စီမံချက် လေ့ကျင့်မှု MINEX ကိုလည်း ဆက်လက်ပြုလုပ်သွားကြဖို့ ဖော်ပြခဲ့ပြီး အဲဒီ MINEX လေ့ကျင့်မှုကို ဂျူလိုင်လမှာ နောက်ဆုံး လေ့ကျင့်ခဲ့တာဖြစ်ပါတယ်… စသဖြင့် ဆောင်းပါးရှင် Pro.f Rajaram Panda ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment