“အိန္ဒိယ-အာဆီယံ ဆက်ဆံရေးများ၊ အားရဖွယ် ဖက်စပ်လုပ်ကိုင်မှုတခုတည်ဆောက်မှု

သောတရှင်များခင်ဗျား၊ ဒီကနေ့သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ အရှေ့နှင့် အရှေ့တောင်အာရှဆိုင်ရာ ခွဲခြမ်းလေ့လာသူ ဆောင်းပါးရှင် Dr.Titli Basu ဝေဖန်ရေးသားပေးပို့ထားတဲ့ “အိန္ဒိယ-အာဆီယံ ဆက်ဆံရေးများ၊ အားရဖွယ် ဖက်စပ်လုပ်ကိုင်မှုတခုတည်ဆောက်မှု” အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖေါ်ပြသွားမဲ့အတိုင်း တင်ပြအစီအရင်ခံပါရစေ။

အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးပြုလုပ်ဆောင်ရေးပေါ်လစီနဲ့ အင်ဒို-ပစိဖိတ် လေ့လာသုံးသပ်ချက်တွေကို ရှေ့သို့ချီလျှက် နိုင်ငံခြားရေးဝန်ကြီး Dr.S. Jaishankar ဟာ ဘန်ကောက်မြို့ကို အာဆီယံ-အိန္ဒိယဝန်ကြီးများ အစည်းအဝေးပွဲ နဝမအကြိမ်မြောက် အရှေ့အာရှနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး EAS-FMM ၊၂၆ ကြိမ်မြောက် အာဆီယံဒေသပိုင်း Forum (ARF) နဲ့ ဒဿမအကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဝန်ကြီးများအစည်းအဝေးပွဲတွေကို တက်ရောက်ဘို့ သွားရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် Mr Narendra Modi ရဲ့ရှုမြင်ချက်ဖြစ်တဲ့ လွတ်လပ်ပြီး၊ ပွင့်လင်းကာ၊ ဘက်စုံပါဝင်ပြီး၊ စည်းမျဉ်းဥပဒေအပေါ်အခြေခံတဲ့ အင်ဒို-ပစိဖိတ်စနစ်ကို အာဆီယံ-အိန္ဒိယ ဝန်ကြီးများအစည်းအဝေးပွဲမှာ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံအဖွဲ့ကြီးရဲ့ မကြာသေးမှီက ထုတ်ပြန်ခဲ့တဲ့ “Outlook on the Indo-Pacific” ရှုမြင်ချက်ကို ကြိုဆိုခဲ့ပြီး၊ ဘုံမူဝါဒတွေနဲ့ ချဉ်းကပ်မှုတွေကို ရိုသေလေးစားဘို့ မှတ်ချက်ချဖေါ်ပြခဲ့ပါတယ်။ ဝန်ကြီးများအစည်းအဝေးပွဲမှာ Dr. Jaishankar ဟာ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု၊ ဆက်နွယ်ရေးနဲ့ အင်ဒို-ပစိဖိတ်အရပ်ဒေသမှာ အာဆီယံ-အိန္ဒိယ ဖက်စပ်လုပ်ကိုင်မှုတွေကို ထပ်လောင်းအတည်ပြုလုပ်ကိုင်နေစဉ် တည်မြဲတဲ့ပန်းတိုင်တွေ အောင်မြင်ရေးတို့အား ဦးစားပေးဖေါ်ပြခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံအဖွဲ့ကြီးအား Indian Ocean Rim Association (IORA) နဲ့ The Bay of Bangal Initiative for Multi-Sectoral Technical and Economic Cooperation (BIMSTEC) တို့အပါအဝင် တခြားဒေသပိုင်းအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဘို့ တိုက်တွန်းခဲ့ပါတယ်။ Dr. Jaishankar ဟာ ဗီယက်နမ်နိုင်ငံ ဆိုရှယ်လစ်သမ္မတနိုင်ငံ လက်ထောက်ဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးချုပ်ဖြစ်တဲ့ Mr Pham Binh Minh နဲ့အတူ MGC-ဝန်ကြီးများအစည်းအဝေးပွဲကို ပူးတွဲကြီးမှူးခဲ့ပါတယ်။ MGC သစ်ရဲ့ ၂၀၁၉မှ ၂၀၂၂ နှစ်အထိအရေးယူဆောင်ရွက်ရေးစီမံကိန်းမှာ ခရီးလှည့်လည်သွားလာမှုနဲ့ ယဉ်ကျေးမှု၊ ပညာရေး၊ ပြည်သူ့ကျန်းမာရေးနဲ့ ရိုးရာဆေးပညာ၊ စိုက်ပျိုးရေးနဲ့သက်ဆိုင်တဲ့နယ်ပယ်တွေ၊ သယ်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးအပါအဝင် နယ်ပယ်ခုနှစ်ခုတို့နဲ့ တခြားနယ်ပယ်သစ် သုံးခုဖြစ်တဲ့ ရေအရင်းအမြစ်ထိန်းချုပ်ရေး၊ သိပ္ပံနဲ့နည်းပညာ၊ ကျွမ်းကျင်မှု ဖွံ့ဖြိုးရေးနဲ့ စွမ်းရည်တည်ဆောက်မှုနယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက် စီစဉ်ရေးဆွဲထားပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဒေသပိုင်းအတွက် ခံယူချက်ကို သရုပ်ပြလျှက် New Delhi အစိုးရဟာ ကမ္ဘောဒီးယား၊ လာအို၊ မြောက်ကိုးရီးယား၊ မြန်မာနဲ့ ဗီယက်နမ်နိုင်ငံတွေကို MGC ရဲ့ အလျင်အမြန်အကျိုးသက်ရောက်စေရေးပရိုဂျက်တွေ (QIP) အရ ထောက်ပံ့ကူညီမှုပေးကမ်းရေးကို ကမ်းလှမ်းခဲ့ပါတယ်။ ဒီထောက်ပံ့မှုဟာ တန်ဘိုးအားဖြင့် ဒေါ်လာပေါင်း ၉၀၀,၀၀၀ ခန့်ရှိပါတယ်။ မြန်မာနိုင်ငံအား QIP စီမံကိန်းအရ နှစ်ဦးနှစ်ဖက်အကျိုး ဖြစ်ထွန်းစေမဲ့ ပရိုဂျက်တွေကို ရှာဖွေသတ်မှတ်ဘို့ တိုက်တွန်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ ဖွံ့ဖြိုးရေးဖက်စပ်လုပ်ကိုင်သူအဖြစ် ဧရာဝတီ-Chao Phraya မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု နည်းဗျူဟာမှာ လက်တွဲပါဝင်နေပြီးဖြစ်ပါတယ်။ ဆွေးနွေးပွဲတွေမှာ အထူးသဖြင့် အိန္ဒိယ-မြန်မာ-ထိုင်း မော်တော်ယာဉ်သဘောတူစာချုပ်ကို အလျင်အမြန် အပြီးပြတ် ရေးဆွဲချမှတ်ဘို့ အထူးဆွေးနွေးခဲ့ကြပါတယ်။ အဝေးပြေးလမ်းမကြီးတွေ လက်တွေ့ကျကျစီးပွားရေးစင်္ကြံန်အဖြစ် ပေါ်ထွန်းလာရေးနဲ့ပါတ်သက်တဲ့ ဖွဲ့ဖြိုးမှုတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြပါတယ်။ ဒီစီမံကိန်းကို လက်ရှိ ၂၀၁၉ ခုနှစ် မတ်လမှာ ဖွင့်လှစ်ခဲ့ဒါဖြစ်ပြီး အိန္ဒိယနိုင်ငံက Line of Credit (LOC) ခေါ် ကြေးမငွေအဖြစ် ဒေါ်လာငွေ တစ်ဘီလီယံ ပေးကမ်းထားပြီးဖြစ်ပါတယ်။

အရှေ့တောင်အာရှ အရပ်ဒေသဟာ အိန္ဒိယနိုင်ငံရဲ့ အရှေ့သို့အကျိုးဆောင်လုပ်ကိုင်ရေးပေါ်လစီရဲ့ အချက်အချာမှာ ကျရောက်နေဒါမို့ အိန္ဒိယနိုင်ငံက အာဆီယံဒေသပိုင်းမှာ ဆက်လက်ရင်းနှီးမြှပ်နှံပြီး၊ နည်းဗျူဟာကျ ဖက်စပ်လုပ်ကိုင်မှုကို အဆင့်မြင့်သစ်သို့ သယ်ဆောင်သွားမယ်ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ တောင်အာရှဒေသပိုင်းနဲ့ နည်းဗျူဟာကျ စေ့စပ်မှုဟာ 3 C လို့ခေါ်တဲ့ ကူးသန်းရောင်းဝယ်ရေးဆက်နွယ်ရေးနဲ့ ယဉ်ကျေးမှုတွေအပေါ် အခြေခံထားဒါဖြစ်ပါတယ်။ ဒီနယ်ပယ်နဲ့ပတ်သက်ပြီး အိန္ဒိယနဲ့ အာဆီယံအဖွဲ့တို့အကြား တွေ့ဆုံဆွေးနွေးပွဲ အကြိမ်ပေါင်း (၃၀) ခန့်ရှိခဲ့ပြီး အရေးပါလှတဲ့ နယ်ပယ်အမြောက်အများတွေကို ရှာဖွေသတ်မှတ်ခဲ့ကြပါတယ်။ အရှေ့တောင်အာရှဒေသပိုင်းဟာ တဖက်မှာ သော့ချက်ကျတဲ့ အိန္ဒိယသမုဒ္ဒရာအတွက် မုခ်ဝနဲ့ ထွက်ပေါက်ဖြစ်တဲ့အလျောက် ကမ္ဘာ့စီးပွားရေးမှာ အလျင်အမြန်ဆုံး ဖွံ့ဖြိုးနေတဲ့ ဒေသပိုင်းတခုအဖြစ် ပေါ်ထွန်းလာပြီး တခြားတဖက်မှာ အိန္ဒိယနိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသပိုင်းအတွင်း စွမ်းအားထက်မြက်စွာ ပေါ်ထွန်းနေခြင်းအတွက် တောင့်တင်းခိုင်မာပြီး၊ စည်းလုံးညီညွှတ်ကာ ကြီးပွားတိုးတက်တဲ့ အာဆီယံအဖွဲ့ကြီးက ဗဟိုကျတဲ့ အခန်းကဏ္ဍမှ ပါဝင်လုပ်ကိုင်ရေးအား ထောက်ခံလျှက်ရှိနေပါတယ် စသည်ဖြင့် ဆောင်းပါးရှင် Dr. Titli Basu ဝေဖန်ရေးသားထားတာကို နိဂုံးချုပ် အစီအရင်ခံ တင်ပြလိုက်ရပါတယ် ခင်ဗျား။

Comments

Popular posts from this blog

“အိန္ဒိယနိုင်ငံက Niger နှင့် Tunisia နိုင်ငံတို့နှင့် စေ့စပ်မှုများ နက်ရှိုင်းစေလိုက်ခြင်း”

“၂၀၂၀ ခုနှစ် Raisina Dialogue”

“ရာသီဥတုအပြောင်းအလဲသည် စစ်မှန်သောစိန်ခေါ်မှုတခုဖြစ်သညဟု ဝန်ကြီးချုပ် Mr Modi က ကုလသမဂ္ဂ၌ တဖန်ပြန်လည်ပြောဆိုခဲ့ခြင်း”