“အိန္ဒိယ-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု”

သောတရှင်များရှင့်၊ သည်ကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့်စီးပွားရေးသုံးသပ်သူ Satyajit Mohanty ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှု” ဆိုသောခေါင်းစဉ်ဖြင့် ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။

အိန္ဒိယ-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေးသည် ကျယ်ပြန့်သောကဏ္ဍတို့၌ နက်ရှိုင်းသော ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတခုဖြစ်ပါတယ်။ အရှေ့စီးပွားရေးအစည်းအဝေးနဲ့ Vladivostok ၌ ျ့ဖစ်လုပ်မဲ့ အိန္ဒိယ-ရုရှား နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးသို့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ရဲ့ခရီးစဉ်မတိုင်မှီ နှစ်နိုင်ငံစလုံးတို့က မိမိတို့ဆက်ဆံရေးကို ခိုင်မာစေပြီး စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးတိုးမြင့်စေရန် ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးခဲ့သောအပတ်က အိန္ဒိယရေနံနဲ့ သဘာဝဓာတ်ငွေ့ဆိုင်ရာဝန်ကြီး Mr Dharmendra Pradhan ရဲ့ ရုရှားနိုင်ငံသို့ အောင်မြင်စွာသွားရောက်ခဲ့သော ခရီးစဉ်သည် Mr Modi နဲ့ ရုရှားသမ္မတ Vladimir Putin တို့၏ အစည်းအဝေးအတွက် လမ်းခင်းစေခဲ့ပါတယ်။ အိန္ဒိယ-ရုရှားနိုင်ငံတို့က စစ်အေးခေတ်ကတည်းက သမာရိုးကျနှင့် နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်နေပြီး ယခု သမိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုလမ်းသစ်တခုဖက်သို့ ဦးတည်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

အိန္ဒိယ-ရုရှားနိုင်ငံများရဲက လက်ရှိစွမ်းအင်မူဝါဒများကို အခြေဆိုက်ပြီး (၂) နိုင်ငံစလုံးတို့ ကျယ်ပြန့်သောဈေးကွက်ကွန်ယက်များကို ရှာဖွေအသုံးပြုပြီး အန္တရာယ်ကင်းစေရန် ဆုံးဖြတ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသည် မိမိစွမ်းအင်လိုအပ်ချက်များအတွက် မတည်ငြိမ်သော ပင်လယ်ကွေ့ဒေသအပေါ် မမှီခိုလိုပဲ အခြားနိုင်ငံများအပေါ် မိမိမှီခိုမှုကို လျော့နဲ့စေဖို့ စိတ်ဝင်စားခဲ့ပါတယ်။ ရုရှားနိုင်ငံက အထပ်ထပ်အရေးယူပိတ်ဆို့မှုဆိုင်ရာ ခြိမ်းချောက်မှုများကို ရင်ဆိုင်ခဲ့မှုကြောင့် အာရုနိုင်ငံများကို အခြားစွမ်းအင်ဈေးကွက်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ဒါကြောင့် Mr Pradhan ရဲ့ ရုရှားနိုင်ငံသို့ခရီးစဉ်အတွင်း (၂) နိုင်ငံကြား စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးခိုင်မာစေမှုအပေါ် ပိုပြီးအာရုံစိုက်ခဲ့ပါတယ်။

အိန္ဒိယရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ကြီးသည် အထက်အစိုးရအရာရှိကိုယ်စားလှယ်အဖွဲ့နှင့် စက်မှုလုပ်ငန်းကိုယ်စားလှယ်အဖွဲ့များကိုဦးဆောင်ပြီး ရုရှားအစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍမှကိုယ်စားလှယ်များနှင့် အစည်းအဝေးပွဲများ ပြုလုပ်ခဲ့ပါတယ်။ ၎င်းက ရုရှားဒုဝန်ကြီးချုပ် Mr Yury Trutnev နှင့် စွမ်းအင်ဝန်ကြီး Mr Alexander Novak နှင့် Hydrocarbon ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုနှင့် စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ အချက်များအပေါ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသည် OPEC ခေါ် ရေနံတင်ပို့ရောင်းချသောနိုင်ငံများအဖွဲ့ထံမှ မိမိလိုအပ်သော စုစုပေါင်း ရေနံစိမ်းများ၏ (၅) ပုံ (၄) ပုံရရှိခဲ့ရာ ထိုနိုင်ငံများရဲ့ နိုင်ငံရေးမငြိမ်သက်မှုကြောင့် အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကိုလဲ ထိပါးစေခဲ့ပါတယ်။ ရုရှားနိုင်ငံက OPEC အဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အိန္ဒိယနိုင်ငံ ရေနံဈေးသက်သာစွာရရှိရေးအတွက် အကူအညီပြုစေရန် Mr Pradhan ရဲ့ ရုရှားနိုင်ငံသို့ခရီးစဉ်၌ ကြိုးစားခဲ့ပါတယ်။ Mr Modi နှင့် Mr Putin တို့ Vladivostok မြို့၌ တွေ့ဆုံချိန် (၂) နိုင်ငံစလုံးတို့ ပူးတွဲစွမ်းအင်သဘောတူညီချက်အပေါ် လက်မှတ်ရေးထိုးစေရန် အိန္ဒိယနှင့် ရုရှားစွမ်းအင်ဝန်ကြီးများက လမ်းခင်းခဲ့ပါတယ်။

ရုရှားနိုင်ငံ၏ အရှေ့ဖက်ဒေသသည် စွမ်းအင်ကြွယ်ဝသော ဒေသများဖြစ်၍ အိန္ဒိယနိုင်ငံနှင့် ပူးတွဲပြီး စွမ်းအင်ကဏ္ဍ project များ၌ ရင်းနှီးမြှပ်နှံမှုပြုလုပ်လေ့ရှိပါတယ်။ ရုရှားနိုင်ငံသည် အိန္ဒိယအတွက် အကြီးမားဆုံးသော ရေနံနှင့်ဓာတ်ငွေ့ ရင်းနှီးမြှပ်နှံရာ ဒေသဖြစ်ပါတယ်။ အိန္ဒိယပြည်သူပိုင် ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီကြီးများဖြစ်ကြသော ONGC နဲ့ IOCL တို့မှာ Shakhalin, Vancor နဲ့ Taas Yuryakh ဒေသများရှိ ရုရှားစွမ်းအင် Project များ၌ အကြီးအကျယ် ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

၂၀၁၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်ပိုင်ဓာတ်ငွေ့ကုမ္ပဏီ GAIL က ရုရှား Gazprom အဖွဲ့နဲ့ ရေရှည် LNG စာချုပ်အပေါ် ပြန်လည်သုံးသပ်မှုပြုလုပ်ခဲ့ပါတယ်။ ရုရှားမှ Rosneft ကုမ္ပဏီကြီးက အိန္ဒိယမှ Essar Oil ကုမ္ပဏီ၌ ရင်းနှီးမြှပ်နှံမှု ပြုလုပ်ခဲ့ရာ ၎င်းရဲ့အမည်သည် Nayara Energy လို့ ပြောင်းလဲခဲ့ပါတယ်။ ရုရှားကုမ္ပဏီကြီးဖြစ်သော Novatek သည် အိန္ဒိယမြို့ပြနေရာများသို့ ဓာတ်ငွေ့ဖြန့်ဖြူးခြင်းနှင့် LNG စီမံကိန်းများတွင် ရင်းနှီးမြှပ်နှံမှုနှင့် တူးဖေါ်ရေး၊ ထုတ်လုပ်မှုနှင့် သန့်စင်လှုပ်ရှားမှုများ၌ ရင်းနှီးမြှပ်နှံမှု ပြုလုပ်ရန် အိန္ဒိယနိုင်ငံက ရုရှားနိုင်ငံအား ခွင့်ပြုခဲ့ကြောင်း စသည်ဖြင့် ဆောင်းပါးရှင် Satyajit Mohanty ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”