ဝန်ကြီးချုပ်၏ လွတ်လပ်ရေးနေ့ မိန့်ခွန်းဟောပြောချက်သည် အိန္ဒိယနိုင်ငံတော်သစ်၏ ပုံရိပ်လက္ခဏာကို ထင်ဟပ်လျှက်ရှိ
သောတရှင်များခင်ဗျာ ဒီကနေ့ညနေပိုင်း သတင်းဝေဖန်ချက်အခန်းကဏ္ဍမှာ ဝါရင့် သတင်းစာဆရာ ဆောင်းပါးရှင် Shankar Kumar ဝေဖန်ရေးသားပေးပို့ထားတဲ့ “ဝန်ကြီးချုပ်၏ လွတ်လပ်ရေးနေ့ မိန့်ခွန်းဟောပြောချက်သည် အိန္ဒိယနိုင်ငံတော်သစ်၏ ပုံရိပ်လက္ခဏာကို ထင်ဟပ်လျှက်ရှိ” တဲ့အကြောင်း သတင်းဆောင်းပါးကို ဆက်လက်ဖော်ပြသွားမယ့်အတိုင်း တင်ပြအစီရင်ခံပါရစေ။
ဒုတိယအကြိမ် အာဏာရရှိခဲ့ပြီးနောက် ဝန်ကြီးချုပ် Mr. Narendra Modi ရဲ့ ပထမဆုံးအကြိမ် လွတ်လပ်ရေးနေ့ မိန့်ခွန်းဟာ နိုင်ငံရဲ့ သန်းပေါင်း ၁ ထောင့်၊ ၃ ရာကျော်ရှိတဲ့ ပြည်သူလူထုတို့အတွက် အားကောင်းတဲ့ နိုင်ငံရေးနှင့် လူမှုရေး အမှာစကားတွေ ခြုံငုံပါဝင်စေရာမှာ အတိုင်းအဆမဲ့ စွမ်းအားတွေ ရှိခဲ့ပါတယ်။ တကယ်တော့ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးသမိုင်းမှတ်တမ်းမှာ ပထမဆုံးအကြိမ်အဖြစ် ဝန်ကြီးချုပ် ၁ ဦးဟာ လူဦးရေ အဆမတန် တိုးများနေမှုနှင့် ဒီကိစ္စရဲ့ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလမ်းခရီးအပေါ် ဆိုးကျိုးသက်ရောက်မှုတို့ဆိုင်ရာ စိုးရိမ်ချက်ကိုဖော်ပြဖို့အတွက် လွတ်လပ်ရေးနေ့ကို ရွေးချယ်လိုက်တာပဲ ဖြစ်ပါတယ်။
ကုလသမဂ္ဂ အဖွဲ့အစည်းကြီးရဲ့ အစီရင်ခံချက် ၁ ရပ်အရ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေ အထူထပ်ဆုံးနိုင်ငံဖြစ်လာဖို့ ၂၀၂၇ ခုနှစ်မှာ တရုတ်နိုင်ငံကို ကျော်လွန်သွားလိမ့်မယ်လို့ သိရှိရပါတယ်။ ဒီလို လူဦးရေ မတန်တဆ တိုးများနေမှုကို အာရုံမပြုဘဲ ထားရှိမယ်ဆိုရင်တော့ ဒါဟာ သန်းပေါင်းများစွာသော ပြည်သူလူထုတို့ကို ဆင်းရဲမွဲတေမှု လွတ်မြောက်ရေးကြိုးပမ်းချက်တွေကို ဆိုးကျိုးသက်ရောက်သွားနိုင်ပြီး ဆင်းရဲချို့တဲ့သူတွေအတွက် မြင့်မားလှတဲ့ ပြုစုစောင့်ရှောက်ရေး အသုံးစရိတ်ဆိုင်ရာ အကျိုးခံစားခွင့်တွေကို ဆုံးရှုံးသွားစေနိုင်မှာ ဖြစ်ပါတယ်။ အစိုးရဟာ အိမ်ထောင်စုတိုင်းကို မီးဖိုချောင်သုံး လောင်စာဆီ၊ ရေအိမ်၊ လျှပ်စစ်မီး၊ အိမ်ယာ၊ သန့်ရှင်းတဲ့ သောက်သုံးရေနှင့် ကျန်းမာရေး စောင့်ရှောက်မှုတွေ ထောက်ပံ့ပေးဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဆင်းရဲချို့တဲ့သူတွေအတွက် ဒီလို လူထုဆိုင်ရာ ကုန်စည်နှင့်ဝန်ဆောင်မှုတွေ ဆောင်ကြဉ်းပေးမှုဟာ လက်ရှိလူဦးရေတိုးများမှု အလားအလာတွေ ဆက်လက်ရှိနေမယ်ဆိုရင် စိုးရိမ်ဖွယ် ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ လူဦးရေတိုးပွားလာမှု မြင့်မားနေတာကိုထိန်းချုပ်ရေးဟာ ဒီကနေ့ လိုအပ်ချက်ဖြစ်ပြီး ပျော်ရွှင်မှု၊ ကျန်းမာရေး ကောင်းမွန်မှုနှင့် အနာဂတ်ရေး ကောင်းမွန်မှုတို့အတွက် မိသားစုငယ်လေးတွေဟာ နည်းလမ်းကောင်းတစ်ရပ်ဖြစ်တယ် ဆိုတဲ့အချက်ကို အစဉ်သဖြင့် အာရုံပြုသွားရမှာဖြစ်ပါတယ်။ ဒါတွေဟာ အိန္ဒိယနိုင်ငံရဲ့ ၇၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ မိန့်ခွန်းပြောကြားရာမှာ ဝန်ကြီးချုပ် ဖော်ပြခဲ့တာတွေ ဖြစ်ပါတယ်။
မိနစ်ပေါင်း ၁၀၀ ကျော်ကြာမြင့်တဲ့ မိန့်ခွန်းထဲမှာ ရေထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မိုးရေဖြင့် သီးနှံစိုက်ပျိုးရေး အကြောင်းအရာတွေ အထောက်အပံ့ဖြစ်စေဖို့အတွက် လှုပ်ရှားမှုတစ်ရပ် ပြုလုပ်ဖို့ တောင်းဆိုဖော်ပြခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း NITI Aayog စီမံကိန်း ကော်မရှင် ထုတ်ပြန်ခဲ့တဲ့ မြစ်ချောင်းရေ ပေါင်းစပ်စီမံလုပ်ဆောင်ရေး စာရင်းဆိုင်ရာ အစီရင်ခံချက်အရ ဒေလီ၊ ဘင်္ဂါလူရူ၊ ချန်နိုင်း၊ ဟိုက်ဒရာဘတ်မြို့တို့လို မြို့ပြတွေနှင့် တခြားဒေသတွေဟာ ၂၀၂၀ ခုနှစ်အရောက်မှာ မြေအောက်ရေ ပြတ်လပ်မှုအခြေအနေကို ရင်ဆိုင်ရဖို့အခြေအနေရှိပြီး ဒါဟာ ပြည်သူလူထု သန်း ၁၀၀ တို့အတွက် ရေသုံးစွဲနိုင်မှုကို ထိခိုက်စေမှာဖြစ်ပါတယ်။ ‘Jal Shakti’ ဝန်ကြီးဌာန ဖွဲ့စည်းမှုနှင့် Jal Jeevan အတွက် ရူပီးငွေ ကုဋေ ၃.၃၅ သိန်း ခွဲဝေသတ်မှတ်ထားရှိမှုတို့ဖြင့် ဗဟိုအစိုးရဟာ ရေပြတ်လပ်ရှားပါးမှုပြဿနာ ကိုင်တွယ်ဖြေရှင်းဖို့ ကတိပြုချက်ကို ပြသလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူလူထု အများအပြား ပါဝင်လုပ်ဆောင်မှုမရှိရင် ဘယ်လိုအစပျိုး လုပ်ဆောင်မှုမဆို အောင်မြင်မှု ရရှိမှာမဟုတ်တာကြောင့် ဒီကိစ္စအပေါ် ရေ ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုကို နိုင်ငံသားထုကြီးရဲ့ စည်းရုံးလှုပ်ရှားမှုအဖြစ်ပြုလုပ်ဖို့ ဝန်ကြီးချုပ် တောင်းဆိုလိုက်တာဟာ အလွန်အရေးပါမှု ရှိနေတာဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဆင့်လျော့ပါး ညစ်ညမ်းမှု ကာကွယ်ဖို့အတွက် တစ်ခါသုံး ပလစ်စတစ် အသုံးပြုမှုရှောင်ကြဉ်ရေး တောင်းဆိုချက်ဟာ သင့်လျော်မှန်ကန်လှတဲ့ ဖော်ပြချက်ဖြစ်ပါတယ်။ မြေဆီမြေဩဇာ ကောင်းမွန်စေဖို့အတွက် ဓါတုပစ္စည်းတွေနှင့် ဓာတ်မြေဩဇာအသုံးပြုမှုရှောင်ရှားကြဖို့ တောင်သူလယ်သမားတွေကို ဝန်ကြီးချုပ်ရဲ့ တိုက်တွန်းတောင်းဆိုချက်ကလည်း မိခင်ကမ္ဘာမြေကြီး ဆက်လက်အဆင့်လျော့ပါးနေမှုဆိုင်ရာ စိုးရိမ်မကင်းဖြစ်နေတာကို ပြသလျှက်ရှိပါတယ်။ တောင်သူလယ်သမားတွေရဲ့ ဝင်ငွေ ၂ ဆ တိုးစေဖို့အတွက် တောင်သူဦးကြီးတွေကို PM-KSN စီမံကိန်းအောက်မှာ ရူပီးငွေ ကုဋေ ၉ သောင်း တိုက်ရိုက်ပံ့ပိုးမှု ပေးသွားဖို့ ခွင့်ပြုချက်ကို ထပ်မံဖော်ပြခဲ့တာကလည်း ထူးခြားလှပါတယ်။ ဒီစီမံကိန်းအောက်မှာ အိန္ဒိယ တောင်သူလယ်သမား ၁၄.၅ ကုဋေတို့ရဲ့ ဘဏ်စာရင်းထဲကို နှစ်စဉ်အားဖြင့် ရူပီးငွေ ၆၀၀၀ စီ တိုက်ရိုက်လွှဲပေးလိုက်တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရဲ့ လွတ်လပ်ရေးနေ့မိန့်ခွန်းပြောကြားချက်မှာ ဘာက အရေးပါသလဲဆိုတာကတော့ Kargil စစ်ပွဲကတည်းက ဆယ်စုနှစ် ၂ ခုကြာ ဆိုင်းငံ့နေဆဲ ဆုံးဖြတ်ချက်တစ်ခုဖြစ်တဲ့ ကာကွယ်ရေး ဝန်ကြီးဌာနဆိုင်ရာ အကြံပေးအရာရှိချုပ်နေရာ ဖန်တီးထားရှိဖို့ ကြေညာချက်ပဲ ဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာန အကြံပေးအရာရှိချုပ် ခန့်အပ်ထားရှိမှုဟာ အိန္ဒိယနိုင်ငံရဲ့ ကြည်းရေလေ တပ်မတော် ၃ ခုရှိတဲ့ ဖွဲ့စည်းထားရှိမှုမှာ တပ်မတော် အသီးသီးတို့အတွင်း ညှိနှိုင်းလုပ်ဆောင်မှု တိုးတက်စေမှာဖြစ်တာကြောင့် ကာကွယ်ရေးနယ်ပယ်အတွင်း လက်ရှိပြုပြင်မွမ်းမံမှုတွေ တိုးတက်စေဖို့နှင့် လက်ရှိကာလအတွင်း လုံခြုံရေးရာ စိန်ခေါ်ချက်တွေအပေါ် ကိုင်တွယ်နိုင်ဖို့အတွက် ဝန်ကြီးချုပ်ရဲ့ ကြေညာချက်ဟာ အရေးပါလှတယ်လို့ ရှုမြင်ရပါတယ်။
၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့အကြား ဝန်ကြီးချုပ်ရဲ့ ပထမ သက်တမ်းကာလဟာ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေအပေါ် အာရုံပြုခဲ့ပြီး လက်ရှိ ဒုတိယသက်တမ်းကတော့ မျှော်မှန်းချက်တွေ ပြည့်မီရေးအပေါ် အာရုံပြုသွားမယ်လို့ မျှော်လင့်ရပါတယ်။ အစိုးရဟာ ယခင်အစိုးရတုန်းက နှစ်ပေါင်း ၇၀ ကာလအတွင်းမှာ မလုပ်ဆောင်နိုင်ခဲ့တဲ့အရာတွေကို ရက်ပေါင်း ၇၀ အတွင်း ဖော်ဆောင်နိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်က ဖော်ပြခဲ့ပါတယ်။ ပုဒ်မ ၃၇၀ အောက်မှာ Jammu နှင့် Kashmir ပြည်နယ်ဒေသအတွက် အခွင့်ထူးပေးအပ်ထားမှု ရုပ်သိမ်းလိုက်ခြင်းနှင့် မူဆလင် အမျိုးသမီးတွေ ပိုမိုကောင်းမွန်တဲ့ဘဝနှင့် ရှင်သန်ရပ်တည်နိုင်ဖို့ Triple Talaq အရေးကိစ္စနှင့်ပတ်သက်ပြီး ဥပဒေအသစ် ပြဋ္ဌာန်းထားရှိချက်တို့ကို ဒီအခန်းကဏ္ဍမှာ တွေ့မြင်ဖို့ လိုအပ်ပါတယ်။ ဝန်ကြီးချုပ်ဟာ ၁ နိုင်ငံ၊ ရွေးကောက်ပွဲ ၁ ခု ထားရှိရေးအတွက်လည်း အလေးအနက် ဖော်ပြခဲ့ပါတယ်။ အားလုံးခြုံကြည့်မယ်ဆိုရင်တော့ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းဟာ ၅ ထရီလျံဒေါ်လာရှိမယ့် အိန္ဒိယနိုင်ငံတော်သစ်အတွက် ရည်စူးထားတဲ့ ၎င်းအစိုးရရဲ့ ရပ်တည်ချက်တွေနှင့် စီမံကိန်းတွေကို ထင်ဟပ်ပေါ်လွင်စေလျှက်ရှိပါတယ်… စသဖြင့် ဆောင်းပါးရှင် Shankar Kumar ရေးသားပေးပို့ထားတာကို နိဂုံးချုပ်အစီရင်ခံ တင်ဆက်လိုက်ပါတယ်ခင်ဗျာ။

Comments
Post a Comment