Jammu နဲ့ Kashmir ပြည်နယ်၌ သမိုင်းမှတ်တမ်းဝင် အပြောင်းအလဲ
သောတရှင်များခင်ဗျား၊ သည်ကနေ့ သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ SAARC အဖွဲ့အစည်း၏ အထွေထွေအတွင်းရေးမှူးဟောင်း ဆောင်းပါးရှင် Amb. Sheel Kant Sharma ဝေဖန်ရေးသားပေးပို့ထားတဲ့ “Jammu နဲ့ Kashmir ပြည်နယ်၌ သမိုင်းမှတ်တမ်းဝင် အပြောင်းအလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းဆောင်းပါးကို တင်ပြအစီရင်ခံပါရစေ။
၂၀၁၉ ခုနှစ် ဩဂုတ်လ (၅) ရက်နေ့တွင် အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေ၏ အပိုဒ် ၃၇၀ အပေါ် နိုင်ငံတော်သမ္မတက သမိုင်းမှတ်တမ်းဝင်အမိန့်တခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအပိုဒ် ၃၇၀ ဖြင့် Jammu နဲ့ Kashmir ပြည်နယ်အား အထူးအဆင့်အတန်းပေးခဲ့ရာ ယခုဒီအထူးအဆင့်ကို ရုပ်သိမ်းခဲ့ပြီး အခြားတနိုင်ငံလုံး၌ ပြဋ္ဌာန်းလျက်ရှိသော အုပ်ချုပ်ပုံအခြေခံဥပဒေ စည်းမျဉ်းများကို Jammu နှင့် Kashmir ပြည်နယ်တွင်လဲ ကျင့်သုံးလိမ့်မယ်ဖြစ်ပါတယ်။ သမ္မတ၏အမိန့်ဖြင့် ၁၉၅၄ ခုနှစ်၌ထားရှိခဲ့သော အပိုဒ် ၃၅ (က) ကို ဖျက်သိမ်းခဲ့ပြီး ၎င်းက ပြည်နယ်၌ အမြဲတမ်းနေသူများ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု အခွင့်အရေးကို ကန့်သတ်ခဲ့ပါတယ်။ Rajya Sabha ပါလီမန်အထက်လွှတ်တော်က အဆိုပါမူကြမ်းကို ထိုနေ့မှာဘဲ အတည်ပြုခဲ့ပြီး အထူးအဆင့်ကို ဖျက်သိမ်းပြီး ပြည်နယ် (၂) ခုစလုံးတို့ကို ပြည်ထောင်စုနယ်မြေအဖြစ်သတ်မှတ်ခဲ့ပါတယ်။ Jammu နဲ့ Kashmir ပြည်နယ်သည် ပြည်ထောင်စုနယ်မြေဖြစ်လာပြီး ပြည်နယ်လွှတ်တော်နဲ့ လက်ထောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အုပ်ချုပ်သောနယ်မြေဖြစ်လိမ့်မည်ဖြစ်သည်။ Ladakh သည် ပြည်ထောင်စုနယ်မြေဖြစ်လာသော်လဲ ပြည်နယ်လွှတ်တော်တွင် ပါလိမ့်မည်မဟုတ်ပေ။
အိန္ဒိယဥပဒေများ အားလုံးတို့သည် Jammu နဲ့ Kashmir ပြည်နယ်နှင့်လဲ သက်ဆိုင်လိမ့်မယ်လို့ ဗဟိုပြည်ထဲရေးဝန်ကြီးက ပါလီမန်အထက်လွှတ်တော်၌ ဆွေးနွေးငြင်းခုံနေစဉ် အလေးထားစွာ ပြောဆိုခဲ့ပါတယ်။ Jammu နဲ့ Kashmir ပြည်နယ်၌ ပညာရေးအခွင့်အလမ်းနဲ့ အမျိုးသမီးတွေ တန်းတူအခွင့်အရေးမရခဲ့ရာ ယခု ၎င်းတို့အား ခွဲခြားမှုမရှိဘဲ အခွင့်အလမ်းများကို ရရှိနိုင်လိမ့်မယ်ဖြစ်ပါတယ်။ Jammu နှင့် Kashmir ပြည်နယ်ရဲ့ လွှတ်တော်သက်တမ်းသည် (၆) နှစ်အစား (၅) နှစ်ရှိလာပြီး ၎င်းတို့ရဲ့ သီးသန့်အလံနဲ့ အုပ်ချုပ်ပုံအခြေခံဥပဒေ မရှိတော့ပေ။ အိန္ဒိယက ပြစ်မှုဆိုင်ရာဥပဒေကို Jammu နှင့် Kashmir ပြည်နယ်၌ ထားရှိလိမ့်မယ်ဖြစ်ပါတယ်။
အမြဲတမ်းမနေထိုင်သူများလဲ ယခု Jammu နှင့် Kashmir ပြည်နယ်တွင် အပြီးအပိုင် အခြေချနေထိုင်နိုင်ပါလိမ့်မယ်။ အဆိုပါအချက်များဖြင့် ပြည်သူများအတွက် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုဖြစ်စေပြီး လူအားလုံးကို အကျိုးသက်ရောက်လိမ့်မယ်ဖြစ်ပါတယ်။ နှစ်ပေါင်း (၇၀) အထိ Jammu နဲ့ Kashmir ပြည်နယ်သည် အထူးအဆင့်အတန်း၌ရှိခဲ့ရာ တချို့သော မိသားစုများကို နိုင်ငံရေး၊ စီးပွားရေးအရ အကျိုးသက်ရောက်စေခဲ့ပါတယ်။
ရရှိသောအချက်အလက်များအရ ကျန်အိန္ဒိယပြည်နယ်များထက် Jammu နှင့် Kashmir ပြည်နယ်အား (၄) ဆ ပိုပြီး ရံပုံငွေ ပေးခဲ့သော်လဲ ဖွံ့ဖြိုးတိုးတက်မှုမရှိခဲ့ပေ။ အဂတိလိုက်စားမှုကို ဖျက်သိမ်းရာတွင် Jammu နှင့် Kashmir ပြည်နယ်ရဲ့ အထူးအဆင့်အတန်းသည် အဟန့်အတားဖြစ်စေခဲ့ပါတယ်။ ယခု Jammu နဲ့ Kashmir ပြည်နယ်၌ ခရီးလှည့်လည်မှု၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အရေးများ ကြီးထွားလာမှုစသော ဖွံ့ဖြိုးရေးလမ်းများ ဖွင့်လာလိမ့်မယ်ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ် အောက်တိုဘာလမှစပြီး မင်းသားအုပ်ချုပ်သော ပြည်နယ်အား အိန္ဒိယနိုင်ငံ၏ အပြည့်အဝပြည်နယ်ဖြစ်အောင် ကြိုးစားလျက်ရှိရာ အခြားသောမင်းသားအုပ်ချုပ်သော ပြည်နယ်များဖြစ်ကြသည့် Hyderabad ၊ Mysore နဲ့ Junagarh တို့ တဖြေးဖြေး အိန္ဒိယပြည်တောင်ပိုင်းပြည်နယ်များ ဖြစ်လာခဲ့ပါတယ်။ အပိုဒ် ၃၇၀ ကြောင့် Jammu နဲ့ Kashmir ပြည်နယ်သည် အထူးအဆင့်အတန်းကို ဆက်လက်ခံစားခဲ့ပြီး နှစ်ပေါင်း (၇၀) အထိ ပြည်နယ်နေ လူအများအတွက် စီးပွားရေး နှစ်နာစေခဲ့ပါတယ်။
ပြည်နယ်ကို အထူးအဆင့်အတန်းမှ ရုပ်သိမ်းခြင်းဖြင့် ဒေသရှိ အကြမ်းဖက်ဝါဒ၏ အမြစ်များကို ဖျက်သိမ်းဖို့ လွယ်ကူလိမ့်မည်ဟု ဗဟိုပြည်ထဲရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ Jammu နဲ့ Kashmir ပြည်နယ်ကို တခြားပြည်နယ်များနှင့် တန်းတူအဆင့်ထားခြင်းဖြင့် Jammu နဲ့ Kashmir ပြည်သူများ၏ ဘဝ တိုးတက်လာပြီး လူငယ်များကို ပိုမိုအကျိုးသက်ရောက်နိုင်လိမ့်မယ်ဖြစ်ပါတယ်။ ပြည်နယ်ရှိ နိုင်ငံရေးအခြေအနေကြောင့် အကြမ်းဖက်မှု ပွင့်လင်းစွာ တိုးတက်ခဲ့ပြီး ပြည်နယ်စီးပွားရေးအခြေအနေ အလွန်ပျက်ပြားခဲ့ပါတယ်။
သမ္မတအမိန့်ဖြင့် အုပ်ချုပ်ပုံအခြေခံဥပဒေ၌ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး ပါလီမန်သည် ပြည်နယ်လုပ်ငန်းများကို ထိန်းချုပ်စေနိုင်ပြီး အကြမ်းဖက်မှုကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မယ်ဖြစ်ပါတယ်။
သမ္မတအမိန့်ကို အတိုက်အခံပါတီများက ရှုံ့ချခဲ့ပါတယ်။ အဆိုပါဝေဖန်ရှုံ့ချမှုများမှာ အမှန်တကယ်ဖြစ်ပေါ်နေသည့် အခြေအနေပေါ်မူတည်ပြီးပြောဆိုခြင်း သို့မဟုတ် လက်ရှိအစိုးရအား တိုက်ခိုက်ဝေဖန်လိုခြင်းသက်သက်ဟုတ်မဟုတ်ဆိုတာကတော့ လာမဲ့ရက်သတ္တပတ် လများအတွင်း အဖြေမှန်ပေါ်လာလိမ့်မယ်ဖြစ်ကြောင်း စသည်ဖြင့် ဆောင်းပါးရှင် Amb. Sheel Kant Sharma ရေးသားဖေါ်ပြထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ရှင်။

Comments
Post a Comment