“အီရန်နိုင်ငံက နျူကလီးယားသဘောတူညီချက်အရ ကတိပေးထားမှုကို အဆင့်နှိမ့်ရန်ဆုံးဖြတ်ခဲ့ခြင်း”

သောတရှင်များရှင်၊ ဒီကနေ့သတင်းဝေဖန်ချက် အခန်းမှာ စာရေးဆရာ Dr. Asif Shuja ဝေဖန်ရေးသားထားတဲ့ “အီရန်နိုင်ငံက နျူကလီးယားသဘောတူညီချက်အရ ကတိပေးထားမှုကို အဆင့်နှိမ့်ရန်ဆုံးဖြတ်ခဲ့ခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီရင်ခံပါရစေ။

၂၀၁၅ ခုနှစ် ဇူလိုင်လက ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် သဘောတူညီခဲ့သော နျူကလီးယားသဘောတူညီချက်မှ ၎င်းက ဆုတ်ခွာကြောင်း အီရန် နိုင်ငံက ကြေညာခဲ့ပါတယ်။ ဥရောပသမဂ္ဂကလဲ နျူကလီးယားသဘောတူညီချက်မှ မိမိတို့၏ ကတိကဝတ်လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း အီရန်နိုင်ငံက အကြောင်းပြပြီး၊ မိမိလဲ အလားတူလုပ်ဆောင်လျက်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့အနုမြူသဘောတူညီချက်မှ တဖက်သတ်ဆုတ်ခွာပြီးနောက် အီရန်နဲ့ ဥရောပသမဂ္ဂတို့က ဒီသဘောတူညီချက်ကိုကယ်ဖို့ ကြိုးစားခဲ့၍ အီရန်နိုင်ငံက အနုမြူသဘောတူညီချက်ဘောင်တွင် ၎င်းရဲ့အနုမြူအစီအစဉ်ကို ဆက်လက်ထားရှိနိုင်လိမ့်မယ် ဖြစ်ပါတယ်။

အီရန်အနုမြူစွမ်းအင်အေဂျင်စီ၏ ဥက္ကဌ Mr Ali Akbal Salehi က အီရန်ရဲ့ ဒီဆုံးဖြတ်ချက်နောက်ကွယ်တွင် ၎င်းရဲ့ကျိုးကြောင်းဆင်ခြင်းချက်ကို ဆက်ပြီး တင်ပြခဲ့ပါတယ်။ ဥရောပသမဂ္ဂရဲ့အဆိုပါသဘောတူညီချက်မှ ဆုတ်ခွာမှုကြောင့် အီရန်နိုင်ငံကလဲ တဖြေးဖြေး ဆုတ်ခွာဖို့ ဆုံးဖြတ်ခဲ့တယ်လို့ Dr. Salehi က ပြောဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံက အီရန်အပေါ်ထားရှိသော ပိတ်ဆို့မှုကြောင့် အီရန်နိုင်ငံက နိုင်ငံခြားကုန်သွယ်မှုနှင့် မဆက်သွယ်နိုင်ခဲ့ရာ ဥရောပသမဂ္ဂက လံလောက်စွာ အရေးမယူခဲ့မှုကြောင့် အီရန်နိုင်ငံက ယခုလို အနုမြူသဘောတူညီမှုမှ ဆုတ်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

အနုမြူသဘောတူညီမှုဖြင့် အီရန်နိုင်ငံက မိမိရဲ့အနုမြူသုတေသနနဲ့ ဖွံ့ဖြိုးရေးလှုပ်ရှားမှုကို ကန့်သတ်ခဲ့ရာ ယခုမိမိသဘောတူညီချက်မှ ဆုတ်ခွာရန် ဆုံးဖြတ်လိမ့်မယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Mr Javad Zarif က ဥရောပသမဂ္ဂ နိုင်ငံခြားရေးအစီအစဉ်ဥက္ကဌအား စာရေးခဲ့တယ်လို့ အီရန်သတင်းဌာနက ပြီးခဲ့သောအပတ်က ဖေါ်ပြခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အရ အီရန်နိုင်ငံသည် ယူရေနီယမ်များ သန့်စင်အရှိမြင့်ဖို့ စတင်ဆောင်ရွက်နိုင်လိမ့်မယ်ဖြစ်ပါတယ်။ သို့သော် အဆိုပါအချက်ဟာ ငြိမ်းချမ်းမှုအတွက်သာဖြစ်ခဲ့ရာ IAEA ထောက်လှမ်းရေး အေဂျင်စီ၏ စောင့်ကြည့်မှုအောက်မှာရှိပြီး အကယ်၍ ဥရောပသမဂ္ဂက မိမိပေးထားသော ကတိအတိုင်း ဆောင်ရွက်ခဲ့လျင် ဒီအချက်လဲ ပြောင်းနိုင်ပါတယ်။

သို့သော် အီရန်ရဲ့ အနုမြူသဘောတူညီမှုမှ အနည်းငယ် ဆုတ်ခွာသော ဆုံးဖြတ်ချက်ဖြင့် အနုမြူသဘောတူညီမှု လုံးဝပျက်ပြားသွားမယ်လို့ မထင်နိုင်ပေ။ အီရန်နိုင်ငံသည် စီးပွားရေးအကြိုး အမြန်ဆုံးရရှိဖို့ ဥရောပသမဂ္ဂက ဖိအားပေးဖို့ ပိုပြီးလိုအပ်လာပါတယ်။ ပြီးခဲ့သောလက ပြင်သစ်နိုင်ငံ၌ဖြစ်ပွားခဲ့သော G-7 ထိပ်သီးအစည်းအဝေးတွင် ပြင်သစ်ဦးဆောင်သော ဥရောပသမဂ္ဂက အနုမြူသဘောတူညီမှု မပျက်စေရန် ကြိုးစားခဲ့ပါတယ်။

ပြင်သစ်သမ္မတ Mr Emmanuel Macron ၏ ဖိတ်ခေါ်မှုကြောင့် အီရန်နိုင်ငံခြားရေးဝန်ကြီး Mr Javad Zarif က Biareity မြို့သို့ G-7 အစည်းအဝေးသို့ တက်ရောက်ရန်သွားခဲ့ရာ ထိုအစည်းအဝေးသို့ အမေရိကန်သမ္မတ Mr Donald Trump လဲ တက်ရောက်ခဲ့ပါတယ်။ ပြင်သစ်သမ္မတရဲ့အဆိုပါအားထုတ်မှုဖြင့် အမေရိကန်-အီရန်အကြား ဆွေးနွေးမှုမဖြစ်ပွားခဲ့သော်လဲ အနုမြူသဘောတူညီချက်ကိုကယ်ဖို့ ကြိုးစားအားထုတ်ခဲ့ခြင်းဖြစ်ပါတယ်။

အမေရိကန်နဲ့ အီရန်အကြား ပဋိပက္ခတနေ့တခြားမြင့်မားခဲ့ပြီး ပင်လယ်ကွေ့ဒေသအတွင်း ရေနံတင်သင်္ဘောများ ဖမ်းဆီးခြင်းနှင့်ဆက်စပ်သောကိစ္စရပ်များကြောင့် အခြေအနေ ပိုမိုဆိုးဝါးလားခဲ့ရာ ဒီပြဿနာဖြေရှင်းစေရန် အားလုံးက ကြိုးစားသင့်ပါတယ်။ အမေရိကန်နိုင်ငံက အီရန်အပေါ် အများဆုံး ဖိအားပေးခဲ့ပြီး အီရန်ထံမှ ရေနံဝယ်ယူသောနိုင်ငံများအပေါ် ပိတ်ပင်မှုထားသော Policy ကိုလဲ ဆက်လက်ထားရှိပါတယ်။ အီရန်အနုမြူသဘောတူညီချက်ဖြင့် ၎င်းက စီးပွားရေးအကြိုးရရှိလိမ့်မယ်လို့ အာမခံခဲ့ပါတယ်။ သို့သော်အမေရိကန်နိုင်ငံရဲ့ သဘောတူညီမှုမှ ထွက်ခွာပြီး အီရန်နိုင်ငံအပေါ် ပြန်လည်ပိတ်ပင်မှု ထားရှိခဲ့ရာ ဥရောပသမဂ္ဂက ဒီပြဿနာဖြေရှင်းရန် ကြိုးစားလျက်ရှိပါတယ်။

အိန္ဒိယနိုင်ငံက မိမိရဲ့ စွမ်းအင်လိုအပ်ချက်ရဲ့ အများစုဟာ အီရန်နိုင်ငံမှ ရရှိမှုကြောင့် ၎င်းက အီရန်နိုင်ငံ၌ ငြိမ်းချမ်းရေးနဲ့ တည်မြဲဘို့ လိုလားခဲ့ပါတယ်။ အီရန်အနုမြူပဋိပက္ခကို ကမ္ဘာ့အင်အားကြီးနိုင်ငံများက အမြန်ဆုံး ဖြေရှင်းဖို့ အိန္ဒိယနိုင်ငံက မျှော်လင့်ခဲ့ကြောင်း စသဖြင့် ဆောင်းပါးရှင် Dr. Asif Shuja ရေးသားေၚပြထားတာကို နိဂုံးချုပ် အစီရင်ခံ တင်ပြလိုက်ရပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”