“ဝန်ကြီးချုပ်က Jammu နှင့် Kashmir နဲ့ Ladakh ဒေသပိုင်း ဖွံ့ဖြိုးရေးအတွက် လမ်းပြမြေပုံရေးဆွဲထားခြင်း”
သောတရှင်များခင်ဗျား ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ AIR သတင်းခွဲခြမ်းလေ့လာသူ ဆောင်းပါးရှင် Padam Singh ရေးသားထားတဲ့ “ဝန်ကြီးချုပ်က Jammu နှင့် Kashmir နဲ့ Ladakh ဒေသပိုင်း ဖွံ့ဖြိုးရေးအတွက် လမ်းပြမြေပုံရေးဆွဲထားခြင်း” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။
ဝန်ကြီးချုပ် Mr Narendra Modi ဟာ သူ့ရဲ့နိုင်ငံတော်သို့ မိန့်ခွန်းမျာ အိန္ဒိယဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၇၀) ကို ဖျက်သိမ်းရခြင်းရဲ့ အကြောင်းရင်း အသေးစိတ်ကို ဖေါ်ပြခဲ့ပါတယ်။ လွတ်တော်နှစ်ရပ်စလုံးက ပုဒ်မ (၃၇၀) ကိုဖျက်သိမ်းဘို့ ထောက်ခံမဲ ပေးခဲ့ကြပါတယ်။ ဒါကြောင့် Jammu နဲ့ Kashmir နဲ့ Ladakh ပြည်ထောင်စုနယ်မြေနှစ်ခု ပေါက်ပွားလာခဲ့ပါတယ်။ ဝန်ကြီးချုပ်က ဆယ်စုနှစ်ပေါင်းများစွာတို့မှာ ဒီအရပ်ဒေသအတွင်း စစ်သွေးကြွများ၊ ခွဲထွက်ရေးဝါဒီ၊ မျိုးဆက်စိုးစံမှု၊ နိုင်ငံရေးနဲ့ အဂတိလိုက်စားမှုတွေ ထကြွနေခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ Mr Modi က ပုဒ်မ (၃၇၀) ကို ဖျက်သိမ်းခြင်းဟာ အမှန်တရားတခုဖြစ်တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဆက်လက်ပြီး အဲဒီပုဒ်မ (၃၇၀) ပါ အထူးအခွင့်အရေးကို နယ်ခြားဖြတ်ကျော်သောင်းကျန်းသူတွေက အသုံးချနေခဲ့ပြီး၊ ကမ္ဘာမြေပေါ်ရှိ နှိဗ္ဗန်လို့ခေါ်ကြတဲ့ ဒီပြည်နယ်အတွင်း ပြဿနာပေါင်းစုံ ထကြွစေခဲ့ကြပါတယ်။ ပါကစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) အတွင်း အိန္ဒိယနိုင်ငံသားပေါင်း (၄၂၀၀၀) အသက်ဆုံးရှုံးခဲ့ရမှုအတွက် တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီပုဒ်မ (၃၇၀) ဟာ နိုင်ငံတော်ရဲ့ တရားဥပဒေကို Jammu နဲ့ Kashmir ပြည်နယ်မှာ ထိရောက်စွာအသုံးချခွင့် မပေးခဲ့ပါဘူး။ လူငယ်တွေ၊ အမျိုးသမီးနဲ့ ချို့တဲ့သော မိသားစုတွေဟာ အကြီးမားဆုံးနစ်နာမှုတွေကို ခံစားနေခဲ့ရပါတယ်။ ယခင်ပြည်နယ်က လူငယ်တွေဟာ မိမိတို့ရဲ့စွမ်းရည်ကို မသိရှိနိုင်ခံကြပါဘူးလို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဝန်ကြီးချုပ်က ယခုပုဒ်မ (၃၇၀) ကို ဖျက်သိမ်းလိုက်ခြင်းဟာ Dr. Bhimrao Ambedkar ၊ Sardar Vallabhbhai Patel နဲ့ Mr Atal Behari Vajpayee တို့ရဲ့ အိမ်မက်ကို မကြာမှီ အမှန်တရားအဖြစ် ပေါ်ပေါက်စေပါလိမ့်မယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ ဒီအရပ်ဒေသမှ ပြည်သူလူထုပေါင်း ၁.၅ ကုဋေတို့အတွက် ကြီးထွားရေးနဲ့ ဖွံ့ဖြိုးရေးနည်းလမ်းတွေကို ဖေါ်ပြခဲ့ပါတယ်။
ဝန်ကြီးချုပ်က လူငယ်တွေနဲ့ အမျိုးသမီးတွေကို ပြည်ထောင်စုနယ်မြေသစ်ထူထောင်ရာမှာ ပါဝင်လုပ်ကိုက်ကြဘို့ တိုက်တွန်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ လူငယ်တွေကို ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်စေခဲ့ပြီး၊ သို့မှသာ သူတို့တတွေဟာ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေမှာ တာဝန်ရှိကြသူတွေဖြစ်လာကြလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ Mr Modi က Kashmir ဒေသဟာ မကြာမှီပုံမှန်ဖြစ်လာမှာကို အာမခံပေးခဲ့ပါတယ်။ ဝန်ကြီးချုပ်က သဘောထားကွဲလွှဲခြင်းဟာ ဒီမိုကရေစီရဲ့ တစိတ်တပိုင်းသာဖြစ်တယ်လို့ ဖေါ်ပြခဲ့ပြီး၊ လူတိုင်းလူတိုင်းအား နိုင်ငံတော်အကျိုးကို ဦးထိပ်ထားကာ Jammu နဲ့ Kashmir သစ်တခုဆီသို့ ဦးတည်လုပ်ကိုင်ကြဘို့ တိုက်တွန်းခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်က Ladakh အရပ်ဒေသမှပြည်သူတို့ဟာ ပြည်ထောင်စုနယ်မြေအဆင့်သို့ မြှင့်တင်လိုက်တာကြောင့် အလွန်ဘဲ ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်လို့ ဖေါ်ပြခဲ့ပါတယ်။ ဆက်လက်ပြီး Ladakh အရပ်ဒေသမှာ ဖွံ့ဖြိုးရေးပရိုဂျက်တွေကို စောင့်ရှောက်ဘို့ရာ ဗဟိုအစိုးရရဲ့တာဝန်ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ Mr Modi ဟာ ဒီပြည်ထောင်စုနယ်မြေသစ် (၂) ခုစလုံးတို့မှာ လမ်းတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ စတဲ့လူနေမှုအခြေခံလိုအပ်ချက်အဆောက်အအုံပရိုဂျက်မှာ ဖွံ့ဖြိုးမှုတွေကို မြင်တွေ့ရလိမ့်မယ်လို့ ဂတိပြုခဲ့ပါတယ်။ ယခုအခါ Jammu နဲ့ Kashmir နဲ့ Ladakh အရပ်ဒေသနှစ်ခုစလုံး ဖွံ့ဖြိုးပြီး ပြည်ထောင်စုနယ်မြေတွေဖြစ်လာဘို့ အချိန်မဝေးတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟာ သူ့ရဲ့ (၃၈) မိနစ်ကြာ မိန့်ခွန်းမှာ ဖွံ့ဖြိုးမှုနဲ့ပါတ်သက်ပြီးသာ ပြောဆိုခဲ့ပြီး ပါကစ္စတန်နိုင်ငံကို လုံးဝထည့်သွင်းစဉ်းစားခြင်းမပြုခဲ့ပါဘူး။ အိန္ဒိယနိုင်ငံရဲ့ အနောက်ဖက်မှအိမ်နီးချင်းနိုင်ငံဟာ Kashmir ပြဿနာကို နိုင်ငံတကာအရေးကိစ္စအဖြစ် ဖန်တီးဘို့ ကောက်ကျစ်တဲ့နည်းလမ်းတွေ အသုံးပြုနေပါတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာတော့ ကမ္ဘာလုံးဆိုင်ရာ လူမှုအသိုင်းအဝိုင်းက Islamabad ရဲ့ ညီငြူချက်တွေအပေါ် စိတ်ကုန်နေကြပြီးဖြစ်ပါတယ်။
ယခုအချိန်မှာ ဝန်ကြီးချုပ် Mr Imran Khan အနေနဲ့ ဝန်ကြီးချုပ် Mr Modi ထံမှ ဖွံ့ဖြိုးရေးအေဂျင်ဒါတွေကို သင်္ခန်းစာယူသင့်ပါတယ်။ ဒီလိုပြုလုပ်မယ်ဆိုရင် ပါကစ္စတန်ပြည်သူတို့က ဧကန်မုတ်ချ အကျိုးခံစားကြရမယ်ဖြစ်ပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Padam Singh ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments
Post a Comment