ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပေါ်လစီသစ်

သောတရှင်များရှင် ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဆောင်းပါးရှင် Dr. Lekha Chakraborty ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရန် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပေါ်လစီသစ်” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။

စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်း မြှင့်တင်သောရည်ရွယ်ချက်ဖြင့် အိန္ဒိယအစိုးရသည် FDI ခေါ် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝါဒသစ်ကို ကဏ္ဍအသီးသီးတို့အတွက် ကြေညာခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေရန် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ကြွေးမြီမဟုတ်သော ဘဏ္ဍာရေး အရင်းအမြစ်ဖြစ်ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အစီအစဉ်၌ ပြုပြင်ပြောင်းလဲမှုများဖြင့် FDI အစီအစဉ်ကို ပြုပြင်ပြောင်းလဲစေပြီး ရိုးရှင်းစေခဲ့ပါတယ်။ ၎င်းဖြင့် အိန္ဒိယနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများလုပ်ဖို့ လွယ်ကူစေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားကဏ္ဍတွင် အရေးကြီးသော ရင်းနှီးမြှုပ်နှံမှု အစိတ်အပိုင်း ၂ ခု ရှိခဲ့ပါတယ်။ ပထမအပိုင်းမှာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး အခြားအပိုင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အစုစုတို့ ဖြစ်ပါတယ်။ FDI ၌ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံခြားငွေ စီးဆင်းမှုထက် ပိုမိုတည်ငြိမ်မှု ရှိပါတယ်။ အကယ်၍ အနောက်နိုင်ငံများ၌ အတိုးနှုန်းမြင့်မားခဲ့လျှင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု၌ အပြောင်းအလဲ ရှိလာနိုင်ပါတယ်။ နိုင်ငံခြား အစုစု ရင်းနှီးမြှုပ်နှံမှုရဲ့ ပမာဏအများစုဟာ ငွေကြေးလွှဲပြောင်းစီးဆင်းမှုဖြစ်ပြီး ၎င်းက အတိုးနှုန်းကို နှိုင်းယှဉ်ကွဲပြားစေဖို့ တုံ့ပြန်နိုင်စွမ်း ရှိပါတယ်။ ဒါကြောင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အစီအစဉ်အပေါ် အလေးပေးခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဝါဒသစ်ဖြင့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အဓိက ပိုမိုအားပေးစေခဲ့ပြီး ကောင်းမွန်သော အစီအစဉ်ဖြစ်ခဲ့ရာ တည်ငြိမ်ပြီး ရေရှည်တည်တံ့သော ရင်းနှီးမြှုပ်နှံမှု ဖြစ်စေနိုင်ကာ စီးပွားရေး တိုးတက်စေ၍ အလုပ်အကိုင်ဖန်တီးရေးအတွက် အလားအလာရှိနိုင်ပါတယ်။

ကာကွယ်ရေး၊ အသံထုတ်လွှင့်ရေး၊ မြို့ပြလေကြောင်းပျံသန်းရေး၊ ဆောက်လုပ်မှု ဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေး၊ ဆေးဝါး၊ စွမ်းအား ပြောင်းလဲရေး၊ အာမခံ၊ ပိုင်ဆိုင်မှု ပြန်လည်တည်ဆောက်ရေး ကုမ္ပဏီများ၊ ပင်စင်နှင့် အခြား ဘဏ္ဍာရေးကဏ္ဍများ စသည်တို့၌ ရာနှုန်းပြည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်စေရန် အစိုးရက ခွင့်ပြုခဲ့တယ်လို့ မကြာသေးမီက ထုတ်ပြန်သော ကြေညာချက်တစ်ခု၌ ပါဝင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ၌ ပိုပြီးဆွဲဆောင်သော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဖြစ်စေရန်အတွက် အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီးက ၂၀၁၉-၂၀ ခုနှစ် ဘတ်ဂျက်ပြန်တမ်း၌ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု မူဝါဒ ပြုပြင်ပြောင်းလဲချက်အတိုင်း လိုက်နာစေရန် ကြေညာခဲ့ပါတယ်။

တရားဝင် ခန့်မှန်းချက်အရ ၂၀၁၄-၁၅ ခုနှစ်မှ ၂၀၁၈-၁၉ ခုနှစ်တွင် နိုင်ငံအတွင်း စုစုပေါင်း နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာငွေ ၂၈၆ ဘီလျံရှိခဲ့ရာ ၂၀၀၉-၁၀ ခုနှစ်မှ ၂၀၁၃-၁၄ ခုနှစ်တို့အကြား ဒေါ်လာငွေ ၁၈၉ ဘီလျံ ရှိခဲ့ပါတယ်။ ယာယီခန့်မှန်းချက်အရ ၂၀၁၈-၁၉ ခုနှစ်၌ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဟာ ၆၄.၃၇ ဘီလျံရှိခဲ့ပါတယ်။

မကြာသေးမီက ကြေညာချက်အရ ကျောက်မီးသွေး တူးဖော်ရေး လှုပ်ရှားမှုများအတွက် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ရာနှုန်းပြည့်ခွင့်ပြုခဲ့ရာ ၂၀၁၅ ခုနှစ်ဆိုင်ရာ ကျောက်မီးသွေး တူးဖော်ရေး (အထူး ပြဋ္ဌာန်းချက်) အက်ဥပဒေနှင့် ၁၉၅၇ ခုနှစ်ဆိုင်ရာ သတ္ထုတူးဖော်ရေးနှင့် တွင်းထွက်ပစ္စည်း (ဖွံဖြိုးရေးနှင့် စည်းမျဉ်း) ပြင်ဆင်ချက်ဥပဒေကို ထားရှိပြီး သတ္ထုတူးဖော်ရေး မူပိုင်ဝင်ငွေ များလာဖို့ ရည်မှန်းခဲ့ပါတယ်။

အိန္ဒိယနိုင်ငံတွင်းပြုလုပ်ရေး စီမံချက်ကို ခိုင်မာသောရည်ရွယ်ချက်ဖြင့် ကန်ထရိုက် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အလိုအလျောက်လမ်းကြောင်း၌ FDI ကို ယခု ခွင့်ပြုလိုက်ပါတယ်။ အိန္ဒိယအစိုးရက ကြေးနန်းဆက်သွယ်ရေး ရောင်းချကုန်သွယ်မှု SBRT တို့တွင် FDI ကဏ္ဍအတွက် ဒေသတွင်းထုတ်လုပ်ရေး မျှော်မှန်းချက်တွေ လွယ်ကူစေဖို့ ခွင့်ပြုခဲ့ပါတယ်။

မကြာမီထုတ်ပြန်ခဲ့သော အစီအစဉ်အရ အိန္ဒိယအစိုးရက ဒီဂျစ်တယ် မီဒီယာ၌ ၄၉% FDI၊ ဒီဂျစ်တယ် မီဒီယာမှတဆင့် သတင်းများနှင့် လက်ရှိရေးရာတို့၌ ၂၆% FDI ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါတယ်။

သို့သော် UNCTAD ခေါ် ၂၀၁၉ ခုနှစ်ဆိုင်ရာ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာအရ ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု FDI သည် ၁၃% သို့ လျော့နည်းခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာငွေ ၁.၅ ထရီလျံမှ ၂၀၁၈ ခုနှစ်တွင် ဒေါ်လာငွေ ၁.၃ ထရီလျံသို့ လျော့နည်းလာခဲ့ပါတယ်။ လက်ရှိ FDI မူဝါဒအား လွယ်ကူပြီး တည်တံ့စေခြင်းဖြင့် အိန္ဒိယနိုင်ငံသည် FDI ကို ပိုမို ဆွဲဆောင်မှု ရှိစေလိမ့်မည်ဖြစ်ကြောင်း… စသဖြင့် ဆောင်းပါးရှင် Dr. Lekha Chakraborty ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ရှင်။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”